အညီးပြေ………………………
အညီးပြေ…………..
အခုရက်သူများဆီက ပုံတွေကို ဘဲတင်နေတာများပါတယ်။
မန်းလေးကိုပြန်ရောက်တဲ့ရက် အရင်လောက်ကင်မရာမကိုင်မိပါဘူး။
ဒါပေမယ့် ခဏခဏရောက်ပြီး ဘယ်တော့မှမရိုက်ဖြစ်တဲ့ပြင်ဦးလွင်က နာရီစင်ရယ်။
မင်္ဂလာဈေးမှာ မဒမ်ပေါက်ဈေးဝယ်တာစောင့်ရင်းရိုက်ခဲ့တဲ့ အရုပ်ကလေးတွေရယ်။
အလှူတစ်ခုသွားရင်း ဘုန်းကြီးကျောင်းထဲမှာတွေ့ခဲ့တဲ့ဘီလူးရုပ်လေးတွေရယ်
ကျောက်တော်ကြီးဘုရား ခုံတန်းလျား လေးရယ်
သဘာဝကြီးကပေးနေပေမယ့် ကျနော်တို့ ကမယူဖြစ်တဲ့ ညနေခင်းလေးတွေရယ်ကို အညီးပြေ တင်ပေးလိုက်ပါတယ်။
ကြည့်ရင်းကြည်နူးပါစေ။
ကိုပေါက်လက်ဆောင်မြန်မာပြည်မှ အလှတရားများ
(20-6-2012)
19 comments
ကိုပေါက်(မန္တလေး)
June 21, 2012 at 9:42 am
ဒီပုံလေးတွေကတော့ သွားရင်းလာရင်းလက်ဆော့ထားတာလေးတွေအမှတ်တရပါ။
မွန်မွန်
June 21, 2012 at 10:15 am
sunset လေးကို အကြိုက်ဆုံးပဲ…မွန်မွန် အတွက်ကတော့ ဓာတ်ပုံထဲမှာပဲ မြင်ခွင့်ရတဲ့ ညနေခင်းတွေပါပဲ… လက်တွေ့ဘဝမှာတော့ ကွန်ပျူတာရှေ့မှာပဲထိုင်ပြီး အပြင်လောကကို မြင်ခွင့်မရတဲ့ဘဝပါ… 🙂
fb မှာ အက်ထားတယ် လေးပေါက်…
ရထားလား ရထားလား..ရထားရင်ပေါက်ပါ… 😛
water-melon
June 21, 2012 at 10:22 am
၉ကနေ အောက်ဆုံးပုံထိ အရမ်းကြိုက်တယ်
အန်တီပေါက်ရေ
ရိုက်ကလစ်နှိပ်ပြီး စေ့အက်လုပ်သွားပါကြောင်း
Swal Taw Ywet
June 21, 2012 at 12:13 pm
I feel so sorry.
Till now I could not use my own Lap top for Internet.
So…..Could not save it.
Thanks for sharing Ko Pauk.
I like the most the last photo. So.. peaceful.
With respect,
Swal Taw Ywet
( Yangon, Myanmar )
pan pan
June 21, 2012 at 10:31 am
လေးလေးပေါက်
လှေကလေးပုံကိုကြည့်ရတာ ဝမ်းနည်းသလိုခံစားရတယ်
အထီးကျန်သလို၊ ဆင်းရဲသလို၊ မှောင်နေသလို(အလင်းမှောင်သလိုမဟုတ်ပါ)၊ ရည်ရွယ်ချက်မဲ့သလို၊ သနားစရာကောင်းသလိုလို 🙄
ရင်ထဲမှာ တစ်မျိုးကြီးပဲလေးလေးရာ…. 😐
ဘဲဥ
June 21, 2012 at 11:19 am
အန်တီပေါက် ရေ့ သာမီးပြန်ရောက်ပါဘီချင့်
မောင်ပေ
June 21, 2012 at 11:35 am
တောဂေါ်လီ ပုံလဲ ပါဝူးးး
အဲဒါလဲ ရိုက်ပြပေးပါဦး။
mihninlay
June 21, 2012 at 11:56 am
နံပါတ်ကိုးပုံကိုအကြိုက်ဆုံးပဲလေးပေါက်ရေ
ကိုပေါက်(မန္တလေး)
June 21, 2012 at 12:03 pm
ပန်ပန်ရေ
ကျနာ်မိတ်ဆွေတစ်ယောက်ဝေဖန်တာတော့ ကျနော့်ပုံတွေက အလွမ်းဘက်နွှယ်တဲ့လို့ဝေဖန်ဘူးပါတယ်။
ုဟုတ်လဲဟုတ်ပါတယ်။
ကိုပေါက်(မန္တလေး)
June 21, 2012 at 12:08 pm
မမွန်ရေ ဖေစ်ဘုတ်မှာလာအက်တာကို လက်ခံထားပြိးကြောင်းပါ။
Zune Phyu
June 21, 2012 at 12:10 pm
ကိုပေါက်ဆီကနေတဆင့်
သဘာဝကပေးတဲ့အလှတရားတွေကို
ဝေမျှယူသွားပါတယ်……
ကိုပေါက်(မန္တလေး)
June 21, 2012 at 12:13 pm
မိနှင်းလေးရေ
အလှူအတွက် သွားယူပြိး စာရင်းတင်ပေးလိုက်ပါပြီ။
ဆူး
June 21, 2012 at 12:32 pm
သာ မီးးးးးးးးးးး ကို လှတ ပါ့တ ဘူစီပေါင်း လောက် ဝယ်ပေးပါနော်.. 😀
ဘီလူး ရုပ်တွေကတော့ စုံနေတာပဲ.. ဘီလူးတောင် မပျင်းရအောင် အတွဲလေးနဲ့ ရှိတယ် ဆိုတာ ရှာရိုက်လာတယ်။
ကိုပေါက်(မန္တလေး)
June 21, 2012 at 12:39 pm
အဲဒါကသံပြားပေါ်မှာသရိုးကိုင်ထားတဲ့လက်ရာပါ။
ရွှေတိဂုံတောင်ဘက်မုဒ်က ဘီလူးပုံကို နမူနာယူလာပြီး မန်းလေးမှာပြန်လုပ်ထားတာလို့သိရပါတယ်။
Ma Ei
June 21, 2012 at 1:24 pm
10…ပုံလေးလှတယ်…
နေမင်းကြီးက လှပသောအရောင်တွေကိုပေးဝေပြီး
လောကကြီးကိုတစ်နေ့တာ နှတ်ဆက်နေတဲ့
အလှပဆုံးအချိန်လေး…
ပန်းချီကားတစ်ချပ်လို လှနေတယ်…
TTNU
June 21, 2012 at 1:29 pm
ဖိနပ်ရယ်၊ဦးထုပ်ရယ်၊ ရေဘူးရယ်၊ ဘာသောကမှမရှိတဲ့ (ဝါ) မသိတဲ့ ခွေးတစ်ကောင်ရယ်။
ကြိုက်တယ်။ (ပုံ ၉)
အရင့်ရောင်
June 21, 2012 at 1:38 pm
နံပါတ်စဉ် 13 – 14 ကို တကယ်သဘောကြတယ်ဗျာ
ရင်ထဲမှာ စီးမြောပီး ခံစားသွားပါ၏
ငါ လည်း ဓာတ်ပုံထဲက လှေငယ်လေးလို တူနေသလားလို့ တွေးရင်းနဲ့
ရေ တစ်ခွက်သောက်မိတယ်………(မောလို့နော်)
ရေ သောက်ပြီး ပြန်တွေးတယ်
ရေ ပဲ ထပ်သောက်ဖြစ်တယ်
ဟီးးးးးးးးးးး
အရမ်းလှတယ်ဗျာ……..
မမ အညာသူ
June 21, 2012 at 1:54 pm
အန်ကယ်ပေါက်ရဲ့ပုံလေးတွေကအရမ်းမိုက်ပါတယ်
ညာအားပေးလျက်ပါနော်………….
ကိုပေါက်(မန္တလေး)
June 21, 2012 at 2:28 pm
မမအညာသူ
အန်ကယ်လို့ခေါ်လိုက်ရင် အသက်ပိုကြီးသွားသလိုဘဲဗျို့။