Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကွန်ပျူတာတွေရဲ့ဆြာစူပါ

Wai PhyoeJune 19, 20122min3292
Cray စူပါကွန်ပျူတာ

SuperComputers
ဒီတစ်ပတ်မှာတော့ကွန်ပျူတာနယ်ပယ်နှင့်အကျွမ်းတဝင်မရှိသေးသောသူများအတွက် “စူပါကွန်ပျူတာ” အမျိုးစားနှင့်မိတ်ဆက်ပေးလိုက်ပါရစေ။သာမန်အားဖြင့်
ကျွန်တော့်တို့တွေခွဲခြားထားတာက PC နဲ့ Laptop ဆိုပြီးနှစ်မျိုးခွဲထားပါတယ်။တကယ်တော့ ဒီနှစ်မျိုးထဲမကပါဘူးတခြား SuperComputer,Mainframes နဲ့ WorkStation တွေဆိုတာရှိပါသေး
တယ်။အဲ့ဒီ ၃မျိုးထဲမှစိတ်ဝင်စားစရာ SuperComputer အကြောင်းကိုအခြေခံလေးပြောချင်ပါတယ်။
Super Computer တွေဆိုတာခုလက်ရှိမြင့်ပါတယ်ဆိုတဲ့ Computer တွေမဖြေရှင်းနိင်မကိုင်တွယ်နိင်သေးတဲ့ပြသာနာတွေကိုတွက်ချက်ဖို့အတွက်အထူးဒီဇိုင်းဆွဲထား
တဲ့ကွန်ပျူတာကြီးတွေလို့အကြမ်းဖျင်းဆိုနိင်ပါတယ်။ SuperComputer တွေကိုဥပမာအားဖြင့် ကားတွေဒီဇိုင်းဆွဲရာတွင်သောလည်းကောင်းလေယဉ်ပျံများတည်ဆောက်ရာတွင်လည်းကောင်းအ
ထူးသုံးကြပါတယ်။ခုဆိုရင်အာကာသယဉ်တွေကိုအကောင်းဆုံးဒီဇို်င်းဆွဲရာတွင်လည်း SuperComputer တွေကမပါမပြီးဖြစ်လာပါပြီ။အဲ့ဒါတွေအပြင် ရာသီဥတုခန့်မှန်းတာတွေ၊ဆေးဝါးအသစ်တွေ
တည်ထွင်ဖို့တွက်ချက်တာတေ၊ွဓါတုဒြပ်ပေါင်းတွေတည်ထွင်ရာမှာလည်းသုံးကြပါတယ်။Scientist တွေကလည်း Atomများနဲ့ဖွဲ့စည်းထားတဲ့Particlesတွေ၊ကြယ်တွေGalaxyတွေတည်ဆောက်ပုံက
အစ SuperComputer တွေနဲ့ပဲတွက်ချက်နေရပါတယ်။ SuperComputer များကိုအကျယ်ပြန့်ဆုံးသုံးသော Field များကိုပြပာုဆိုပါကစစ်တပ်များမှာအတွင်ကျယ်ဆုံးသုံးကြပါတယ်။SuperComputer
များကတာဝေးပြေးလက်နက်များကိုထိန်းချုပ်ရာတွင်အတိကျဆုံးနှင့်အမြန်ဆုံးဖြစ်ပါသည်။အချို့နေရာများတွင်လည်းSuperComputer များကိုနည်းပေါင်းစုံနှင့်သုံးကြပါသည်။
Super Computerများနှင့်တခြား Computer များကွာခြားချက်မှာ SuperComputerများသည် ပြသာနာတစ်ခု Task တစ်ခုတည်းကိုသာ တစ်ချိန်တည်းတွင်ဖြေရှုင်းပါသည်။
ဆိုလိုရင်းမှာ Task တစ်ခု Process လုပ်နေချိန်တွင် အခြား Task ကိုလုံးဝမလုပ်ဆောင်ပါ။အဘယ်ကြောင့်ဆိုသော အလွန်ရှပ်ထွေးသောပြသာနာတစ်ခုအတွက်အဖြေထွက်ရန် စက်တွင်းရှိ Sources
အကုန်လုံးကိုမြုပ်နှံထားသောကြောင့်ဖြစ်ပါသည်။SuperComputer များမှထမ်းဆောင်ရသောTask များမှာလည်း အလွန့်အလွန်ရှပ်ထွေးသောတွက်ချက်မှူများကြောင့်ဖြစ်ပါသည်။Super Coputer
တစ်လုံးတစ်လုံးသည်လည်းကန်ဒေါ်လာမီလျှံ ရာနှင့်ထောင်နှင့်ချီရှိသဖြင့် SuperCompter များကို Company ကြီးများ၊Universities များ နှင့်စစ်တပ်များကသာယနေ့အထိ ဝယ်ယူနိင်ကြပါသေးသည်။
ယနေ့အထိSuperComputer များအရေတွက်ကိုလက်ချိုးရေတွက်နိင်ပါသည်။SuperComputer များထားရန်အတွက်လည်းသင်၏အိမ်မျှကျယ်သောအခန်းတစ်ခန်းလိုအပ်ပေလိမ့်မည်။ဒါတောင်မျက်နှာ
ကြက်နိမ့်နေလျှင်မဆန့်နိင်ပင်။

SuperComputers တွေဘယ်လိုအလုပ်လုပ်ကြသလဲ?

အခြား ရိုးရိုး Computer များကဲ့သို့ပင် ပင်မအားဖြင့် CPU နှင့် Memory တွဲဖက်လျှက်အလုပ်လုပ်ပါသည်။သို့သော်အခြားကွန်ပျူတာများနှင့်ကွာခြားချက်မှာ CPU And Memory ကို
အတတ်နိင်ဆုံး အကောင်းဆုံး Design ဆွဲထားခြင်းဖြစ်သည်။CPU နှင့် Memory ချိတ်ဆက်အလုပ်လုပ်ရာတွင်လည်းလမ်းကြောင်းကိုတိုနိင်သမျှအတိုဆုံးဖန်တီးထားသည်။ထိုမှသာတွက်ချက်မှူများကို
အမြန်ဆုံးလုပ်နိင်မည်ဖြစ်သည်။Process လုပ်ရာတွင်အဓိကအားဖြင့် Pipelining Processing နှင့် Parallel Processing ပုံစံဖြင့် Process လုပ်ပါသည်။ထို Process များအကြောင်းပြောပါက စာအုပ်တစ်
အုပ်မျှပင်မကပေ။

NASA ကစူပါကွန်ပျူတာအသေးစားလေးနော်ကြည့်ထားကြ

Deep Blue
Deep Blue ဆိုတာကတော့ SuperComputer များထဲမှာနာမည်ကျော်လူသိများခဲ့သော SuperComputer ဖြစ်ပါသည်။ Deep Blue ၏အသိဉာဏ်အချို့နှင့်တွက်ချက်မှူများသည်
လူသားများကို ၁၉၉ရ ခုနှစ်လောက်ကတည်းကပင်အနိင်ယူခဲ့သည်။ Deep Blue သည်နာမည်ကျော်ပြီးမိမိကိုယ်ကိုယ်အတော်ဆုံးပါပာုကြွေးကြော်ခဲ့သော ချက်စ်ထိုး ဘုရင်များကိုမိနစ်ပိုင်းအတွင်းအနိင်
ယူခဲ့သည်။နိင်ရာတွင်လည်း ပြိုင်ဘက်ကိုအကျပ်ရိုက်စေပြီးတွက်ချက်မှူများပြုလုပ်ပြီးနိင်ခဲ့ခြင်းဖြစ်သည်။နာမည်အကျော်ဆုံးပွဲမှာ နံပါတ်တစ်ချက်စ်ချန်ပီယံ Garry Kasparov ကိုချွေးပြန်စေခဲ့သောပွဲ
ဖြစ်ပြီးထိုပွဲတွင် Deep Blue မှာ ချက်စ်ရွေ့ကွက်ပေါင်း 300-500 ဘီလျှံကျော်လောက်ကို ၃မိနစ်မပြည့်မီတွက်ချက်နိင်ခဲ့သည်။ထိုသို့တွက်ချက်ရာတွင်လည်းကြောက်လန့်ဖွယ်ရာ Processor 256 လုံးကျော်
ကိုသုံးခဲ့သည်။Deep Blue ကို IBM မှာမွေးဖွားခဲ့ခြင်းဖြစ်ပါသည်။ ၁၉၉ရ ခုနှစ်လောက်က SuperComputer ပင်ထိုမျှစွမ်းလျှင်ယခုခေတ်SuperComputer များဆိုလျှင်တော့ဖြင့်တွေးကိုမတွေးနိင်တော့ပင်။

Deep Blue ကတော့ဘဲကြီးတွေကိုအုံးစားစေပြီ
အိမ်သုံး စူပါ လေးပါ

2 comments

  • cum min

    June 19, 2012 at 4:11 pm

    အင်း ငါ ငယ် ငယ်ကဆော့ခဲတဲအရုပ်လေးတွေလိုပါပဲ…ဟီး…

  • mayjuly

    June 19, 2012 at 4:37 pm

    မိုက်လှချည်လား..
    ကွန်ပျူတာတွေ တိုးတတ်တာကတော့ လိုက်လို့တောင်မမှီနိုင်ပါဘူးဗျာ …

Leave a Reply