Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အောင်စာရင်းထွက်သော်လည်း

koko thantJune 15, 20121min33314

9.6.2012 ရက်နေ့ကပေါ့။ ကျနော်နှင့်ကျနော့် တူလေး အော်စာရင်းသွားကြည့်မယ် ဆိုပြီး မနက်အစောကြီးကျောင်း ကို ထွက်ခဲ့ကျတယ်၊၊ကျောင်းရှေ့ရောက်တော့ လူတွေက အပြည့်ပါပဲ`။ အောင်စာရင်းကို ကျောင်းဝင်းတံခါး မဖွင့်ခင်ကတည်းက လာ စောင့်ပြီးကြည့်နေကြတဲ့ သူတွေပေါ့`။ ကျနော့်တူလေး အောင်စာရင်း တိုးဝှေ့ ကြည့်နေစဉ် ကျနော်လူလေးဦးကို မြင်ခဲ့ရတယ်`။အဲ့ဒီသူတွေက
၁ စာမေးပွဲကျလို့စိတ်ပျက်နေသူ`
၂ စာမေးပွဲအောင်လို့ပျော်ရွှင်နေသူ
၃ စာမေးပွဲအောင်ပြီး ဂုဏ်ထူးပါပေမဲ့ မှန်းသေလောက်မပါလို့စိတ်ပျက်နေသူ
၄ ဂုဏ်ထူးတွေ အများကြီးနှင့်ပျော်ရွှင်နေ တဲ့သူ တို့ကို ကျနော်မြင်တွေခဲ့ရတယ်`။
အောင်စာရင်းကို ကျောင်းဝင်းတံခါး မဖွင့်ခင် ကတည်းက လာရောက်စောင့် ကြည့်နေ ပေ မဲ့ တကယ်တမ်း သူတို့နာမည်မပါလို့ ငို နေတဲ့သူ နှင့်ခေါင်းငိုက်စိုက်ကျ နေ သူတွေကိုလည်း အများကြီးတွေ့ရပါတယ်`။ကျရှုူံးသူတွေကြားထဲမှာ အောင်စာရင်းနာမည် ပါပေ မဲ့ သူတို့မှန်းထားတဲ့ တက္ကသိုလ် မရမှာစိုးတာကြောင့် မပျော်နိုင်တဲ့ကလေးတွေလည်းတွေရပါတယ်`။”ဂုဏ်ထူးပါမယ်ဆိုတာ အစောကြီ:ကတည်းက ယုံကြည်ထားတယ်၊ဒါပါ မဲ့ တစ်ခုပဲပါလာလို့ စိတ်မကောင်း ဘူး “လို့ပြောနေတဲ့ ကလေးတစ်ယောက်ကိုလည်းတွေ့ရတယ်၊ဒါနဲ့ ကျနော့် တူလေးလဲ ဘယ်အမျိုးအစားထဲ ပါ မလဲလို့ ကျနော်တွေးနေရင်း မျက်စိမျက်နှာမကောင်း ပဲ လေးလံသော ခြေထောက်များနှင့် ကျနော့်ထံ လျျှောက်လာ သော ကျနော့်တူလေးကို မြင်ရတယ်။ကျနော်လည်း စိတ် ပူ ပြီး သူကိုမေးခဲ့တယ်။ “ငါ့ တူဘယ်လိုလဲ” ကျနော်မေးလိုက်တဲ့အခါ သူက သက်ပြင်းချရင်း “အောင်ပါတယ်ဦးလေး ဂုဏ်ထူးနှစ်ဘာသာပါတယ် “ လို့ ကျနော့်ကို ပြောခဲ့တယ်၊ ဒီ တော့ မှ ကျနော့် တူ က နံပါတ် ၃ လူအမျိုးအစားတည်းပါဝင်ကြောင်းကို ကျနော်သိခဲ့ရတယ်၊
ဒါ့အပြင် ကျနော်လူငယ်တွေ အများကြီ းကို တွေ ရတယ်၊ တချိူ့ ကစာမေးပွဲအော် လို့ ပျော်ရွှင်တဲ့အထိမ်း အမှတ် အနေနဲ့ အရက် ဘီယာ ဆေးလိပ်ေ သာက်နေကြတယ်၊တချိူ့က စာမေးပွဲကျလို့ သောက်နေကြတယ်၊ စာမေးပွဲအောင်သူများက မိမိတို့ အကျင့် စာရိတ္တ ကို ပျော်ရွှင်မှုနှင့် ဖျက်ဆီးနေကြတယ်။ စာမေးပွဲကျသူတွေက မိမိ တို့ ၈တန်းအင်္ဂလိပ်စာမှာ သင်ခဲ့ရတဲ့”’စာမေးပွဲတစ်ခုကျရှုူံးရုံ ဖြင့် ကမ္ဘာကြီးက အဆုံးသတ်မသွားပါဘူး”” ဆိုတဲ့ စာသားလေးတွေ ကို မေ့ ပြီး ဘာလို့ ကျရှုံးနေတဲ့ဘဝကို ပြန်လည်မကြိူးစားချင်ရတာလဲ အော်သူတို့ကို ကြည့်ပြီးကျနော်စိတ် ပျက်မိပါတယ်၊
ကျနော့် တူလေးကိုလည်း မင်းဖြစ်ချင်တဲ့ဆန္ဒကိုဖြစ်အောင်လုပ်ဟုပြောပါတယ် အဲ့ဒီအခါ ကျနော့်တူေ လး ကလဲ စိ်တ်ဓာတ်မကျဘဲနဲ့ ကျနော်ဖြစ်ချင်တာကိုကြိူးစားမယ်လို့ပြောရင်း ကျနော်တို့နှစ်ယောက်အိမ်ကိုပြန်ခဲ့ကျပါတယ်၊
မှတ်ချက်၊ ၊စာမေးပွဲကျသူများနှင့် စာမေးပွဲအောင်ပြီး မိမိ လိုချင်သောတက္ကသိုလ်တက် ချင်သူများအတွက်

14 comments

  • မောင်ပေ

    June 15, 2012 at 10:08 am

    တက္ကသိုလ်စတက်ရတာနဲ့ပျော်သွားပါလိမ့် ကိုကိုသန့်ခင်ဗျာ
    ပျော်ပြီးရင် ဆက်ပြီးတော်နေဖို့ ထိန်းကြောင်းပေးဖို့ လိုပါသေးတယ် ဗျို့။
    ခင်မင်စွာဖြင့်
    မောင်ပေ

  • etone

    June 15, 2012 at 10:32 am

    ကောလိပ်ဂျင်နေဝင်းကားထဲက စကားကိုပဲ ပြောရတော့မလိုပါပဲ … ကိုအောက်အော့ဖ်ရေ … ။
    တကယ်ဖြစ်ချင် တကယ်လုပ် … အဟုတ်ဖြစ်ရမည်ဆိုတာလေ … ။

    ကိုယ့်ဘက်ကသာ ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့်ထားလျှင် … ဘယ်ဘက်ကစမ်းစမ်း နံရိုး .. အဲ …. အစမ်းခံနိုင်တာမျိုးပါ … 😀 စာဖြေသူတစ်ယောက်အနေနဲ့ မေးခွန်းအပေါ် အဖြေပေးခဲ့တာအတွက် …ကိုယ်ဘယ်လောက် ကျေနပ်မှုရှိသလဲဆိုတာ သူ့ဘာသာသူသိပါတယ် ။ အဲ့ဒါကြောင့် .. စိတ်ပျက်အားလျော့ ၊ မချိတင်ကဲ ဖြစ်နေတာတွေက .. ပရိယာရ်လို့သာ ထင်မိပါတယ် … ။
    အစ်ကို့တူလေးကိုပြောတာမဟုတ်ဘူးနော် … အပြင်မှာ မြင်နေရတဲ့ ကျောင်းသားတွေကိုအမြင်နဲ့ သုံးသပ်ကြည့်တာပါ … ။

    ကိုအောက်အော့ဖ်ရေ .. ပြောမယ့်သာပြောတာ .. လူငယ်တွေက ဘယ်တက္ကသိုလ်တက်ချင်တာလဲဆိုတာ ..သေချာ ဂဃနဏသိလို့ တက်ချင်တာထက် … သူများအပြောတွေ ၊စိတ်ကူးယဉ်မှုတွေနဲ့သာ ပုံဖော်တက်ချင်ခဲ့မိတာ …. ။ (အများစုကိုပြောတာပါ ) မှန်းထားတဲ့ တက္ကသိုလ်မတတ်ရတော့ တစ်ဘဝလုံး ဂျွမ်းထိုးမှောက်ခုံဖြစ်သလို ခံစားနေကြတယ် .. တကယ်တမ်းကျတော့ … တက္ကသိုလ်တွေ၊အင်စတီကျူ့ဒ်တွေ စိတ်ကြို်က်ယူခဲ့ပေမယ့် …… အလုပ်ကိုင်ရွေးတဲ့အခါ .. ကိုယ့်စိတ်ကြိုက်မရွေးနိုင်ခဲ့တာများတယ် ……… ။
    ဘဝကပေးတဲ့ အတွေ့ကြ ုံကို ပြန်ခံစားပြီး၊ ပြန်ရေးပြလိုက်တာပါ … ။

  • Moe Z

    June 15, 2012 at 11:37 am

    ဆယ်တန်းက မှန်းလို့မရဘူးလို့ပြောကြပေမယ့်
    ကိုယ်တိုင်တော့ ကြိုးစားသလောက်ရခဲ့တာမို့ ပုံမှန်ပါပဲ
    ပြီးတော့လည်း တက်ချင်တဲ့ကျောင်းတက်ခွင့်ရခဲ့တယ်
    တစ်ခုပဲ ဘဝရည်မှန်းချက်က ငယ်ငယ်တုန်းကနဲ့မတူတော့တာ
    ဝါသနာနဲ့ခံယူချက်က အခြေအနေအပေါ်မူတည်ပြီး ပြောင်းလဲသွားတယ် ..

  • Nyein Nyein

    June 15, 2012 at 11:48 am

    ကိုယ်ကြိုးစားသလောက်ပဲ ကို်ယ်ပြန်ရတာကတော့ သဘာဝပါပဲ။ စာမေးပွဲကျလို့လည်း စိတ်ပျက်စရာမလိုဘူး။ မှန်းထားသလောက်မရလို့လည်း စိတ်ညစ်စရာမလိုပါဘူး။ (စိတ်ညစ်ခဲ့လို့ မှန်ကန်တဲ့ဆုံးဖြတ်ချက်ကို မချနိုင်ဘဲ လွဲခဲ့တဲ့ ကိုယ်တွေ့ရှိပါတယ်။) ကိုယ့်ရဲ့ ကြိုးစားခဲ့မှုကို ပြန်တွေးကြည့်လိုက်ရင် အဲဒါတွေက စိတ်ညစ်စရာမဟုတ်တော့ပါဘူး။ ကြိုးစားဖို့ကတော့ ကိုယ့်တာဝန်ပေါ့။ ဖြစ်တာမဖြစ်တာကတော့ အပိုင်းတစ်ပိုင်းပေါ့။

  • koko thant

    June 15, 2012 at 2:46 pm

    ဦးပေ ပြောသလို ဆက်ပြီးတော်နေဖို့အတွက် ကျနော့် တူလေး ကိုထိန်းကျောင်းပေးလိုက်ပါ့မယ်၊

    • etone

      June 15, 2012 at 4:23 pm

      koko thant ရေ … ဆောရီးပါ …
      ကျွန်မ tab နှစ်ခုဖွင့်ပြီး …. ကိုအောက်အော့ဖ်ရေးတယ်ထင်လို့ ရောထွေးသွားလို့ပါ …. ။ အားနာလိုက်တာနော် …. ။ နာမည်မှားခေါ်တာ ဒါနဲ့ဆို နှစ်ခါမကတော့ဘူး 🙁

  • မမ အညာသူ

    June 15, 2012 at 4:06 pm

    ဖြစ်ချင်တာကိုဖြစ်အောင်လုပ်ရမယ်………ကြိုးစားလေ
    အပေါင်းအသင်းတော့အမှားစေနှင့်ပေါ့………..

  • ရန်ကုန်သား

    June 15, 2012 at 5:10 pm

    ဟုတ်မမညာ
    လစ်ပီ10

  • koko thant

    June 15, 2012 at 5:29 pm

    မမ အညာသူပြောတာလေးကို မှတ်သားထားပါ့မယ်နော် တကယ်ပြောတာပါ

  • ဇောက် ထိုး

    June 15, 2012 at 5:45 pm

    ဒီနေရာမှာတော့ အညာသူက ဆရာကီးဖစ်သွားပျံဘီ။

  • koko thant

    June 15, 2012 at 5:55 pm

    ဟုတ်တယ်ကိုဇောက် ဒီနေ ရာမှာ အညာသူမမ က ဆရာကီးဖစ်သွားပီ သူ့ကိုဆရာတင်ရမှာပေါ့ ဟဲဟဲ

  • သားဦး၊မြေးဦး

    June 15, 2012 at 8:05 pm

    အောင်စာရင်းတွေကို ထူးထူးဆန်းဆန်း ဒီတနှစ်မှ မနက်(၈)နာရီထိုးမှကြည့်ခွင့်ရတာ
    ကတော့ ၁၄၄ ထုတ်ပြန်ထားရတဲ့ အကျိုးဆက်ကြောင့် မှတ်သားစရာနှစ်တနှစ်ဖြစ်၏။

  • အရီး Khin Latt

    June 15, 2012 at 8:13 pm

    ကိုကိုသန့် ရေ

    တူလေးကို စကားလက်ကမ်းပေးပါ။

    ဆက်ပြီး စိတ်ဓာတ်မကျ ကြိုးစားရင်တော့ ဘယ်လိုင်းဘဲ ဝင်ဝင် အောင်မြင်မှုရမှာပါ။
    ကိုယ်ရတဲ့ ဘာသာ မှာ စိတ်ဝင်တစား နဲ့ သာ လေ့လာခိုင်းပါ။
    အရီးလဲ သင်ချင်တာက အင်ဂျင်နီယာ ပညာ၊ ဆည်းပူးရတော့ စီးပွါးရေး၊
    နောက်ပိုင်း အလုပ်လုပ် တော့ အိုင်တီနွယ် သွားရော။
    ၁ဝတန်းမှာ သူများတွေထက် နောက်တစ်ဆင့် ကျန်ခဲ့ တာ ဖြစ်ချင်ဖြစ်မယ်။
    ဒါပေမဲ့ မာရသွန် ပြေးပွဲ လိုပေါ့။
    နောက်ရောက် နေတဲ့ သူတွေ လဲ ဝိရိယ ဇွဲ နဲ့ သက်လုံ ကောင်းရင် ရှေ့က ပန်းဝင်ကြပါတယ်။

    ကျေးဇူးပါ။

  • ရဲဘော် မောင်တူး

    June 15, 2012 at 8:46 pm

    တက္ကသီလာပျော်စရာနယ်ကြီးထဲမှာ ကျောင်းနေပျော်ပြီး စာဆက်တော်ဖို ့လိုပါသေးသည်။

Leave a Reply