Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နတ်ကတော်လုပ်နည်း နိဿရည်း

zaylayJune 25, 20101min1801

နတ်ကတော်လောကတွင်ကျင်လည်ရိုက်စား နတ်ကတော်ကြီးများရှေ့
ထွန်ကျူးသည်မဟုတ် ပါ သိသမျှရေရသော် နတ်ကတော်လုပ်နည်း နိဿရည်းကား ..

၁) အရူးထောင်လဲ အရောက်လှမ်းရမည် ၊ မမူးအောင်လဲအသောက်ကျွမ်းရမည် ။

၂) ကနားထိန်းကိုလဲ အဖားရမည် ၊ အသားစိမ်းကိုလဲ စားရမည် ။

၃) နတ်ဆိုင်းဆရာကိုလဲ အတီးကောင်းအောင်ကပ်ရမည် ၊ နတ်သမိုင်းစာကိုလဲ အရွီးကောင်းအောင် ဖတ်ရမည် ။

၄) လျှာထွက်အောင်လဲ အပြောမြိုင်ရမည် ၊ အသပြာထွက်အောင်လဲ အဟောပိုင်ရမည် ။

၅) အပြောကျင့်က တစ်မနက်တည်းနှင့် မောနိုင်သည် ၊ အဟော သင့်က တစ်ချက်တည်းနှင့်ထောနိုင်သည် ။

၆) လေချဉ်ဆိုးကိုလဲ မထအောင် ကြံတတ်ရမည် ၊ ရေစင်ဖိုးကိုလဲ ရအောင် ဖန်တတ်ရမည် ။

၇) သရဲလိုခြောက်ပြီး ကျားလောက်လဲ လျင်ရမည် ၊ ဆဲဆိုငေါက်ပြီး စားပေါက်လဲထွင်ရမည် ။

၈) အဆန်းထွှင်ကာ ဓါးစတန့်လဲ ပြရမည် ၊ ရှမ်း ကရင် ဗမာ ကုလား ဒန့်စ်လဲ ကရမည် ။

၉) ပွေးမန်းလဲ တတ်ရမည် ၊ အပေးအကမ်းလဲ ဖြတ်ရမည် ။

၁၀) လောင်းကစားလဲ နွှဲရမည် ၊ အတောင်းအစားလဲ ရဲရမည် ။

၁၁) ဇာတ်ခုံပေါ်လဲ ကြောင်ရဲရမည် ၊ နတ်ပုံတော်လဲ ပေါင်ရဲရမည် ။

၁၂) ယတြာကိုလဲ ဆောင်ရမည် ၊ ပဝါကိုလဲ ပေါင်ရမည် ။

၁၃) ဒေါင်းဖဲကိုလဲ ကပ်ထားရမည် ၊ ဗလောင်းဗလဲကိုလဲ တတ်ထားရမည် ။

၁၄) ဂါတ်စာရေးလာမှ အာမခံရသည် ၊ နတ်မေးလာမှ ဆာသမျှနှံရသည် ။

၁၅) အရပ်နူး ကိုလဲ အတည့်တွေးရမည် ၊ နတ်ရူးကိုလဲ တပည့်မွေးရမည် ။

ဒါ့ကလောက် တတ်လျှင်ဖြင့် ဘဝတစ်သက်တာ ငတ်စရာမရှိ ကြီးပွားဖို့သာရှိကြောင်း ကျွန်ုပ်က ရဲရဲကြီး အာမခံပါသည်။
နတ်ကတော်လောကတွင်ကျင်လည်ကျက်စား သာမန်နတ်ကတော်များထက် တစ်ကွက်သာစေရန်
ဆောင်ရန်နည်းလမ်းများကိုလဲ အရူးချေးပန်း ပရမ်းပတာ ရှင်းပြပါဦးမည် ။

၁) ကြက်သားကိုလဲ အုပ်ရမည် ၊ ဝက်သားကိုလဲတုတ်ရမည် ။
ကြက်သားကို အုပ်မှ ကြက်ငှက်တုပ်ကွေးဖြစ်နိုင်သည် ၊ ဝက်သားကို တုတ်မှ ဝက်ပုပ်ကလေးဖြစ်နိုင်သည် ။

၂) ပရမ်းပတာလဲ ပြောရမည် ၊ လမ်းမှာလဲဟောရမည် ။
ပရမ်းပတာ ပြောမှ အဟုတ်ထင်သည် ၊ လမ်းမှာ ဟောမှအလုပ်တွင်သည်။

၃) ငါးခြောက်ကိုလဲ ကြော်ရမည် ၊ အခြောက်လိုလဲ ပျော်ရမည် ။
ငါးခြောက်ကိုကြော်မှညှော်မိသည် ၊ အခြောက်လိုပျော်မှ အဖေါ်ရှိသည် ။

၄) လင်ကိုလဲ ညာတတ်ရမည် ၊ အချဉ်ကိုလဲ ရှာတတ်ရမည် ။
လင်ကိုညာတတ်မှ မိုက်လို့ကောင်းသည် ၊ အချဉ်ကို ရှာတတ်မှ ရိုက်လို့ကောင်းသည်။

၅) ဒိုင်ခံစရာ ကျပ်ငွေ အပိုလဲရှိရမည် ၊ နိုင်ငံတကာ နတ်တွေကိုလဲ သိရမည် ။
ဒိုင်ခံစရာ ကျပ်ငွေ အပိုရှိမှ အလျော်အစားမြိုင်သည် ၊ နိုင်ငံတကာ နတ်တွေကိုသိမှ ကျော်ကြားနိုင်သည် ။

၆) တောအရက်လဲ သောက်ရမည် ၊ ဟောချက်လဲပေါက်ရမည် ။
တောအရက်သောက်မှ ခံတွင်းသန့်ပြီး လျှောက်လည်ဟောနိုင်သည် ၊ ဟောချက်ပေါက်မှ သတင်းပျံ့ပြီးဖောက်သည်ပေါနိုင်သည် ။

၇) အပျော်ကိုလဲ ကြိုက်ရမည် ၊ စားတော်ကိုလဲ တိုက်ရမည် ။
အပျောက်ကြိုက်မှ အတွဲအသစ်ထားနိုင်သည် ၊ စားတော် တိုက်မှ အသည်းအမြစ်စားနိုင်သည် ။

၈) မြွေတောကိုလဲ ဖြတ်ရမည် ၊ ကြွေဟောကိုလဲ တတ်ရမည် ။
မြွေတောကိုဖြတ်မှ မြွေပြီးနိုင်သည် ၊ ကြွေဟောကိုတတ်မှ လေကြီးနိုင်သည် ။

၉)ဘူတာကတိုလဲ တစ်ရက်ကြိုပြေးရမည် ၊ လူတကာကိုလဲ မျက်နှာချိုသွေးရမည် ။
တစ်ရက်ကြိုပြေးမှာ သွားစရာ တီးကတ်ရသည် ၊ မျက်နှာချိုသွေးမှ စားစရာဖရီးနှက်ရသည် ။

၁၀) အကြွေးလဲ ဆန်ဆီ မကျန်ဖြဲရမည် ၊ အပြေးလဲ ချန်ပီယံ ဆွဲရမည် ။
ဆန်ဆီမကျန်ဖြဲမှ အမြတ်ထွက်ချေသည် ၊ ချန်ပီယံဆွဲမှ နတ်သက်ရှည်သည် ။

တတ်မှစားရသည်မဟုတ်ပါ ၊ နပ် လျှင်လဲ စားရပါသည်။
ငတ်မှလာဘ်မျှော်ဖြစ်သည် ၊ နပ်မှ နတ်ကတော်စစ်သည်။
လိပ်ပြာသိပ်မှ နတ်ကတော်ဖြစ်သည်မဟုတ်ပါ၊ ရိတ်စရာ ရိတ်လျှင်လဲ နတ်ကတော်ဖြစ်ပါသည် ။
ရေစင်သောက်မှဖြစ်သည်လဲမဟုတ်ပါ ၊ ရေသန့်သောက်လဲ ဖြစ်ပါသည် ။
လူလိုမှ နတ်လိုပါသည် ၊ အူစိုမှ အငတ်ပိုပါသည်။

( ၂၀၀၈ ဒီဇင်ဘာလ ထုတ် သောင်းပြောင်းထွေလာ ရယ်စရာ Magazine
စန်းဝင်းရှိန်(သမိုင်း)၏ ဦးလေးရှိန်က နတ်ကတော်လက်သစ် ဒေါ်ရွှေချစ်ထံပေး မေတ္တာစာမှ ကူးယူ ဖေါ်ပြခြင်းဖြစ်သည်။ ရယ်မောပျော်ရွှင်စေခြင်းထက် မပို ပါ)

ပို့သသောမေတ္တာ သက်ဆိုင်သူထံသွားပါစေ
ကိုသစ်ကို

One comment

  • chitsayar

    June 26, 2010 at 6:40 pm

    နတ်အကိုင် ခံ ရမှ ယားကြိ ယားကြိ ဖြစ်နေဦးမယ် ဟီ ဟိ

Leave a Reply