” လူပု လေး တို့ နေတဲ့ နိုင်ငံ “
ကျွန်တော်တို့မျိုးဆက်အတွက် ယောက်ကျား တယောက် ရဲ့ ပုံစံ ကနေစပြောရမှာပဲ ။ ( ၁ ) အရပ်အမောင်း ကောင်းရမယ် ။ ကျွန်တော့ အဘိုး က အရပ် ပုတယ် ။ ကျွန်တော့ အဖေ ကလည်း အရပ်ပုတယ် ။ ကျွန်တော် လည်း အရပ် ပုတယ် ( ငယ်ငယ် တုန်းက )။ အဘိုး ကော အဖေကော ကျွန်တော်ကော ( ငယ်ငယ် တုန်းက ) ငယ်ဘဝ တွေမှာ ” ချစ် ပု” ဆိုတဲ့ နာမည် အခေါ်ခံခဲ့ရတယ်။ ကျွန်တော် ( ရ ) တန်း ရောက်တော့ အဲဒီ အရပ် ပုတာကြီး ကို တော်တော် မကြိုက်တဲ့ အဆင့် ရောက်နေပီ ။ ဒါနဲ့ သူငယ်ချင်း တယောက်ကို ရင်ဖွင့်တယ် ။ သူငယ်ချင်းက ကျွန်တော့ ကို အရပ် ရှည်တဲ့နည်းပြောတယ်။ ကျွန်တော်လည်းသူ ပြောတဲ့နည်း အတိုင်း နေ့တိုင်းကျင့်ခဲ့တယ် ။ ကျင့်တဲ့ အချိန်က ဖွင့်ထွားတဲ့ အရွယ်ကောင်းမို့ထင်တယ် ။ ခု ကျွန်တော့ အရပ်က ၅ ပေ ၁ဝလက်မ ရှိတယ် ။ ကျင့်တဲ့ နည်းက အလွယ်လေးပါ ။ ကိုယ် မမှီ နိုင်တဲ့ အရာ တခုခုကို ခြေဖျား ထောက်ပြီး လက်က မှီအောင် ထိနိုင်ဖို့ ကြိုးစားရတာ ။
( ၂ ) ရင်အုပ်ကျယ်ပြီး လက်မောင်း အိုးတွေ ၊ ပေါင်တိုင် တွေ ဟာ တုတ် ခိုင် နေရမယ် ။ အဲဒီ အတွက်တော့ ကျွန်တော် အမေ့ ကို အပြစ်တင်ရမယ် ။ အမေ က အရပ်ရှည် ဖို့ ကျင့်တုန်းက ဘာမှမပြောခဲ့ဘူး ။ ( ၈ ) တန်းမှာ စ ပြီး ကျွန်တော် အလေးမတော့ ကျွန်တော့ကို ကိုယ့်ကိုယ်ကို ပင်ပန်း အောင်လုပ်တယ်ဆိုပြီး တားတယ်။ ဒါပေမဲ့ ကျွန်တော်က အမေ လစ်ရင် လစ်သလို အလေးမတယ် ။ တရက် အမေ မိတော့ တုတ်နဲ့ ရိုက်ခံ ခဲ့ရသလို ကျွန်တော် အလေး မတံ လုပ်တဲ့ သစ်သားချောင်းကိုလည်း မီး စိုက် ပစ်လိုက်တယ် ။ ဒါကြောင့် ကျွန်တော့ လက်မောင်း တွေဟာ ကျွန်တော် ကြီးထွား ချင်သလောက် မကြီး ထွားခဲ့ရဘူး ။ ကျင့်တယ် ဆို တာက လည်း သူ့ အသက် အရွယ် အချိန် အခါ အလိုက်ရှိတယ်လေ။
( ၃ ) စက်ဘီး ၊ ဆိုင်ကယ် စီးတတ် ရမယ် ၊ ကားမောင်းတတ်ရမယ် ၊ ဘောလုံး ကန်တတ်ရမယ် ၊ ချင်း ပါ ခတ်တတ်ရင်တော့ ပို ကောင်း တာပေါ့ဗျာ! အားကစား မှန်သမျှ မဟုတ် တောင် အားကစား တခုခု ကို ခုံမင် နေတာ မျိုး ဆိုရင်လည်း ကောင်းတယ် ။( ကားမောင်းတာ နဲ့ ပတ်သက်ပီး ကျွန်တော့ ခံစားချက် ကလေး ပြောဦးမယ် ။ ဒီနှစ် ၂၀၁၂ ခုနှစ် ဇန်နဝါရီ လ အထိ ကျွန်တော် ကားမမောင်းတတ်ဘူး ။ ဒီတော့ ကိုသွား ချင် လာချင် လုပ်ချင် ကိုင်ချင် ရင် ကားမောင်း တတ် တဲ့ သူ တယောက်ယောက် ကို အကူ အညီ တောင်းရတယ် ။ တချို့ လည်း စိတ်ပါ လက်ပါ ကူညီတယ် ။ တချို့လည်း စိတ်မပါ လက်မပါ ပေါ့ ။ ကံကောင်း တာက HR က ကျွန်တော့ဆီက ယဉ်မောင်း လိုင်စင် တောင်း ဖို့ မေ့ ခဲ့တာပဲ ။ ဒါနဲ့ ကျွန်တော် ကားမောင်း သင်တယ် ။ အော်တို ဂီယာ ဆိုတော့ ( ၁ ) ရက် ( ၂ ) ရက် လောက်နဲ့ တတ်သွားတယ် ။ တနေ့ အလုပ်ထဲမှာ ကားမောင်းဖို့ အကြောင်း ပေါ် လာတယ် ။ မောင်းရမှာက မန်ညူရယ် ကလပ်ဂီယာ ။ ကျွန်တော် မောင်းတတ်တာက အော်တို ဂီယာ ။ ဒီတော့ ကြောက်ပြီး မောင်းတတ်ဘူး လို့ ပြောလိုက်တယ် ။ ပရောဂျက် မန်နေဂျာ လန်ဒန် သား က ” မင်း က မိန်းမ လား ” တဲ့ ။ ဒါနဲ့ တင်းပြီး တိုက်ချင်ရာတိုက် တက်မောင်းပစ်လိုက် တယ် ။ အဲဒီ နောက်ပိုင်း တွေတဲ့ ကား တက် မောင်းတော့တာပဲ ။) ကျွန်တော် လေ့လာကြည့်တယ် ။ နိုင်ငံခြားသား အများစု ဟာ အရပ် အမောင်း ကောင်းတယ် ။ လမ်း လျှောက် ရင် အလိုလို ကော့ နေတဲ့ ရင်ဘတ် ကျယ်ကြီး တွေနဲ့ ယောက်ကျားဟန် ယောက်ကျားမာန် အပြည့် ရှိတယ် ။ သူတို့ မျက် လုံး တွေ မှာ လည်း ယုံကြည်မှု အပြည့် အားမာန် အပြည့် ရှိတယ် ။ဒီတော့ သူတို့ကို လေ့ လာကြည့်တယ် ။ အလုပ်ချိန် ပြင်ပ ကိုယ်ပိုင် အချိန်တွေ မှာ အားကစားတခုခုကို နေ့ တိုင်း လုပ်တယ် ။ အဖော် ရှိတဲ့သူ တွေက အုပ်စုလိုက် ။ တယောက်တည်း သမားဆိုရင်လည်း ပြေးနေတယ် ။ အသက်ကြီး တဲ့ သူ တွေ လည်း အငြိမ်မနေဘူး ။ ခပ်လှုပ်လှုပ်လေး ပြေးနေတယ် ။ အဲဒါ တရက် တည်း မဟုတ်ဘူး နေ့တိုင်း ။ ကျွန်တော် တို့ နိုင်ငံထဲ ကို ဖော်ရိန်နာ ဆိုတဲ့ သူတို့ တွေ ရောက်လာပြီး လူ အုပ် ထဲ လမ်းလျှောက် ချိန် မှာ သူတို့ဟာ ရင်ဘတ်ကျယ်ကြီး တွေ နဲ့ ခေါင်း တလုံး ပိုမြင့် နေတယ် ။ ကြုံရင် တခါ လောက် သူ တို့ မျက်လုံး တွေ နဲ့ ကျွန်တော် တို့ လူမျိုးတွေ ရဲ့ မျက်လုံး တွေ ကိုလည်းယှဉ်ကြည့် လိုက်ပါ ။ ကွာတယ်ဗျာ ! အစား အစာ ၊ အဟာရ ၊ ကျန်းမာ ရေး လိုက်စားမှု ၊ ဗဟုသုတ နဲ့ စိတ်ဓာတ် လုံခြုံမှု ပိုင်း တွေ မှာ ကျွန်တော် တို့ လူမျိုးဟာ အားနည်း တယ် ။ ဒီလို အားနည်းတဲ့ မိဘ တွေ က မွေး လာ တဲ့ ကလေးတွေ ဟာလည်း ဒါမျိုး တွေ ပဲ ဖြစ်မှာပဲ ။ ကြီးကြီး ကျယ်ကျယ် ဆက်ပြော ရရင် နိုင်ငံတကာနဲ့ ရင်ဘောင်တန်း ဖို့ ဆိုရင် အဲဒီ အခြေခံ ပုံပန်း သဒန် ( ရေးတတ် သလို ) တွေက အစ ကျွန်တော် တို့ရဲ့ မျိုးဆက် တွေကို တတ်နိုင် သလောက် ပြောင်းလဲ ပေးရမှာပါ ။ စကားယှဉ် ပြောတဲ့ အခါ ပုညှက်ညှက် ခန်ဒါ ကိုယ် လေး နဲ့ မော့ပြီး ပြောနေရမယ်ဆို ဘယ်ကလာ ရင်ဘောင်တန်း တဲ့ ပုံ ပေါက်မလဲဗျာ! များသော အား ဖြင့် ကျွန်တော် တို့ မြန်မာ လူ မျိုး ကလေး ငယ်တွေထဲက ပညာ ရေး အခြေခံ ကောင်းပြီး ထူးချွန် လာတဲ့ ကလေးငယ်တွေဆိုရင် မိဘတွေက စာဂျပိုး လုပ်နေတာကို ပဲ ပိုပြီး သဘော ကြကြတယ် ။ကျန်းမာရေးလိုက်စားဖို့ ၊ ခန်ဒါ ကို ဖွင့်ထွားတဲ့ အရွယ်မှာ ဖွင့်ထွားလာအောင် ပြုစုစောင့်ရှောက် အားပေး လမ်းညွှန် ဖို့ မေ့ နေကြတယ် ။ အဲဒီလို ကလေးတွေ အရွယ်လည်း ရောက်ရော ပညာတတ် မှန်ကြောင် လူသေး လေးတွေ ဖြစ်ရော ။ ပြီးတော့ အနာဂါတ် နိုင်ငံတော်မှာ သူတို့ကနိုင်ငံ့ ခေါင်းဆောင် တွေ ဖြစ်လာရောဗျာ ။ ဒါကြောင့် ကျွန်တော်တို့ ရဲ့ အနာဂါတ် မျိုးဆက်သစ် ကလေး ငယ်တွေကို ပညာရေး တခု တည်းတင် မဟုတ်ပဲ ကျန်းမာရေးနဲ့ ခန်ဒါကိုယ် ဖွင့်ဖြိုး စေတဲ့ အားကနည်းတွေနဲ့ ပြုစုစောင့်ရှောက် အားပေးသွားကြပါ လို့ ကျွန်တော် တတ်သလောက် မှတ်သလောက် လေးကို ဘားဂလစ် တက် ( စ ) အင်ဂျင် နဲ့ ရေးပြီး တိုက်တွန်းလိုက် ပါတယ်ဗျာ ! ( စာလုံး ပေါင်း သတ်ပုံ မှားတွေကို မသိ ချင်ယောင် ဆောင် ပေး ပါလို့ ” မမ နဲ့ ရွာသတ်ပုံ အဖွဲ့” )
29 comments
မောင်ပေ
June 24, 2012 at 10:17 am
အခုလာမယ့် မျိုးဆက်သစ်တွေ အတွက် လိုအပ်တဲ့ အကြောင်းတွေပါဘဲ။ ကျုပ်တို့ဆီက သားသမီးရှိတဲ့ မိဘတွေ အနေနဲ့ လဲ ကိုယ့်သားသမီးက အားကစား တစ်မျိုးမျိုး လုပ်ချင်တယ်ဆိုရင် မအားပေးချင်ရင်တောင် လုပ်ဖို့ ခွင့်ပြုသင့်ပါတယ်။
pazflor
June 24, 2012 at 11:56 am
ဟုတ်ပ အကိုရေ၊ တန်ဖိုးရှိတဲ့ post လေးပါဘဲ။
အားကစားဘက်ကိုသာ လူငယ်တွေ စိတ်ပါလာကြရင် လဘက်ရည်ဆိုင်၊ဂိမ်းဆိုင်တွေမှာ အချိန်ဖြုန်းနေတာထက်များစွာ အကျိုးရှိသွားမယ်ထင်ပါတယ်။
kai
June 24, 2012 at 12:45 pm
အရင်ဆုံး…
.. သက်သတ်လွတ်စားခိုင်းနေတဲ့.. ကွန်ဆာဗေးတစ်အစွန်းရောက်တွေကို.. ပြောရိုးဆိုခွင့်နေရာတွေက.. ဆွဲချရမယ်.. 🙂
မဟာရာဇာ အံစာတုံး
June 24, 2012 at 1:33 pm
လူပုလေးတို့ နေတဲ့ နိုင်ငံ …
ပြီးတော့ ပိန်ရှည်ရှည်တွေ နေတဲ့ နိုင်ငံ လို့လည်း
ပြောလို့ ရဦးမလားပဲ …
စိန်ဗိုက်ဗိုက်
June 24, 2012 at 2:17 pm
တော်သေးတယ်.
ကျုပ်က လေ့ကျင့်ခန်းလုပ်စရာမလိုအောင်ပဲ ဗလတောင့်ပြီးသား
အရပ်ကတော့ ကိုရဲစိလောက် မရှည်ပေမဲ့ ချစ်စရာလောက်တော့ မပုတာ သေချာဒယ်..
မယုံရင် မေးကြည့်
ဂဠုန်ဂွေးဇိ
😀
မဟာရာဇာ အံစာတုံး
June 24, 2012 at 2:29 pm
ငစိန်ဗိုက် ..
မင်းက ဗလတောင့်တယ်ဆိုတော့ ..
ငါနဲ့ မောင်းလှဲကြည့်ရအောင် …
ဘယ်သူ နိုင်မလဲလို့ …
စိန်ဗိုက်ဗိုက်
June 24, 2012 at 2:49 pm
ဘယ်နမောင်း အကြောပေးရမရဲ ညီရေး..
အတိုက အတွင်းအားကောင်းတယ်နော်..
အကြောတွေဘာတွေ ပြတ်သွားရင် တာဝန်မယူဘူး..
😀
မဟာရာဇာ အံစာတုံး
June 24, 2012 at 3:07 pm
အမယ် ..
နင့် အတွင်းအား ဘယ်လောက်ရှိလို့လည်း ..
ငါ့ အတွင်းအားက နှစ် ၁၀ဝ အတွင်းအားဟဲ့ …
ဒီလောက်ဆို ငါ့အစွမ်း သိပီမဟုတ်လား ..
မောင်းလှဲရဲသေးလား .. 😀
စိန်ဗိုက်ဗိုက်
June 24, 2012 at 3:12 pm
နာက အချင်းချင်းလဲ မညှာဝူးနော်..
နာ့ရဲ့ ဖင်ပိတ် အသက်အောင့် အတွင်းအားက တစ်ရက်ကျင့်လိုက်ယုံနဲ ့ နှစ်တစ်ရာ အတွင်းအားကို အသာလေးမီတယ်
ပေါက်ရဲ့လား..
ဘူ..
မဟာရာဇာ အံစာတုံး
June 24, 2012 at 3:16 pm
ခွီးးးးးးးးးးး
နံလိုက်ဒါ ….
တော်ပီ ..
နင့်နဲ့ ယှဉ်ဒေါ့ဘူး ..
ကြောက်လို့ ဟုတ်ဘူးနော့ ..
နံလို့ ….
water-melon
June 24, 2012 at 4:10 pm
အူးလေးဗိုက်
တားတားက ဂဠုန်ဗျ
ဂဠုန်ဂွေးဇိ စားမလားဟင်
အရမ်းတောင်းတယ်ဗျ
စိန်ဗိုက်ဗိုက်
June 24, 2012 at 4:13 pm
ဖုတ်ကျွေးရင် ရှားမယ်.. 😀
( ကိုရဲဇိရေ.ရှောဒီးနော်..ဝင်နှောင့်ယှက်မိရင်
ဒီမှာ များကို အနိုင်ကျင့်နေကျလို ့ မခံချင်လို ့ ပြန်ဖိုက်နေဒါ.. )
😀
water-melon
June 24, 2012 at 4:18 pm
ဖုတ်စားရင်မကောင်းဘူးတောင်မရဲ့
အစိမ်းလိုက်လား
စော်ကြည်အရပ်ရှည်ထိပေါက်ဗလာတောင့်တယ်ဟဲ့
ပုံ/ ဘိုးရှည်ဖရဲ
Zune Phyu
June 24, 2012 at 2:22 pm
အနောက်နိုင်ငံရောက်ရင်မြန်မာတွေ နိုင်ငံခြားသားတွေရဲ့ .. ရင်ဘတ်ကြည့်ပြန်ခဲ့ရတယ်လို့စာရေးဆရာတစ်ယောက်ပြောတာကိုသတိရမိပါရဲ့…
water-melon
June 24, 2012 at 4:14 pm
တားတားက ညဆို နွားနို့နဲ့ ရွှေကျီးပေါင်မုန့်တို့စားတယ်
တားတားအရပ်လဲရှည်ပါတယ်
၁၄ ရက်အတွင်း အရပ်ရှည်နည်း စာအုပ်ဝယ်ဖတ်ကြပါတော့
ရွာထဲက ငပုများ 😀
စိန်ဗိုက်ဗိုက်
June 24, 2012 at 4:20 pm
အိုစခေ
မာမီပုကိုတွေ ့ရင် ပေါလိုက်မယ်
water-melon
June 24, 2012 at 4:36 pm
ပေါပေါလိုက် ပေါလိုက်
ဒါနဲ့ညည်းအရပ်က ဘယ်လောက်တုန်းတော့
ကြည့်ရတာတော့ ပိန်ညောင်ညောင်နဲ့ပါအေ
မဟာရာဇာ အံစာတုံး
June 25, 2012 at 11:54 am
ဗလတော့ မရှိဘူး ..
ဇ တော့ ရှိတယ် ကိုယ့်လူ ..
စိန်ခေါ်ရင် တိမ်ပေါ်ထိ မတက်ဘူး ..
ပြုတ်ကျမှာ စိုးလို့ .. 😀
YE YINT HLAING
June 24, 2012 at 4:32 pm
ပြန်ဖိုက် ပြန်ဖိုက်
စိန်ဗိုက်ဗိုက်
ဖုတ်ပြီး ကျွေးရင်ခိုက် ။
ပြန်ချဲ ပြန်ချဲ
မိဖရဲ
အစိမ်း မစားရင်ချဲ ။ ဟဲဟဲ ။။။။
( ဗိုက်ကလေး ! နင်လုပ်မှ ပဲ ငါလည်း နာမည် ပျက်ပီ ။)
ဘိုးရှည် ရဲဇိ
YE YINT HLAING
June 24, 2012 at 4:38 pm
နင်တို့ နှစ်ယောက် ဆက်ဖိုက်ကြဦး ။ ငါကတော့ အလုပ်ထဲကို ဒိုးပီ ! အပြန်မှ တွေမယ် ! တာ့တာ —-
water-melon
June 24, 2012 at 4:42 pm
ဟုတ် တိုရဲဇီ
တားတားတို့ဆက်ချလိုက်အုန်းမယ်နော်
ဟဲ့ ငပုဗိုက်ကလေးလာခဲ့
ဟိုခြောက်မျက်နှာပါခေါ်ခဲ့
စိန်ဗိုက်ဗိုက်
June 24, 2012 at 4:44 pm
မာမီပုရေ
ခေါ်နေဒယ်..
သားဦး၊မြေးဦး
June 24, 2012 at 6:10 pm
Self-confidence ကောင်းကောင်းနဲ ့စွန် ့စားလိုစိတ်ပါဘဲ။
အရီး Khin Latt
June 24, 2012 at 6:14 pm
ဒီ Post လေး ကို အရမ်း သဘောကျပါတယ်။
အရပ်ရှည်ဖို့ က အစားအစာ နဲ့ လေ့ကျင့်ခန်း တွေ ကလဲ တော်တော်လေး ပံ့ပိုးပေးတာ မှန်ပါတယ်။
ငါး/တစ်ဆယ် ဆိုတာ မြန်မာပြည်စံနှုံး မှာ အတော် အရပ်ရှည် တယ် ပြောနိုင်ပါတယ်။
ယူကေ နဲ့ ယူအက်စ် ရဲ့ အမျိုးသား အရပ် ပျမ်းမျှ က ၅/၉၊ ၅/၁ဝ ပါ။
အာရှ နိုင်ငံ အများ ကတော့ အမျိုးသား အရပ် ပျမ်းမျှ မှာ ၅/၅၊ ၅/၆ လောက် ဖြစ်မယ်။
နောက် တစ်ချက် ကို ဟိုက်လိုက် လုပ်ချင်ပါတယ်။
{{{ ဒီတော့ ကြောက်ပြီး မောင်းတတ်ဘူး လို့ ပြောလိုက်တယ် ။ ပရောဂျက် မန်နေဂျာ လန်ဒန် သား က ” မင်း က မိန်းမ လား ” တဲ့ ။}}}
ဒီနိုင်ငံတွေမှာ မိန်းမတွေ ကားမောင်းတာ အဆန်း မဟုတ်တာကို ဘာလို့ အဆန်း လုပ်ပြော သလဲ မသိပါ။
14 million female drivers in the UK (Census data, 2001)
ဒီမှာက ကိုယ့်ဟာကိုယ်မှ ကားမမောင်း နိုင်ရင် အလုပ်သိပ်မဖြစ်ပါဘူး။
Public Transport တွေ က ပိုပြီးဈေးကြီးပါတယ်။
လန်ဒန် မှာ မနေဘူး တော့ မသိဘူး။
ဒါပေမဲ့ မထူးလောက်ပါဘူး။
အရီး နေတဲ့ အရပ်မှာ ဆို ကား ကို အတင်း သွက်သွက်လက်လက် နဲ့ ခေါင်းထိုး ဝင်တတ် တာ ကလေး တွေ ကို ကျောင်းပို့ တဲ့ ကလေးအမေ တွေ။
ကျွမ်းသလားမမေးနဲ့။
ဒီမှာ ကြည့်လိုက်ရင် မိန်းမ က မောင်းတာ ဘေးက ထိုင်စီး နေတဲ့ ယောကျာင်္း ပရိတ်သတ် ကတောင် ပိုပြီး များ နိုင်ပါတယ်။
ဒါကြောင့် ဒီ စကားကို objection !!!!! 😀
မိုက်ကယ်ဂျော်နီအောင်ပု
June 24, 2012 at 6:21 pm
ဒီကိစ္စဟာ ကျုပ်တို့ ပြောင်စပ်စပ်လုပ်ရမဲ့ကိစ္စမဟုတ်ဘူးလို့ဦးစွာပထမ
ပြင်းပြင်းထန်ထန်မာမာကျောကျောမောက်မောက်မာမာ ( ကျိမ်းမောင်းပြောဆို ) သတိပေးအပ်ဒယ်
( ဆယာကြောင်ဂျီးဂို ခရက်ဒစ်ပေဒဘာဒယ် )
တစ်ဆက်တည်းဘဲ
( တရက် အမေ မိတော့ တုတ်နဲ့ ရိုက်ခံ ခဲ့ရသလို ကျွန်တော် အလေး မတံ ( တဲ့ 😀 ) လုပ်တဲ့
သစ်သားချောင်းကိုလည်း မီးစိုက် ပစ်လိုက်တယ် )
ဒီကိစ္စတွက် စာရေးသူ မိခင်ရဲ့ လုပ်ရပ်ကို ကန့်ကွက်ပါတယ်။
( အခြေနေကြည့်ပြီး ဆက်ပါမည် )
ပုံ
အော်မီးတောဖော
ဖိုးထောင်
June 24, 2012 at 7:05 pm
အနော်ကတော့ အရမ်းမခုန်ရဲဘူး ကျမှာစိုးလို့ ဟိဟိ သက်ရှည်ကျန်းမာဖို့အတွက်က ဝူခုန်းယူလာတဲ့ နှစ်၁၀၀ဝ မက်မွန်သီးစားထားတယ်
YE YINT HLAING
June 25, 2012 at 2:46 am
အရီး လတ် ရေ အမေရိကန် ၊ လန်ဒန် ခဏ ထားလို့ ဗျာ ! မူဆယ် ကနေ ခြံစည်းရိုး ကျော်ရင် ရောက်တဲ့ ဂျယ်ဂေါင် ၊ ရွှေလီ ထဲမှာ တက်စီ ဆွဲတာ အမျိုးသမီး တွေပါ ။ ဘယ် နေရာမှာ ဘယ်လို ရှိရှိ ပေါ့ဗျာ ! ဒါမျိုး ပြောရင် တင်းတာတော့ အမှန်ပဲ ။ ပီးတော့ သူက ကျွန်တော့ ထက် အသက် ငယ်တာလည်း ပါတယ် ။ အသက် ( ၅ဝ )ကျော် လောက် လူကြီး တယောက် က ပြောတယ်ဆို ရင် တော့ ခံသာ သေးတာပေါ့ ။ ဥပမာ ၊ ၊ အရီးလတ် တို့ အရွယ် ဆိုရင်ပေါ့ ။ ( ဟုတ်လား မဟုတ်လား မ သိ အရီး ဆိုလို့ မှန်း ပြောကြည့်တာ ။ )
ကိုအောင်ပု ရေ ဖရဲ တို့ ဗိုက်ကလေး တို့ ဆို တာ ကျွန်တော် စဖတ်တဲ့ နေ့က နေ ဒီနေ့ အထိ ပေါ့ပေါ့ပါးပါး ၊ ပြောင်ပြောင်စပ်စပ် နဲ့ ပျော်ပျော် နေတတ်တဲ့ ကလေးတွေပါဗျာ ။ ( အဟဲ လူကြီး ဝင်လုပ် သွားတယ် )
ရွာစားကျော်
June 25, 2012 at 9:08 am
ခြောက်ခုမြောက် တစ်ချောင်း(လက်မ) ထောင်ပြီး အားပေးသွားပါတယ်ဗျာ..
ကျုပ်က သားမွေးထားတော့ ဂရုပြုရမယ့် ပို့စ်လေးပါ..
ကိုယ့်အရပ်နဲ့ မဒမ်အရပ်က သာမန်အောက်ရောက်နေတော့ သားကိုလည်းပုမှာ စိုးတယ်..
snow white
June 25, 2012 at 7:04 pm
ယောကျင်္ာလေးအရပ်ပုရင်ကြည့်မလှတာ အမှန်ဘဲပိန်လည်း ကြည့်မလှဘူး YE YINT HLAINGပြောသလို အားကစားလေးလုုပ် ပီးအရပ်ပုသောသူများအရပ်ရှည် ကျပါစေ ။