ခရေလိုသစ္စာရှိစေချင်…………..
ဟော..ညီမလေးရောက်လာပီလား
အစ်ကိုကြီးရောက်နေတာကြာပီလားဟင်…..
သိပ်မကြာသေးပါဘူး အစ်ကိုကြီး ညီမလေးကိုအရမ်းတွေ့ချင်နေတာ…
အစ်ကိုကြီး ခရေပန်းနံ့ရနေသလိုပဲနော်..ညီမလေးပြောမှပဲသတိရတော့တယ်
ညီမလေးအတွက်လေ အစ်ကိုကြီး ကိုယ်တိုင်ပန်ပေးမယ်….ဟုတ်ညီမလေးအရမ်း
ပျော်တယ်သိလား ..ညီမလေး….. ဟင်…အစ်ကိုကြီး ပြောလေ….ညီမလေးအပေါ်
မှာထားတဲ့ အစ်ကိုကြီးရဲ့အချစ်တွေကလဲ ခရေပန်းလေးလိုပဲနော်..ဟင်.ညီမလေး
သိပ်ပြီးနားမလည်ဘူး……အင်းဒါဆိုနားထောင် အစ်ကိုကြီးပြောပြမယ်……..
ခရေပန်းလေးတွေကအရမ်းသစ္စာရှိတာလေ…ဟုတ်..ဘယ်လိုသစ္စာရှိတာလဲ
ခရေပန်းလေးတွေက ပင်ယံပေါ်မှာရှိနေတုန်းကလဲအနံ့လေးကဒီတိုင်းလေးပဲ..
အချိန်တန်လို့မြေခရပီဆိုပြန်တော့လဲ..ခရေပန်းလေးရဲ့ရနံ့ကပြောင်းလဲမသွား
လေ…လေတိုက်တဲ့ဒဏ်ကိုခံရပြန်တော့လဲ အရောင်တာပြောင်းလဲသွားတယ်…
မပြောင်းလဲပဲရှိနေတာက ပန်းခရေရဲ့ရနံ့လေးပေါ့…….အင်းဟုတ်တယ်နော်….
ရှိသေးတယ် ညီမလေးရဲ့ …ခရေပန်းလေးကိုပန်ပြီးညှိုးနွမ်းခြောက်သွေ့သွားလို့
စွန့်ပစ်လိုက်တဲ့အခါ လူတွေရဲ့ခြေထောက်အောက်ကိုလဲရောက်သွားကျတာပဲ
လေ… လူတကာအနင်းခံရလို့ကြေမွပျက်စီးသွားလည်း ပန်းခရေ ရဲ့ရနံ့လေးက
တော့ မွှေးကြိုင်နေဆဲပဲလေ….. ဟုတ်တယ်နော်…ညီမလေးလဲဒီခရေပန်းလေးကို
ခြောက်သွေ့သွားတဲ့ထိ သိမ်းထားမယ်သိလား…….နောက်ပြီး အစ်ကိုကြီးအပေါ်
မှာထားတဲ့ ညီမလေးရဲ့အချစ်တွေကလဲခရေပန်းလေးရဲ့ရနံ့လေးလိုပဲနော်………
ရာသီတွေဘယ်လိုပြောင်းပြောင်း….အခြေနေတွေဘယ်လိုဖြစ်ဖြစ် အစ်ကိုကြီး
တစ်ယောက်ထဲကိုပဲ သစ္စာရှိရှိချစ်နေမယ်နော်….ဟုတ်ပါပီဗျာ….အစ်ကိုကြီးလဲ
ညီမလေးနဲ့ထပ်တူပါပဲကွာ…..အစ်ကိုကြီး…ညီမလေးပြန်တော့မယ်လေ….
ဟုတ်ပါပီဗျာ…ညီမလေးကို တစ်သက်လုံးသစ္စာရှိရှိနဲ့ချစ်သွားမယ်နော်…
ဂေဇတ်ရွာသူရွာသားများရှင့်
လိုတာတွေရှိရင်ဖြည့်ဖတ်လိုက်ပါနော်
ဂေဇတ်ရွာသူရွာသားများလဲသစ္စာရှိတဲ့
မိတ်ဆွေကောင်း၊ချစ်သူကောင်းနဲ့
တွေ့ဆုံနိုင်ပါစေ………
26 comments
မောင်ပေ
June 21, 2012 at 2:17 pm
အင်းးး ကိုကြီးပေ လဲ ညလေးရှင်းလို ခရေ ခရေဇီတစ်ယောက်ပါ
မန်းတလေး ကုသိုလ်တော်ဘုရားဝင်းကြီးထဲမှာ ခရေပန်းပွင့်လေးတွေ ကောက်ခဲ့ဖူးပါတယ်။
ရှင်းသန့် နွယ်
June 21, 2012 at 2:22 pm
ဂုဏ်ယူပါတယ် ကိုကြီးပေ
အကြိုက်ချင်းသူ ရန်သူဆိုလား 😛
မောင်ပေ
June 21, 2012 at 2:27 pm
ရှင်းကလေးနဲ့ကိုပေ ဂျစ်တူတွေလို ဖြစ်ပါရစေကွယ်… ဟီဟိ
အူးကြောင် စကားယူသုံးထားပါသည်။
ဘဲဥ
June 21, 2012 at 3:19 pm
အူးလေးအူးလေး တတိထားနော် အူးလေးမိန်းမက တအားအူတိုတတ်တာ
ဝှီးးးးးးးးးးးးးးးးးးးးးးးးးးးး
myanmarcitizen
June 21, 2012 at 2:46 pm
အရက်ဖိုးလိုတိုင်း ဘုရားထဲက ခရေပန်းလေးတွေ ကောက်ကောက်ရောင်းတာမသိတာမှတ်လို့။ 🙂 ဟီးစတာ စိတ်ဆိုးရဘူး
Ma Ei
June 21, 2012 at 2:19 pm
သစ္စာရှိတဲ့မိတ်ဆွေကောင်း၊ချစ်သူကောင်းနဲ့
တွေ့ဆုံနိုင်ပါစေ………
ရှင်းသန့်နွယ်ရဲ့ဆုတောင်းလေး ကောင်းလိုက်တာ…
အားပေးပါတယ်နော်…
စိန်ဗိုက်ဗိုက်
June 21, 2012 at 2:20 pm
ညီမလေး..
ကိုကြီး..
ကိုကြီး..
ညီမလေး..
ကိုကြီး..
ညီမလေး..
အဲ….အဲ..
ညီမလေးပေးတဲ့ဆုနဲ ့ပြည့်ပါစေသတည်း..
ပုံ၊
တိုရီး
မဂွတ် ထော်
June 21, 2012 at 2:25 pm
အားပေးသွားပါတယ်နွယ်ရေ
မမ အညာသူ
June 21, 2012 at 2:29 pm
ခရေပန်းလေးနှင့်စတဲ့ချစ်ဇတ်လမ်းတစ်ခန်းရက်ပေါ့
အားပေးပါတယ်အစ်ကိုြကြီးေ၇…….
အယ်မှားလို……….မမရှင်း………..:PPP
mamanoyar
June 21, 2012 at 2:39 pm
အစ်ကိုကြီးနဲ့ ညီမလေးဇာတ်လမ်းလေးပါလား
တကယ့်ဖြစ်ရပ်မှန်ထင်တယ်
ဟုတ်လားဟင်
ရှင်းသန့် နွယ်
June 21, 2012 at 2:41 pm
ဘယ်လိုခေါ်မလဲ….???
လာပါအုံးပေါ့ ..နော် 😛
ဘဲဥ
June 21, 2012 at 3:28 pm
လာဘီလာဘီ ဘာလဲပြော
ညလေး
June 21, 2012 at 3:29 pm
ညီမလေးဆိုတော့……ညလေးပေါ့.မဟုတ်လား(နှောက်ထှာ)
ခရေပင်အောက်ကချစ်ပုံပြင်လေး…….ကိုအားပေးသွားပါတယ်………ရှင်းငန်.ရယ်
အပိုင်းဆက်ကလေးမြန်မြန်ပေးတော့နော်..
Mလုလင်
June 21, 2012 at 6:48 pm
လူတကာ ထဲမှာ ခွေးအီအီး တက်နင်းထားတာ မပါ လို့ပဲဖြစ်ရမယ် … အဲ့ ဒါပေနေတဲ့ ဖိနပ် နဲ့ နင်းခံရလို့ ကတော့ .. ခရေနံ့ လဲ မကယ်နိုင် ဖြစ်သွားလောက်တယ်….။
ပိုစ့်ပိုင်ရှင် ရေ … သူကြီးက မတူတာ တွေးရမယ် ဆိုလို့ဘာနော့။
အလင်းဆက်
June 21, 2012 at 6:52 pm
မမ နဲ ့မောင်လေး ဇာတ်လမ်းကလေးလည်း..ရေးပါဦးဗျို ့
hein latt
June 22, 2012 at 9:55 am
ရှင်းသန်.ရေ စကားပြောတာကိုရေးရင် တစ်ယောက်တစ်ကြောင်းရေးရင်ပိုအဆင်ပြေပါတယ်….
ဖတ်ရတာပိုရှင်းတာပေါ့….အစကတစ်ယောက်တည်းပြောနေတယ်ထင်တာ….
ရှင်းသန့် နွယ်
June 22, 2012 at 9:59 am
အင်းဟုတ်တယ်နော်…
ခုလိုအကြံပေးတဲ့ ကိုဟိန်းလတ်ကို
ကျေးဇူးအရမ်းတင်ပါတယ်နော်…..
etone
June 22, 2012 at 2:55 pm
ပေးတဲ့ ဆုနဲ့ ပြည့်ပါစေ .. အဟိ 😀
ဒါနဲ့ .. .ညီမလေးနဲ့ .. အစ်ကိုကြီး စကားပြောတွေက ဆက်နေတော့ .. ဖတ်ရင်းဖတ်ရင်း … ညီမလေးလား အကိုကြီးလားဆိုပြီး … အပေါ်က စာကြောင်းတွေ ပြန်ပြန်ဆက်ရတယ် … ။
ရှင်းသန့် နွယ်
June 22, 2012 at 2:59 pm
ဟုတ်တယ်..
ရှင်းသန့်လဲသတိမထားလိုက်မိဘူး..
နောက်postတွေတင်ရင်တော့ သူငယ်ချင်းတွေ
အကြံပေးသလိုရေးမယ်နော်…..
ရှင်းသန့် နွယ်
June 22, 2012 at 3:00 pm
ကျေးဇူးပါမမ အိတုန်
နောက်ဆိုတစ်ကြောင်းစီရေးမယ်နော်…
Nyein Nyein
June 22, 2012 at 3:41 pm
တောင်းတဲ့ဆုနဲ့ ပြည့်ရပါလို၏နော်။ မိတ်ဆွေကောင်းတွေနဲ့တော့ တွေ့ရပါတယ်။ ချစ်သူကောင်းကတော့ အခုထိကိုမတွေ့သေးဘူး။ ဘယ်တွေ့မလဲ။ ရှာမှမရှာတာကိုး။ မမရှင်းသန့်ကိုလည်း ပြန်ဆုတောင်းပေးလိုက်တယ်နော်။
koko thant
June 22, 2012 at 3:42 pm
ခရေပန်းတွေ သစ္စာရှိသလို ကျနော်တို့လူတွေလည်းသစ္စာရှိရင်ကောင်းမှာပဲနော် မရှင်းသန့်နွယ်
မဂွတ် ထော်
June 22, 2012 at 4:45 pm
အောင်မာ ကလေး …ကလေးလိုမနေဘူး
ရှင်းသန့် နွယ်
June 24, 2012 at 9:05 am
ဟုတ်တာပေါ့မောင်လေးရယ်
သစ္စာတရားဆိုတာ လူတိုင်းမှာရှိသင့်တယ်လေ……..
သားဦး၊မြေးဦး
June 23, 2012 at 9:48 am
ခရေ ကိုအကြွေပန်းအဖြစ်ရအောင် ညကဘဲ
အပင်ပေါ်တက်ခူးသူရှိတယ်တဲ့။ဟီးးးးးး
Htet Htet Soe Hlaing
June 24, 2012 at 11:51 am
ခရေပန်းဇာတ်လမ်းလေးပေါ့နော် ကဗျာဆန်လိုက်တာ အဲလိုပြောတတ်တဲ့သူကိုgoogleမှာရှာလို့ရလားမသိဘူးနော်