one candle စေတနာရှင်လူငယ်များအဖွဲ့၏ ခရီးစဉ်(၅)

kotun winlattJune 25, 20122min13512

နားဖာရွာ ကိုယ့်အားကိုယ်ကိုးမူလတန်းကျောင်းကလေး

ကျောင်းဆိုင်းဘုတ်ကလေး….

အလှူပစ္စည်းလေးတွေပါ…

ဆရာမသို့ စာရေးကိရိယာများပေးအပ်လှူဒါန်းစဉ်…

ရပ်မိရပ်ဖများနှင့် onecandle အဖွဲ့သားများ စကားလက်ဆုံကျနေကြစဉ်…

နားဖာရွာမှ ကျောင်းသူားလေးများ…

ကျောင်းသားလေးများနှင့်အမှတ်တရ…

မူလခေါင်တုန့်စည်ရွာကနေပြီး ကျနော်တို့အဖွဲ့ ထွက်ခွာလာတော့ ညနေသုံးနာရီထိုးချေပြီ..။ နားဖာရွာလေးသို့ ရောက်အောင်

နှစ်နာရီခန့် လာခဲ့ကြရသည်မို့ နားဖာရွာလေးသို့ ရောက်တော့ ညနေ ငါးနာရီ ထိုးပြီဖြစ်သည်။ ညနေငါးနာရီရှိပြီမို့ ကျောင်းဆင်းသွားလေပြီ..။

ဒါနှင့် ကျနော်တို့အဖွဲ့မှာ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်သို့ သွားကြရတော့သည်။ ကျေးရွာအုပ်ချုပ်ရေးမှူးအား အကျိုးအကြောင်းပြောပြတော့ သူလည်း ဝမ်းသာအားရပင် ဆရာမကို

သွားခေါ်ပေး၏။ ဆရာမလိုက်လာပြီး အုပ်ချုပ်ရေးမှူး အိမ်ပေါ်တွင် စကားတွေပြောဖြစ်ကြသည်။ ကျနော်ကတော့

ဆရာမထံတွင် ကျောင်းလေးရှိသည့်နေရာလေးကို မေးမြန်းပြီး ကျောင်းလေးကို မှတ်တမ်းဓာတ်ပုံရိုက်ရန်ထွက်လာခဲ့သည်။ ကျနော်တို့အဖွဲ့သားများ နံနက်(၆)နာရီ ကတည်းက

ထွက်လာကြရတာမို့ နားဖာရွာလေးသို့  ရောက်သောအခါ အားလုံးပင်ပန်းနေကြချေပြီ။  ကျနော်ကျောင်းလေးကို မှတ်တမ်းဓာတ်ပုံ ရီုက်ပြီး ပြန်လာကာ ဆရာမကို

စာရေးကိရိယာများ ပေးအပ်လှူဒါန်းတော့သည်။ ဆရာမနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးကလည်း ကျေးဇူးတင်စကား ပြန်ပြီးပြောကြားကြ၏။ ကျနော်တို့ အဖွဲ့ ရွာထဲကို ရောက်တော့

ကလေးများကလည်း ဝိုင်းအုံလာကြတော့သည်။ ဒီတော့ ကျနော်လည်း ကလေးများ ဓာတ်ပုံရီုက်ပြီး ကလေးများနှင့် ကျနော် ဓာတ်ပုံ တစ်ပုံရီုက်လိုက်သည်။ လှူဒါန်းမှုပြီးတော့

ဆရာမနှင့် ရွာသူားများ နှုတ်ဆက်ကာ ကျနော်တို့ အဖွဲ့ ပြန်ကြရန်ပြင်ဆင်ကြတော့ ရွာသားများက ချောင်းအကူးတွင် ဆိုင်ကယ်များကို ဝိုင်းဝန်းသယ်မ ပေးကြပါသည်..။

ကျနော်တို့လည်း လိုက်ပို့ပေးသူများကို ကျေးဇူးတင်စကားပြော သူတို့တွေကလည်း ဝမ်းပန်းတသာဖြင့်နှုတ်ဆက် တစ်ဘက်ကမ်းမှနေ၍ ကျနော်တို့ အဖွဲ့ 15.6.2012ရက် နေ့

အလှူခရီးကို အဆုံးသတ်ကာ အိမ်ပြန်ခရီးကို အပြင်းနှင်ခဲ့ကြပေတော့သည်..။

12 comments

  • kotun winlatt

    June 25, 2012 at 9:32 am

    ကျနော်တို့ အဖွဲ့လေးရဲ့ 15.6.2012 ရက်နေ့က နောက်ဆုံးရောက်ရှ်ိလှူဒါန်းခဲ့တဲ့
    ရွာလေးက ပုံလေးတွေပါ..နောက်ထပ် လှူဖြစ်ထားတဲ့ ရွာလေးတွေက ပုံလေးတွေလည်း
    ဆက်ပြီး တင်ပါမည်..။
    အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေခင်ဗျာ…။

  • ရွာစားကျော်

    June 25, 2012 at 9:42 am

    လက်မတစ်ချောင်းထောင်ပြီး အားပေးခဲ့တယ်ဗျာ
    ဒါနဲ့ – ကလေးတစ်ယောက် ဝတ်ထားတာ မန်ယူ အင်္ကျ ီထင်ပါ့
    အဲဒီလိုရွာလေးမှာတောင် မန်ယူကတော့ မန်ယူပဲနော်..

    • kotun winlatt

      June 25, 2012 at 10:02 am

      ကိုရွာစားကျော်ရေ..လက်မထောင်ပီးအားပေးတာကျေးဇူးပါ…
      ကလေးကဝတ်ထားတာက မန်ယူအကျီင်္ဆိုပေမယ့်..
      ကလေးက မန်ယူဆိုတာ မသိဘူးဗျ..
      ကျနော်အဲ့ကလေးကို အင်တာဗျူးကြည့်တယ်…
      သားလေးရေ..သားက မန်ယူကိုကြိုက်တယ်ပေါ့ဆိုတော့
      ကလေးက မျက်စိလေး ကလယ်..ကလယ်နဲ့ရယ်…
      မန်ယူဆိုတာ အင်္ဂလန် ပရီမီးယားလိဂ်က ဘော့လုံးအသင်းလေး
      ဆိုတော့ ပိုပီး ရှုပ်သွားတဲ့ ပုံစံနဲ့ရယ်…
      ဒါနဲ့ ကျနော်ကဆက်ပီး အင်္ဂလန်ဆိုတာ ဥရောပတိုက်ထဲကနိုင်ငံလေကွာလို့
      ဆက်ပြော…ဟီးးးးးအဲ့လို..အဲ့လိုနဲ့..အဲ့ကလေးခေါင်းလေးကိုကုတ်..
      ကျနော့်ကို ပေစောင်းးးပေစောင်းးကြည့်ပီးးလစ်သွားပါလေရောဗျာ…..။

      • ရွာစားကျော်

        June 25, 2012 at 12:37 pm

        အဟွတ် အဟွတ် မှားတဲ့အခါလည်း လွဲပေမပေါ့.. ;( 😆

        • kotun winlatt

          June 25, 2012 at 12:50 pm

          ဟီးးးးးးးးး ဟုတ်ပါ့..ဟုတ်ပါ့….
          ကိုရွာစားကျော်ရေ…
          နည်းနည်းလေးတော့လွဲနေမယ်…
          လွဲလွဲလေးပဲကောင်းပါတယ်….ပေါ့ခင်ဗျာ….

        • kotun winlatt

          June 25, 2012 at 12:58 pm

          လှူစဉ်ကတည်းက ကျနော် စိတ်ထဲကနေ
          အားလုံးကို ရည်စူးပြီး အမျှပေးဝေခဲ့ပါတယ်…
          ကိုပေရေ….
          ဒါနဲ့ ဇဂါးမစပ်….
          အနော့်ကို ဆြာထွန်းလို့ မခေါ်ပါနဲ့တော့ ကိုပေရေ..
          ဒီနှစ်ကျနော် စာသင်ကြားခြင်းမှ ရပ်နားလိုက်ပါပြီ…..
          ဟီးးးးးးးးးးးးးးးးးး

  • မောင်ပေ

    June 25, 2012 at 11:38 am

    ဆြာထွန်း အမျှပေးဝေဦးလေဗျာ
    အိုကြာပါတယ်…
    သာဓု သာဓု သာဓု ပါဗျား

    • water-melon

      June 25, 2012 at 12:57 pm

      ဟာဂျာ တိုပြောင်ကြီးကလဲ
      စိတ်ကြည့်ဘဲ
      ဒီမှာ တောင်မလေးတွေကြည့်နေတာ
      ကိုဝင်းရေ
      လာလည်ချင်တယ်ဗျာ

      • kotun winlatt

        June 25, 2012 at 1:02 pm

        လာလည်ပါ….ဖရဲရ…
        ဖရဲအတွက် စကီလေးးးးချောချောရှာပေးမယ်လေ…
        မယားမှာ တောသူဆိုတဲ့ ရှေးစကားရှိတယ်မဟုတ်လားခင်ဗျာ…
        စိတ်ကူးတော့ မလွဲနဲ့ဗျို့…
        တစ်ခါတစ်ခေါက်ဖြင့် အရောက်လာစေချင်ပါတယ်နော်…

  • ညလေး

    June 25, 2012 at 1:49 pm

    အားကျလိုက်တာဗျာ……
    စေသနာရှင်တွေရဲ.စိတ်ဓါတ်တွေက်ိုလည်း…ချီးကျူးမိပါတယ်……

  • Khaing Khaing

    June 25, 2012 at 2:38 pm

    ကိုထွန်းဝင်းလတ် တစ်ရွာပီးတစ်ရွာလိုက်လှူနေတာပေ့ါနော် အားရစရာကောင်းလိုက်တာ ….. ညီမကတော့ ရန်ကုန်က အခမဲ့ပညာသင်ကျောင်းတစ်ကျောင်းကိုပဲလှူဖြစ်တယ် ဒီနှစ်တော့မလှူဖြစ်သေးဘူး ဆင်းရဲတဲ့ ကလေးတစ်ယောက်ကိုပဲ စာအုပ်လှူဖြစ်သေးတယ် … ကိုယ်မလုပ်နိုင်တဲ့အလုပ်ကို သူများတွေလုပ်နေတော့ အားကျဂုဏ်ယူမိပါတယ် …….

  • kotun winlatt

    June 25, 2012 at 2:50 pm

    ဟုတ်..ညလေးရေ..
    ကျေးဇူးပါနော်….။

    @@@@@@@@@@@@@@@@@@@
    မခိုင်ခိုင်ရေ..ကျနော်တို့အဖွဲ့ဟာ (၁၅.၆.၂၀၁၂) တစ်ရက်တည်းကို
    ရွာငါးရွာက ကျောင်းငါးကျောင်းကို မနက်ကနေ ညနေအထိ လိုက်လံလှူဒါန်းခဲ့ပါတယ်..
    ၁၉.၅.၂၀၁၂မှာ သုံးကျောင်း ၂၂.၆.၂၀၁၂မှာ တစ်ကျောင်း စုစုပေါင်း ကိုးကျောင်းကို
    လှူဒါန်းခဲ့ပီးပီဖြစ်ပါတယ်ခင်ဗျာ…

Leave a Reply