ဈေးတက်ခဲ့ပြီအမရေ….
၁၉၉၇-ခုနှစ်မှာ ကျနော် ၁၀-တန်းရောက်တော့ အလုပ်တစ်ခုပြောင်းခဲ့တယ်။ ကျောင်းပိတ်ရက်မှာ အထည်ချုပ်စက်ရုံတွေကိုသွားပြီး နေ ့စားအဖြစ် အထုတ်အပိုးတွေထမ်းပါတယ်။ ရတဲ့လစာက ကျနော့် လက်ဘရည်ဖိုးလောက်ပဲရတယ်။
စက်ရုံမှာလုပ်တဲ့ အလုပ်သမားတိုင်းက အကြွေးနဲ ့မကင်းဘူး။ အထည်ချုပ်စက်ရုံဆိုတော့ လစ်ရင်လစ်သလို အထည်အလိပ်တွေကို ဘတ်ပြီး အပိုဝင်ငွေရှာရတယ်။ဆိုလိုချက်က ခိုးတယ်။ တစ်ခါတလေ လစာတိုးရင် ကျနော်တို ့အရမ်းပျော်တယ်။
အဲတုန်းက ရတဲ့လစာက သုံးလေးသောင်းပဲ။ အခုလို သိန်းနဲ ့ချီပြီး မရဘူး။
အခုဆိုရင် မီဒီယာမှာ တွေ ့ရတယ်။ အလုုပ်သမားတွေ လစာတိုးတောင်းတဲ့သတင်းတွေ။ သူတို ့တိုးတောင်းတဲ့လစာက မြန်မာငွေသုံးလေးသောင်း။ ဒေါ်လာနဲ ့ဆိုရင် ဒေါ်လာသုံးလေးဆယ်ပဲရှိတယ်။ ဒါကိုရဖို ့အတွက်အသည်းအသန်လုပ်ကြ တောင်းကြရတယ်။
ကျနော် ဩစတျေးလျနိုင်ငံမှာ အလုပ်လုပ်တော့ ကျနော့်ရတဲ့လစာက မြန်မာပြည်မှာ တစ်လလုပ်ရင် ဩစီမှာ တစ်ရက်လုပ်တာနဲ ့ညီမျှတယ်။ အခု မြန်မာပြည်မှာ တိုးတောင်းတဲ့ သုံးလေးသောင်းဆိုတာက ကျနော်တို ့ဒီမှာ အရက်တစ်လုံးဖိုးတောင် မရှိဘူး။
ဒါကို အသည်းအသန်ပေးဖို ့ ကျနော်တို ့ညီအစ်ကိုမောင်နှမတွေ လုပ်လိုက်ကြရတာ။ သနားစရာအရမ်းကောင်းပါတယ်။
ဦးသိန်းစိန်အစိုးရက မြန်မာအလုပ်သမားတွေကို အခြေခံလစာအဖြစ် တိုးတဲ့ဟာကလည်း နှစ်ဒေါ်လာလောက်ပဲရှိနေတယ်။ အတော့်ကို ပြန်ပြင်ရအုံးမဲ့ အခြေအနေဖြစ်နေပြီ။
အရင်တုန်းက ဘာ့ကြောင့် မြန်မာပြည်က လူတွေဟာ လစာရတာနည်းပြီး ဩစီတို ့အမေရိကန်တို ့က လစာရတာများလဲဆိုတာကို ခဏခဏတွေးမိတယ်။ ဒါ့ကြောင့် စီးပွားရေးနဲ ့ဆိုင်တဲ့သင်တန်းကို တက်ဖြစ်တယ်။ ၂၀၀၆-ခုနှစ်မှာ စီးပွားရေးနဲ ့ဆိုင်တဲ့ဘာသာရပ်သင်တန်းကိုသွားတက်တော့ ဆရာက ဒီလိုပြောပါတယ်။
မင်းတို ့မြန်မာပြည်က Efficiency မရှိဘူးတဲ့။ ဩစတျေးလျ အမေရိက စတဲ့နိုင်ငံတွေက Efficiency ရှိတော့ လစာများများရတယ်လို ပြောတယ်။ ဒါ့ကြောင့် သူတို ့က လစာရတာ များပြီး မြန်မာပြည်က လစာရတာ နည်းပါတယ်။ ဥပမာ ဩစတျေးလျက ကျနော်တစ်ရက်လုပ်တဲ့ အလုပ်ဟာ မြန်မာပြည်မှာ တစ်လလုပ်တာ နဲ ့ညီမျှပါတယ်။ ကျနော် ဆန်အိတ်ဆယ်အိတ်ကို ဩစီမှာ တစ်မိနစ်အတွင်း Folklift အကူအညီနဲ ့ကားပေါ်ကို ထမ်းပြီးတင်နိုင်တယ်။ ဒီဆယ်အိတ်ကို မြန်မာပြည်မှာ သုံးလေးနာရီကြာအောင် ထမ်းရတာဆိုတော့ သူတို ့ပြောတဲ့ Efficiency ဆိုတာ ဒါလားဆိုပြီးသဘောပေါက်မိတယ်။ ဒါနဲ ့ယှဉ်ပြီး စဉ်းစားတော့ ကျနော်တို ့တိုင်းပြည်က ကုန်ထုတ်လုပ်မှု ့ကို အက်ဖ်ရှန်စီ ဖြစ်အောင်လုပ်ရတော့မယ်။ ဒါမှ သူတို ့လစာများများရမယ်။ ကုန်ထုတ်လုပ်မှု ့က အက်ဖ်ရှန်စီဖြစ်ဖို ့ဆိုရင် အခုသွားနေတဲ့ဟာကို ပြင်ဖို ့လိုနေပြီ။ ဒါကတော့ ဗျူရိုကရေစီစနစ်ပဲ။ ဗျူရိုကရေစီစနစ်က အဓိကတရားခံပဲ။ ဒီစကားလုံးကို ဘာမှမတက်ပဲ အစိုးရဝန်ထမ်းလုပ်တာပေါ့လို ့ဘာသာပြန်ချင်ပါတယ်။ ပြီးရင် စောက်လုပ်မလုပ်ပဲ တောင်းစားတယ်။ အဲဒါကို မြန်မာတွေက တရားတယ်လို ့ယူဆတယ်။ အကုန်လုံးမဟုတ်ပါဘူး။
ပြုပြင်ပြောင်းလဲတဲ့အခါတိုင်းမှာ ဗျုရိုကရေစီစနစ်နဲ ့အတွေးအခေါ်ကို ကိုင်ထားတဲ့လူတိုင်းကို အနားပေးဖို ့လိုတယ်။ ဒါမှ အသစ်ဖြစ်မယ်။ တိုးတက်မယ်။ ဆက်ထားရင် ဆက်ဖြစ်အုံးမှာပဲ။
အခု မြန်မာပြည်က အလုပ်သမားတွေဆန္ဒပြတဲ့ကိစ္စ လစာတိုးတောင်းတဲ့ကိစ္စက နိုင်ငံခြားနဲ ့ယှဉ်ရင် ဒေါ်လာသုံးလေးဆယ်ပဲရှိတယ်။ ဒီလစာကလည်း အရက်တစ်လုံးဖိုးတောင်မရဘူး။ အသည်းအသန်တောင်းလို ့မှမရရင် ဘာလုုပ်သင့်လဲဆိုတော့ အစိုးရကို ဖြုတ်ချယုံပဲ။ ဒီစကားလုံးကို နားလည်ဖို ့လိုတယ်။ အစိုးရအသုံးမကျလို ့ပေါ့လို ့ပဲပြောချင်တယ်။ အဲဒိစကားရဲ ့နောက်ဆက်တွဲက အများကြီးပဲ။ အသုံးမကျလို ့ဆိုတာကို အသုံးမကျလို ့ပေါ့လို ့ဒီနေရာမှာပြောချင်ပါတယ်။ ဥပမာ စီးပွားရေးပညာရှင်တစ်ယောက်လုပ်တဲ့သူဟာ ကိုယ်ပိုင်အိမ်တောင်မပိုင်ဘူးဆိုရင် ဒီလူဟာ ပညာရှင်မဟုတ်တော့ဘူး။ မြန်မာပြည်မှာ အဲလိုလူတွေများနေပါတယ်။
ဒေါ်စုကတော့ နိုင်ငံရေးအတွက် ခုတုံးလုပ်ပြီး အလုပ်သမားအရေးမလုပ်ဖို ့ပြောမှာပဲ။ သူက အဲလိုမှမပြောရင် ဘယ်လိုပြောမှာလဲ။ သူက သူ ့နေရာနဲ ့တန်တဲ့စကားကို သူပြောရမှာ။ ဒါက သူ ့ရဲ ့အလုပ်။
ကျနော်တို ့တာဝန်က ဘာ့ကြောင့် ဒီလိုဖြစ်နေတာလဲဆိုတာကို အလုပ်သမားတွေရဲ ့ခေါင်းထဲကို ရောက်အောင်ရှင်းပြဖို ့၊ ဆွပေးဖို ့လိုတယ်။ ဒါမှ သူတို ့သိမှာပေါ့။ လစာတိုးတောင်းတာတစ်ခုတည်းနဲ ့မလုံလောက်ဘူး။ ဘာ့ကြောင့်လဲဆိုတော့ တိုးတာင်းတဲ့လစာကလည်း နိုင်ငံခြားနဲ ့ယှဉ်ရင် အရက်တစ်လုံးဖိုးတောင် မရှိဘူး။ အခုကာလမှာ မိုက်မိုက်ရိုင်းရိုင်းပြောရရင် ဖာတစ်ခါချရင် နာရီဝက်ကို ဒေါ်လာ တစ်ရာ့ငါးဆယ်တောင်ပေးရနေတဲ့ခေတ်ရောက်ပြီ…..အမရေ။
ယခုစာအား ကျနော့်လေးစားရသော အမကြီး မအိရွှေဇင်အား ရည်ဇူးပါသည်။
ဘုန်းကျော်
ဩစတျေးလျ
—
15 comments
စိန်ဗိုက်ဗိုက်
June 18, 2012 at 7:07 pm
Efficiency……Efficiency….
ဂွတ်ထ..ဂွတ်ထ..
နည်းပညာပိုင်းမှာ ဝိခ် နေတာ များကြီး..
Azzurri
June 18, 2012 at 7:16 pm
အမှန်တွေ ပြောသွားလို့ …လက်မ ထောင်ခဲ့ပါဂျောင်း …
နည်းပညာ ပိုင်း နည်းစနစ်ပိုင်း အင်ဖလာ ပိုင်း အဲ ..အဆိုးဆုံး
စိတ်ဓါတ်ပိုင်း အကုန် ဖလာ ကျနေသေးပါဂျောင်း…
အဝဲယားနက် ပိုစ့် ဖြစ်လို့ … ဗယာကြော် ပါလို့
ဆိုချင်တဲ့ …
အိမ်မပိုင်ဒဲ့ စီးဘွားရေး ပညာငင်
Azzurri
June 18, 2012 at 7:18 pm
အို …
မပိုင်လည်း ဘာဖြစ်လည်း ..
အကျိ ပိုင်ရင် ပီးတာပဲ …
အကျိ မပိုင်လည်း ဘာဖြစ်လဲ …
အကျိ ပါပါး ပိုင်ရင် ပီးတာပဲ ….
ဘစ်ဇနက် အက်ဒမင် ဖတ်လာတာ…ပဲ ..အဟိ..
ကိုယ့် အဖေ မချမ်းသာတာ ကိုယ့်အပြစ်မဟုတ်..
ကိုယ့် ယောက္ခမ ဆင်းရဲတာ ကိုယ် ၆၃ မကျ လို့ ဆိုတဲ့ မူဝါဒ ကို စွဲကိုင်ထားတဲ့…
ပုံ
ယောက္ခမ လုပ်ငန်း ဝင် စီအီးအို ဂျင် နေတဲ့
ဂီ
Thel Nu Aye
June 18, 2012 at 8:02 pm
ဆိုင်လားမဆိုင်လားမသိ။ အခုတလောတော်တော်လေးကြော်ငြာဝင်နေပါလား။ မျက်စိတောင်နောက်တောက်တောက်။
nigimi77
June 18, 2012 at 10:00 pm
ကောင်းလိုက်တဲ့ ပိုစ့်။
ဒီနေ ့ စာရေးချင်နေတာ ရေးမယ်ကြံလိုက် …ဟင်းကနဲ သက်ပြင်းချလိုက်နဲ ့
လဲဗီး…ရေးပြီကွာ….
ဒို ့…နိုင်ငံမှာ အခြေခံ လစာတွေ တိုးပြီ…..ဝေးးး…ဟေးးးဟေးးးး
ပျော်တယ် ပျော်တယ် ဒို ့ပျော်တယ်….
အေးး…..အေးး……ပျော်ကြ…..မင်းတို ့ပျော်လေ …..ဘကုန်း (ဘင်္ဂလားဒေရှ် ့) တွေ
လက်ခမောင်းခတ်လေပဲ ။
ကြည့်ကြရအောင်….
တမ်းချင်း တစ်ပုဒ် ဖွဲ ့ရအောင်။
………………………
အောင်စေတဲ့ အောင်စေ …ဝေလေလေ
ဘာ ကုန်ကြမ်းများရသတဲ့လေး….
ဘာမဆို ဘာကိုမှ ချည်တမျှင် အပ်တဖျား…ကြယ်သီးပြားတောင် မရဟေ့…
ကိုယ့်အား ကိုယ်ကိုး …ကိုယ့်ကုန် ကိုယ်ထုတ် …. လုပ်ကြတဲ့ ဖာတသန်း
အရင်တခါ စက်ရုံများမှ ….. လွင့်ခါလို ့ ဘုံပျောက် …. စားလောက်အောင် ဖာခံမှ..
အောင်စေတဲ့ အောင်စေ…..ဝေလေလေ
ဒို ့နိုင်ငံကြီး ဟီးဟီးထ…လျှပ်စစ်မီး မြူမှုန်လောက်… ဇုံ…ဆိုတဲ့ စက်မှုရပ်မှာ
မီးစက်ကြီးတွေ ဂျိန်းဂျိန်းချ.. ဒီဇယ်မီး…ထင်းမီးတွေ ဟုန်းဟုန်းလောင်….
တောတွေပြောင်…တောင်ကတုံး….အမှောင်ဆုံး ညဉ့်နက်ထဲမှာ ထိုးကွင်းထ
အလင်းရတဲ့ခါ ငတို ့ အလုပ်သမတွေက အော်ကြဟစ်ကြ ….
အောင်စေတဲ့ အောင်စေ…ဝေလေလေ
သွင်းကုန် ထုတ်ကုန် ချိန်ခါမနှေး ….သူ ့အမေတို ့ရဲ ့ သားတွေမှာ
အော်ခါ ဟစ်ခါ….
လာချိန် လဝက် ပို ့ချိန် တဝက်…. အားကျမိသလေး..ဟေးဟေး..
………………………………………..
ဒို ့ပြည်ကြီးသာ ဒီချိန်မှာ…..
ပြည်တွင်း ကုန်ကြမ်းမရှိ
ပြည်တွင်းဈေးကွက်မရှိ
လုံလောက်တဲ့ လျှပ်စစ် အား မရှိ
လုံလောက်တဲ့ အတတ်ပညာသည် မရှိ
၂၄ လမ်း ၂၅ လမ်း စက်ရုံပြန်ထုတ် သူခိုးတန်း အထည်ချုပ် ဈေးကွက် ပြန်တမ်းမှာ
ကြုံကြိုက်တုန်း ဝင် အားပေးမည့်
အခြေခံလစာ ၅၆၇၀ဝ ဆိုတာကို မက်မော မိပေမဲ့
ကျုပ် မျက်လုံးထဲမှာတော့ ၅ လစာ ကြိုပေး လုပ်အားခ ပိုသက်သာပြီး လိုကယ်လ် ကုန်ကြမ်း
ရရှိနိုင်မှု နဲ ့ ကျွမ်းကျင်လုပ်သား အပါအဝင် အတန်အသင့် ခိုင်မာတဲ့ ရှိသင့်ရှိထိုက်တဲ့
Infrastructure အပြည့်အစုံ နီးပါးရှိနေတဲ့ ဘင်္ဂလားဒေရှ် ့ကို လုပ်ငန်းရှင်တွေ ပြေးတော့မှာ
မြင်ယောင်မိသေး………
nigimi77
June 20, 2012 at 11:35 pm
ငါ့ လခွီး
ဒါမျိုး ဟာကျတော့ လူမစည်ဘူး
ဆွေးကြပါဟဲ့ နွေးကြပါဟဲ့
Zombie တွေလိုပဲလို ့ ……
သွေးစိမ်းရှင်ရှင် နဲ ့ လက်ကိုပြလိုက် ….ဂတ်..ဂတ်….ဂတ်…နဲ ့
လိုက် ဟပ်လိုက်……
အညှီများရာ ယင် ပါ ဆိုတဲ့ အတိုင်းပဲ 🙁
ဧရာဝတီ အညှီ ၊ မီးထွန်းပွဲ အညှီ ၊ အနောက်ပိုင်း ဒေသ အညှီ တွေ ပြီးရင်
ဒီ အညှီဖက်လည်း လှည့်ကြပါဦး တော်ရေ ့
သားဦး၊မြေးဦး
June 18, 2012 at 10:17 pm
အရေးထဲ နှိုင်းစရာရှားလို ့ ကဘန်းကျော်ရယ်။ဈေးနှုန်း(၁၅၀)ဆိုတာ
ခင်များအတွက်မဆန်းပေမယ့်. ဒီမှာအတွက် ဆန်းကြယ်သဗျ။
MAUNG
June 19, 2012 at 7:55 am
အကုန် ဂွတ် တယ် ။ ပေးလိုက် တဲ့ ဥပမာ ကလွဲ လို့။ အပြော မတတ်တော့ ဆဲသလို ? ? ?
anyway, thumbs up for nice post, keep it up Ko Phone Kyaw
MaMa
June 19, 2012 at 8:27 am
ခပ်ကြမ်းကြမ်းလေး ဆူပြောပြီး ဆုံးမပေးလိုက်သလိုပါပဲ။
စိတ်ရင်းကောင်း စေတနာကောင်းလေးကို မြင်လိုက်ရပါတယ်။ 🙂
လူ ဟား
June 19, 2012 at 9:18 am
ဟေ့ .. ဘဲကြီး.. bloody ဘန်းကျော်… အစကနေဆုံးခါနီးထိကို လက်မထောင်တယ်ဗျ… အဲ.. နောက်ဆုံးတစ်ကြောင်းကတော့ မအိရွှေစင်ကို အားနာပါရဲ့… ” မိုက်မိုက်ရိုင်းရိုင်းပြောရရင် ဖာတစ်ခါချရင် နာရီဝက်ကို ဒေါ်လာ တစ်ရာ့ငါးဆယ်တောင်ပေးရနေတဲ့ခေတ်ရောက်ပြီ…..အမရေ။” တဲ့.. ဒီထက်လည်း ယဉ်ကျေးတတ်တာကျလို့…ဟွန့်… ဥပမာကလည်း ရှားသလားကွာ…(ဝါသနာကြောင့်ပဲနေမှာနော်…)
ဆက်လုပ်.. ရဲဘော်ကြီး… လေလုံးကြီးကြီးတွေနဲ့သာ အဝေးကပစ်..တစ်ချက်ချက်တော့ ထိရောက်လောက်တယ်…
ba gyi
June 19, 2012 at 4:48 pm
ရွှေဇင်ရေ နင်ကြားတယ်နော် ၊
ကဖုန်းကျော်က အလုပ်သ္မားတွေ ကို efficieny ရှိအောင်လုပ်ပေးဘို့ပါတာဝန်ပေးနေပြီဗျား။
ကဖုန်းကျော်ရေသူ့ခမျာလည်း သမဂ္ဂတွေဖွဲ့ဘို့အရေး ဟိုသည်ပြေးနေရရှာ၊နားချိန်တောင်မရပါဗျား။
myanmarcitizen
June 19, 2012 at 5:38 pm
အစကနေဖတ်ပြီး အော် ကဖုတ်ကျော်လေး အမှန်တွေပြောနေပါလားဆိုပြီး ဖတ်လာလိုက်တာ။ နောက်ဆုံး အဆုံးသတ်ကြီးကတော့ကြမ်းတယ်ဗျို့။ နာရီဝက် (အချိန်) လေးတောင်ပါသေး 🙂
သားဦး၊မြေးဦး
June 19, 2012 at 6:01 pm
ကိုတောင်ဖက်သားရေ ကဘန်းကျော်တို ့များ မိန်းမနဲ ့ကလေးတွေရှိတာ
တောင်မှ နောက် signal ပြနေသေးသ ပဗျာ။
kai
June 21, 2012 at 1:31 am
တဲ့..
ရန်ကုန်မှာလည်း… ဘယ်ဈေးတွေဖြစ်နေလည်း.. သိချင်သား..
ဘာလို့လည်းဆိုတော့..
အဲလိုဈေးကောင်းဖြစ်နေတာဟာ.. မြန်မာမိန်းကလေးတွေကို.. စီးပွားရေးအရဆွဲဆောင်နေစေလို့ပဲ..
ဘွဲ့ရစ,ဆရာဝန်မလေးတယောက်ရဲ့. တလဝင်ငွေနဲ့.. အဲလိုပြည့်တန်ဆာမိန်းကလေးရဲ့.. တရက်ဝင်ငွေက တန်းညှိလာတဲ့အခါ.. လူငယ်တွေမှာ.. အထွေထွေစိတ်ဓါတ်ပျက်ယွင်းမှုဖြစ်စေပါတယ်..
အရီး Khin Latt
June 21, 2012 at 1:47 am
အဲဒီလို အလွယ် ပြောရင် လဲ ရသပေါ့ သူကြီးရယ်။
ဒါပေမဲ့ ရေရှည်မှာ ဆရာဝန်မလေး က သူ့ ဆရာဝန် လုပ်သက် ရလေ သူ့ တန်ဖိုး တက်ပြီး ဝင်ငွေကောင်းလေ။
အဲဒီ ကိုယ်ကိုရင်းပြီး ရောင်းစားတဲ့ မိန်းကလေး က သူ့ လုပ်သက် ရင့်လာလေ တန်ဖိုးကျလေ။
ကံမကောင်းရင် ရောဂါရပြီး လူညွန့်တုံးမှာ။
ခက်တာက အဲဒီလို မျိုး ရှင်းရှင်းလွယ်လွယ် လေးကိုတောင် မတွေးတော မစဉ်းစား တတ်ကြတာ ပြသနာဘဲ။
အဲလို အသိမျိုး မရှိလို့ လဲ ကလေးတွေ က အလွယ်လမ်း ကို အဟုတ်ကြီးမှတ်နေတာ။