မမျှော်လင့်ခဲ့ပါဘူး
အလုပ်ကနေ ညနေ ၆-နာရီမှာ အိမ်ပြန်ရောက်တော့ မှောင်စပြုနေပြီ။ အေးကလည်း အေးတယ်။ အိမ်ထဲလည်း ဝင်ရော မိန်းမဖြစ်လုပ်သူက မြန်မာရုပ်ရှင်ကို လက်တော့ကွန်ပြူတာနဲ ့ကြည့်တယ်။ သားလုပ်တဲ့သူက အိုင်ပတ်တူးနဲ ့စစ်တိုက်တဲ့ဂိမ်းကစားနေတယ်။ သမီးအလတ်ကလည်း အိုင်ပတ်တူးနဲ ့ထမင်းချက်တဲ့ ဂိမ်းကစားပြီးငြိမ်နေတယ်။ အငယ်ဆုံးသမီးက သူ ့အမဘေးမှာထိုင်ပြီး လေ့လာရေးလုပ်လို ့။ သူတို ့အားလုံးက Living Room ထဲ Leather ဆိုဖာခုံပေါ်မှာ ထိုင်ပြီး သူတို ့စိတ်ဝင်စားတာကို လုပ်နေရလို ့ အလုပ်ကပြန်လာတဲ့ကျနော့်ကို တောင် နုတ်မဆက်အားဘူး။ အရှေ ့မှာ လက်မ လေးဆယ်လောက်ရှိတဲ့ Flat TV ကိုလည်း ဒီအတိုင်းဖွင့်ထားတယ်။ တီဗွီကြည့်လိုက် ဂိမ်းကစားလိုက် လုပ်နေကြတဲ့ ခလေးတွေနဲ ့မိန်းမ။
ယူနီဖောင်းကိုနဲ ့ဘွတ်ဖိနပ်ကို ချွတ်။ပြီးတာနဲ ့ ဝိုင်ပုလင်းကို ဖွင့်ပြီး ဖန်ခွက်အရှည်နဲ ့တစ်ခွက်အပြည့် မော့ချလိုက်တယ်။ ခဏကြာတော့ အေးစက်နေတဲ့ ခြေတွေလက်တွေ နွေးတက်လာတယ်။ ဝိုင်ရဲ ့တန်ခိုးဆိုတာ ဒါကိုပြောတာ။ အရမ်းအေးတဲ့ရာသီရောက်ရင် ဘယ်တော့မှ ဘီယာမသောက်ဘူး။ ဝီစကီနဲ ့ဝိုင်သာ ချလိုက်ရင် အရမ်းကိုနေလို ့ထိုင်လို ့ကောင်းတယ်။
ဝိုင်သောက်တာနဲ ့အရက်သောက်တာ ဘယ်ဟာက ပိုပြီး အနရာယ်ဖြစ်လဲဆိုတော့ အရက်ကပိုပြီးဖြစ်တယ်။ အရက်က အဟာရမရှိဘူး။ ဝိုင်က အဟာရရှိသလို ဈေးလည်းပေါတယ်။ စပျစ်သီးရည်ဆိုတော့။ နောက်ပြီး ဝိုင်က နှလုံးရောဂါဖြစ်နိုင်ခြေကို ကာကွယ်ပေးတယ်။ အန္တရယ်ရှိတဲ့ ကိုလက်စထရောကို ဝိုင်က သတ်ပေးတယ်။ အန္တရာယ်မရှိတဲ့ ကိုလက်ထေရော အားကောင်းလာအောင် ပံ့ပိုးတယ်။ ခြုံပြီးပြောရရင် ဝိုင်က ကျန်းမာရေးအတွက် အထူးကောင်းတယ်။ မူးလည်းမူးတယ်။
အရက်ကတော့ သိတဲ့အတိုင်းပဲ။ ဒါပေမဲ့ ကျနော်က ဒါကိုမှ ပိုပြီး ချစ်တယ်။ ခပ်ကြမ်းကြမ်းလေးဆိုတော့။
အပေါ်က ဟာကို ဆက်ရအောင်။ ဝိုင်ပုလင်းနဲ ့ဆမ်ဆောင်ဂလက်ဆီ အက်စ်တူးကို ဖွင့်ပြီး အီးမေးဖတ်လိုက်။ သတင်းဖတ်လိုက်။ ဟိုကြည့်ဒီကြည့်နဲ ့အမြည်းလုပ်ရတယ်။ အလုပ်က ပြန်လာချင်း ရေမချိူးအားသေးဘူး။ စားစရာထမင်းဟင်းကလည်း အဆင်သင့် ဇနီးသည်က ချက်ထားတယ်။ ထမင်းစားပွဲဝိုင်းကိုလှမ်းကြည့်လိုက်တော့ ငပိရည်တစ်ခွက်နဲ ့မျှစ်ပြုတ်တွေက ပြူးနေတာပဲ။ ဒါကို ကြည့်ပြီး ကျနော်တစ်ချက်ပြုံးမိတယ်။ ဗမာဆိုတော့ ငပိမပါရင် မပြီးဘူးမှတ်လား။
ဝိုင်ရယ် အင်တာနက်ရယ် ခလေးနဲ ့မိန်းမရယ်…..သူတို ့အားလုံးက အကုန်လုံး ကွန်ပြူတာပေါ်မှာပဲ အပျင်းဖြေကြရတဲ့ ဘဝ။
လွန်ခဲ့တဲ့ ၁၆-နှစ်က ကျနော်ရယ်၊ အမေရယ်၊ အဖေရယ်…..အားလုံးသော မိသားစုတစ်စုလုံး ဒီလိုအချိန်မှာ ငါးကန်က ရလာတဲ့ငါးတွေကို အကြေးခွံခွာ၊ ဆားနယ်၊ ပြီးတာနဲ ့ပိုတဲ့ဟာကို မနက်ပိုင်းမှာ ရောင်းဖို ့ပြင်ကြရတယ်။ နေ့လည်က အမေချိူထားတဲ့ မျှစ်တွေကလည်း အိုးထဲမှာ ပြုတ်ပြီးသား။ ကျနော့်ကိုယ်တစ်ခုလုံးလည်း ဗွက်တွေနဲ ့ပေရေလို ့။ အဖေကတော့ မှောင်လာပြီဆိုတော့ ဘီအီးတစ်ပိုင်းရယ် ငါးခြောက်ကြော်လေးနဲ ့ဇိမ်ယူနေတယ်။ အဲဒိတုန်းက ကျနော်အထက်ကပြောတဲ့ အိုင်ပတ်တူး၊ ဆန်ဆောင်ဂလက်ဆီအက်စ်တူး၊ လက်တော့ကွန်ပြူတာ၊ အင်တာနက်၊ ဖလက်တီဗွီ၊ဆိုဖာခုံ၊ ကိုယ်ပိုင်မော်တော်ကား၊ ဂျက်လေယျာဉ်စတဲ့ စကားလုံးတွေကို ကြားတောင်မကြားမိပါဘူး။ စိတ်ကူးယဉ်ဖို ့အတွက်လည်း ဗဟုသုတမရှိခဲ့ဘူး။ တစ်နေ ့လုပ်မှ တစ်နေ့ စားတွေဆိုတော့။ ပျည်ထောင်အိမ်အစုတ်လေးပေါ်မှာ မိသားစု ခုနှစ်ဦး ကျပ်ကျပ်တည်းတည်းနဲ ့ပေါ့။ နောက်ဘေးက စဉ့်အိုးထဲမှာ ရေချိူးရတယ်။ ဒီလိုမျိူး။
အခုကြတော့ တစ်ခါမှ စိတ်ကူးမယဉ်ခဲ့တဲ့ဘဝကို ပိုင်ဆိုင်နေရပါပြီ။ ဝိုင်လေး လေးငါးခွက်ရလာတော့ နဲနဲရီဝေလာပြီး အတွေးကလည်း လင်းလာတော့ ဒီစာကို ကောက်ကာငင်ကာရေးမိပါတော့တယ်။
နောက်ဆုံးတော့ ဘဝဆိုတာက ကိုယ်ဖြစ်ချင်တိုင်းလည်း မဖြစ်ရပါဘူး။ အချိန်တန်ရင်တော့ သူ ့ဟာသူ ဖြစ်သွားတာပါပဲ။ ပျော်တဲ့နေရာမှာလည်း မနေရဘူး။ တော်တဲ့နေရာမှာပဲ ကြီးပျင်းရအုံးမှာပေါ့လေ။
အားလုံးသောလူတိုင်း ပျော်ရွှင်ကြပါစေ။
21 comments
ahnyartamar
June 23, 2012 at 11:47 am
ရုပ်ရှင်လား? ကိုယ်ပိုင်ဘဝလား?
phone_kyaw
June 23, 2012 at 11:59 am
My present Life in Australia
ကိုရင်မောင်
June 23, 2012 at 12:01 pm
ဟုတ်ပဗျာ…ကျနော်တို့လဲ ဘယ်တုန်းကမှစိတ်မကူးမိခဲ့တဲ့
တရုတ်ပြည်ထဲကိုရောက်နေရတယ်…
နေသားတကျတောင်ဖြစ်နေတယ်လို့ခံစားနေမိတယ်…..
Thel Nu Aye
June 23, 2012 at 12:16 pm
ကိုယ်ပိုင်တဲ့နေရာဟာကိုယ့်နေရာ။ ကိုယ်ပိုင်တဲ့ဘဝကကိုယ့်ဘဝ။ အဲတော့လဲ ကိုယ်ရွေးချယ်ထားတဲ့ နေရာ၊ ကိုယ်ရွေးချယ်ထားတဲ့ဘဝမှာပဲ နေသားကျပျော်ရွှင်အောင်ကြိုးစားရတော့မှာပါပဲ။
မဟာရာဇာ အံစာတုံး
June 23, 2012 at 12:38 pm
ကိုဖုန်းကျော်က ဝိုင်လေးငါးခွက်လောက် သောက်တာနဲ့
အတွေးတွေ လင်းလက် လာရောလားဗျ ..
ကျုပ်ကတော့ ဒီလို မဟုတ်ဘူး ..
ဆေးလိပ်လေး လေးငါးဖွာလောက် ဖွာလိုက်၊ ရှိုက်လိုက်ရင်
အတွေးတွေ လင်းလာရော …
မမျှော်လင့်တဲ့ ဘဝကို ရောက်လာတယ် ..
ပြီးတော့ မမျှော်လင့်ချင်တဲ့ ဘဝကိုလည်း ရောက်ရဦးမယ် …
kokothandar
June 23, 2012 at 12:51 pm
ဒီတစ်ခါ ဖတ်ရတော့ အဆင်ပြေသား အရင် ပိုစ့်တွေဖတ်တော့ တစ်ခုခုမကြေနပ်တဲ့ တောခို ကွန်မြူနစ် ပုံစံ
ထင်မိတာ။ ကောင်းပါတယ် ဝိုင်သောက်တာ ။စာအရေးအသား တစ်ခါတစ်လေမှာကြမ်းနေတယ်ထင်ပါတယ်
နောင်ခါပြန်ပြီး ဝင်ဖတ်ချင်ပါတယ်
myanmarcitizen
June 23, 2012 at 1:59 pm
ကျွန်တော်လဲ ဝိုင် မကြိုက်ဘူးဗျ။ အရသာကိုမကြိုက်တာ။သူငယ်ချင်းတွေက ပြောပါတယ် ကောင်းတဲ့ ဝိုင် ဆို ကောင်းပါတယ်ဟ ဆိုပြီး။ ကိုဘုန်းကျော်ပြောမှပဲ သဘောကျလာပြီဗျာ တစ်ခါလောက်ဝယ်ကစ်ကြည့် အုန်းမှပဲ။ စွဲသွားရင်တော့ ကဘုန်းကျော်တာဝန်နှော် 🙂
စိန်ဗိုက်ဗိုက်
June 23, 2012 at 2:31 pm
တွေ ့လား..တွေ ့လား..
ဝိုင် လေးငါးခွက် ကစ်ထလိုက်တာ..နောက်ဆုံးတော့ အားလုံးသောလူတိုင်း ပျော်ရွှင်ကြပါစေ ဆိုပြီး ဆုတွေဘာတွေ တောင်းပေးနေပါရော..
လေးငါးခွက်ကနေ လေးငါးဆယ်ခွက် ကစ်လိုက်ရင်တော့ ဘယ်လိုလာမလဲမသိ..
ဘာပဲပြောပြော..ခုတလော..အူးဖုန်းကျော်ရီး စိတ်ကောင်းဒွေ ဝင်နေသဗျား..
ဘယ်နေ ့ထဖောက်မလဲတော့ မသိသေး.. 😀
အူးဖုတ်ကျော်ရီး ဒိ့ထက်မက အိုကေစိုပြေပါစေဗျား..
kyeemite
June 23, 2012 at 4:28 pm
ပွင့်လင်းမှု့ကိုတော့မလေးစားဘဲမနေနိုင်ပါဘူး..
အားလဲကျမိပါရဲ့(ဒီလိုဘဲလူတိုင်းကိုအားကျနေတာ)
တစ်ခုတော့ရှိပါရဲ့…ဘာမှတော့အလိုလိုဖြစ်မလာဘူးဆိုတာပါ..
ထိုက်တန်တဲ့ရင်းနှီးမှု့တော့ရှိရမယ်…မယုတ်မလွန်တဲ့ကျိုးစားမှု့တော့ရှိရမယ်..
ဆိုတဲ့..ခိုင်ထူးသီချင်းလိုပေါ့..
အရီး Khin Latt
June 23, 2012 at 7:40 pm
ကကြီးမိုက် – ကျွန်မ ကျွမ်းတဲ့နယ်ထဲ ရောက်လာလို့။ အဟိ 😉
~~~~~~~~
စိုင်းထီးဆိုင် – အပေးအယူ
မင်းပန်မယ် ဆိုရင် ကိုယ်ခူးပေးပါ့မယ် အချစ်ရယ်
ဒါပေမဲ့ ဒီပန်းကို မင်းတန်ဖိုးထားရမယ်။
မင်းဆိုမယ် ဆိုရင် ကိုယ်ရေးပေးပါ့မယ် အချစ်ရယ်
ဒါပေမဲ့ ဒီသီချင်းကို မင်းခံစားတတ်မှကွယ်။
မင်းလာမယ် ဆိုရင် ကိုယ်ခင်းပေးပါ့မယ် အချစ်ရယ်
ဒါပေမဲ့ ဒီလမ်းကို မင်းထာဝရ လျှောက်ရမယ်။
မင်းလိုတယ် ဆိုရင် ကိုယ်ဖြည့်ပေးပါ့မယ် အချစ်ရယ်
ဒါပေမဲ့ ဘဝကြွေး ကို မင်းပြန်ဆပ်ဖို့ မမေ့နဲ့။
ထိုက်တန်တဲ့ရင်းနှီးမှုတော့ရှိရမယ်…မယုတ်မလွန်တဲ့ကျိုးစားမှု့တော့စိုက်ရမယ်..
နတ်စီ တဲ့ အိမ်မက်လှလှများ လွယ်လွယ် နဲ့ မရ
😀
MaMa
June 23, 2012 at 8:36 pm
မလတ် ဦး သွားတယ်။
စိုင်းထီးဆိုင်သီချင်းထင်လို့ သေချာအောင် ကွန်ဖမ်းပြန်လုပ်နေတုန်း…….
အဲဒီသီချင်းးကို အရမ်းကြိုက်ပါတယ်။
(အမှန်က စိုင်းထီးဆိုင်သီချင်းတွေဆို အကုန်ကြိုုက်ပြီးသား။)
ကိုဘုန်းကျော်ရေ-
ပြီးပြည့်စုံတဲ့ ဘဝတစ်ခုကို ရရှိထားသူလို့ ပြောစရာမလိုအောင် ပုံဖော်ပေးထားတာကိုဖတ်ပြီး…
အားကျထှာ 😀
ရဲစည်
June 23, 2012 at 5:30 pm
အေးပေါ့ ကဘုန်းကျော်ရယ်
ခင်ဗျားကတော့ မမျှော်လင့်ခဲ့ပါဘူး…..ပေါ့
ကျုပ်ကတော့
မမျှော်လင့်ရဲပါဘူး…။
မမျှော်လင့်နိူင်သေဘူး ကိုယ့်ဆြာ….။
အများကြီး … အများကြီး ကြိုးစားရအုံးမယ်…. ရုပ်ဝတ္ထုပိုင်ဆိုင်မှုကို ပြောတာမဟုတ်ဘူးနော်…. တခြားခြားသော အရာတွေ
ကျုပ်အတွက် လုပ်စရာတွေ သင်စရာတွေ လေ့လာစရာတွေ ကျန်သေးတယ်ဗျို့…။
မိုက်ကယ်ဂျော်နီအောင်ပု
June 23, 2012 at 6:49 pm
သာဓု သာဓု သာဓု
ပုံ
ကျဆုံးသွားနှင့်ပြီဖြစ်သောတော်လှန်ရေးရဲဘော်များ တမလွန်မှခေါ်သှ်။
အရီး Khin Latt
June 23, 2012 at 7:42 pm
ကဘုန်းကျော်
ဒီလို မျိုး မိသားစုလေး အေးအေးချမ်းချမ်း နေရတာကို ကြားရတာမို့ တကယ်ဘဲ ဝမ်းသာပါတယ်။
သားသမီးလေးတွေ ကို ပညာတတ်/ ပညာရှင် ကြီးတွေ ဖြစ်အောင် တွန်းအားပေးပါ။
ပြီးရင် ကိုယ့်မိခင် တိုင်းပြည် အတွက် တစ်ဖက်တစ်လမ်း သယ်ပိုးပေးချင်တဲ့ စိတ်၊ ကိုယ့်ပြည်သူ ပြည်သားတွေကို ရိုင်းပင်းချင်တဲ့ စိတ် ကလေးတွေ ရှိလာအောင် လဲ သင်ပေးပါရှင်။
ဒါဆိုရင် ရှင်လဲ တာဝန် ကျေမှာပါ။
ကိုကြီးမိုက် ညွန်း တဲ့ သီချင်း ထဲကလို ဘဲ
“ဒါပေမဲ့ ဘဝကြွေး ကို မင်းပြန်ဆပ်ဖို့ မမေ့နဲ့။” ပေါ့။
ရှင်တင် မဟုတ်ပါဘူး။
ကျွန်မလဲ ကိုယ့်မြေကိုယ့်ရေမှာ ကိုယ်တင်ခဲ့ တဲ့ အကြွေး အတွက် ပြန်ပေးဆပ် နိုင်ဖို့ ကြိုးစား နေဆဲပါ။
အခုလောလောဆယ် မှာတော့ အဲဒီ အကြွေးကို ကျေအောင် ပြန်ဆပ်နိုင်မယ်လို့ မမျှော်လင့်ရဲ သေးပါဘူး။
ဒါပေမဲ့လဲ တစ်နေ့ မမျှော်လင့်ခဲ့တာတွေ ဟာ တကယ် ဖြစ်လာမှာပေါ့။ ဆိုပြီးတော့ မျှော်လင့်နေပါတယ်။
မဟုတ်လား။ 🙂
YE YINT HLAING
June 23, 2012 at 11:29 pm
ကိုဘုန်းကျော် ! အဲဒါ ကိုဘုန်းကျော် ရဲ့ မိန်းမ နဲ့ ကလေး တွေရဲ့ ကုသိုလ်ကံ နဲ့ လည်းဆိုင်တယ် ။ ကိုဘုန်းကျော် ရဲ့ တိုင်းပြည်နဲ့ လူမျိုး အတွက် တကယ် အလုပ်လုပ်မယ် ဆိုတဲ့ စိတ်စေတနာနဲ့ နယ်စပ်မှာ တောခိုခဲ့တာနဲ့လည်းဆိုင်တယ်။ လက်ရှိ ဘဝမှာ ပဲ ချက်ချင်းလက်ငင်း အကျိုး ပေးတယ်လို့ မြင်တယ်ဗျာ! ဘာပဲပြောပြော ခုလို အေးချမ်းသာယာတဲ့ မိသားစု ဘဝ လေးကို ရရှိ ပိုင်ဆိုင်နေတယ် ကြားရတာ စိတ်ချမ်းသာလှ သဗျာ !
phone_kyaw
June 24, 2012 at 5:30 am
ကျနော် လက်ရှိရနေတဲ့ဘဝကို ကြွားတာတော့မဟုတ်ပါဘူး။ ကြွားစရာလည်းမလိုပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ ကိုယ့်ထက်သာတဲ့လူတွေအများကြီးပါ။ တစ်ခါတလေ ဘဝဆိုတာကြီးကိုတွေးမိလို ့ပါ။ ဒါ့ကြောင့်အခုလို ရေးဖြစ်တာပေါ့။ ကျနော်ကတော့ ဒီလိုမျိူးသက်တောင့်သက်သာနေနိုင်ပြီး မြောက်မြားလှစွာသော မြန်မာပြည်သူတွေ စုတ်ပြတ်သတ်နေတာကိုလည်း သနားတယ်။ အထူးသဖြင့် ထမင်းစားရင် ပိုပြီး သနားမိတယ်။ ကျနော့်ကတော့ ဒေါ်လာလေးဆယ်လောက်တန်တဲ့ ပုဇွန်ထုတ်ကြီးကို စားနိုင်သလို ဘယ်လောက်ပဲ ဈေးကြီးတဲ့ဟင်းဖြစ်ပါစေ စားနိုင်တယ်။ ဒီလိုစားနေရင် မြန်မာပြည်ထဲက ကျနော်တို ့အမျိူးတွေဟင်းလေးသုံးလေးတုံးကို မျှတပြီး ဝေပုံကျစားနေရတာကို မျက်စိထဲမြင်မိတယ်။ ကျနော်လည်း အဲဒိလိုဘဝထဲမှာ နှစ်ပေါင်းများစွာဖြတ်သန်းဘူးတော့ လုံးဝကို မေ့လို ့မရဘူးဗျာ။ ဒါ့ကြောင့် တစ်ခါတလေ လောကကြီးဟာ မတရားသလိုပဲ။
တစ်ချိူ ့သောလူတွေ ငွေကိုထားစရာမရှိတာတောင် လောဘတွေစွတ်ပြီးကြီးကြတာကို တွေ ့လေ၊ ကန်စွန်းရွက်ကြော်နဲ ့စားနေတဲ့လူတွေအတွက် ပိုလို ့ဒေါသထွက်လေပဲ။ မျှော်လင့်ချက်တစ်ခုတော့ ရှိတယ်။ ဒါက ကျနော်တို ့တိုင်းပြည် တနေ ့မှာတော့ ဝဝလင်လင် နေနိုင်စားနိုင်သောက်နိုင်မှာပါ။
Foreign Resident
June 24, 2012 at 6:12 am
မျှစ်ပြုတ် လိုပဲ ၊ မုန်လာဥနီ လည်း ပြုတ်တို့ စားလို့ကောင်းတယ် ။
ဟဲဟဲ ။ ကိုယ်သိတဲ့အပိုင်းလေး ဝင်ရွှီးကြည့်တာ ။
” နောက်ဆုံးတော့ ဘဝဆိုတာက ကိုယ်ဖြစ်ချင်တိုင်းလည်း မဖြစ်ရပါဘူး။
အချိန်တန်ရင်တော့ သူ ့ဟာသူ ဖြစ်သွားတာပါပဲ။
ပျော်တဲ့နေရာမှာလည်း မနေရဘူး။ တော်တဲ့နေရာမှာပဲ ကြီးပျင်းရအုံးမှာပေါ့လေ ”
မှန်ပါတယ် ။
နောက်ဆုံးကျတော့ ကံ ကိုပဲ ရိုးမယ်ဖွဲ့ရတော့မှာပေါ့လေ ။
YE YINT HLAING
June 24, 2012 at 7:05 am
“တစ်ချိူ ့သောလူတွေ ငွေကိုထားစရာမရှိတာတောင် လောဘတွေစွတ်ပြီးကြီးကြတာကို တွေ ့လေ၊ ကန်စွန်းရွက်ကြော်နဲ ့စားနေတဲ့လူတွေအတွက် ပိုလို ့ဒေါသထွက်လေပဲ.” အဲဒီ အမြင် နဲ့ ခံစားချက် မှာ ကိုဘုန်းကျော် နဲ့ ကျွန်တော် တထပ် တည်းတူတယ်ဗျာ!
Htet Htet Soe Hlaing
June 24, 2012 at 12:03 pm
အင်း လူတော်တော်များများမှာကိုယ်ဖြစ်ချင်တဲ့ဘဝခရီးတွေကို စိတ်ကူးရင်ခွင့်အပြည့်အဝရှိပေမယ့် နောက်တော့ ရတဲ့ဘဝမှာဘဲပျော်ကြရတာ ဖြစ်မြဲဖြစ်စဉ်တစ်ခုဘဲနော်
pooch
June 24, 2012 at 3:07 pm
ကံကံ၏ အကျိုးပေါ့။ ကံဆိုတာ အလုပ်လို့ ဖွင့်တော့ အလုပ်လုပ်ခြင်း၏ အကျိုးလို့ ဆိုရမှာပေါ့။
ဒီလိုအခြေအနေကိုလည်း ကိုယ်တိုင်က ကြိုးစားခဲ့လို့သာ ရောက်ခဲ့တာပေါ့။ ဝမ်းသာပါတယ်ကိုဘုန်းကျော်။
သားသမီးတွေကိုလည်း ဒီထက်ပိုမြင့်တဲ့ ဘဝတွေရအောင် ပံ့ပိုးပေးနိုင်မယ်လို့ ထင်ပါတယ်။
ခပ်မိုက်မိုက် ကောင်မလေး
June 26, 2012 at 3:41 pm
နောက်ဆုံးတော့ ဘဝဆိုတာက……
ကိုယ်ဖြစ်ချင်တိုင်းလည်း မဖြစ်ရပါဘူး။
အချိန်တန်ရင်တော့ သူ ့ဟာသူ ဖြစ်သွားတာပါပဲ။
ပျော်တဲ့နေရာမှာလည်း မနေရဘူး။
တော်တဲ့နေရာမှာပဲ ကြီးပျင်းရအုံးမှာပေါ့လေ။
အော်…ဒါဘဝတဲ့လား..
ဘဝဆိုတဲ့ ပြဇာတ်တစ်ပုဒ်မှာ…
ပျော်ရွှင်မှု..ဝမ်းနည်းမှု..အထီးကျန်ဆန်မှုတွေနဲ့…
ရသမျိုးစုံခံစားရတာပါပဲနော်…။