မောင်ဝလုံး ခရီးသွားနေသည်။
မောင်ဝလုံး ဒီတစ်ခေါက်သွားတာက ထူးဆန်းတဲ့ ခရီးတော့ မဟုတ်ပါဘူး။ ရန်ကုန်ကို ဘပ်စကားနဲ့ သွားတာပါပဲ။ အယင်က သွားဘူးပေမဲ့ ဒီတစ်ခါသွားတော့ နဲနဲတော့ ထူးခြားတာလေးတွေ တွေ့မိမြင်မိ၊ အတွေးပွားမိပါတယ်။ မောင်ဝလုံး ရန်ကုန်သွားတိုင်း ဘတ်စ်ကားနဲ့ပဲ သွားတာ များပါတယ်။ အဲ- သူများကိုလည်း ဒုက္ခ မပေးချင်၊ ကိုယ် တိုင်လည်း အဆင်မပြေတော့ ထိုင်ခုံ ၂ ခုံ ဝယ်စီးနေကြပါ။ အဟဲ ကျွန်တော်က ဝ၀၊ လုံးလုံးလေ။ ဒါပေမဲ့ အခု နောက်ပိုင်း ကားလိုင်း အတော်များများက ကားကြီး ခုံကြီးတွေ ဖြစ်လာတာနဲ့ ဒီတစ်ခေါက် မောင်ဝလုံး တစ်ခုံပဲ ဝယ်စီးခဲ့ပါတယ်။
ကားကတော့ ဆွီဒင်နိုင်ငံလုပ် Scania (စားလုံးပေါင်း မှားနိုင်ပါတယ်) အမျိုးအစားပါ။ လေအေးပေးစက်က ကောင်း၊ ခုံတွေကလည်း ကျယ်။ အဆင်ပြေပါတယ်ခင်ဗျ။ နောက်ပြီး ခရီးသည် ဝန်ဆောင်မှုအတွက် အမျိုးသမီး ငယ်လေးတစ်ယောက် လိုက်ပါတယ်။ ဒီတစ်ခုကတော့ ထူးခြားလာတဲ့ အချက်ပါပဲ။ ဒီလို ဝန်ဆောင်မှု စနေတာ ကြာပြီလို့တော့ ကြားပါတယ်။ အခုမှပဲ ကိုယ်တွေ့ ကြုံဖူးတာပါ။ ယာဉ်စထွက်သည်ကနေ၊ ဘယ်မှာရပ်မယ်၊ ဘယ်လောက်ကြာကြာ ရပ်မယ်ဆိုတောတွေကိုပါ ကြေညာပေးတယ်ဗျ။ ကောင်းပါတယ်။ ဒါပေမဲ့ အဲလို ပြောပေးတာကိုပဲ ကားမှားတဲ့သူ၊ အချိန်နောက်ကျပြီးမှ ရောက်လာတဲ့သူက ရှိသေးတယ်။ နောက်ပြီးတစ်ခု ထူး ခြားတာက ထိုင်ခုံခါးပတ် ပတ်ခိုင်းတာပါပဲ။ ဒါလေးကိုလည်း မောင်ဝလုံး သဘောကျမိပါတယ်။ အမြန်လမ်းမကြီး ပေါ်မှာ တစ်နာရီ ကီလိုမီတာ ၁၀ဝ နှုန်းလောက်နဲ့ မောင်းတဲ့အခါ လို်က်ပါတဲ့ ခရီးသည်များ ထိုင်ခုံခါးပတ် ပတ်ထားခြင်းက အင်မတန် လုပ်သင့်တဲ့ အချက်လို့ မြင်မိပါတယ်။ ဒါပေမဲ့ တပ်ရမှာလား၊ မပတ်ထားလို့ မရဘူးလား ဆိုတဲ့ အသံလေးတွေ ကြားမိတော့ စိတ်ထဲမှာ အတော်လေး ကသိကအောက် ဖြစ်ရတယ်။
နောက်ပြီး ကားပေါ်မှာ ရုပ်ရှင် မပြဘူးဗျ။ ဒါလဲ ကောင်းပါတယ်။ ည ၉ နာရီကားမို့လားတော့ မသိဘူး။ ထွက်ကတည်းက အိပ်ချိန်ရောက်နေတော့လို့ မပြတာလည်း ဖြစ်နိုင်ပါတယ်။ မေးမကြည့်ခဲ့မိပါဘူး။ အားလုံးကတော့ ထိုင်ခုံတွေကို နောက်လှန်ပြီး အိပ်ကြတာပေါ့။ အဲ -၁၈၅ မိုင် သီးကုန်း ယာဉ်ရပ်နား စခန်းမှာ နားပါတယ်။ ညစာခေါ်မလား၊ ညလည်စာခေါ်မလား စားဖို့ပေါ့ခင်ဗျာ။ အဲဒီမှာ ကျွန်တော် သတိပြုမိတာ တစ်ခု ရှိပါတယ်။ ထိုင်ခုံတွေကို နောက်လှန်ပြီး အိပ်လာကြတာ။ ကားပေါ်က ဆင်းဖို့ ထတဲ့အချိန်မှာ ဘယ်သူကမှ ပြန်ပြီး တဲ့မသွားကြပါဘူး။ အဲဒီတော့ နောက်ကလူက ထွက်ရ ခက်တာပေါ့။ မောင်ဝလုံးအတွက် ပိုဆိုးပါတယ်။ လေယာဉ်ပေါ်က လေယာဉ်မယ်တွေလို ထိုင်ခုံနောက်မီနဲ့ စားပွဲငယ်များကို တည့်မတ်စွာ ထားပေးကြပါရန် ဆိုတာမျိုး ကြေညာပေးရမဲ့ သဘောမှာ ရှိနေပါတယ်။ ဒါလေးက ဘာမှာမဟုတ်ဘူးလို့ ပြောလို့ရပေမဲ့ ကိုယ်ချင်း စာစိတ်ကလေးနဲ့ လုပ်ပေးရင် ရတာမျိုးပါပဲ။
နောက်တစ်နေရာ ၁၁၅ မိုင်မှာ ရပ်ပါတယ်။ အပေါ့အပါးသွားရုံ ၁၅ မိနစ်ပါပဲ။ ကားမရပ်ခင် ရပ်နားချိန်ကို အတိအကျ ကြေညာပေးပါတယ်။ ဒီတစ်ခါလဲ စောင့်ရတာ၊ ကားမှားတာတွေ ရှိနေတာပါပဲ။ ရန်ကုန်ကို ပုံမှန်အတိုင်း နံနက် ၆ နာရီ ၃ဝ လောက် ရောက်ပါတယ်။ ကားတစ်စီး ဆိုက်လာရင် အတင်းလု ကြိုကြတဲ့ ကားသမားတွေကတော့ အမင်တန် စိတ်ညစ်စရာ ကောင်းပါတယ်။ မောင်ဝလုံးလဲ တည်းမဲ့ သူငယ်ချင်းအိမ်ကို သွားရမှာစောတာနဲ့ ကားဝင်းထဲက လဖက်ရည်ဆိုင်မှာ အချိန်အတော်ကြာထိုင်နေခဲ့ပါတယ်။
အဲ – တစ်လမ်းလုံး သူများတွေကို လိုက်ကြည့်ခဲ့တဲ့ မောင်ဝလုံး ၊ စီးဖို့ယူလာတဲ့ ရှုးဖိနပ် ကားပေါ်မှာ ကျန်နေခဲ့တာ နောက်နေ့မှပဲ အမှတ်ရပါတော့တယ်။ သွားယူရတဲ့ Taxi ကားခ ထပ်ပေါင်းလိုက်တော့ဖိနပ် တန်ဖိုး တက်သွားတာပေါ့ခင်ဗျာ
6 comments
မောင်ပေ
June 25, 2012 at 9:26 pm
ဟုတ်ကဲ့ ၊ ဖတ်ရှုအားပေးသွားပါသည် ။
သားဦး၊မြေးဦး
June 25, 2012 at 9:34 pm
ဖိနပ်က ပြန်ယူလို ့ရသေးတာ ကံကောင်းပါ၏။
ထိုင်ခုံထားပုံတွေကတော့ဗျာ ကိုဝလုံးပြောတာ
ဟုတ်တာဘဲဗျာ။ကျနော်လဲ အတော်သဘောမကျ
တယ်ဗျာ။တခါတလေ နောက်ထိုင်ခုံကနေ ရှေ ့က
ခုံလေးပြန်ဆွဲပေးပါ ပြောတာကို မလုပ်တတ်သလို
ပြန်ကြည့်နေတယ်ဗျာ။
အခက်သားမို ့လား။
the best
June 25, 2012 at 9:42 pm
အဝေးပြေး ကားတွေ ထိုင်ခုံ ခါးပတ် မပါတာတွေ များတယ်။
ထိုင်ခုံ ခါးပတ် အတွက် စည်းကမ်းထုတ် သင့်ပါတယ်။
may flowers
June 25, 2012 at 11:51 pm
ထိုင်ခုံခါးပတ်တွေပါလာပြီကြားတော့ ဝမ်းသာစရာပါ။ မောင်ဝလုံးရေ ဖတ်ရှုအားပေးသွားတယ်နော်။
TNA
June 26, 2012 at 8:07 am
ရုပ်ရှင်ကတော့ ညကားတွေပေါ်မှာရုပ်ရှင်မပြရလို့ အမိန့်ထုပ်ထားပါတယ်။ တလလောက်ပဲရှိအုံးမယ်မှတ် တယ်။ အဲဒါကြောင့်မပြတော့တာပါ။ မြန်မာလူမျိုးတွေရဲ့စည်းကမ်းနဲ့ စာနာစိတ်ကတော့ တော်တော်ကိုလေ့ ကျင့်ယူရအုံးမှာပါ။
Shwe Tike Soe
June 26, 2012 at 9:40 am
ဟုတ်ပ ကိုဝလုံးရေ ကျွန်တော်လဲ ရန်ကုန်မန္တလေး အမြဲသွားနေတာ… အဲလို ကဗောက်တိကဗောက်ချာ လူတွေ အများကြီး တွေ.ရတာပါပဲ… အဲရှိသေးတယ်… ကွမ်းယားစားတဲ့ ကိုကိုတွေများ ဘေးနားကြရင် သေပြီဆရာ…. ကွမ်းတံတွေး အိပ်နဲ.ထွေးပြီး အဲဒီအိပ်က တညလုံး အနံ.နဲ. အိပ်မရတာ ကြုံဘူးတယ်.
ကိုယ်ချင်းစာစိတ်ကလေးနဲ. ဘယ်အရာမဆိုနေကြသင့်တယ်ဗျ……..