Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ငွေစုမိပြီး၊လာဘ်ပွင့်စေရန်

ခင္ခJune 18, 20121min69031

ဖတ်ခဲ့ဖူးတဲ့ တိုလီမိုလီစာစုထဲက စံ-ဇာဏီဘိုရဲ့ ငွေစုမိပြီး၊လာဘ်ပွင့်စေဖို့ လုပ်ဆောင်ရတာလေးကို ပြန်ရေးပြပေးလိုက်ပါတယ်။ ငွေကြေးအဆင်မပြေသူတွေ ပြေလည်ဖို့နဲ့ ငွေကြေးအဆင်ပြေသူတွေလည်း လိုသလောက်ထက် ပိုမောက်စွာရစေလိုတဲ့ ဆန္ဒလေးနဲ့ပါ။ ဘာသာမရွေး၊ လူမျိုးမရွေး၊မည့်သည့်နေ့ သားသမီးမဆို အလွယ်တကူလုပ်လို့ရတဲ့နည်းလေးပါ။

လုပ်ရမည့်နည်းက– စာရွက်အဖြူတစ်ခုပေါ်မှာ အောက်ပါသက်ဆိုင်တဲ့ အက္ခရာတစ်ခုကို မင်အနက်ရောက်ဖြင့် ရေးပြီးပိုက်ဆံအိတ်ထဲထည့်ဆောင် ထားလိုက်ရုံပါ။ စာရွက်က မိမိပိုက်ဆံအိတ်ထဲ ထဲ့လို့ရတဲ့ အရွယ်လောက်ဆိုရပါပြီ။

တနင်္ဂနွေနေ့မွေးသူများ – တနင်္ဂနွေနေ့နံနက် ၈း၁၅ နာရီတိတိမှာ အက္ခရာကိုရေးပြီးဆောင်ပါ။

တနင်းလာနေ့မွေးသူများ – တနင်းလာနေ့ မွန်းလွဲ ၃း၄၅ နာရီတိတိ အက္ခရာကိုရေးပြီးဆောင်ပါ။

အင်္ဂါနေ့မွေးသူများ – အင်္ဂါနေ့ မွန်းလွဲ ၃း၄၅ နာရီတိတိ အက္ခရာကိုရေးပြီးဆောင်ပါ။

ဗုဒ္ဓဟူးနေ့မွေးသူများ – ဗုဒ္ဓဟူးနေ့ နံနက် ၉း၄၅ နာရီတိတိ ဝ အက္ခရာကိုရေးပြီးဆောင်ပါ။

ဗုဒ္ဓဟူးနေ့မွန်းလွဲညနေပိုင်းမွေးသူများ -ဗုဒ္ဓဟူးနေ့ နံနက် ၉း၄၅ နာရီတိတိ အက္ခရာကိုရေးပြီးဆောင်ပါ။

ကြာသပတေးနေ့မွေးသူများ – ကြာသပတေးနေ့ နံနက် ၈း၄၅ နာရီတိတိ အက္ခရာကိုရေးပြီးဆောင်ပါ။

သောကြာနေ့မွေးသူများ – သောကြာနေ့ မွန်းလွဲ ၃း၄၅ နာရီတိတိ အက္ခရာရေးပြီးဆောင်ပါ။

စနေနေ့မွေးသူများ – စနေနေ့ မွန်းလွဲ ၂း၁၅ နာရီတိတိ အက္ခရာရေးပြီးဆောင်ပါ။

ယုံကြည်သူများဆောင်ရွက်ခြင်းဖြင့် ငွေကြေးအတွက်ကံကောင်းခြင်းကို အထင်းအရှားရမယ်လို့ဆိုပါတယ်။

ငယ်ငယ်ကပြောသလိုပြောမယ်နော်  မယုံရင် ပုံပြင်မှတ်ပါ—-။

အားလုံးအဆင်ပြေပျော်ရွင်နိုင်ပါစေ။

 

 

 

 

31 comments

  • water-melon

    June 18, 2012 at 11:09 am

    အူးလေး ခင်ခရှင့်
    စန်းပွင့်တာရောရှိဘူးလားဟင်
    အခုတော့ လာဘ်ပွင့်တာလေး လုပ်ကြည့်အုန်းမယ်
    အခုတာလော ဘိုင်ပြတ်နေတာကြာပြီ
    ရှဲရှဲ

  • Khin Kha

    June 18, 2012 at 11:14 am

    စာလုံးပေါင်းသတ်ပုံမှားပြင်ချက်- မင်အနက်ရောက်ဖြင့် အစား မင်အနက်ရောင်ဖြင့် လို့ပြင်ဖတ်ပေးပါ။

  • Azzurri

    June 18, 2012 at 11:18 am

    ကျုပ်က အင်္ဂါ သားဗျ …နက်ဖန် ဇ လို့ ရေးပီး ဆောင်ထားပါ့မယ်….
    သွပ်သွပ်
    ပိတ်သတ်ကြီးလည်း …
    ဇ မရှိဘဲ ဇိ မလုပ်ကြပါနဲ့….
    ခုခိခုခိ
    :mrgreen:

    • water-melon

      June 18, 2012 at 12:41 pm

      တားတားတော့က
      ဇလည်း ရှိတယ်
      ဝလည်း ရှိတယ်
      တစ်ခုဘဲ သူများတွေလိုတော့ ?????

  • etone

    June 18, 2012 at 11:20 am

    ကိုခင်ခရေ .. .ဟုတ်သော်ရှိမဟုတ်သော်ရှိ .. ဒါမျိုးဆို လုပ်ကြည့်ဦးမယ် .. ဟိ 😉
    စာရွက်လေးရေးရတာလည်း လွယ် ..ဆောင်ထားရတာလည်း လွယ်တော့ … အပမ်းမကြီးဘူး … ။
    ငွေစုမိမယ် …လာဘ်ပွင့်ငွေဝင်မယ်ဆိုတော့လည်း …….. စမ်းကြည့်ဦးမယ် …. ။ 😛

    မဟုတ်လျှင် အ ိတ်ပေါက်နဲ့ ဖားကောက်နေရတဲ့ ပြသနာက … ပိုပိုဆိုးလာပြီ …. တဖြည်းဖြည်းပိုပိုပေါက်နေတဲ့ အိတ်ကိုပဲ ချုပ်ရမလား .. ကိုယ့်မျက်စိနဲ့ ပ ါးစပ်ကိုပဲ ချုပ်ရမလား တွေးနေတုန်း ဒီနည်းလေးရတာ … ပျော်စရာပဲ …… ။ကျေးဇူးလည်းတင်ပါတယ်နော် …. :mrgreen:

  • Khin Kha

    June 18, 2012 at 12:05 pm

    ရေးရမယ့်အချိန်မတိုင်မီ ရေးမယ့်အနက်ရောင်ဘောပင်ကို ကြိုစီစစ်ပြီးရေးကြည့်ထားအုံးနော်။
    ရေးမယ့်အချိန် အမှန်ရေးတော့မှ မင်မလိုက်တာတို့ ထစ်နေတာတို့မဖြစ်စေချင်လို့ပါ။

  • ဦးဦးပါလေရာ

    June 18, 2012 at 12:15 pm

    ကျုပ်က တနင်္ဂနွေသားဆိုတော့ အဲဒီအချိန် အိပ်ယာက နိုးကာစပဲရှိသေးတယ်။

    မျက်နှာမသစ်ပဲ ရေးလို့ရော ရရဲ့လား…… 😛

  • စိန်ဗိုက်ဗိုက်

    June 18, 2012 at 12:29 pm

    စမ်းကြည့်လိုက်ဦးမယ်..
    များက အာတကီး အလွယ်တကူရမဲ့နည်းမှန်သမျှ အကုန်ဒူးတယ်…
    ခစ်ခစ်.ဗျစ်..

  • Khin Kha

    June 18, 2012 at 12:29 pm

    ဖတ်ရတဲ့ တိုလီမိုလီစာထဲမှာတော့ မျက်နှာသစ်၊သွားတိုက်ပြီးရေးရမယ်လို့တော့ မပါဘူးဗျ။
    ဦးပါ အဆင်ပြေသလိုသာရေးပေါ့ဗျာ။
    ဒါပေမယ့်တွေးမိတာတစ်ခုတော့ရှိတယ် မျက်နှာမသစ်ဘဲရေးပြီးဆောင်ထားလို့ ငွေစက္ကူအသစ်တွေထက် ဟောင်းနွမ်းပေတာတွေ ရတာများလို့ ဘဏ်သွားလဲနေရအုံးမယ်နော်။

  • Thel Nu Aye

    June 18, 2012 at 12:42 pm

    စမ်းကြည့်လိုက်ပါမယ်။ အပန်းမကြီးတော့လုပ်ကြည့်လိုက်လို့အကျိုးမဲ့မဖြစ်နိုင်ပါဘူး။

  • Novy

    June 18, 2012 at 12:56 pm

    ထွက်ငွေတွေများနေလွန်းလို့ ကောက်ရိုးတစ်မျှင်ကို လှမ်းဆွဲလိုက်အုံးမယ်

    • Mလုလင်

      June 18, 2012 at 2:39 pm

      အဲလို ဆွဲလို့ ရမယ် ဆိုရင် တီတီNovy ရေ ….. ကောက်ရိုးပုံ ကြီးပဲ .. ဖက်အိပ် လိုက်ချင်တော့တယ် ….. ခုတလော အကုန်အကျ များနေ၏

  • we R one

    June 18, 2012 at 1:05 pm

    စမ်းကြည့်အုံးမယ် ဗျို့….ပင်ပန်းတာမှ မဟုတ်တာနော့..။ ဒါနဲ .. စံ-ဇာဏီဘို ရော ပိုက်ဆံတွေ ဘယ်လောက်စုပြီး လာဘ်ဘယ်လောက် တောင်ပွင့်နေပြီလဲ သိချင်ထှာ….:D

  • Ma Ei

    June 18, 2012 at 1:13 pm

    တနင်းလာနေ့မွေးသူများ…
    ဒီနေ့ရေးမှီတယ်နော်…
    သူများကတော့…
    တနင်္ဂနွေနေ့ ရောက်ရင် ရေးဆောင်ဘို့
    မမေ့အောင်မှတ်ထားရတော့မယ်…

  • ဆူး

    June 18, 2012 at 1:20 pm

    မနက် ၉နာရီကျော် ဆိုတော့ အလုပ်ရောက်ရောက်ချင်း စာရင်းတွေ လုပ်တုန်း ဝ တလုံး ကောက်ရေးပြီး ဆောင်ထားလိုက်မယ်။ ဟဲဟဲ..

  • Crystalline

    June 18, 2012 at 2:26 pm

    အပန်းမကြီးတဲ့နည်းလေးမို့ အခုကတည်းကမမေ့အောင်ဖုန်းထဲမှတ်ထားလိုက်ပြီး… ဆုံးထားတဲ့ငွေလေးတွေများ ကိုယ့်ဆီပြန်လာမလားလို့…ငွေထွက်ပေါက်ကအရမ်း များနေတဲ့ကြားထဲက “ဝယ်မှား” ကလည်းဖြစ်လိုက်သေး…ငိုချင်နေတယ်.. က..ကာ..ကားကားကား :`-(

    • Azzurri

      June 18, 2012 at 2:29 pm

      ဈေးမကျအောင် ..ဖလာရီ ပြောင်းစီးဗျာ …
      တစီး တိုက်သွားပီ ဆိုတိုင်း ..အကောင်းအတိုင်းရှိတဲ့ အစီးတွေ
      ဈေး တက်တက်ကုန်သတဲ့..
      :mrgreen:

  • eipu

    June 18, 2012 at 2:36 pm

    ဗုဒ္ဓဟူးနေ့ကျရင်လုပ်ကြည့်လိုက်ပါ့မယ်။

  • mayjuly

    June 18, 2012 at 3:03 pm

    အိုခေ … ရေးလိုက်တော့မယ် …

  • PaLote Tote

    June 18, 2012 at 3:18 pm

    ၃ နာရီ ၄၅ မှာရေးဖို့ စာရွက်နဲ့ ဘောလ်ပင် အဆင်သင့်လုပ်ထားတယ် ။

  • ရွာစားကျော်

    June 18, 2012 at 4:08 pm

    ဟာဂျာ စနေနေ့ကတည်းက ဒီပို့စ်ကို တင်ပါလားဂျာ
    ခုတော့ နောက် ၆ ရက်လောက် ငွေထွက်နေအုံးမှာပေါ့..

  • Khin Kha

    June 18, 2012 at 4:20 pm

    ရွာစားကျော်ရေ စိတ်မရှိပါနဲ့ ကျွန်တော်လည်းမနေ့က ညနေဘက် စာအုပ်ဆိုင်တွေရောက်လို့
    ဝယ်လာတဲ့အထဲက ညကမှဖတ်မိလို့ ဒီနေ့တင်လိုက်တာပါ။

  • မောင်ပေ

    June 18, 2012 at 9:43 pm

    အိုခေ သေချာမှတ်ထားလိုက်ဘီနော။
    ပြန်ရှဲပေးတဲ့အတွက် ကျေးကျေးဘာ။

  • ကိုရင်စည်သူ

    June 18, 2012 at 10:12 pm

    မခင်ခရေ… ရေးပြထားတာလေးတော့ မှန်ပါတယ်ဗျ… ကျွန်တော်တို့ အနေနဲ့ ကြည့်ရင်တော့ အပြည့်အဝတော့ မမှန်ဘူးပေါ့။

    ကျနော်တို့ ဧကံသ ဂိုဏ်းအနေနဲ့ ကြည့်ရင်တော့ ဒီအဆောင်လေးမှာ လိုအပ်နေတဲ့
    အချက်လေးတွေ ရှိနေတဲ့ ဗျ…
    ဘာလဲ ဆိုတော့ ရေးရမယ့် ဘောပင်ရဲ့ မှင်ရောင်ပေါ့ဗျာ…။
    (ဥပမာ – တင်္နလာသားဆို (ဂ) ငယ်ကို ဘောပင်အစိမ်းရောင်နဲ့ ရေးရမည်) စသဖြင့်ပေါ့
    အရောင်တွေရဲ့ စွမ်းအင်တွေဟာ အဆောင်ထားမယ့် နေ့သားအလိုက်အထူး အကျိုးပြုစေတဲ့လို့
    ကျနော်တို့ အဘဆရာကြီးက သင်ပေးသွားပါတယ်။
    စံဇာဏီဘို ဆိုတာလည်း အဘထောင်ထဲမှာတုန်းက ဂျီးတွန်းပေးပြီါ်
    ဗေဒင်သင်ခဲ့တဲ့ တပည့်တစ်ဦးပါပဲ။ ဒါကြောင့် ဒီ ယတြာဟာလည်း
    မူရင်းရေးသားသူရဲ့ လိုအပ်ချက်ဖြစ်နိုင်ပါတယ်။ ထားပါတော့လေ။
    တကယ်လို့သာ ဒီယတြာကို ယုံကြည်တဲ့လူတစ်ယောက်ယောက်
    အဆောင်ထားလိုက်သည်ဆိုဦးတော့ လိုအပ်ချက်တစ်ခုအရ မဖြစ်ဘူး မမြောက်ဘူးဆိုရင်
    ဒီယတြာလည်း နာမည်ပျက်ပါတရ်။ မူလ ရှာဖွေဆောင်ရွက်ခဲ့တဲ့ ဗေဒဆရာတွေလည်း
    သိက္ခာကျပါတယ်။

    တကယ်စွမ်းတဲ့ ယတြာလည်း အယုံအကြည်မဲ့သွားစေနိုင်ပါတယ်။
    ဗေဒင်ပညာအပေါ် တကယ်လေးစားသူတွေရှိပါတယ်။ အထင်သေးသူတွေလည်း အများကြီးရှိပါတယ်။
    မိမိရဲ့ ဘာမျှမဟုတ်တဲ့ လုပ်ရပ်လေးတစ်ခုကြောင့် ဗေဒင်ပညာကို ကျနော်ကတော့ ပိုပြီး အထင်မသေးစေချင်ပါဘူး။
    ဒါကြောင့် ကျွန်တော် အကြံပေးချင်တာကတော့ မခင်ခ အနေနဲ့လည်း ယတြာတွေ
    အဆောင်တွေ ပေးချင်တဲ့ စေတနာရှိရင်လည်း စာတိုပေစဖတ်ပြီး ပြန်မျှဝေတာထက်
    အသေအချာလေး လေ့လာပြီးတော့ ပြန်လည်မျှဝေစေချင်ပါတယ်…
    မခင်ခလည်း ဗေဒင်ပညာကို ယုံကြည်သက်ဝင် ချစ်ခင်တယ်ဆိုရင်ပေါ့လေ… 🙂

    စေတနာကောင်းဖြင့်
    ကိုရင်စည်သူ

    • Crystalline

      June 18, 2012 at 10:50 pm

      ဆြာစည်သူစာနီဗိုရှင့်…သူများက ဆန်းဒေးဘွန်းန်ဆိုတော့..ဘယ်မင်အရောင်လေးကိုသုံးသင့်ပါ လဲရှင့်…

  • Khin Kha

    June 19, 2012 at 3:13 pm

    ကိုရင်စည်သူရေ–။ကျွန်တော်က ဖတ်ဖူးတဲ့အတိုင်းရေးပြတာပါ။
    စံ-ဇာဏီဘို ရဲ့ ကြံစည်သမျှအောင်စေသောဝ် အမှတ်(၄) စာအုပ်ထဲမှာပါတဲ့အတိုင်းပါ။
    ကိုရင် ဆွေးနွေး ပြင်ချင်ရင် စံ-ဇာဏီဘို နဲ့တာ ဆက်သွယ်ပါ။
    ဖတ်ဖူးသမျှသာ မျှဝေတာပါ။
    ကိုခင်ခ

  • cum min

    June 19, 2012 at 4:24 pm

    ဂယ်လားဟင်..

  • Victory

    June 19, 2012 at 5:39 pm

    “ခင်ခ” ဆိုတာ ဦးကျော်ဟိန်း ရဲ့ သမီး နာမည်ဆိုတော့ ကာ
    ခင်ခ လို့ တွေ့ရင် “မခင်ခ” လို့ဘဲ ခေါ်မိမှာပါ။
    မသိလို့များ ဒီနစ်နိမ်းပေးထား တာ လားလို့ ထင်မိပါတယ်။
    သိသိကြီးနဲ့ သဘောကျလို့ ပေးထားတာဆိုရင်လဲ အိုကေပါဗျာ။
    လူတွေမှားမှားခေါ်နေကြတာ တွေ့နေရလို့ပါ။

  • သားဦး၊မြေးဦး

    June 19, 2012 at 5:59 pm

    အမြဲတမ်းမှားပြီး မခင်ခလို ့ခေါ်ခံရတယ်နော်။
    ကျနော်က သောကြာသားဆိုတော့ စမ်းကြည့်ပေါ့
    မယ်နော်။
    ဒုတိယမြောက် လက်မလေး ထောင်သွားပါတယ်ဗျ။

  • Khin Kha

    June 19, 2012 at 9:06 pm

    ဦးကျော်ရဲ့ သမီးအမည်က မခင်ခင်ခ ဆိုတာ ဥိးကျော်နဲ့ဆုံဆည်းခဲ့တဲ့ နှစ်တွေကထဲက သိပါတယ်။
    မခင်ခလို့မှားခေါ်တာအတွက် စိတ်မဆိုးပါဘူး၊ကျွန်တော်ကအဲလိုဖြစ်အောင် နစ်နိမ်းကိုပေးထားတာကိုး၊

  • Khin Kha

    June 19, 2012 at 9:10 pm

    မခင်ခလို့မှားခေါ်တာအတွက် ပြသနာမဟုတ်ပါ။
    ဦးကျော်ရဲ့အမီးအမည်က မခင်ခင်ခ ဆိုတာဦးကျော်နဲ့ ဆုံဆည်းခဲ့တဲ့နှစ်တွေကထဲကသိပါတယ်။

Leave a Reply