တန်ဘိုး
ကျနော် အရင်က စာကိုတော့ အမြဲလာဖတ်ဖြစ်ပါတယ်…မန်ဘာလဲ မဝင်ခဲ့ပါဘူး…ကော်မန် ့လဲ မရေးဘူးပါဘူး…
ဒါပေမယ့် ရခိုင်ပြဿနာတွေ ကြားရဖတ်ရတော့ တခုခုတော့ ပြောချင်လာတယ်..
ဘာလို ့လဲဆိုတော့ ပို ့စ်အသစ်တခုတက်လာရင် ကော်မန် ့တွေမှာ ဖတ်ရတာ မကောင်းဘူး.။
ဒီစာရေးဘို ့တောင် စဉ်းစားရပါတယ်…
ကျနော်တို ့တစ်တွေက အင်တာနက်ခေတ်ကိုရောက်ပြီး အင်တာနက်လေးလဲ သုံးဖြစ်ကြ၊ ဘလော့ဂ်တွေ
ဖိုရမ်တွေကလဲ ပေါပေါလောလောဖြစ်လာတော့ ကလောင်တွေ ဖောင်းပွလာတယ်..ဒါပေမယ့်
မတော်ဘူး မတတ်ဘူးလို ့တော့ မပြောပါဘူး။
ကျနော်ငယ်တုန်းက အဖေ့မိတ်ဆွေ စာရေးဆရာတွေ နဲ ့ခင်မင်ဘူးပါတယ်..လေးလဲလေးစားတယ်..
ရှိတဲ့ပိုက်ဆံ၊ ရတဲ့ လခလေးနဲ ့
ဝယ်လိုက်ရတဲ့ မိုးဝေ၊ပေဖူးလွှာ၊ငွေတာရီ၊မြဝတီ၊ရှုမဝ……
ရတဲ့ လခနဲ ့တောင် မလောက်ချင်ကြပါဘူး…မိူးဝေတို ့ရှုမဝ တို ့မှာ တခါတလေ စာမူပါလာရင်
သူတို ့မျက်နှာမှာပေါ်နေတဲ့ ပီတိကို ကျနော် လေးစားစွာ ကြည့်ဘူးပါတယ်..။
စာရေးဆရာတစ်ယောက်ရဲ ့သိက္ခာ၊ ကျင့်ဝတ်( ဆရာကျင့်ဝတ်၊ ကလောင်ကျင့်ဝတ်) တစ်ကယ်လေးစားစရာကောင်းတယ်…။
သူတို ့ကိုကြည့်ပြီး စာရေးချင်စိတ်လဲ ဖြစ်ခဲ့တယ်..ဒါပေမယ့် မလွယ်ဘူး..တော်တော် ဆင်းရဲတာ..
သူတို ့ဆင်းရဲပြီး မပြည့်စုံပေမယ့် …သူတို ့မာနနဲ ့ထိမ်းသိမ်းထားတဲ့ တန်ဘိုးရှိသော အရာက
သူတို ့ရဲ ့ကလောင်တန်ဘိုးဘဲ………။
အခု ကျနော်တို ့ခင်ဗျားတို ့စာတွေ ရေးနေကြတယ်.. ကလောင်သွေးနေကြတယ်ပေါ့ဗျာ
တန်ဘိုးချင်းတော့ ကွာတယ်…ဟိုဆရာတွေက တတိုင်းပြည်လုံးက စာရေးဆရာတွေ ပို ့သမျှ စာမူတွေထဲက ကောင်းလွန်းလို ့ အယ်ဒီတာက ရွေးချယ်ပြီး ပုံနှိပ်တာ….။
ကျနော်တို ့ကတော့ ခုနကဘဲ အကောင့် အသစ်ဖွင့် အခု ပို ့စ်တင်..။
တော်တော်( တော်တော်ကြီးကို ) ကွာလွန်းပါတယ်………………………………………။
ကျနော်တို ့ရဲ ့ကလောင်တန်ဘိုး ဘယ်လောက်အဆင့်အတန်းရှိသလဲ…
ကျနော်တို ့ရေးတဲ့စာ ဘယ်လောက် လေးနက်သလဲ……
အခု မှ ပို ့စ် အသစ် စတင်ရေးပေမယ့် အရင် ရခိုင်ပြဿနာစကတည်းက
စာတွေ ဖတ်တဲ့ အခါ…. စာရေးသူက စဉ်းစားနိုင်အောင် ရေးပြလဲ…မရ..
သိစေချင်လို ့အပြုသဘောပြောလဲ မရ…ချမယ်ဆိုတာချည်းဘဲ..
ကိုယ်က ကွန်ပြူတာမှာ လက်ကွက်လေး စမ်းစမ်း စမ်းစမ်း နဲ ့ချတာ…
ဟိုမှာက လူတွေ ့ချတာ သေကုန်ပြီ… လူသားတိုင်းဟာ အသက်နဲ ့ကိုယ်နဲ ့ချည်းပါဘဲ
လူတိုင်းနီးပါး သေဘို ့ကြောက်ကြတယ်…
လူတိုင်းနီးပါး ဒါးခုတ်ခံရမှာလဲ ကြောက်ကြတာဘဲ…
နပိုလီယန်ကိုတောင် တချို ့ကပြောတယ်…. သတ္တိကောင်းလွန်းလို ့ သူရဲကောင်းဖြစ်တာ မဟုတ်ဘူး
သူသေမှာ သတ်ခံထိမှာ ကြောက်လွန်းလို ့ သူရဲကောင်းဖြစ်နေတာတဲ့…
ခွေးဝဲစားတောင် ချောင်ပိတ်ရိုက်ဖန်များရင် ပြန်ကိုက်ကြတာဘဲ…
ကိုယ်သေမှာကြောက်တော့..ပြန်ချကုန်တာပေါ့..
……………
……………
ဒီ ရခိုင်ပြဿနာက ထင်သလောက် မလွယ်သလို…နဲနဲ မြှုတ်ကွက်တွေ ရှိနေတယ်
ဘာဖြစ်လို ့လဲဆိုတော့….
ကျနော် ရခိုင်မှာ ၄နှစ်နေဘူးပါတယ်.. ကျေက်ဖြူ ၁နှစ်၊ ရမ်းဗြဲ ၂နှစ်၊ မြေပုံ ၁နှစ်…၄နှစ်ဆိုပေမယ့်
၃မြို ့ထဲနေဘူးတာရောက်ဘူးတာ မဟုတ်ပါဘူး အနှံ ့ရောက်တာပါ…
အင်မတန်ကို ကောင်းတဲ့ ရခိုင်လူမျိုးလဲ ခင်မင်ဘူးတယ်
အင်မတန်ကို လူမျိုးခွဲခြားပြီး( ဗမာတိ…ခွေးတိရာ) ဗမာတွေက ခွေးတွေဘဲ ဆိုပြီး ရမ်းကားတဲ ့
ရခိုင်လဲ တွေ ့ဘူးတယ်…
ပွဲခင်းတာဝန်ကျတဲ့ ရဲကို အသားလွတ် ဗမာရဲ ဆိုပြီး ပါးသိုင်းရိုက်တာ တွေ ့ဘူးတယ်…
ဘုရားပွဲ ပြီးရင် ချောင်းထဲမှာမျောနေတဲ့ ဗမာ ရဲသား စစ်သား အလောင်းတွေ တွေ ့ဘူးတယ်…
အတူပါတဲ ့စခန်းမှုးက စကားပြောရင်း ရန်သူမဟုတ်ကြောင်းပြသချင်လို ့ ခါးက သေနတ်ကို စားပွဲပေါ်တင်တော့….သေနတ်၂လက်ပြန်တင်ပြီး မခန် ့လေးစားအမူအရာပြတဲ့ တရွာလုံး ပင်လယ်ဓါးပြလုပ်စားသူတွေ တွေ ့ဘူးတယ်….
အဓိက… ဘာလဲ ဆိုတော့..
အရှေ့မှာနေဝင်း….အနောက်မှာ ထိန်လင်း လို ့ကြွေးကြော်ပြီး ဗမာအစိုးရကို အသေမုန်းပြီး
ဦးထိန်လင်းကို ရခိုင်နိုင်ငံခေါင်းဆောင်အဖြစ်အသိအမှတ်ပြုတယ်…
နေဝင်းအစိုးရ အရာမသွင်းခဲ့ဘူး….ခေတ်အဆက်ဆက်..။
အဲဒီလောက် ပြတ်သားတဲ့ သဘောထားရှိသူတွေကို နေဝင်းမျိုးဆက် အစိုးရကရော….
ရခိုင်တွေ အပေါ် အငြိုးမထားဘူးလို ့ ပြောနိုင်မလား။။။( အခုလက်ရှိ ပြဿနာပေါ်မှာ ကိုင်တွယ်နေတာကို စဉ်းစားကြည့်ပါ)။
နောက် ရခိုင် လူငယ်တွေ…..
အရှေ ့မှာနေဝင်း အနောက်မှာထိန်လင်းလို ့ကြွေးကြော်ပြီး မြန်မာ စစ်အစိုးရကိုတောင် အံတုခဲ့တဲ့
လူငယ်တွေ ..စစ်တွေမောင်းတော ကို ရိုဟင်ဂျာ ၃၀ဝ ကျော် ဝင်လာပြီး စော် ကားတာ မကာကွယ်နိုင်ဘူးလား….. မရဲတာလား..(လူသတ်ဘို ့ ပြောနေခြင်းမဟုတ်ပါ)..။
တောင်ကုတ်မှာ တော့ ဘာသာရေးအရခရီးသွားသူ( တရားခံ မဟုတ်သူ)တွေ ကိုတောင် ပက်ပက်စက်စက် သတ်ကြတာဘဲ။………………………
…………….
……………. နောက် ဟို ..ပုချေ( အသတ်ခံရသူ သမီးငယ်) စော်ကားပြီး သတ်တဲ့ ကောင်တွေ
လုံးဝ လူမဆန်ဘူး မလုပ်သင့်ဘူး။
ကျောက်ဖြူကို တောင်ကုတ်ကနေ သင်္ဘောစီးလာတော့ သူဘာသူ အေးဆေးထိုင်နေတဲ့
ရခိုင်သားအိန္ဒိယ လူမျိုးတစ်ယောက်ကို ရခိုင်လူငယ် ၄ယောက်က -ဟေ့ ကုလား မှတ်ပုံတင်ပြစမ်း- လို ့အတင်းတောင်းပြီး ဆွဲဖြဲပြီး ရေထဲ ပစ်ချလိုက်တယ်…ဟိုက ကျနော် ဘာလုပ်လို ့လဲဗျာလို ့အသနားခံ
ပြောတော့ ၄ယောက်ဝိုင်းပြီး ပါးရိုက်ကြတယ်…
ဒါ ရခိုင်တွေက အနိုင်ကျင့်မှုတခုဘဲ( ဘိုးဘွားစဉ်ဆက် မြန်မာအဘိုးအဘွားတွေနဲ ့သူတွေ မြန်မာစစ်စစ်
တွေတောင် မှတ်ပုံတင် တခု ရဘို ့ ဘယ်လောက်ခက်တယ်ဆိုတာ သိရင် ကိုယ်ချင်းစာတတ်မှာပါ..)
……
…..
ကဲ အဲဒီတော့…ချပြခဲ့သလို…
၁။ ရခိုင်နဲ ့ စစ်အစိုးရရဲ ့ လူမျိုးရေး အာဃာတ..
၂။ နှစ်ပေါင်းများစွာ အနိုင်ကျင့် ခံလာရတဲ့ ရခိုင်မှာ မွေးပြီး ကြီးပြင်းခဲ့တဲ့ အိန္ဒိယ မျိုးဆက်တို ့ရဲ ့
နာကျင်ပေါက်ကွဲမှု……………
(နောက်တခုက …တက္ကသိုလ်က ဆရာတစ်ယောက်ရေးသလို မူဒိန်းမှု ပြစ်မှုတွေ မြန်ာမာနိုင်ငံမှာ
အများကြီးဖြစ်ခဲ့ပေမယ်…ဥပမာ
အောင်ကြီး(ဘ…ဦးမောင် )(ဗုဒ္ဓဘာသာမြန်မာလူမျိုး) လို ့ တခါမှ မရေးဘူးဘဲ
ခုမှ မွတ်စလင် တွေ အစ္စလာမ်တွေ ထည့်ရေးတော့… )
၃။ စစ်အစိုးရက ရခိုင်လူမျိုးနဲ ့ အစ္စလာမ် အနွယ်ကို လုံးဝ ပညာသားပါပါ မီးမွှေးလိုက်မှု
အဲဒီ အချက်တွေကို စဉ်းစားပြီး ကျနော်တို ့လက်တွေနဲ့ အသိတရားကို သတိထားသင့်ပါတယ်…
ကျနော်တို ့က အတွေးအခေါ်တခု ချပြသူကို ဝိုင်းချလိုက်မယ်ကွ..ချလိုက်မယ်ဟဲ့ ဆိုတာမျိူးလောက်နဲ ့တော့ ဒီအဖြစ်အပျက်တွေ မရပ်နိုင်ပါဘူး…
ကျနော်တို ့ တဖျောက်ဖျောက် စာတွေရေးသမျှ ဟိုမှာ တဖျောက်ဖျောက် သေနေတယ်..။
ဘာသာဆိုတာ….ကိုယ်ယုံကြည်တာ ကိုးကွယ်တာပါဘဲ…
လူမျိုးဆိုတာက မွေးဖွားကြီးပြင်းရာ အလိုက်စွဲပြီး သတ်မှတ်တာပါဘဲ
အသားအရောင်ကလဲ အပေါ်ယံ အရေခွံဆွဲခွာချွတ်ထားလိုက်ရင်..အတူတူပါဘဲ…
နေနေရတဲ ့ပိုင်ဆိုင်မှုမြေနေရာလေးကလဲ မသေခင်လေး အထိပါဘဲ…
နယ်နမိတ် သတ်မှတ်ချက်လေးကလဲ မြေလွှာ ပြတ်ရွှေ ့မှု မဖြစ်ခင်လေးပါဘဲ….
ခဏလေးအချိန်အတွင်းမှာ ကျနော်တို ့ဘာလို ့လူသတ်တာကို အားပေးမှာလဲ
ဘာဖြစ်လို ့လူမျိုးရေးခွဲ ကြရမှာလဲ….
ဘာဖြစ်လို ့ကျနော်တို ့စာတွေ ဗရမ်းဗတာရေးချင်ရတာလဲ
ပြသနာတိုင်းမှာ အဖြေရှိတယ်လိုု ့ယုံကြည်ရင် ဘာဖြစ်လို ့ပွဲဆူအောင် သွေးထိုးပေးမှာလဲ….
…….
ခဏလေးပါ..
လူ ့ဘဝက ခဏလေးပါ…
ခဏလေးကိုင်ခွင့်ရှိတဲ ့ကလောင်လေးကို ဆင်ခြင်ပါ…
ကျနော်ဒီစာ ့ရေးလို ့သဘောမကျရင်လဲ ဆဲချင်လဲ ပွိုင့်နုတ်ခံပြီး ဆဲပါ…
ဒါသည်ပင်လျှင်…
ကျနော်တို ့စာပေ အဆင့်အတန်း
ဒါသည်ပင်လျှင်
ကျနော်တို ့ကလောင် အဆင့်အတန်း မဟုတ်ပါလား……။
ကျော်စွာခေါင်
8 comments
htoosan
June 15, 2012 at 5:54 am
ကြိုဆိုပါတယ် ကိုကျော်စွာခေါင်ရေ..
aye.kk
June 15, 2012 at 8:18 am
ကိုကျော်စွာခေါင်ရေ…
postလေးဖတ်ရတာ…
တင်ပြထားတဲ့စေတနာ…
အယူအဆလေးကသင့်မြတ်ကောင်းမွန်လှပါတယ်..
နောက်များလည်းဝင်ရေးပါဦးနော်..။
အားပေးလျှက်ပါလို ့ပြောပြလိုက်ပါရစေ….။။
မောင်ပေ
June 15, 2012 at 9:14 am
မည်သို့မည်ပုံ ဖြစ်ဖြစ်
စာတစ်ပုဒ် သည် ရေးသူ၏ စိတ်သဘောထား စာဖတ်သူအပေါ် မည်သို့ သဘောထားသည်ကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်သည်။
ကိုပေါက်(မန္တလေး)
June 15, 2012 at 9:37 am
(အခု ကျနော်တို ့ခင်ဗျားတို ့စာတွေ ရေးနေကြတယ်.. ကလောင်သွေးနေကြတယ်ပေါ့ဗျာ
တန်ဘိုးချင်းတော့ ကွာတယ်…ဟိုဆရာတွေက တတိုင်းပြည်လုံးက စာရေးဆရာတွေ ပို ့သမျှ စာမူတွေထဲက ကောင်းလွန်းလို ့ အယ်ဒီတာက ရွေးချယ်ပြီး ပုံနှိပ်တာ….)
ကျန်တာတွေလက်ခံပေမယ့် ဒီစကားစုလေးကိုတော့ ကျနော်အနေနဲ့ပြောရရင်
ပုံနှိပ်စာမူဖြစ်လာတိုင်း ကောင်းတယ်လို့သတ်မှတ်ရင် တော့ မမှန်ဘူးလို့ပြောချင်ပါတယ်။
ပုံနှိပ်စာမူတွေထဲမှာလဲ သူလူကိုယ့်လူ ဘက်လိုက်ပြီး ကောင်းကောင်း မကောင်း ကောင်း ထည့်တဲ့စာမူတွှေ
အင်တာနက်ထဲက ရေးထားတာယူ ခပ်တည်တည် နာမယ်တတ် အယ်ဒီတာဆီပို့။
ဟိုက ကြိုက်တယ်ဆိုပြီး ရွေးပြီးပုံနှိပ်တဲ့စာမူတွေလဲအများကြီးပါ။
ကျန်တာတွေညီလေးပြောတာမှန်၏။
ဒီအချက်ကတော့ကျနော်နဲ့သဘောချင်းကွဲလွဲပါတယ်။
blackchaw
June 15, 2012 at 10:12 am
လေးလေးစားစား တန်ဘိုးထားပြီး ဖတ်သွားပါတယ် Kyaw swar kaung ရေ။
နောက်ပို့စ်လေးတွေလည်း ရေးဦးတင်ဦးမယ်လို့ မျှော်လင့်မိပါတယ်။
တန်ဘိုး ပို့စ်လေးအတွက် ကျေးဇူးပါဗျာ။
MaMa
June 15, 2012 at 10:20 am
ကောင်းမွန် မျှတမှန်ကန်တဲ့ အတွေးအခေါ်လေးတွေလို့ ယူဆပါတယ်။
မှန်ကန်တဲ့ အတွေးအခေါ်တွေကို ဖြန့်ဝေတာလည်း လူသားတန်ဖိုး တစ်ခုပါပဲ။
အားပေးပါတယ်။ ကြိုဆိုပါတယ်။ 🙂
kyaw swar kaung
June 15, 2012 at 12:56 pm
ကိုပေါက်
ကွန်မန် ့ပေးသွားတာကို ကျေးဇူးတင်ပါတယ်..
ကိုပေါက်ပြောတာလဲ မှန်ပါတယ်ဗျာ…
ကျနော်က မိုးဝေ ရွှေခေတ်ကို စိတ်စွဲပြီး ရေးလိုက်ပေမယ့်…
ခေတ်အခါကို မပိုင်းခြားလိုက်မိပါဘူး…
ကိုပေါက်ပြောတဲ့ ကိစ္စတွေက မြန်မာနိုင်ငံမှာ ကွန်ပြူတာ စာစီခေတ် မဖြစ်ခင်ကတည်းက
စာပေ လောကမှာ ဖြစ်နေတာပါ…။
……………
ကိုပေါက်ပြောတာကို လက်ခံပါတယ်
ကျော်စွာခေါင်
ဦးကျောက်ခဲ
August 3, 2013 at 1:00 pm
ဪ… အကိုကြီးက
မောင်ကျောက်အရင် ရွာသားဖြစ်နေတာကိုး…
အမှန်က အခုမှ သတိထားမိသွားတာ ခွင့်လွှတ်ပါ…
🙂