Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာနိုင်ဘီ

ဘဲဥJune 26, 20121min33324

ဘယ်သူတင်မလဲလို့ စောင့်နေတာကြာပေါ့ ၊ ဘူမှမတင်လို့ သများပဲတင်လိုက်တယ်၊

မနေ့က ဗွီယက်နမ်နဲ့ မြန်မာ ဘောလုံးပွဲမှာ မြန်မာက ၃-၁ နဲ့ ဂိုးပြတ်နိုင်ဒယ်။

ဟိုတစ်နေ့က ဖိလစ်ပိုင်နဲ့ ကန်တဲ့ပွဲမှာလည်း ၅-၁နဲ့ ဂိုးပြတ်နိုင်ဒယ်။ အဖွင့်ကတော့လှနေဘီ

နောက်ပွဲတွေမှာတွေ့ရမယ့် တောင်ကိုရီယား၊တရုတ် (တိုင်ပေ) အသင်းဒွေနဲ့ကျရင် ဘယ်လိုလာမလဲမသိဘူး။

သများဒို့ အခုဝမ်းသာရမှာလား ပွဲစဉ်တွေအားလုံးပြီးမှ ဝမ်းသာရမှာလားမသိသေးဘူး ။လက်ရှိမြန်မာအသင်းရဲ့ ခြေစွမ်းက အရင်တုန်းကထက် အများကြီးတိုးတက်လာတာကို တွေ့ရဒယ်။ ဒါပေမယ့် တိုက်စစ် အဆုံးသတ်ပိုင်းမှာ အားနည်းနေသေးတယ်။ ပီးခဲ့တဲ့ နှစ်ပွဲမှာတော့ ကစားကွက်အသာနဲ့ ဂိုးပြတ် ကစားနိုင်ခဲ့တဲ့ မြန်မာ ကစားသမားတွေကို ချီးကျူးဘာဒယ်။ နောက်လာမယ့်ပွဲစဉ်တွေမှာလည်း အကောင်းဆုံးအနေအထားနဲ့ အနိုင်ကစားနိုင်ဘာဇေလို့ ဆန္ဒပြုဘာဒယ်။

ခြေစွမ်းပြနေတဲ့ ကျော်ကိုကို
မြန်မာနည်းပြ ပက်ဆောင်ဟွာ

24 comments

  • ဘဲဥ

    June 26, 2012 at 3:33 pm

    ယခုနိုင်ပွဲကြောင့် မြန်မာတို့က ကိုရီးယားနှင့် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အုပ်စု ဒုတိယနေရာတွင် ရပ်တည်လျှက်ရှိပါဒယ်။ ၂၈ရက်နေ့ ညနေ ၆း၁၅ အချိန်မှာ မြန်မာနဲ့ ကိုရီးယားနဲ့ တွေ့ဂျဒေါ့မှာဖစ်ပါဒယ်။
    ဘယ်လိုအဖြေမျိုးထွက်လာမယ်ဆိုဒါ ပိတ်သတ်ဂျီး ဆက်လက်စောင့်ကြည့်ပေးဂျဘာနော်။

  • ကိုရင်စည်သူ

    June 26, 2012 at 3:33 pm

    ဒီအခြေအနေနဲ့ဆိုတော့ မြန်မာ အုပ်စုတက်မှာပါ။
    တောင်ကိုရီးယားတစ်သင်းတော့ ကြောက်ရတယ်…
    ဘာပဲဖြစ်ဖြစ် မြန်မာကွ…
    မြန်မာ့ဘောလုံးအားကစား ကန်ဘာသို့လွှမ်းစေရမည်။

  • may flowers

    June 26, 2012 at 3:36 pm

    မြန်မာနိုင်ပြီ…………အမြဲအဲဒီအသံလေးပဲကြားချင်ပါတယ်။

  • မမ အညာသူ

    June 26, 2012 at 3:44 pm

    ဟုတ်တယ်နော်
    မနေ့ကပွဲစဉ်မြန်မာနိုင်တယ်
    မြန်မာအားကစားကမ္ဘာကိုလွမ်းရမည်………………

  • water-melon

    June 26, 2012 at 3:56 pm

    မြန်မာနိုင်ပြီ ဒို့မြန်မာနိုင်ပြီ
    နာလည်း ဘောသမားလုပ်ချင်တယ်
    နာကဂိုးသမားဖြစ်ချင်တာအေ့

    • ဘဲဥ

      June 26, 2012 at 4:00 pm

      ညည်းဂ ဂိုးသမားဖြစ်ချင်ဒါ ဟုတ်ရား
      နာဂလည်း သွင်းအုံးမှာ (ဂိုး ပြောပါတယ်) 😆

  • ဘဲဥ

    June 26, 2012 at 3:57 pm

    အင်း ကမာ္ဘတော့မသိဘူး ကန်ဘောင်ပေါ်တော့ အရင်လွှမ်းမှာ ကျိန်းသေဒယ်

  • Thu Wai

    June 26, 2012 at 3:59 pm

    ကိုရီးယားနဲ့ပွဲကျရင် ကိုရီးယားနည်းပြကိုမသုံးစေချင်ဘူး လက်ထောက်မြန်မာနည်းပြတစ်ယောက်ယောက်ကိုသုံးစေချင်တယ်

  • မွန်မွန်

    June 26, 2012 at 4:03 pm

    မနေ့ကပွဲက ကြည့်နေရင်းနဲ့ ကိုယ့်ကိုကိုယ် ဘောလုံးကွင်းထဲရောက်သွားသလိုတောင် ခံစားလိုက်ရတယ်..စိတ်လွတ်လက်လွတ်နဲ့ အော်ထည့်လိုက်တာ…
    တောင်ကိုရီးယားကိုတော့ နည်းနည်းကြောက်တယ်…ဒါပေမယ့်လည်း နိုင်အောင်ကန်နိုင်မှာပါ…
    တရုတ်(တိုင်ပေ)နဲ့ပွဲကျရင်တော့ သွားကြည့်ရင် ကောင်းမလား စဉ်းစားနေတယ်…

  • water-melon

    June 26, 2012 at 4:04 pm

    လက်ထောက်မြန်မာနည်းပြက သန်းတိုးအောင်ထင်တယ်
    ဟုတ်လားဟင်

    • ဘဲဥ

      June 26, 2012 at 7:15 pm

      အုပ်ချုပ်သူတဲ့ သန်းတိုးအောင်းက

  • mamanoyar

    June 26, 2012 at 4:11 pm

    ဟေးးးးးးးးးးးးးးးးးး ဝေးးးးးးးးးးးးးး
    မြန်မာနိုင်တယ်ဆိုလို့ ………….

  • ကိုရင်မောင်

    June 26, 2012 at 4:44 pm

    ဒီအသံမကြားရတာကြာပြီ…
    နိုင်တဲ့သတင်းကြားရတာဝမ်းသာတယ်ဟေ့…..

  • we R one

    June 26, 2012 at 4:46 pm

    TV ရှေ့မှာ ထိုင်ကြည့်ရတာနဲ ကွင်ထဲဝင်ကြည့် ရတဲ့ အရ သာ က လုံး အပြတ်အသတ်ကို ကွာတယ်ဆိုတာ အခု မှ သိတော့တယ်…
    ကွင်းထဲပဲ သွားအားပေးတော့မယ်…. ..

  • မောင်ပေ

    June 26, 2012 at 6:53 pm

    ဘဲဥ တင်ထားတဲ့ ပုံတွေထဲက ထိပ်ဆုံးကပုံ
    အင်းကျီနံပါတ်၁ဝ က ရုတ်တရက် ကြည့်လိုက်တော့ ၊ ဒိုလေး လိုလို ဘာလိုလို နဲ ့

    • we R one

      June 27, 2012 at 9:10 am

      ဟမ်းမလေး ကိုမောင်ပေ ရယ် နှိုင်းရဲ့ ပ့ါ ကျွန်မ ချစ်သူနဲ များ… ကျော်ကိုကို ကို…။
      ကျော်ကိုကို ကိုတော့ ကြိုက်ပါတယ်..ဒါပေမဲ့ ကျွန်မ ချစ်သူနဲ တော့ မနှိုင်နိုင်ဘူး.. ဒါဗြဲ..:D

  • သားဦး၊မြေးဦး

    June 26, 2012 at 7:34 pm

    မြန်မာအသင်းကစားပုံအတော်ကောင်းလာတာ အမှန်ပါဘဲ။
    ကိုရီးယားကို နိုင်စေချင်ပါတယ်

    • ဘဲဥ

      June 26, 2012 at 7:53 pm

      ကိုရီးယားမှာ အမျိုးဒွေရှိလို့လားဟင်

  • ရဲစည်

    June 26, 2012 at 8:29 pm

    ကိုရီးယားက ရှေ့တန်း တိုက်စစ်မှုး ဗေပိန်ချုံးကို ထိန်းနိူင်မယ် ဆိုရင်ဖြင့် မြန်မာအသင်းအတွက် နိူင်ဖို့ အလားအလာရှိတယ်။

  • hein htet

    June 27, 2012 at 6:27 am

    လုပ်ကြပါဟ..ကိုရီးယားတွေကို နိုင်အောင်ကန်လိုက် ကြပါဟ..ဒီကောင်တွေက သက်လုံအရမ်းကောင်းတယ်..လေ့ကျင့်မှုများတယ်…အသင်းလိုက် အပေးအယူ..နားလည်မှု လက်ဖျားခါရလောက်တယ်..ဘာဖြစ်ဖြစ် ဗျာ နိုင်အောင်ကန်ပေးကြပါဗျာ..ဒီမှာ ရှိတဲ ့ကိုရီးယားတွေကို အပေါ်စီးက နေ ပြော ပစ်လိုက်ချင်လို ့ပါဂျာ..လုပ်ကြပါဟ

  • Uncle Lay

    June 27, 2012 at 9:25 am

    ဖိလစ်ပိုင်နဲ့ပွဲကို ကွင်းထဲမှာသွားကြည့်ဖြစ်တယ်….။ပရိတ်သတ်တချို့ ကွင်းထဲကိုခဲနဲ့ပစ်ပေါက်လို့ စည်းကျပ်ဒိုင်က ကွင်းလည်ဒိုင်ကို အသိပေးတာတွေ့လိုက်ရတယ်။ ဒီနေ့ 7 Days News မှာ သတင်းဖတ်ရတယ် ပြိုင်ပွဲ ကျင်းပရေးတာဝန်ခံမှ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ကို ပြင်းထန်စွာ သတိပေးမှုပြုလုပ်ခဲ့ကြောင်း။ နောက်ပွဲတွေဆက်ဖြစ်မယ်ဆိုရင် အရေးယူခံရမှာ ဖြစ်ကြောင်း သိရပါတယ်။

    “စည်းကမ်းရှိစွာ အားပေးရင်း မြန်မာအသင်းနဲ့အတူအောင်ပွဲခံကြရအောင်”

  • hein latt

    June 27, 2012 at 9:31 am

    အင်း…..အခုပွဲစဉ်တွေမှာအောင်ပွဲခံနိုင်သလို ဆီးဂိမ်းမှာလည်းအောင်ပွဲခံနိုင်ပါစေလို.ရယ်…….

  • ဘဲဥ

    June 27, 2012 at 11:08 am

    မင်းပြောတာ ကိုရီးယားစကား
    မင်းစားတာ ကိုရီးယားအစား
    ငါမေးမယ် မင်းအမေက ကိုရီးယားလား

  • super man

    July 2, 2012 at 5:18 pm

    နည်းပြပတ်ဆောင်ဟွာကိုချီးကျူးပါတယ်၊ တောင်ကိုရီးယားကို ၁-၁ သရေ၊ တရုတ်(တိုင်ပေ)ကို ၆-၂ နဲ့ အနိုင်ရအောင်စွမ်းဆောင်ပေးခဲ့ပါတယ်၊ နောက်ဆုံးအဆုံးအဖြတ်ပွဲဖြစ်တဲ့ မလေးရှား U-22 အသင်းကိုသာ အနိုင်ရမည်ဆိုလျှင်……………………

Leave a Reply