RC-2 လှိုင်တက္ကသိုလ်ဝင်းထဲက အဆောင်ပုံလေးတွေပါ
လှိုင်တက္ကသိုလ် RC-2 ဝင်းထဲက အဆောင်ပုံလေးတစ်ချို့ကိုတင်ပေးလိုက်ပါတယ်ဗျာ…..
(လှိုင်တက္ကသိုလ် အားကစားရုံဘေး အမျိုးသမီးအဆောင်တွေကိုဝင်တဲ့အဓိကလမ်းပါ)
ဒါကတော့ အရင်တုန်းကအရမ်းစည်ကားပြီးတော့ အဆောင်မှာ ဂစ်တာတီးဖို့သွားတဲ့သူတွေအများဆုံး သုံးခဲ့တဲ့လမ်းလေးပါ….ခုတော့ ခြောက်ကပ်လို့ပေါ့
အရင်တုန်းကစည်ကားခဲ့တဲ့ ဝင်ပေါက်လေးလေ(ခုတော့ ခြုံတွေနဲ့ပိတ်လို့)
(ဒီနားလေးမှာ ဂစ်တာဝိုင်းတွေအများဆုံးပေါ့)
(ခြုံနွယ်ပိတ်ပေါင်းများနဲ့ တစ်မျိုးလှနေတဲ့ “သရဖီ” ဆောင်လေး )
( ကိုယ့်နေရပ်ကိုဆက်သွယ်ဖို့အတွက် ဖုန်းတွေအရမ်းရှားနေတဲ့ တစ်ခေတ် တစ်ချိန်တုန်းက ဒါလေးကိုပဲ ကျောင်းသား/သူ ကိုကိုမမတွေအားထားခဲ့ရတဲ့နေရာလေးတစ်ခုပါ )
( လက်ဖက်ရည်တစ်ခွက်ကို 25 ကျပ်နဲ့ရတဲ့ ကန်တင်းကိုသွားတဲ့နေရာလေးပါ )
ကန်တင်းရေ………ကန်တင်း……….ခု မင်းဘယ်မှာပုန်းနေတုန်းဟ…… 😀
(ဟောဒိ အပေါက်လေးကနေဝင်သွားရင်တော့……)
( ကျွန်တော်တို့တွေ ပျော်ဖူးခဲ့ကြတဲ့ ကံ့ကော် ဆောင်ကိုရောက်ပြီပေါ့…. 😀 )
(ဒီနေရာလေးမှာ ညတိုင်းလိုလို ဝိုင်းဖွဲ့ပြီး ဂစ်တာတွေတီးခဲ့ကြတာလေ…ခုတော့ ခြုံနဲ့မြက်တွေပဲရှိတော့တယ်…. )
(ပျက်စီးယိုယွင်းလာပြီဖြစ်သော လွမ်းစရာ့ “ဂန္ဓမာ” ဆောင်လေး…. 🙁 )
( ဒီနေရာလေးမှာလည်း ညဖက်ဆိုရင် ဂစ်တာဝိုင်းကိုစည်လို့ကားလို့ပေါ့ )
ကိုလေးတို့ဆိုသွားဖူးခဲ့တဲ့ နှင်းဆီဆောင်ကိုဓါတ်ပုံရိုက်ချင်လိုက်တာဗျာ…အဲ့နားမှာ ကျောင်းဖွင့်ရက်ဆိုတော့ TTC ကကျောင်းကားတွေစုပြုံနေတာနဲ့ ရိုက်ခွင့်မသာခဲ့ပါဘူး…
နောက်ပြီးတော့ RC-2 ရဲ့အထင်ကရနေရာဖြစ်တဲ့ “ထီးကိုးလက်” ကိုလည်း ရိုက်ခဲ့ချင်တာပါ…ဒါပေမဲ့ ခု အဲ့ဒိ “ထီးကိုးလက်” နေရာမှာ ဆက်သွယ်ရေးပစ္စည်းတွေသိုလှောင်ထားတယ်လေ….သွားရိုက်ရင် ဘာလုပ်မလို့လဲ ဘာလဲဆိုပြီး ပြသနာရှာခံရမှာစိုးလို့ မရိုက်ခဲ့ရပါဘူး…..
အမှက်တရအနေနဲ့ အလွမ်းပြေနိုင်မယ်ထင်လို့ပါ….
ပုံနည်းတာတော့ ခွင့်လွှတ်ပေးကြပါဗျုို့….. ( ရုံးက ထမင်းစားလွှတ်တဲ့အချိန်မှာ အိမ်ပြန် ကင်မရာယူပြီး မိုးဖွဲလေးတွေကြားမှာ စက်ဘီးနဲ့သွားရိုက်ထားရလို့ပါ။ )
ခင်တဲ့
ဗစ်ဗစ် 😀
27 comments
Davit
June 18, 2012 at 2:00 pm
ခုမှသေခြာပြန်ကြည့်မိတယ်…… “ဒေးဗစ်ရယ် …. မင်းနှယ့် ဘယ်ဇာကြောင့် မိန်းခလေး အဆောင်တွေချည်းပတ်သက်ရိုက်ခဲ့သတုန်း” ဆိုတော့ကား …… ကျွန်တော့်၏ ဝါသနာကိုအရင်းခံလိုက်သောကြောင့်ဖြစ်လေအိ…….
may flowers
June 18, 2012 at 2:04 pm
ခုတော့ သူဂျီးစကားကို ခဏငှားသုံးရမလိုတောင်ဖြစ်နေပြီ အဆောင်လေးတွေရေ…….အနိစ္စ လို့။
စိန်ဗိုက်ဗိုက်
June 18, 2012 at 2:07 pm
ဗျစ်..ဗစ် ရေ
အဆောင်တွေတော့ စုံအောင် ရိုက်ပြပြီးသွားပြီ..ဆိုဒေါ့ဂါး…
မိန်းခလေး အိမ်သာပဲ ကျန်တော့တာပေ့ါနော်..
Davit
June 18, 2012 at 2:11 pm
ဒါဆိုလည်း ဦးလေး ဦးဆောင်ပြီး ရွာသား/သူ တွေကို ဆန်ဒမဲကောက်ကြည့်လိုက်လေ….အဲ…………အများစုတဘောတူရင်ဒေါ့ကား…..
( မသကာ လှိုင်ရဲစခန်းထဲကိုရောက်ရုံပေါ့ နော့် ) 😀
mocho
June 18, 2012 at 2:09 pm
ဒူးယားမှာ နေပြီး ကံ့ ကော် ကို မကြာ ခဏ သွာ းလည် ဖူးလိမ့် အိမ်က လူ ကို ပြ ရအုန်းမယ်။
weiwei
June 18, 2012 at 2:12 pm
သဇင်ဆောင်လေးမှာ ပါမလားလို့ အလွမ်းပြေဖွင့်ကြည့်လိုက်တာ …
ပါလဲ မပါဘူး … 🙁
Davit
June 18, 2012 at 2:17 pm
မဝေရယ်….. ရိုက်ချင်လိုက်တာမှ လက်ကိုယားနေတာပဲ….သဇင်ဆောင်နားမှာက TTC ကကားတွေ ပလူပျံနေတာနဲ့ တော်ကြာ ဒီကောင်ဘယ့်နှယ့်ကြောင့် နေ့ခင်းကြောင်တောင် စက်ဘီးပေါ်မှာ ထီးဆောင်းပြီး ဓါ့ပုံ တစ်ဖြတ်ဖြတ်ရိုက်နေသတုန်းဆိုပြီး ပြတနာရှာမှာကြောက်လို့ရယ်ဗျ…..ခွင့်လွှတ်ပါဗျာ….နောက်ရက်ကျရင် အုန်းတော၊ ဒူးယား အစရှိတဲ့ ကိုကိုတွေဆောင်ကိုပတ်သက်ရိုက်ပြီး သဇင်ဆောင်ပုံလေးပါ တွဲတင်ပေးပါ့မယ်။ 🙂
kai
June 18, 2012 at 2:25 pm
လုံးဝကို မမှတ်မိတော့ဘူး..
နှစ်တွေလည်း ကြာသွားတာကိုး.
သဇင်..အုန်းတော..ဒူးယားဆောင်တွေတော့.. မြင်ချင်မိသေးတယ်..
အင်း..ကျုပ်တို့တုံးကတော့.. .လက်ဖက်ရည်တခွက်မှ.. ၇၅ပြား..နောက်တော့.. ၁ကျပ်၁မတ်..
ပုံတွေအတွက်.တကယ်ကို.ကျေးဇူးတင်သဗျို့…
Azzurri
June 18, 2012 at 2:12 pm
ဦးရှင်ကြီး က စိတ်ဆိုးနေတယ်…
သူ့အဆောင် ကျ မရိုက်ခဲ့လို့တဲ့…
ခင်တဲ့
ဂီ
Thel Nu Aye
June 18, 2012 at 3:07 pm
ကျွန်မတို့တုန်းက တရုတ်ဟင်းတပွဲ ဘာစားစားတပွဲ ၂၅ ကျပ်။ ထမင်းတပွဲ ၁၀။ ကြေးအိုး ၃၅ ကျပ်။ လွမ်းလိုက်တာ။
Shwe Tike Soe
June 18, 2012 at 3:20 pm
ကိုဒေးဗစ်ရေ သူက လဲ ကျောင်းတော်တွေချည်းပဲ ရိုက်ရိုက်ပြ ပြောပြောပြနေတော့တာပဲ… ဒီက လွမ်းလာပြီး ကိုဒေးဗစ်က လွမ်းရင် ခဏလေးသွားလို.ရပေမယ့် ကျွန်တော်လွမ်းရင် အဟင့် မန်းလေးပြန်ရမှာဂျ တိုဂျီးရ
ကျွန်တော်လဲ အဲဒီ နေရာတွေကို လျှောက်သွားဘူးတယ်…… တကယ့်အရင်တုန်းက အငွေ.အသက်လေးတွေ ကျန်နေသေးတာပဲဗျ…..
ထီးကိုလက်ကို လဲ သိတယ်.. အိုင်စီတီဘေးက ဟာတွေမို.လား… အရင်တုန်းက အတွဲတွေ ရဲနေရာလေးတွေပေါ့နော်…
Davit
June 18, 2012 at 3:37 pm
ဟုတ်တယ် ကိုရွှေတိုက်ရေ….ထီးကိုးလက်ဆိုတာကတော့ ကျောင်းသား/သူတွေအတွက် လိုတာလေးတွေအကုန်ရနိုင်တဲ့ Mini Mart လေးဖြစ်သလို စားစရာဈေးဆိုင်လေးတွေလည်းရှိတော့ ညနေ ညနေဆိုရင်အတွဲလေးတွေကိုယ်စီနဲ့ ပျော်နေကြတဲ့နေရာလေးပေါ့…. ခုတော့ ဆက်သွယ်ရေးပစ္စည်းတွေလား ဘာလားမသိဘူး…ထားတဲ့ ဂိုထောင်ကြီးဖြစ်သွားပြီလေ။
အဲ………….တစ်ခုကျေးဇူးတင်ဖို့ကောင်းတာက ခုလက်ရှိဂိုထောင်ကြီးကို အရင်က ထီးကိုးလက် ပုံစံမျိုးပဲပြန်ဆောက်ပြီး ဂိုထောင်လုပ်ထားတော့ “ထီးကိုးလက်” ဆိုတာကိုပြန်လွမ်းပြီးကြည့်လို့ရတာပေါ့ဗျာ….
Thel Nu Aye
June 18, 2012 at 5:57 pm
ထီးကိုးလက်ကနေထမင်းဂျိုင့်ဆွဲစားခဲ့တာမှတ်မိသေးတယ်။ တလစာကို မနက်စာပဲယူတာ တလလုံးမှ ၁၅၀ဝ လားပေးရတယ်။ အသားဟင်းတခွက်၊ အရွက်ကြော်တခွက်၊ ချဉ်ရည်ဟင်း တခွက်။ လွမ်းအောင်လုပ်နေတယ်။ လူဇိုး။
ကိုပေါက်(မန္တလေး)
June 18, 2012 at 3:39 pm
ကျနော်ကတော့ လက်ဖက်ရည်တစ်ခွက် သုံးမတ်ခေတ်မှာခဏရောက်ဘူးတာ။
ကျနာ်အမှတ်မမှားရင် RIT ကျောင်းသားတွေကို စဉ့်ကူးဆောင်မှာနေခိုင်းတဲ့အချိန်
သူငယ်ချင်းတွေဆီလာရင်းရောက်ဘူးတယ်ထင်ပါရဲ့။
သိပ်တော့ မမှတ်မိဘူးဗျာ။
MaMa
June 18, 2012 at 6:15 pm
အဆောင်မနေဖူးပေမယ့် မှတ်မှတ်ရရ ပြောရရင် RIT က တတိယနှစ် (ဒေသကောလိပ်က) စ ဝင်တဲ့ သူတွေကို သဇင်ဆောင်မှာ တစ်ယောက်တစ်ခန်းထားတော့ ကြောက်ပြီး နှစ်ယောက်တစ်ခန်း ပေါင်းနေကြရတယ်။
နောက် အတန်းကြီးလာလို့ ဂျီဟောလည်း ရောက်ရော ၄ယောက်တစ်ခန်းထားတယ်။
လူနည်းတဲ့ မေဂျာက လူခမျာ တခြားမေဂျာက လူတွေနဲ့ ပေါင်းနေရတော့…
အတန်းကြီးလာလို့ ကျောင်းပိတ်ရက်မတူ၊ စာမေးပွဲဖြေရက်မတူ၊ မတူတာတွေများတော့ …
အဲဒီတော့မှ ပြဿနာပေါင်းစုံတော့တာပဲ။
honey phyo
June 18, 2012 at 7:08 pm
အခုလိုတင်ပေးတာ ကျေးဇူးတင်ပါတယ်
ကြားပဲကြားဖူးပြီး တစ်ခါမှမမြင်ဖူးတာတွေကို မြင်ရလို့
we R one
June 18, 2012 at 7:30 pm
ကြည့်ရတာ အဲဒီ အဆောင်တွေ နား က MICT မှာ လုပ်နေတာထင်ပါ့..:D တင်ပေးတာ ကျေးဇူးပါ
Davit
June 19, 2012 at 5:13 pm
မှန်ထှာဗျာ….. 🙂
အရီး Khin Latt
June 18, 2012 at 8:38 pm
ြံကုံတုန်း အများနည်းတူ ဝင်လွမ်းဦးမယ်။
၁၉၉၁ ဖေဖော်ဝါရီလ ၁၁ရက်နေ့ ညမှာ အဲဒီ ပုံထဲ က ကံ့ကော်ဆောင် မှာ ညအိပ်ခဲ့ဘူးတယ်။
တစ်သက်နဲ့တစ်ကိုယ် ပထမဆုံး အဆောင်မှာ ညအိပ်ဘူးတာ။
ပြည်ထောင်စုနေ့ အလံကြိုဖို့ အတွက်။
အဲဒီညက ဘယ်သူမှလဲ သီချင်းလာမဆိုခဲ့ ကြဘူး။ 😛
ဒါထက် ကျောင်းကန်တင်း က မုန့်ဟင်းခါးတစ်ပွဲ အကြော်နဲ့ တစ်ကျပ် ခေတ်ကို ဘယ်သူမှီလဲ? 🙄
Davit
June 19, 2012 at 5:28 pm
ဧကာဏ အရီးကိုကြောက်လို့လာမဆိုကြတာနဲ့တူပါ့….. ဟီးးးးးးးးးးး….. 😀
blackchaw
June 18, 2012 at 9:17 pm
ကိုဒေးဗစ်ရေ။
ဟိုတစ်နေ့က ခင်ဗျားတင်တဲ့ ကိုလေးတို့ သီချင်းဆိုတဲ့ ပို့စ်ကတည်းက မန့်ချင်နေတာဗျ။
တကယ်… မအားလပ်တဲ့အချိန်မို့… စိတ်ပါပေမယ့် လက်မပါခဲ့ဘူးဗျာ…။
အခုညနေ ကလည်း ဒီပို့စ်မှာ ကွန်းမန့်အရှည်ကြီး မန့်ခဲ့သေးတယ်။
လုံးဝတက်မလာခဲ့ပဲ ပျောက်သွားတယ်ပေါ့ဗျာ…။
အဲဒီအကြွေးကို အခုဆပ်မယ်ဗျာ။
နည်းနည်းများ လေရှည်သွားခဲ့ရင် ခွင့်လွှတ်ပေးပါ နော့…။
ဒီအဆောင်ဓါတ်ပုံတွေက ဘယ်တော့မှ မရိုးနိုင်သော ပုံတွေပေါ့ဗျာ။
လွမ်းလည်း လွမ်းလောက်ပါတယ် ဗျာ။
သရဖီ၊ နှင်းဆီ၊ ကံ့ကော်၊ ဂန္ဓမာ ဆောင်တွေရဲ့ ညနေခင်းတွေကို
ကျွန်တော်တို့ ပျော်ရွှင်စွာဖြတ်သန်းခဲ့ကြဘူးပါတယ်။
မဉ္ဇူဆောင်က ကျွန်တော်တို့ နောက်ဆုံးနှစ်ကျမှ ဖွင့်ခဲ့တာဗျ။
ဆိုတော့…။
အခုခင်ဗျားက ဓါတ်ပုံတွေတင်လိုက်တော့ ကိုထီးကြီး သီချင်းသွားသတိရမိတယ်။
တကယ်ပဲ အတိတ်ကိုသတိရမိသွားပါတယ် ကိုဒေးဗစ်ရေ။
စကားအတင်းကြီးစပ်လိုက်ပါရစေဦး။
ကျွန်တော်နေတဲ့ ပါရမီ လမ်းကနေ မြို့ထဲသွားတိုင်း လှည်းတန်းမီးပွိုင့်ကို
ရှောင်ချင်လို့ သမိုင်းဝင်း ထဲက ဖြတ်သွားတတ်ပါတယ်။
အဲဒီမှာ ပုံမှန်အတိုင်း လမ်းမကြီးက သွားလို့ရပေမယ့်
မေခဆောင်အကျော်လေးရောက်ရင် အုန်းတောဆောင်ဘက်ကိုကွေ့ ပြီး ယောက်ျားလေး ဆောင်တွေ
ရှေ့ကဖြတ် ဟိုးဘက်အစွန်ဆုံးက ဆရာညို (ခင်မောင်ညို ဘောဂဗေဒ) ကြီး အဆောင်မှူးလုပ်သွားခဲ့တဲ့
ခပေါင်းဆောင်ရှေ့က ပြန်ပတ်။
နှင်းဆီဆောင်ဘေးက လမ်းသွယ်လေးကနေ အင်ကြင်းဆောင် အနောက်ကဖြတ်ပြီး ပြည်လမ်းပေါ်က
ကျောင်းကွေ့မှတ်တိုင်ဘက် အမြဲတမ်း ထွက်ဖြစ်ပါတယ်။
ဒါက မြို့ထဲကို အသွားမှာပါ။
မြို့ထဲက ပြန်တဲ့အခါမှာလည်း
လမ်းမကြီးအတိုင်းမသွားပဲ
အင်ကြင်းဆောင်ဘေးက လမ်းသွယ်လေးကနေ ဝင်ပြီး
နှင်းဆီဆောင်ရှေ့ကိုဖြတ်…။
သရဖီဆောင်ရှေ့ကိုဖြတ်…။
မဉ္ဇူဆောင်ရှေ့ကိုဖြတ်…။
ပြီးတော့မှ MICT ရှေ့ က ပြန်ထွက်ပြီး တစ်ခါတစ်လေ ပြန်တတ်ပါတယ် ခင်ဗျာ။
(တစ်ခါတစ်လေလို့သာ ပြောတာပါ အမြဲတမ်းနီးပါးပါပဲ ကိုဒေးဗစ်ရယ်)
သရဖီရှေ့က အဝိုင်းလေးမှာ အဖွဲ့တွေများရင်
အလှည့်ကျစံနစ်နဲ့ တစ်ဖွဲ့စီသီဆိုကြရင်း
ဝရန်တာပေါ်က အရိပ်လေးတွေကို ငေးတတ်သူတွေထဲမှာ ကျွန်တော်လည်း ပါခဲ့တာပေါ့ဗျာ။
နောက်ဆုံးနှစ်ကျတော့ အသစ်ဖွင့်တဲ့ မဉ္ဇူဆောင် က ဝရန်တာနဲ့ လမ်းနဲ့ နီးတော့
အရိပ်လေးတွေပါမက မျက်နှာလေးတွေနဲ့ အပြုံးလေးတွေကိုပါ မြင်ရတော့
ဂစ်တာတီးလို့ ကောင်းခဲ့ပြန်တာပါပဲဗျာ။
အရိပ်ကလေးတွေကို မြင်ရတာလေးတစ်ခုတည်းနဲ့
ဂစ်တာတီးခဲ့ သီချင်းတွေဆိုခဲ့ကြတဲ့ ကျွန်တော်တို့ ရဲ့ အဆောင်ရှေ့က ညလေးတွေကို
ကျွန်တော် သီချင်းတစ်ပုဒ်ရေးခဲ့ဘူးပါတယ်။
စာသားလေး နည်းနည်း ရေးပြချင်တယ်ဗျာ…။
အရိပ်ကလေးတွေ
မြင်ရုံလေးနဲ့
ရင်ခုန်ခဲ့တဲ့
သမိုင်းဝင်းရဲ့ညတွေ
ဒို့ရဲ့တေးသံများ အမြဲတမ်းပျံ့လွင့်နေ
အဆောင်ရှေ့က ညလေးကို ကိုယ်လွမ်းနေ …
တဲ့။
ဘယ်လိုပဲ ဖြစ်ဖြစ်…။
သမိုင်းဝင်း ကြီးထဲမှာ ကျွန်တော်တို့ရဲ့ အတိတ်တွေရှိခဲ့ကြပါတယ်။
အဲဒီအတိတ်တွေကို တမင်တကာ မေ့ထားခဲ့ကြပါတယ်။
အခု ခင်ဗျားက တမင်တကာ မေ့ထားခဲ့တဲ့
အတိတ်က အကြောင်းတွေကို
ပြန်ဆွပေးလိုက်တာပါပဲ …။
(မေခသားကြီးဖြစ်ခဲ့ဘူးတဲ့ ကိုသစ်မင်းများ ဒီပို့စ်လေးကို ဖတ်မိခဲ့ရင်
ကွန်းမန့်လေး ချီးမြှင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်ဗျာ)
အရီး Khin Latt
June 19, 2012 at 5:46 pm
မဒမ်ချော ရေ
ဒီမှာဗျို့။
လာပြီး လွမ်းပြနေတယ်။ 😎
😀
မောင်ပေ
June 18, 2012 at 9:20 pm
ပုံတွေနဲ ့အညွှန်းတွေကို ဖတ်အပြီး
ဗျစ်ဗျစ် ဟာ ကျုပ်ထက် ၂ဝနှစ်လောက် ကြီးတယ်လို ့
ထင်မိပါကြောင်း..
Davit
June 19, 2012 at 5:15 pm
အာဗျာ………တွားဘီ……. 🙁
kaung lay
June 19, 2012 at 9:43 am
အော်
တချိန်ကအထင်ကရဖြစ်ခဲ့တဲ့ကျောင်းတော်ကြီးရေ
ခုတော့………………..
ငါတို့လည်းမင်းနောက်ကိုလိုက်ရမှာပါပဲ။
a me
June 19, 2012 at 5:29 pm
စိတ်မပြတ်ပါနဲ့ ကောင်းလာတော့မျာပါ
သားဦး၊မြေးဦး
June 19, 2012 at 5:52 pm
ကိုDavitရေ ကျနော်တို ့က ဖေဖေတို ့မေမေတို ့ပြောပြနေတဲ့ နေရာတွေမို ့သာ သိရတာပါ။
တကယ်ကျောင်းတက်ရတော့ မကွေးဆိုတဲ့ ဆောက်လက်စ ကျောင်းမှာပါ။ဒီနေရာကို သိပ်
သွားချင်လွန်းပေမယ့်ခေတ် ကိုက မြို ့နဲ ့ဝေးရာမှာ ကျောင်းလေဗျာ—–