Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လိပ်ပြာ နဲ့ ငရဲတပဲ (၁)

 

 

 

 

နေကောင်းရဲ့လား…..တော့

အဲ..  အဲ..   တော်ကြီး အရမ်းကို နေကောင်းနေမှန်း  သိပါသတော်..

ခြေလက်တွေကွေးပြီး  မျက်ဖြူလန်နေလို့  မေးတာမဟုတ်ပါဘူး…

ဒီစကားက  ကျုပ်တို့လူမျိုးတွေ အချင်းချင်းတွေ့ရင်  နှုတ်ဆက်ကြတဲ့စကားပါ..

ဒါကိုတောင် ဖေါဒိန်းနေတွေ၊ ဖေါဒိန်းပြန်တွေက  အထင်သေးအမြင်သေးနဲ့  အပြစ်တင်ချင်ကြသေးတာ…

ဒီလူမျိုးတွေက..တဲ့  ..၊ စပ်စပ်စုစုနိုင်တယ်..တဲ့  ..၊ သူများကိုယ်ရေးကို်ယ်တာကို စွက်ဖက်ချင်တယ်..တဲ့  ..၊

တယောက်ကိုတယောက်နှုတ်ဆက်တာတောင် နေကောင်းရဲ့လား  တို့  ထမင်းစားပြီးပြီလားတို့  နဲ့နှုတ်ဆက်တာတဲ့…။

ကျုပ်က  ရင်ထဲ အောင့်တောင့်တောင့်ဖြစ်ပေမယ့်  မနိုင်တဲ့သူတွေကိုတော့  ပြန်မငြင်းပါဘူးတော်..

တလောက  မဗိုက်ကြီးသား  မလေးရှားနိုင်ငံကြီးမှာ  ရှိုးဂျော့ ဆိုတဲ့ရာထူးကြီးနဲ့ အလုပ်သွားလုပ်ပြီး

ရွာခဏပြန်လာတော့တောင် ထရေဝိုင်းမှာ ပဲကြီးလှော်ဒကာခံရင်း အဲသလိုပြောတော့

ကျုပ်လဲ နားစွန်နားဖျားကြားတာနဲ့  ပြန်ပြောထည့်ပစ်တယ်…။

“ ဟဲ့ကြွက်နီရဲ့…

ဒို့လူမျိုးတွေ ဒီလိုနှုတ်ဆက်တယ်ဆိုတာက သူများကိစ္စစပ်စုတာမဟုတ်ဘူးဟဲ့…

နေကောင်းရဲ့လားဆိုတာ – နေမကောင်းမှာစိုးရိမ်တဲ့သဘော၊ နေကောင်းရင်ဝမ်းသာတဲ့သဘော..

ထမင်းစားပြီးပြီလားဆိုတာ – ထမင်းမစားရသေးရင် အိမ်မှာဝင်စားသွားပါလားဆိုတဲ့သဘောတွေနဲ့

ကိုယ့်မိတ်ဆွေ ကိုယ့်ရွာသားချင်း နှုတ်ဆက်ကြတာ..

ဒီသဘောက ကိုယ့်မိတ်ဆွေတွေကို စာနာတာ  ထောက်ထားတာ ၊

ကိုယ့်မိတ်ဆွေကိုယ့်ရွာသားတွေရဲ့အရေးကို

ကိုယ့်အရေးလိုသဘောထားကြောင်းပြတာဟဲ့…

နင်တို့လိုလူတွေသာ ရွာနဲ့ဝေးသွားလို့ ရွာစကားနားမလည်တော့တာ…”….  လို့  ပေါ့…။

အဲ..  အဲ..  တော်နေကောင်းရင်လဲ  ပြီးတာပါပဲတော်..။

ကျုပ်လဲ ကိုးကြောင်းကိုးကျင်း  ပဲပြုတ်လှည့်ရောင်းနေရတော့

ရွာထဲတော့ ဖြတ်သွားဖြတ်လာ မကြာမကြာဝင်မိပါရဲ့

သိဟောင်းကျွမ်းဟောင်းတွေနဲ့တော့  သိပ်တောင် စကားစမည်မပြောဖြစ်ပါဘူး..။

ပြောလဲ ….  တော်တို့ရွာသားတွေက  ပညာတတ်ကြီးတွေ၊ ပညာရှင်ကြီးတွေများနေတော့

ကျုပ်ပြောလို့လဲ သူတို့လက်မခံ၊ သူတို့ပြောတာကျတော့လဲ  ကျုပ်သိပ်နားမလည်ပါဘူးတော်…။

တလောက ကျောင်းဆရာလေးပြောတာ..  ဘာတဲ့…

ကမ္ဘာပေါ်က  အဖြစ်အပျက်တွေဟာ တခုနဲ့တခု  ဆက်နွယ်နေတယ်…ဆိုလား…

ကမ္ဘာ့အရှေ့ခြမ်းမှာ  လိပ်ပြာလေးတကောင် တောင်ပံခတ်လိုက်ခြင်းရဲ့ ဆင့်ပွားသက်ရောက်မှု့တွေကြောင့်

ကမ္ဘာ့အနောက်ခြမ်းမှာ ဟာရီကိန်းမုန်တိုင်းကြီး  ဖြစ်ချင်ဖြစ်သွားနို်င်တယ်… ဆိုလား…။

သူတို့က ပိုက်ဆံအကုန်ခံပြီး ပညာတွေသင်ထားတဲ့ ပညာတတ်တွေဆိုတော့လဲ  ပြောချင်ပြောပေါ့တော်…

ကျုပ်တော့ သိပ်မယုံပါဘူး…..။

ဘဲ့နှယ်… တော်

ကမ္ဘာ့အရှေ့ခြမ်းမပြောပါနဲ့

မှော်ဘီက ဒွေးလေးရဲ့ခြံထဲမှာတောင်  လိပ်ပြာတွေမှမနည်းမနောရယ်….။

တနေ့တနေ့ တောင်ပံခတ်လိုက်တာ ရေတောင်ရေနိုင်မှာမဟုတ်ဘူး…။

တောင်ပံခတ်တိုင်းသာ မုန်တိုင်းဖြစ်ရရင်

အမေဒိကန်ကလူတွေ  အိမ်ဆောက်ပြီးနေလို့ ဘယ်ရနိုင်ပါ့မလဲ..

တွင်းတူးပြီးပဲနေကြရရှာမှာ..။

အဲဒါကြောင့်ကျုပ်အတွေးကတော့ရှင်းပါတယ်…

လိပ်ပြာတောင်ပံခတ်လို့လဲ  မုန်တိုင်းကျမှာမပူဘူး…

မုန်တိုင်းကျရင်လဲ  လိပ်ပြာကြောင့်လို့  တရားခံမရှာနိုင်ဘူးတော်ရေ့ …….

 

(ရေဆာလို့  တခွက်လောက်သောက်လိုက်ဦးမယ်တော်..

ပြီးမှ  နောက်တပိုင်း  ဆက်တာပေါ့…)

13 comments

  • စိန်ဗိုက်ဗိုက်

    June 14, 2012 at 3:01 pm

    အဟေ့..
    မိုက်သဗျ..
    ဖတ်လို ့ကောင်း၏..
    နောက်ခါ ကျုပ်ကို တွေ ့ရင် စားပြီးပလားလို ့မေးနဲ ့နော်
    သောက်ပြီးပလားလို ့မေး..
    ကျုပ်ကလဲ ဘယ်ချိန်မေးမေးသောက်ရသေးဘူးလို ့ပဲ ဖြေမယ်..
    ဝယ်တိုက်အောင်.. 😀

  • may flowers

    June 14, 2012 at 3:16 pm

    ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ ဟုတ်ပ ဟုတ်ပ..

    ထောက်ခံ ရယ်မောသွားပါကြောင်း။

  • Mon Kit

    June 14, 2012 at 4:50 pm

    ပထမဆုံး ပို့စ်သာဆိုဒယ်…
    လန်းလှ ချည်ရဲ့ကွယ်…
    ဖတ်ချင်အောင်လဲ ဆွဲဆောင်နိုင်တယ်…
    ဆက်အားပေးလျှက်ပါ…

  • မောင်ပေ

    June 14, 2012 at 8:20 pm

    မှော်ဘီက ဂေါ်လီ
    ဆော်ကြည်ဖို ့အော်မည်
    တော်ပလီလို ့ရော်သည်။

  • ဇောက် ထိုး

    June 14, 2012 at 9:37 pm

    လမ်းဆုံက ဂျမ်းဘုံရဲ့ လေသံပဲ။ ကြိုက်တယ်ဗျာ။ မကြာစေနဲ့နော်.. မျှော်နေမယ်။

  • htoosan

    June 14, 2012 at 10:39 pm

    ဟုတ်တယ်ဗျို့ ကိုဇောက်ထိုးရေ … လမ်းဆုံက ဂျမ်းဘုံများလားလို့ ..

  • တီတီရေငုံနှုတ်ပိတ်

    June 15, 2012 at 12:20 am

    အော်…. ကျုပ်လို ပဲပြုတ်သည်ကို အဖက်လုပ်ပြီး ကွန်မင့်ပေးတဲ့သူတွေ ရှိပါသေးကလား….
    ဝမ်းသာလိုက်တာတော်…..။ ကြည်နူးပီတိတွေဖြစ်ပြီး မနက်ထပြုတ်ဘို့ စားတော်ပဲရေစိမ်ဘို့တောင်မေ့သွားတယ်…
    ကျေးဇူးတင်ပါရဲ့ ရွာသူရွာသားအပေါင်းရယ်….
    ကျုပ်ကလဲ မေတ္တာဆုတောင်းလေးတွေနဲ့ တုန့်ပြန်ပါရစေ….

    မောင်လေး စိန်ဗိုက်ဗိုက်လဲ လမ်းလျှောက်ရင်း ချီးဗာစ့် ပုလင်းကြီး ကောက်ရပါစေကွယ်….

    ညီမလေးmay flowersလဲ အမြဲ ပျော်ရွှင်အေးချမ်းပါစေကွယ်….

    ညီမလေးMon Kitလဲ အောင်မြင်ချမ်းသာပါစေကွယ်…

    မောင်လေး ကိုသန်းထွဋ်ဦးလဲ ဘေးဘယာ ဝေးကွာပြီး အထင်လွဲခံရတာတွေ ကင်းရှင်းပါစေကွယ်…

    မောင်လေးကိုပေလဲ ကျောက်ကောင်းကြီးပွင့်ပြီး လောပန်ကြီးဖြစ်ပါစေကွယ်….

    မောင်လေး ကိုဇောက်ထိုးလဲ ထိုးဖေါက်စူးရှတဲ့ အတွေးအမြင်သစ်တွေ ဖြန့်ဝေနိုင်ပါစေကွယ်…

    စီဂျေကြီး ဦးထူးဆန်းအတွက်လဲ ဇွန်လ မြန်မြန်ကုန်ပါစေကွယ်..
    (အဲလေယောင်လို့) ကျန်းမာပျော်ရွှင်ပါစေကွယ်….

    😛

  • အရီး Khin Latt

    June 15, 2012 at 4:28 am

    တီတီ အခုတော့ ရေငုံနှုတ်ပိတ် မနေနိုင်တော့ဘူး မဟုတ်လား။
    အားပေးသွားပါတယ်။

    လိပ်ပြာ နဲ့ ငရဲ ဆိုတော့ သရဲ အကြောင်းများလား လို့ ထင်မိသေး။
    ဒါကြောင့် ပြောတာ။
    အဲဒီ အထင် တွေ နဲ့ လူတွေ ရူးနေကြတာ လို့။ 😉

    ၁ဝတန်အောင် ရှည်ရှည်လေး မန့်လိုက်တာပါ။ 😀

  • kai

    June 15, 2012 at 4:41 am

    လူချင်းတွေ့လျှင်..
    ဘယ်သွားမလို့လည်း..
    ဘယ်ကပြန်လာလဲ..
    ဘာဝယ်လာလည်း..
    ထမင်းစားပြီးပြီလား..
    ဘာဟင်းနဲ့စားလည်း
    ..
    ..(ဆက်ဖြည့်ပါ)

    လူချင်းတိုက်မိလျှင်..
    ( ) – ဘာမှမပြော.. မတောင်းပန်
    #@$#@$#@4

    မနက်ညနေ ရုံးသွားပြန်.. လုပ်ဖေါ်ကိုင်ဖက်များနှင့်ဆုံလျှင်
    ( ) – ဘာမှမပြော..

    ဘုန်းကြီးရှေ့..
    ပါဏာတိပါတာ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ

    အင်တာနက်ပေါ်တွင်..
    အဲဒီခေါတော တသိန်းသတ်တောင် ပါနာတိပါတ ကံမထိုက်ဘူးကွ.
    မျိုးဖြုတ်ပစ်..
    ခွေးမသားတွေ ဆော်ပစ်ကွာ … :mrgreen:

    • ဦးဦးပါလေရာ

      June 15, 2012 at 8:33 am

      😛
      မနက်ဝင်ဝင်ချင်း ရယ်မောစရာလေးတွေနဲ့ စိတ်ပေါ့ပါးသွားတာပေါ့….. 😀

    • စိန်ဗိုက်ဗိုက်

      June 15, 2012 at 10:25 am

      ဆော်ဟေ့..ဆော်ဟေ့…
      အယ်ခိုင်ဒါ လက်ပါးစေ သဂျီးကိုလဲ ဆော်ဟေ့… 😀

    • Azzurri

      June 15, 2012 at 10:28 am

      နိုင်ဂျံဂါး..
      အမျိုးသား ။ ဝှက်ထ် အ ဗျူးတီးဖူးလ် လေဒီ ယူအာရ်..
      အမျိုးသမီး ။ သိုင်ခ့်ယူ…

      ဘိရုမာ
      အမျိုးသား ။ ခင်ဗျားက သိပ်လှတာပဲဗျာ..
      အမျိုးသမီး ။ သေဂျင်းဇိုး ပါးကျိုးချင်လို့လား..ဒေါက်ဖိနပ်နဲ့ ခုတ်ထည့်လိုက်ရ ….

      :mrgreen:

      Ref: FB

Leave a Reply