Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဝတ်မှုန်ရယ် နင်နဲ့နှိုင်းရင်…………

mamanoyarJune 20, 20121min48824

နိုရာ  မိန်းကလေးတစ်ယောက်ဆိုပေမယ့်…………. မိန်းကလေးဆန်ဆန်

နူးညံ့သိမ်မွှေ့မှုနည်းတာအမှန်ပါ။

အညာသူ၊ တောသူတစ်ယောက်ဖြစ်တဲ့အတွက် ပိုဆိုးပါတယ်။

စကားသံကျယ်ကျယ်နဲ့ အသံမာမာ မိန်းကလေးတစ်ယောက်ရဲ့စကားသံနဲ့မတူ

ဒုတ်ထိုးအိုးပေါက် ပြောတတ်တဲ့အကျင့်လေး ရှိနေပြန်ပါတယ်။

လူကတော့ စုတ်ချွန်းချွန်းပေမယ့် အတ္တကြီးပြီး မာနနည်းနည်းထားတတ်တာကြောင့် ကိုယ့်ကိုယ်ကို စိတ်တိုမိပြန်ပါတယ်။ ပြင်မယ်လို့ တွေးထားပြန်ပေမယ့် တကယ်ကြုံလာပြန်တော့ တားဆီးမရတာအမှန်ပါ။ ……………………………… ဒီအရွယ်ရောက်မှ အားလုံးအပေါ်မှာ နားလည်ပေးနိုင်တဲ့ စိတ်မထားနိုင်သေးတဲ့ ကိုယ့်စိတ်ကိုလည်း သဘောမကျပြန်ပါဘူး။ သိရက်နဲ့ မိုက်နေတာလား???????? တစ်နေ့  ကိုယ်ထင်ထင်သလို ပြန်ပြန်ပက်တဲ့ ကိုယ့်စိတ်ကိုပြင်ဖို့ အရမ်းခင်ရတဲ့ သူငယ်ချင်း နှစ်ယောက်ဆီက စေတနာစကားတွေနဲ့အတူ အတုယူစရာလေးတွေ ကြားလိုက်ရတာမို့ အတော်လေးကို ဝမ်းသာမိပါတယ်။

နိုရာ့သူငယ်ချင်းက ယောကျာင်္းလေးပါ ဒါပေမယ့် စကားပြောရာမှာ အရမ်းကိုချိုသာပါတယ်။ စိတ်ထဲမှာ သူတောင်ယောက်ကျာင်္းလေးတန်မယ့်  ချိုသာအောင် နေနိုင်သေးတာ ငါမိန်းကလေးတန်မယ့် ဘာလို့ မနေနိုင်ရမှာလဲဆိုတဲ့ အတွေးလေး ပေါ်လာပါတယ်။

စိ်တ်ထဲမှာလဲ ဒီနေ့ကစပြီး သည်းခံနိုင်သလောက် သည်းခံမယ် ကိုယ်နဲ့မဆိုင်တဲ့ ပေါက်ကရ စကားတွေမှာ ဝင်မငြင်းဖို့ ဆုံးဖြတ်လိုက်မိပါတယ်။ တကယ်လဲအေးချမ်းပါတယ်။

နောက်တစ်ခုက ဇော်ပိုင်ရဲ့ ဝတ်မှုန် သီချင်းလေးကို အားကျမိတာအမှန်ပါပဲ “တောင်းဆုတွေ ပြည့်ဝတဲ့သူ၊ နူးညံ့တဲ့နှလုံးသားနဲ့အတူ၊ စွဲမက်တဲ့စကားနဲ့ဆင့်ကာ၊ တုယှဉ်ပြိုင်လာလို့နှိုင်းရင် ရှုံးကြမှာပဲ”………  ။ နိုရာ့ကို သီချင်းထဲက ဝတ်မှုန်လေးလို နူးညံ့သိမ်မွေ့သူလေး  ဖြစ်အောင် ဝိုင်းပြီး ဆုံးမပေးကြပါဦးလို့ အားလုံးကို မေတ္တာ ရပ်ခံပါတယ်ရှင်။

 

24 comments

  • မောင်ပေ

    June 20, 2012 at 12:50 pm

    နိုရာလေးက အခုလို လိမ်လိမ်မာမာနဲ ့ဆုံးမစကားဆိုခိုင်းလာပေမယ့်
    လိမ်မာပြီးသား နိုရာလေး ကို ကိုပေ ထပ်အပိုဆာဒါးတွေပြောစရာ မရှိပါဘူးကွယ်

  • ko khin kha

    June 20, 2012 at 12:55 pm

    သည်းခံနိုင်အောင်ကြိုးစားမယ်ဆို စိတ်ရှည်တတ်အောင်အရင်နေကြည့်ပါ။
    စိတ်ရှည်တတ်လာရင် နားလည်တတ်လာမယ် ဒါဆို သူအလိုလိုသည်းခ ံတတ်ရောတဲ့။
    အဲဒါ် သင်္ကြန်တွင်းရဟန်းဝတ်တုန်းက တရားပေးတဲ့ဘုန်းတော်ကြီးက ဆုံးမခဲ့တာပါ။

  • mamanoyar

    June 20, 2012 at 1:00 pm

    ကိုကိုပေ ဆုံးမတော့ ပိုပြီးလိမ္မာမှာပေါ့ !!!!!!!!
    ဟုတ်ကဲ့ ko khin kha ပြောသလို စိတ်ရှည်တတ်အောင်
    အရင်နေကြည့်မယ်နော် ကျေးဇူးတင်ပါတယ်

  • Shwe Tike Soe

    June 20, 2012 at 2:02 pm

    နင်လေပြန်လာပါ……….နိုရာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာာ
    အဟွတ်အဟွတ်………. အဟမ်းအဟမ်း……စာသား မရတော့ဘူး ဟီးဟီးဟီး………

    • နွယ်ပင်

      June 20, 2012 at 3:30 pm

      အဲတာက အမှန်က အနောက်က အုပ်အုပ်ရောက်လာလို့ ဟိ … 😛

      • Shwe Tike Soe

        June 20, 2012 at 4:56 pm

        လဘုအမွှာပူးလေး မွေးပါစေတော်………..ဟုတ်တယ်……….

  • ညလေး

    June 20, 2012 at 2:18 pm

    မမနိုရာ….ရယ်…..ဝတ်မှုံအရှုံးပေးရမှာပေါ့………
    ဝတ်မှုံမှာ…..အဆင်းနဲ.အသင်းပဲရှိတာပါ….
    မမမှာဒီ.ထက်ပိုရှိပါတယ်နော်……..လှပတဲ.စိတ်ထားလေးရောပေါ့…….

    • mamanoyar

      June 21, 2012 at 9:52 am

      ညလေးရေ အခုလိုပြောပေးတဲ့ အတွက်
      ကျေးဇူးတင်တယ်နော်

  • hein latt

    June 20, 2012 at 2:20 pm

    ကောင်းပါ၏ ကောင်းပါ၏ နှုတ်ဆိုလျှိုတစ်ပါးဆိုလား ဘာဆိုလား စာစီစာကုံးစာအုပ်တွေထဲကဖတ်ခဲ.ရတာ
    (နားတော့မလည် 😀 )ကောင်မယ်ထင်ပါ၏။ သည်းခံခြင်းသည် ဘာဆိုလားပဲ အဟဲ…..
    စတာနော်….ပြောင်းလဲခြင်းနမိတ်တွေအုပ်စိုးတော့မည်ဆိုရွေ.ဝမ်းသာဗာအိ ဂေါ်ဂိဂေါ်ဂိ…..
    အဲဒါနဲ.စကားအတင်းစပ် ရွေ.မတွေ.ဘူးဗျို. ဘယ်နားမှာလဲ ကျောကျပါအုံးဂျာ……….

  • သားဦး၊မြေးဦး

    June 20, 2012 at 2:34 pm

    မမနိုရာကောင်လေးက နှုတ်ချို သျှိုတပါး အတိုင်း လိုက်
    လျောညီထွေလှတယ်ပေါ့။

    • mamanoyar

      June 20, 2012 at 2:40 pm

      ကောင်လေးမဟုတ်ပါဘူး သူငယ်ချင်းကောင်လေးပါ

  • ရှင်းသန့် နွယ်

    June 20, 2012 at 2:54 pm

    နိုရာ ရယ်ကြိုးစားကြည့်လိုက်ပါ…
    တစ်နေ့တော့နိုရာလိုချင်တဲ့ပုံစံဖြစ်လာမှာပေါ့..
    လူတွေကအချစ်နဲ့တွေ့ရင် “နူးညံ့” လာတယ်ဆိုလားပဲ….ဟဲဟဲ

  • htet way

    June 20, 2012 at 3:22 pm

    ဇော်ပိုင်ရဲ့ ဝတ်မှုံဆိုတော့ မမနိုရာက ငယ်ငယ်လေးပဲရှိသေးတာကိုး
    ခင်မောင်တိုး ခင်ဝမ်း ဆိုတဲ့ ဝတ်မှုန်ကို ကြိုက်ခဲ့တာပါ ။
    တကယ်တမ်း ကိုယ့် အပြုအမူကိုကိုယ်ပဲ ပြင်လို့ရတာပါမမနိုရာ
    ရေးပါဗျာ ကျုပ်အားပေးနေပါတယ်။
    ခင်မင်စွာဖြင့်
    ဘဘ ဦးထက်ဝေး

  • Nyein Nyein

    June 20, 2012 at 4:07 pm

    မမနိုရာရယ် ပြင်ချင်စိတ်ရှိဖို့က အဓိကပါ။ မမက ပြင်ချင်စိတ်ရှိတဲ့သူပဲ။ အားမလျော့ပါနဲ့။ ငြိမ်းကတော့ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ စာစုလေးကိုအမြဲတမ်းရွတ်ဖြစ်တယ်။
    ” ငါ၏စိတ်တွင် ဒေါသဝင်က
    ဝင်လာဒေါသ အနိုင်ရအောင်
    ဒေါသကင်းစင် ဘုရားရှင်ကို
    ငါလျှင် ကြည်ညိုပါ၏ ” တဲ့လေ။ ရွတ်တဲ့အခါမှာ ဒေါသဖြစ်စရာကိုမတွေးဘဲနဲ့ အဲဒီစာစုလေးမှာပဲ စိတ်နှစ်ပြီး မြတ်စွာဘုရားရဲ့ ဒေါသကင်းစင်မှုကို သတိရလိုက်တယ်။ တော်တော်လေးသက်သာတာကိုတွေ့ရပါတယ်။ သုံးကြည့်ပါလားဟင်။ အများကြီးမဟုတ်တောင် နည်းနည်းတော့ အကျိုးရှိမယ်ထင်ပါတယ်။ ဒေါသဆိုတဲ့နေရာမှာ တစ်ခြားဟာတွေအစားထိုးပြီးလည်း ဆင်ခြင်လို့ရပါတယ်။

    ဆရာလုပ်တာမဟုတ်ဘူးနော်။ ငြိမ်းလည်း ပြင်နေတဲ့သူမို့လို့ လက်တို့ပေးတဲ့သဘောပါ။

  • mamanoyar

    June 20, 2012 at 4:17 pm

    ” ငါ၏စိတ်တွင် ဒေါသဝင်က
    ဝင်လာဒေါသ အနိုင်ရအောင်
    ဒေါသကင်းစင် ဘုရားရှင်ကို
    ငါလျှင် ကြည်ညိုပါ၏ ”
    ကျေးဇူးတင်လိုက်တာ ငြိမ်းရယ် မှတ်ထားမယ်နော်
    ဘဘ ထက်ဝေးနဲ့ ရှင်းသန့်နွယ်၊ နွယ်၊ သားဦးမြေးဦး၊ဟိန်းထက်၊
    ကိုပေ၊ko khin kha ၊Shwe Tike Soe ၊ညလေး တို့အကုန်လုံးကို
    ကျေးဇူးတင်ပါတယ်

  • ဟိန်း ဝင်း (ထားဝယ်သား)

    June 20, 2012 at 5:15 pm

    မျှော်လင့်သောရင်မှာ .. အလိုအပ်ဆုံးမင်းပါ … သတိရသေးရင် ပြန်ခဲ့ပါ … အချစ်တို့ဆီသာ .. နင်လေ ပြန်လာပါ နိုရာ … ဟဲဟဲ … ကိုကိုမောင် သီချင်း ဆိုကြည့်တာ … 😛

  • MaMa

    June 20, 2012 at 6:47 pm

    မိန်းကလေးဖြစ်ပြီး အသံကျယ်ကျယ် မာမာနဲ့ ပြောတတ်တယ်ဆိုလို့..
    ကြုံခဲ့ရတာလေး ဖောက်သည်ချချင်တယ်။
    ကိုယ့်ကိုယ်ကို ကျမလို့ နာမ်စားသုံး ပြောလေ့ရှိပြီး
    ကိုယ့်အသံကိုလည်း မာကျောတယ်လို့ မထင်မိဘူး။
    ဒါပေမယ့် ဖုံးပြောရင် တစ်ဖက်လူက မှားပြီး အကို လို့ ခေါ်တာ မကြာခဏ ခံရတယ်။
    အဲဒါနဲ့ အသံကို ပြုပြင်ပြီး နူးနူးညံ့ညံ့ ချိုချိုသာသာ ကြိုးစားပြီးပြောလိုက်တဲ့အခါကျတော့မှပဲ
    တဖက်လူက ဦးလေး တဲ့။ 🙁

    • စိန်ဗိုက်ဗိုက်

      June 20, 2012 at 6:56 pm

      ဒါဆို..အတော်ပဲ..
      ဒီအူလေးကြီးဆီမှာ သင်တန်း လာတက်ခိုင်းလိုက်မယ်..
      ခစ်ခစ်.ဗျစ်..

  • thar ag

    June 20, 2012 at 9:19 pm

    ကျွန် တော့ကိုလဲ မှတ်ထားနော် ကျွန်တော်ကတော့ တပို့မှ မတင် သေးတဲ့ မင်ဘာတယောက်ပါ လူသစ်လဲမဟုတ် ပေမယ် လူဟောင်လဲ မဟုတ်ပါဘူး

  • ကိုထက်ဝေးရေ
    ကျနော်ကတော့ မွန်းအောင်မှီလိုက်သေးတယ်ဗျ။
    သူအရင်ဆုံးဆိုခဲ့တာ။

    ရင်ထဲရှိ ရှိသမျှ ပြောရရင် တကယ်လှတယ်…………..
    မြင်သူတကာ ငေး ငေးလောက်အောင်လှရက်လို့………………………………….
    ဟုတ်ပါသလား မမနိုရာ

  • ရဲစည်

    June 21, 2012 at 9:32 am

    မမနိုရာရဲ့ စာကိုဖတ်ပီး သများလဲ ထစ်ခနဲရှိ ကတ်ကတ်လန်အောင် ပြန်ရန်တွေ့တတ်တဲ့ အကျင့်ကို အမြန်ဆုံးပြင်နိူင်ဖို့ ကြိုးစားရပါတော့မယ်ရှဉ့်…..အားပေးသွားပါတယ် ကျေးကျေးပါ… 🙂

    တက်တူးနဲ့ ဖြတ်ဖောက်ချုပ်မလေး…
    မာရီယာ ရှာရာစည်စည်(ခ)ဆယ်လီနာဂိုးရဲ

  • mamanoyar

    June 21, 2012 at 9:51 am

    အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်

  • မဂွတ် ထော်

    June 21, 2012 at 3:18 pm

    စိတ်ထားနူးညံ့ဖို့ဆို မမဂွက်ဆီလာခဲ့ …:P

Leave a Reply