Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကောင်းတော့ကောင်းပါလျှက်ထိုင်နေကြတာခက်။

ba gyiJune 26, 20121min4608

လူကောင်းတွေ ဘာမှမလုပ်ပဲထိုင်နေတာဟာ၊မကောင်းမှု လုပ်သူတွေ အတွက် လိုအပ်နေတဲ့ ၊ တစ်ခုတည်းသောအရာပါ။
သည်စာတန်းကလေးကို 5 Movies မှပြသသော Tear of the sun . ဇတ်ကားကလေးအပြီးမှာ၊ စာတန်း ထိုးပြ လိုက် တာပါ။ ဇတ်လမ်းကလေးကိုတစ်ချို့လည်းကြည့်ဘူးကြမှာပါ၊နိုက်ဂျီးရီးယားပြည်တွင်းစစ်ပွဲကြားမှာပိတ် မိနေတဲ့ အမေရိ ကန်မစ်ရှင်အဖွဲ့မှ ဆရာဝန်မကလေးကို၊အမေရိကန် စစ်ကွန်မန်ဒို အဖွဲ့မှကယ် တင် တဲ့ဇတ်လမ်းလေးပါ။
ကွန်မန်ဒိုတွေဟာအထက်တာဝန်အမိန့်အရ၊ဆရာဝန်မလေးကိုပဲကယ်ရမှာပါ၊ဒါပေမည့်အဲသည်ဆရာဝန်မလေးနှင့်အတူ၊အခြားစစ်ပြေးဒုက္ခသည်တွေပါလာပြီး၊သူတို့ကိုပါကာကွယ်ရတာနဲ့ ဆရာဝန် မလေးအပါအဝင်ကွန်မန်ဒိုတွေပါအသက် ဘေးအန္တရာယ် များခဲ့ရပါတယ် ၊နောက်ဆုံး အထက် အမိန့်အရ၊အမေရိကန်ကယ်ဆယ်ရေးရဟတ်ယာဉ်ရောက်လာပြီး၊ဆရာဝန်မလေးကို အတင်း ဆွဲတင်ကာ၊ကွန်မန်ဒိုတွေ ကိုယ်လွတ်ရုန်းထွက်ခွင့်ရခဲ့ပေမည့်၊ အောက်မှကျန်ခဲ့တဲ့ ဒုက္ခသည်တွေ ကြည့်ပြီး၊လူသားချင်းစာနာတဲ့စိတ်၊အာဏာသိမ်းစစ်သားတွေလက်ထဲကျရောက်ပြီးမရှုမလှအသတ်ခံရမည့် ဒုက္ခသည်တွေရဲ့ဘဝ။ သည်လိုနှင့် ကွန်မန်ဒိုတွေ ရဟတ် ယာဉ်နောက်ကြောင်းပြန် လှည့် ဆင်းပြီး၊ဒုက္ခသည်တွေကိုကယ်တင်လိုက်တဲ့ဇတ်လမ်း ကလေးပါဗျား။
အဲသည်ဇတ်လမ်းလေးအပြီးရေးထိုးလိုက်တဲ့၊စာတန်းကလေးကြောင့်ဇတ်လမ်းအနှစ်သာရပိုကဲ၊ပြီးလူ့တာဝန်၊လူ့စရိုက်ဆိုတာကိုတွေးမိခဲ့ပါတယ်။
ကျနော်တို့ မြန်မာလူမျိုးများ ငယ်စဉ်ကတည်းမှပင် ဘိုစဉ်ဘောင်ဆက်ကြားခဲ့၊မှတ်ခဲ့မိသောဆိုစ ကားများရှိကြပေရာ-
ကိုယ်ကောင်းလျှင် ခေါင်းဘယ်မှမရွှေ့ဘူး
ကိုယ့်ထမင်းကိုယ်စားပြီး ဂျီးဒေါ်နွားမကျောင်းနှင့် —- စသည်– စသည်ဖြင့် ။
သည်ဇတ်လမ်းလေးအရ၊အထက်မှခိုင်းသောတာဝန်အရ၊ဆရာဝန်မလေးကိုကယ်နိုင်ပြီး၊တာဝန် လည်းကျေကာ အောင် ပန်း ပန်ပြီးပြန်နိုင်နေပါလျှက်၊ (ကျဉ်းမြောင်းပြီးဘောင်ခတ်ထားသည့် တာဝန်ကျေစိတ်)ထက် ပိုမိုကာ၊လူသားချင်းစာနာ စိတ်ဖြင့်၊ မိမိအသက်ဘေးကိုပင်ပထာန မထား ပဲ ဒုက္ခသည်များကိုလွတ်မြောက်စေရန်စွန့်စားကယ်တင်နိုင်ခဲ့သောအဆင့်မြင့် လူသားဆန် သည့် လူ့စရိုက်သဘာဝ ကိုလေးစား အားကျမိပါတော့တယ်ဗျား။
Geographic Channel များတွင်တောတွင်းတိရစာ္ဆန်များသည်၊ လူနှင့်မခြားပဲအုပ်စု သင်းဖွဲ့ လိုက်နေ လေ့ရှိကြ သော်လည်းအခြားမျိုးကွဲတိရစ္ဆာန်များ၏၊အန္တရာယ်ကျရောက်ပါက။ကိုယ်လွတ်ရုန်းကာပြေးကြပုံ၊မပြေးနိုင်သောမိမိမျိုးတူအ ကောင်မှာသတ်ဖြတ်ခံရပုံ၊ ထိုမြင်ကွင်း ကိုမြင်ပါ လျှက် – မိမိတို့လောက်အကောင်အရေအတွက်အင်အားမများသောမုဆိုး တိရစ္ဆာန်အကောင် ကိုကြောက်လန့်ပြီးမိမိလွတ်မြောက်ရေးသာကြည့်ကာ၊ဥပေကာပြုထွက်ပြေးပုံများစွာကျုန်ုပ်တို့ မြင်တွေ့ကြည့်ခဲ့ရပါသည်။( လူနှင့်ခြားနားသောအချက်ပင် )
အများနှင့်သက်ဆိုင်သောအသိုင်းအဝိုင်းများမှသွေဖီကာ၊ကိုယ့်အကျိုးအတွက်တိုက်ရိုက်မသက် ဆိုင်ပါက၊ခပ်ရှောင် ရှောင်နေတတ်စားတတ်၊ပြောတတ်သည့်စရိုက်သဘာဝများထွန်းကားလာခဲ့ သည်မှာ နှစ်ပရိစ္ဆေတ ကြာခဲ့ချေပြီ၊သို့သော်လူ့သမိုင်းတစ်လျှောက်တွင်၊လူသားမျိုးနွယ် စုများ၏၊ ဆင့်ကဲဖြစ်စဉ်အရလည်းကောင်း၊လူသားများ၏လိုအပ်ချက်နှင့်တစ် ဦးတစ်ယောက်ထည်းအားနှင့် မလုံလောက်သောကိစ္စများဖြေရှင်းနိုင်ရေးအတွက် လူ့အသင်းအဖွဲ့များပေါ်ပေါက်ခဲ့ပေရာလူ အ များအကျိုးပြုသောကောင်းကျိုးအတွက်လည်းကောင်း၊ကိုယ်ကျိုးကြည့်ကာဆောင်ရွက်ပြီးအများဆိုကျိုးအတွက်ဖြစ်ပေါ်စေမည့်အဖွဲ့အစည်းများအဖြစ်လည်းကောင်း၊ပုံစံမျိုးစုံသောအသင်းအဖွဲ့များ သည်၊သမိုင်းတစ်လျှောက်ဖြစ်တည်ခဲ့ ကြပါပြီ။
ထိုဖြစ်တည်ခဲ့ကြသည်များအနက် ဆိုးကျိုးကိစ္စများကြောင့်လူသားမျိုးနွယ်များတို့၊ ပျက်သုဉ်းမည့် အန္တရာယ် တွေ့မြင် လာကြသောအခါတွင်၊ကဗ္ဘာ့ လူသားများအကျိုးရေရှည်တည်တန့်ရေးသည် တစ်ကဗ္ဘာလုံးရှိ လူ မျိုးနွယ်စုအားလုံး တွင် တာဝန်ရှိကြောင်း နှင့် လူသားမျိုးနွယ်စုအချင်းချင်း ( အိမ်ရှေ့ပူ/အိမ့်နောက် မချမ်းသာ) ဆိုသလို ပူးပေါင်းဖြေရှင်းရန် တောင့်တသော GlobaliZation ခေတ်သို့ရောက်ရှိခဲ့ပေသည်။ တစ်ဦးနှင်တစ်ဦး၊တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊တစ်ဖွဲနှင့်တစ်ဖွဲ့၊အသိပညာ/နည်းပညာဖလှယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ကူညီပံ့ပိုးခြင်းစသည်တို့ကိုကွန်ယက်ပမာချိတ်ဆက်ဆောင်ရွက်နေကြပြီ လူ့အကျိုးပြုအသင်း အဖွဲ့များ၏အခန်းကဏ္ဍ သည် ပိုမိုထင်ရှားကြီးမားလျှက်၊ကဗ္ဘာ့ထိပ်တန်း
အရေးအရာများတွင်ပါမရှိမဖြစ်နေရာယူရေပန်းစားလျှက်ရှိပေရော့ပြီ ။
သို့သော် ကောင်မွန်သန့်ရှင်းသောရည်ရွယ်ချက်အဖွဲ့အစည်းများဖြစ်သော်လည်း၊သတ္တဝါစရိုက် အမျိုး မျိုးထဲမှ ဒုစရိုက် အတ္တ စိတ်အစွဲရှိသောသူတို့မှာ မူ ၊ တစ်ကိုယ်ကောင်းဆန်စွာဆောင် ရွက် တတ်သောဉာဉ် (ဝါ)အကျင့်မပျောက်တတ်သည်ဖြစ်ရကား၊အခွင့်သာလျှင်သာသလို ကိုယ်ကျိုး ရှာစရိုက်ပေါ်လာတတ်သည်အမြဲဖြစ်သဖြင့်၊ ကောင်းကျိုးပြုအဖွဲ့ အစည်းများအတွက်ဘေးဥပဒ် အန္တရာယ်များဖြစ်ပေါ်နိုင်၊ပျက်စီးနိုင်ပေသည်။စည်း၊စံနစ်မည်မျှချမှတ်ထားသည်ဖြစ်ပါစေထိုသို့ ့သောအဖျက်အမှောင့် ရည်ရွယ်သူများ အင်အားကောင်းလာသောအခါတွင်တော့– (ရေများရေနိုင် ၊မီးများတော့မီးနိုင် ဆို မဟုတ်ပါလား။)
လူကောင်းတွေဘာမှမလုပ်ပဲထိုင်နေတာဟာ၊ မကောင်းမှုလုပ်သူတွေအတွက်၊လိုအပ်နေတဲ့ တစ် ခုတည်းသော အရာ ပါဗျား။

8 comments

  • မောင်ပေ

    June 26, 2012 at 1:27 am

    ဘကြီးရေ
    ပိုစ့်ကနေ အဓိပ္ပါယ် တစ်ခုရမိတယ်
    ကျုပ်တို့ဂေဇက်က အမာခံလူတွေလဲ တတ်နိုင်သလောက် လုပ်နေကြပါတယ် ခင်ဗျား

  • YE YINT HLAING

    June 26, 2012 at 3:19 am

    Tear of the sun ကို ကျွန်တော် ကြည့်ခဲ့ဘူးပါတယ် ။ ဘကြီး ပြောလို့ နောက်တခေါက် ပြန်ကြည့်လိုက်ဦးမယ်.
    ကိုပေ ပြော သလိုပဲ ပိုစ့်ကနေ အဓိပ္ပါယ် တစ်ခုရမိတယ်.

  • အရီး Khin Latt

    June 26, 2012 at 3:27 am

    ဒီ Post လေး ကနေ အင်အားတွေ ပိုပြီး ဖြစ်လာစေပါတယ်။
    ကျေးဇူးပါရှင်။
    အားရှိပါးရှိ ကို အားပေးသွားပါတယ်။

    ဟုတ်ပ။
    မောင်ပေ နဲ့ မောင်ဝိုင်ဝိုင် တို့ ပြောသလို ဘဲ ပိုစ့်ကနေ အဓိပ္ပါယ် တစ်ခုရမိသလို ဘဲ။ 🙂

  • ရဲစည်

    June 26, 2012 at 6:18 am

    အင်း တွေးစရာတွေတော့ အများကြီးရပါတယ် ………
    ဒီစာမျိုး များများဖတ်ရလေ အကျိုးများများ ရလေပါဘဲ

    …………………………………………………………..
    ထုံးစံအတိုင်း ဘယ်သူမြှောက်ပေးတာလဲတော့ မသိဘူး မတူတဲ့အတွေးနဲ့ မန့်ဆိုလို့ 🙂
    ဘရုစ်ဝီလီရဲ့ Tears Of the Sun ကြည့်ပီးရင်
    မက်ဒေမွန်ရဲ့ Green Zone ဆိုတာလေးလဲ ဆက်ကြည့်ဖြစ်တယ်
    ဆိုတော့……..
    ” တစ်ဦးနှင်တစ်ဦး၊တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊တစ်ဖွဲနှင့်တစ်ဖွဲ့၊အသိပညာ/နည်းပညာဖလှယ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ကူညီပံ့ပိုးခြင်းစသည်တို့ကိုကွန်ယက်ပမာချိတ်ဆက်ဆောင်ရွက်နေကြပြီ လူ့အကျိုးပြုအသင်း အဖွဲ့များ၏အခန်းကဏ္ဍ သည် ပိုမိုထင်ရှားကြီးမားလျှက်၊ကဗ္ဘာ့ထိပ်တန်း
    အရေးအရာများတွင်ပါမရှိမဖြစ်နေရာယူရေပန်းစားလျှက်ရှိပေရော့ပြီ….”
    တခါတလေမှာ လူ့ဘောင်အဖွဲ့အစည်းမှာ ပါဝင်ပါတ်သတ်မှု ကဏ္ဍလေးပေါ့ တော်တော်လေး ကွဲပြားပါတယ် ဆရာဝန်မလေး+လူပေါင်း ၁၀ဝကျော်ခန့် အဲဒါ ၁၉၉၃ နောက်ပိုင်းထင်တယ် တကယ့်ဖြစ်ရပ်မှန်လေးပါ…………တရားမဝင် ဖြစ်ရပ်မှန်လေးပေါ့
    CIA ရဲ့ပယောဂကြောင့် NSA က Special Ops တွေရဲ့ ဇာတ်လမ်းပါ…။
    အဲ ၂၀၀၂ နှစ်ကုန်ပိုင်းမှာတော့ အီရတ်မှာ “တာဝန်ဆိုတာ သိမှရှိတာ” ဆိုတာထက် ပိုသိ ပိုရှိလွန်ခဲ့ကြတာ လူပေါင်းများစွာ အတိဒုက္ခ ရောက်သွားကြရတယ် တကယ့် တရားဝင်ဖြစ်ရပ်မှန်ကြီးပါဘဲ… ပိုဆိုးတာ ပြေပါတယ်………………………….။
    ဆိုတော့ တခါတလေမှာ “ထိုင်နေရင် အကောင်းသား ထသွားမှ ကျိုးမှန်းသိ”တာတွေ များလာတော့ လူတွေက ဘေးထိုင်ချင်လာတာလဲ ပါလိမ့်မယ်လို့ ထင်မိပါတယ်…။

    အဲဒါလေးပါ လုပ်တော့လုပ်နေကြတာဘဲ ပြောလဲပြောနေကြတာဘဲ လူတွေလိုက်ပါဆောင်ရွက်မှုရဲ့ နောက်မှာ အမှားကင်းတဲ့ သပ်ရပ်စနစ်ကျတဲ့ စနစ်တခုလည်း လိုအပ်ကြောင်း တင်ပြပါရစေ

  • ကြောင်လေး

    June 26, 2012 at 8:12 am

    ဆိုတော့ တခါတလေမှာ “ထိုင်နေရင် အကောင်းသား ထသွားမှ ကျိုးမှန်းသိ”တာတွေ များလာတော့ လူတွေက ဘေးထိုင်ချင်လာတာလဲ ပါလိမ့်မယ်လို့ ထင်မိပါတယ်…။

    ကိုရဲစည်ကွန်မန့်လေးအတိုင်း အမှန်ဖြစ်ခဲ့တဲ့ အချိန် သေချာရှိခဲ့ဖူးပါတယ်။
    (ရေများရေနိုင် ၊မီးများတော့မီးနိုင် ဆို မဟုတ်ပါလား။)
    လူကောင်းတွေဘာမှမလုပ်ပဲထိုင်နေတာဟာ၊ မကောင်းမှုလုပ်သူတွေအတွက်၊လိုအပ်နေတဲ့ တစ် ခုတည်းသော အရာ ပါဗျား။

    အခုအချိန်မှာတော့ ဒီအဆိုကဖြစ်နိုင်ချေရှိလာပါပြီ။

  • ကြောင်လေး

    June 26, 2012 at 8:14 am

    တစ်ခုပြောဖို့မေ့သွားလို့
    ဘေးထိုင်ခဲ့ရတာများပြီး ကျနော့လို
    ချိ သွားတဲ့သူတွေလည်းအများကြီး ရှိလိမ့်ဦးမယ်ထင်တယ်။

  • etone

    June 26, 2012 at 9:20 am

    ကိုဘကြီးရေ …

    လူကောင်းတွေ ဘာမှမလုပ်ပဲထိုင်နေတာဟာ၊မကောင်းမှု လုပ်သူတွေ အတွက် လိုအပ်နေတဲ့ ၊ တစ်ခုတည်းသောအရာပါ။

    ဆိုတဲ့ စာသားလေး …ရိုးရှင်းသလောက် ၊ အနက်အဓိပ္ပါယ် အများကြီးပါဝင်နေတာတွေ့ရတယ် … ။

    လူကောင်းတွေ ဘေးထွက်ထိုင်နေမယ့်အစား .. တစ်ခုခုတော့ လုပ်သင့်တာပေါ့ … ရွာထဲမှာလည်း . … လုပ်သင့်လုပ်ထိုက်တာလေးတွေ လုပ်နေကြပါပြီ …. ။ မကြာခင် သာဓုခေါ်စရာ ကိစ္စရပ်လေး … ကြားရပါဦးမယ် …. ။ 🙂

  • ba gyi

    June 26, 2012 at 10:29 am

    သည်ပို့စ်လေးကို ရအောင်တင်ပေးတဲ့ သူကြီးဦးခိုင်နှင့် ဂဇက်စီမံရေးရာအဖွဲ့ကို အရင်ဆုံးကျေး ဇူးတင် ပါတယ်ပို့စ်တင်မရတာ လနှင့်ချီနေပြီး၊ယ္ခုတော့ ရတဲ့ထောင့်မှဆောင်ရွက်ပေး တာအရမ်းဝမ်းသာ ပါတယ် ထဗျား။
    ကျနော့်ကွန်ပျူတာပြဿနာရှိလို့ထင်ပါတယ်၊အဖြေတော့ရှာမရသေးပါ။
    ကိုပေ ၊
    YE YINT HLAING
    အရီး Khin Latt
    ရဲစည်
    ကိုကြောင်လေး
    မ etone တို့ရဲ့အားပေးသံများကြောင့်သည်ပို့စ်ကိုရေးရတဲ့ရည်ရွယ်ချက်အပေါ်ပိုပြီးအားတက်မိပါတယ်ဗျာ
    ကျေးဇူးတင်ပါသည်။
    ဂဇက်ရွာသူ/သားများကိုတော့ကျနော်ယုံကြည်ပြီးသားပါ၊ထိုင်နေသူတွေမပါဘူး၊တတ်နိုင်တဲ့ထောင့်မှ
    ဝိုင်ဝန်း၊ထမ်းနေကြသူတွေပါ။
    ကိုရဲစည်ရေ- အများကောင်းကျိုးဆိုတာကိုလက်ကိုင်ပြုပြီးလုပ်မှရတဲ့ခေတ်တွေရောက်လာတော့ အဲသည်
    စကားလုံး၊ပညာတ်ကိုတွင်တွင်သုံးပြီးကိုယ်ကျိုးရှာတဲ့သူတွေရဲ့လက်ထဲမှာပဲဝဲလည်ခဲ့၊အသင်း၊အဖွဲ့တွေ
    ကျနော်တို့တွေ့ခဲ့ဘူးပါပြီ၊ အဲလိုလူတွေကြောင့်လည်း ၊ကောင်းမှုဆိုတဲ့စကားလုံးပေါ်မှာတောင် လူတွေ
    တွေဝေသံသယဝင်ချင်နေကြပြီး၊ကိုယ်ပါပါရင်အထင်ခံရချည့်ဆိုကာရှောင်ကြရင်း၊အဖွဲ့ပျက်တာမျိုးတွေ
    နေရာတော်တော်များများမှာတွေ့ရမှာပါ။
    သည်လိုနှင့်ကောင်းမှုကိုမကောင်းမှုမှအနိုင်ယူသွါးတာပဲမဟုတ်လားဗျာ၊ကျနော်အဲဒါကိုစိုးရီမ်နေတာပါဗျား။

Leave a Reply