Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မန္တလေးမြို့ကို လာလည်တဲ့ ပန်းကန်ပြား

sugar sugarJune 19, 20121min62721

မနေ့ ကပေါ့ဗျာ ညကြီး မှာ ပေါ့ ၊မန္တလေး မြို့ကို ပန်းကန်ပြားပျံ ကြီး ရောက်လာတယ် တဲ့ ကျွန်တော်တို့ တော့ မမြင် လိုက်ရပါဘူး ဗျာ ၊တစ်မြို့လုံးတော့ အုံးအုံး ထ သွားတာပဲ ၊ တစ်ချို့ က ကြောက်ပြီး ငို လို့ငို ၊တစ်ချို့ အော်ပြေးလို့ပြေး ၊ဘာမှန်းကို မသိပါဘူး ၊အိမ်ထဲမှာ ဇာတ်ကားကောင်းနေ လို့ မမြင်လိုက်ရတဲ့ ကျွန်တော့်ကို မဟေသီ ကလည်း စိတ်ဆိုးဆိုး နဲ့ ဖုန်းဆက်အော်သေးတယ်ဗျာ။ ဘာကြီး မှန်းလည်း မသိ ဘယ်ကလဲမသိ ၊ ဖြူဖြူ ဝိုင်းဝိုင်း ကြီး တဲ့ တောင်နဲ့မြောက်ပြေးနေတာလို့ ပြော တာဘဲဗျို့ ၊ ဘာ ကြီး လဲဆို တာ သိ တဲ့ ရွာ သူရွားသားများ ဖြေပေးကြပါအုံးဗျာ။

21 comments

  • marblecommet

    June 19, 2012 at 5:07 pm

    အလို…..
    ……
    ကိုပေတို့ ကိုပေါက်တို့ ဖရဲသီးတို့
    ကိုရွှေတိုက်တို့…..
    ကော
    မတွေ့လိုက်ကြဘူးလားဗျ….

  • water-melon

    June 19, 2012 at 5:28 pm

    တားတားက ဂိမ်းဆော့နေလို့မသိဘူး
    ဒါတောင် ကိုရွှေတိုက်က ရန်ကုန်ကနေ ဖုန်းဆက်ပြီးမေးလို့သိတာ
    ကိုစိန်သော့ကတော့ ဓာတ်ပုံရိုက်ထားတယ်
    ကိုရွှေမင်းသားလည်း မြင်လိုက်တယ်လို့ပြောတယ်
    လေးပေါက်နဲ့ကိုပေတော့ မသိ
    အဟီ

  • Victory

    June 19, 2012 at 5:29 pm

    ပန်းကန်ပြားပျံဘဲဖြစ်ရပြန်ပြီ???
    ကောလာဟလ ထုတ်လွှင့်မှုအကျွမ်းကျင်ဆုံးကျနော်တို့နိုင်ငံသားတို့ပါဘဲ။
    (ပြောကိုမပြောချင်တော့ဘူး)

    သတင်းအတွက်
    ခရက်ဒစ်တူ “ရဲရင့်ငယ်” ပါခင်ဗျာ။http://www.yeyintnge.com/2012/06/blog-post_3947.html

    —–
    ကောင်းကင်ယံမှ အဖြူရောင် မီးလုံး သဏ္ဌာန်ကြောင့် မန္တလေးမြို့ခံများ လှုပ်လှုပ်ရှားရှားဖြစ်
    The Voice Weekly

    ရန်ကုန်၊ ဇွန် ၁၈

    မန္တလေးမြို့ အရှေ့ဖက် ကောင်းကင်ယံ တိမ်တိုက်များ အတွင်းတွင် ခပ်မှိန်မှိန် မီးလုံး သဏ္ဌာန်တစ်ခု ဘယ်ညာလူးလာ ပြေးနေသည်ကို ယနေ့ညက လူအများအပြား တွေ့မြင်ခဲ့ရကြောင်း မန္တလေး မြို့ခံများထံမှ သိရသည်။

    အဆိုပါ ကိစ္စပတ်သက်၍ မိုးလေဝသပညာရှင် ဦးထွန်းလွင်ထံ ဆက်သွယ်မေးမြန်းရာ တိတိကျကျ မပြောနိုင်သေးကြောင်း ပြန်လည်ဖြေကြားခဲ့ပြီး မန္တလေးမြို့ မိုးဇလ ဦးစီးဌာနသို့ ဆက်သွယ် မေးမြန်းရာတွင် မိမိတို့မှာ မိုးလေဝသနှင့်သာ သက်ဆိုင်သည့်အတွက် ယခုကိစ္စ အပေါ် မှတ်ချက် တစ်စုံတစ်ရာ မပေးနိုင်ကြောင်း ပြန်လည် ဖြေကြားသည်။

    အဆိုပါ မြင်တွေ့ရသည် ဖြစ်စဉ်မှာ သုံးနာရီခန့် ကြာမြင့်ခဲ့ပြီး ယခုအခါ တိမ်တိုက်များ အုံ့မှိုင်း နေသောကြောင့် မန္တလေးမြို့ အချို့နေရာများမှသာ မြင်တွေ့ရတော့ကြောင်း ထပ်မံ သိရှိရသည်။

    အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေး မြို့ခံတစ်ဦးက “ကျွန်တော်တိုလည်း ဆိုင်တစ်ဆိုင်မှာ ထိုင်နေတုန်း လူတွေ လမ်းပေါ်ထွက် အရှေ့ဘက် ကောင်းကင်ကို လက်ညှိုးတွေထိုး မော့ကြည့်နေကြလို ့ ထွက်ကြည့်လိုက်ပါတယ်။ တကယ်ပဲ အဖြူရောင် အလင်းရောင် အလုံး တစ်လုံးက ကောင်းကင်မှာ ဟိုဘက်ဒီဘက် ဝဲနေပါတယ်။ တော်တော်ကြာကြာ ကြည့်နေမိတုန်း ကောင်လေး ကောင်မလေးတွေ တစ်ချို ့က ဆိုင်ကယ်နှင့် ရောက်လာပြီး ဦးလေးတို ့ ဘာမှ မဟုတ်ဘူး။ ကျွန်တော်တို ့လည်း ဘာလဲဆိုပြီး ဆိုင်ကယ်နှင့် လိုက်ကြည့်တာ ၆၂လမ်း ဟိုဘက်က အဆောက်အဦးတစ်ခု အပေါ်က မီးဆလိုက် ထိုးနေတာ။ အလင်းတန်းက ဝေးရင် မမြင်ရဘူး။ အနီးရောက်မှ မြင်ရတာလို ့ပြောပါတယ်။ ဒီလို ရာသီ မိုးတိမ်လေးတွေက မြေပြင်နှင့် ခပ်နိမ့်နိမ့် ရှိနေတော့ အောက်ကထိုးတဲ့ မီးက တိမ်ထုမှာ အဖြူရောင် အလုံးလို ဖြစ်နေတာ နေမှာပေါ့” ဟု Facebook စာမျက်နှာပေါ်တွင် ရေးသားထားသည့် အတွက် The Voice Weekly မန္တလေး သတင်းထောက်က ၆၂ လမ်းသို့ သွားရောက် စုံစမ်းခဲ့ရာ အဆိုပါ ပြောဆိုချက်မှာ မှန်ကန်မှု မရှိကြောင်း သိရှိရသည်။

    အလားတူ ဗန်းမော်မြို့နှင့် စစ်ကိုင်းမြို့များ မှလည်း အဆိုပါ ဖြစ်စဉ်ကို တွေ့မြင်ရကြောင်း ဒေသခံများက ဆက်သွယ် ပြောကြားသည်။

    အထက်ပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ The Voice Weekly က မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံ ဆက်သွယ်၍ အတည်ပြုချက် ရယူခဲ့ရာ အဆိုပါ ကောင်းကင်ယံမှ မီးလုံးသဏ္ဌာန်မှာ ဆလိုက်မီးထိုးရာမှ ဖြစ်ပေါ်သည် ဟုလည်းကောင်း၊ ဘုရား ရောင်ခြည်တော် ကွန့်မြူးနေသည်ဟု လည်းကောင်း ကောလာဟာလ ပြောဆိုမှုများ ရှိနေပြီး အသေးစိတ် အချက်အလက်ကိုမူ ၎င်းတို့လည်း အတည်ပြု ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ပြန်လည် ဖြေကြားသည်။
    BY ရဲရင့်(ကနေဒါ) … 6/18/2012
    ခေါင်းစဉ် myanmar news

  • marblecommet

    June 19, 2012 at 5:55 pm

    ဖရဲလေးရေ့
    ခေတ်ကြီးက နောက်ဆို သိပ်အခြေအနေမကောင်းတော့ဘူးသိလား
    အပေါ်က လာတဲ့ ယံသူနဲ့
    အောက်ကလာတဲ့ ယံသူနဲ့
    စိတ်ချရအောင်လို့
    အာပီဂျီဆောင်ထားနော်…

  • water-melon

    June 19, 2012 at 5:59 pm

    ကြာသလား ကိုကမ်းရေ
    RPG ထက်ပိုကောင်းတာ ဆောင်ထားပါတယ်
    ဘာလဲလို့တော့ မမေးနဲ့
    အဟီ ဝယ်ထားတာမကြာသေးဘူး
    လမ်းထိပ်က အရုပ်ဆိုင်က ကလေးဆော့တဲ့ သေနတ်

  • marblecommet

    June 19, 2012 at 6:16 pm

    နင် ဟိုဘက်ပို့စ်မှာ ရေးထားတဲ့
    ဂီဂီတို့ကို
    အံတုမယ့် ပြောင်းမလား..ဟင်င်င်….

  • သားဦး၊မြေးဦး

    June 19, 2012 at 6:39 pm

    ကိုပေတို ့မမြင်လိုက်ကြဘူးလားဗျာ။
    ဓါတ်ပုံတင်ပေးပါအုံး ကြည့်ချင်လို ့ပါ။
    အထူးအဆန်းဘဲနော်။

  • Yin Nint

    June 19, 2012 at 7:13 pm

    အဲ့ဒါဆလိုက်မီးပါ ကျွန်တော်၆၂လမ်းကနေ ဆိုင်ကယ်ရပ်ပြီးကြည့်တာ သေချာကြည့်တော့
    အောက်ကနေအပေါ်ကိုထိုးထားတဲ့အလင်းတန်းမြင်ရတယ် မှုန်မှုန်လေးပဲ ဒါနဲ့ ကျွန်တော်မြင်
    တာတော့ မီးကအစိမ်းရောင်ဖျော့ဖျော့လေး အဖြူရောင်မဟုတ်ဘူး

  • သားဦး၊မြေးဦး

    June 19, 2012 at 7:30 pm

    အင် ဆလိုက်မီးတဲ့ဗျာ။ကိုပေက လဲဘယ်ရောက်နေပါလိမ့်ဗျာ။အင်္ဂလန်ကို အပိုင်ကြံနေပီထင်၏။

    • မောင်ပေ

      June 19, 2012 at 10:05 pm

      ကိုပေလဲ မဒမ်ပေတစ်ယောက်အိ ဖုန်းညွှန်ကြားချက်များကို နားထောင်ရင်း ၊ ဘာမှန်းမသိ ညာမှန်းမသိ ၊ ဇက်ကိုညောင်းနေအောင် ကြည့်လိုက်ရပါအိ ။ ထိုအကျိုးဆက်ကား ဇက်ညောင်းလွန်းသဖြင့် စောစောအိပ်မိလိုက်တော့ ၊ အီတလီ လွတ်သွားခဲ့အိ ။ သေချင်းဆိုး ဆလိုက်မီးထိုးတဲ့ကောင်တွေ ဟုသာ ရေရွတ်ရင်း။

  • Ko Ko Ko

    June 19, 2012 at 8:04 pm

    အောင်ပင်လယ်ပါတ်လမ်းပေါ်က အသစ်ဆောက်ထားတဲ့ ဟိုတယ်အပေါ်ဆုံးထပ်က ထိုးထားတဲ့ ဆလိုက်ကြီးပါဗျာ။ သိချင်လွန်းလို့ အဲ့ဒီ ဟိုတယ်ရှေ့ထိ သွားပြီးသေချာ လေ့လာပြီးသွားကြည့်ထားတာ။ အဲ့ဒီ ဟိုတယ် က ဆလိုက်ကို နေ့တိုင်းဖွင့်တယ်။ မနေ့က မိုးတိမ်တွေရှိနေတော့ အဲ့ဒီအလင်းရောင်က ပိုသိသာတာပါ။ တခြားအတွေးတွေ မတွေးကြပါနဲ့ဗျာ……………..

  • မောင်ပေ

    June 19, 2012 at 9:02 pm

    ဘာကြီးလဲ ဆိုတော့
    ကျုပ် ၁ဝယူ
    ခင်ဗျား ၂ယူ
    သဂျီးမျက်ခုံးအကြီးအကျယ်လှုပ်
    အဲဒါ အဲဒါဘဲ

  • ရွာစားကျော်

    June 19, 2012 at 9:47 pm

    ဖေ့စ်ဘွတ်မှာတော့ ဓာတ်ပုံရှယ်လာတာတွေ့လိုက်တယ်
    လာထား ၁၀..

  • အောင် လ

    June 19, 2012 at 9:49 pm

    အားလွန်း ယားလွန်းနေတယ် မလား ငါ့လူ

  • ahnyartamar

    June 19, 2012 at 10:01 pm

    မန္တလေး မှာမနေ ရန်ကုန်မှာနေတော့ မသိလိုက်ပါဗျာ။…

  • nigimi77

    June 19, 2012 at 10:45 pm

    အသင်တို ့သည် ပိုးစိမ်းကျူး အင်းဆက်(Insect) အား

    ကြည့်ရှုလေ…..

    တန်ခိုးရှင်ဟု ဆိုသူများကဲ့သို ့ လေထဲတွင် ပျံသန်းလေသတတ်…..

    ရောင်ခြည်တော် တောက်ပထွန်းသည် ဆိုသကဲ့သို ့ ယင်း၏ ဖင်ပိုင်းမှ

    အလင်းရောင် ထွန်းတောက်လေ သတတ် ……

    ကိုယ့်ဖင်ကိုယ်ရှုံ ့ ကိုယ်ကို ချုံ ့ပြီသကာလ အချင်း ပိုးစိမ်းကျူးအား

    ထူးထွေသည့် အံ့ရာသော် တန်ခိုးတော်ဟု လက်အုပ်စုံမိုး

    ရှိခိုးကျလေသတည်း

  • hein latt

    June 20, 2012 at 9:39 am

    ဟုတ်တယ်ဗျို……ဘာကြီးမှန်းမသိ…ဟိုဖက်သည်ဖက်သွားနေတာပဲ…
    ဖြူဖြူကြီး….လူတွေလဲအုံလို…..တစ်နာရီနီးပါးကြာတယ်ပြောတယ်…..
    ဘာကြီးမှန်းလဲမသိပေါင်ဗျာ…ဓါ့ပုံလဲမရိုက်ခဲ.ရဘူး…မယုံလို.လေ…
    လင်းနို.လူသား ဇာတ်ကားထဲကလို ဆလိုက်မီးထင်ပါတယ်…
    ပန်းကန်ပြားပျံလို.လဲယုံပေါင်ဗျာ…

  • myo gye

    June 20, 2012 at 12:01 pm

    (+ -) နဲ့ချိန်းတွေ့လို့ ဖြစ်တာ။ ဒါလေးတောင်မသိကြဘူးလား

Leave a Reply