ချစ်သူသိမှာပါနော်………
ချစ်သူ….
တိမ်လွှာတွေ ညိုမှိုင်း
မြူတွေဆိုင်းနေပေမယ့်
မိုးမရွာဘူးဟာ……..
မိုးအေးအေး
ငါ့ရဲ့နှလုံးသားလေး
အလွမ်းမိုးတွေရွာနေတာ
နင်ကလွဲရင်ဘယ်သူမှသိနိုင်မှာမဟုတ်ပါဘူးဟာ….
နင်နဲ့ငါ လူချင်းဝေးနေပေမယ့်
နှလုံးသားချင်းနီးနေတာများလား?????
ငါနင့်ကိုလွမ်းသလို နင်ငါ့ကိုလွမ်းနေမယ်ဆိုတာ
ငါအလိုလိုသိနေတယ်……
ဘယ်လိုပဲဖြစ်ဖြစ်ပါလေ…..
နင်နဲ့ငါတစ်နေ့မှာဆုံဆည်းခွင့်ရမယ်ဆိုတဲ့
မျှော်လင့်ချက်လေးတစ်ခုနဲ့တင်
ဆုံဆည်းရမယ့်နေ့လေးကိုငါစောင့်မျှော်နေတယ်ဆိုတာ
နင်သိမှာပါနော်……..
လိုတာလေးတွေရှိခဲ့ရင်
ပြင်ဖတ်ပေးပါနော်…..
21 comments
ဒိုးစနစ်
June 21, 2012 at 4:40 pm
ဟုတ်..
တခုလုံး ပြင်ဖတ်သွားတယ်..
ဟီး..နောက်တာနော်..
ကောင်းပါတယ်…ဆိုလိုရင်းကို နားလည်တယ်
ရှင်းသန့် နွယ်
June 21, 2012 at 4:46 pm
မမရှင်းသန့်ရေးတဲ့ကဗျာကို
ဒိုးစနစ် နားလည်အောင်ဖတ်နိုင်တယ်ဆိုတော့
သိပ်တော်တာပဲ…..ကဗျာဖတ်ပြီးမျက်စိလည်တာတော့ဟုတ်ပါဘူးနော်:P
mamanoyar
June 21, 2012 at 4:41 pm
မြန်မြန်ဆုံဆည်းနိုင်ပါစေလို့
ကဗျာလေးကိုဖတ်ပြီး
ဆုတောင်းသွားပါတယ်နော်
ရှင်းသန့် နွယ်
June 21, 2012 at 4:44 pm
ကျေးဇူးပါ မမနိုရာ
ပျင်းတာနဲ့ကဗျာလေးစပ်ကြည့်လိုက်တာ…
ကောင်းတယ်မလား
စိတ်ပျက်ဖို့:P
cum min
June 21, 2012 at 4:53 pm
good poem i like that. i want to read next poem.
စိန်ဗိုက်ဗိုက်
June 21, 2012 at 7:04 pm
ကျနော်လဲ အဲသလို ကဗျာကောင်းကောင်းလေးတွေ ရေးတတ်ချင်လိုက်တာဗျာ..
maung khinmin
June 21, 2012 at 7:19 pm
နာမည်နဲ ့လိုက်အောင်….အရေးအသားက..ရှင်းလွန်းပါ့ဗျာ
အလင်းဆက်
June 21, 2012 at 7:19 pm
သိပါတယ်..မ …ရယ် ။ ကျွန်တော် သိပါတယ် ။
ဆုံဆည်းခွင့်ဆိုတာ ဘုရားပေးတာချည်းပဲ.မဟုတ်ပါဘူး.မ..ရယ်.။
ကိုယ်တိုင် ဖန်တီး.ယူရင်လည်း..( တစ်ခါ တစ်ရံ.)
ရတတ်ပါတယ်..။
နှလုံးသားချင်း နီးတာပေါ့ မ..ရယ် ။ ကဗျာရေးသူ ချင်းပဲဟာ…။
ကျွန်တော်လည်း..မ ကို လွမ်းပါတယ် ။
အလွမ်းဆိုတာ အဝေးကို ထပျံသွားတတ်တဲ ့ငှက်ကလေးသာဆို..မ ဆီကို ပျံလာခဲ့မှာ သေချာပါတယ်.မ..ရယ် ။
မ..ရေ…
အဲ.နောက်တာနော် ။ မ…
ကြောင်ဝတုတ်
June 21, 2012 at 8:45 pm
ဟုတ်ကဲ့ ကျွန်တော်သိပါတယ် မမ
လစ်ပြီ
ကြောင်ဝတုတ်
မောင်ပေ
June 21, 2012 at 8:51 pm
မသိဘူး ၊ မောင်ပေ လုံးဝ မသိဘူး
ရှင်းလေး ပေ့အနားလာပြီး တိုးတိုးလေးပြောပေးဘာနော… ဟီဟိ
Thel Nu Aye
June 21, 2012 at 10:54 pm
ရှင်းလေးရေ ပြေးပြေး အဲဒီအူးလေးပေနားကလွတ်အောင်ပြေး။ ဝေးဝေးးးးးးးးးးးးးးးးး
Mလုလင်
June 22, 2012 at 12:45 am
အစ က နေ စဖတ် လာပြီး နောက်ဆုံး
” လိုတာလေးတွေရှိခဲ့ရင် ပြင်ဖတ်ပေးပါနော်….. ”
မှာ ဖီလ်း နဲနဲ ငုပ် သွားတယ်။ ယုံကြည်မှု ရှိရှိနဲ့ မသိချင်ယောင်ဆောင် လွှတ်လိုက်မယ် ဆိုရင် ပို အဆင်ပြေ မလားလို့ပါ။
ရှင်းသန့် နွယ်
June 22, 2012 at 9:53 am
ဟုတ် နောက် ကဗျာတွေကျလွှတ်လိုက်မယ်…..
ကျေးဇူးနော်……
ကြောင်ကြီး
June 22, 2012 at 9:13 am
မိုးမရွာ
ဦးရှင်ကြီးတင်
နံကရိုင်းမယ်တော်ခေါ်
လွန်ဆွဲပွဲလုပ်..
ချစ်သူမလာ
အနှိပ်ခန်းမှာရှာ
ကလပ်သွားကြည့်
ဟိုဟိုဒီဒီစုံစမ်း..
ဘယ်သူမှ
မသိဗေမဲ့
ကြောင်ကြီးသိဒယ်
ဒါမျိုးဒွေ
ယိုးနေဗီ
ဘာလို့လဲသိလား
ငါ့ဝမ်းပူဆာ
မနေသာလို့…။
we R one
June 22, 2012 at 9:42 am
ချစ်သူ….
တိမ်လွှာတွေ ညိုမှိုင်း
မြူတွေဆိုင်းနေပေမယ့်
မိုးမရွာဘူးဟာ……..
မိုးအေးအေး
ငါ့ရဲ့နှလုံးသားလေး
အလွမ်းမိုးတွေရွာနေတာ….။
အဟင့် အခံစားနိုင်ဘူး……:-(
မမ အညာသူ
June 22, 2012 at 9:49 am
တကယ်တော့လူချင်းဘယ်လောက်ပဲဝေးနေပါစေ
နှလုံးသားချင်းနီးနေမယ်ဆိုရင်………
အနီးဆုံးကမ္ဘာမှာနင်နှင့်ငါပေါ့………..
ဘဲဥ
June 22, 2012 at 9:52 am
လက်ဖဝါး နှစ်ဖက်ကြားမှာ မိုင်တွေရာချီဝေးနေလည်း
ခိုင်မြဲတဲ့ သံယောဇဉ်ကြိုးလေးနဲ့ ဆက်သွယ်ထားတယ်
ညလေး
June 22, 2012 at 1:56 pm
ဟုတ်ကဲ.သိပ်သိတာပေါ့…….ရှင်းသန်.ရယ်……
အရင်တုန်းမိုးလေးဖွဲဖွဲရွာလာရင်….နှစ်ယောက်သားသီချင်းလေးညည်းကြတာမှတ်မိသေးလားဟင်…..
မိုးရွှာရင်မိုးရေချိုးမယ်……..
……
အားပေးသွားပါတယ်နော်……..
အရမ်းကောင်းတဲ…….အလွမ်းဇတ်လေးပဲနော်…….
koko thant
June 23, 2012 at 3:25 pm
မရှင်းသန့်နွယ် အဲ့ဒီနေရာမှာ မမအညာသူက ဆရာကီးပဲနော်
ရှင်းသန့် နွယ်
June 24, 2012 at 9:13 am
ဟုတ်တယ်လေ…
မမအညာသူက ဆရာမကြီးလေ….ဟိဟိ
snow white
July 5, 2012 at 6:05 pm
နင်နဲ့ငါတစ်နေ့မှာဆုံဆည်းခွင့်ရမယ်ဆိုတဲ့
မျှော်လင့်ချက်လေးတစ်ခုနဲ့တင်
ဆုံဆည်းရမယ့်နေ့လေးကိုငါစောင့်မျှော်နေတယ်ဆိုတာ
နင်သိမှာပါနော်…….. အဲ့နားလေးကစနိုးနဲ့တိုက်ဆို်င်တယ် တကယ်ခံစားရတယ်…