ငှက်ကလေး တကောင် ကို ဝိုင်းရိုက် ကြတဲ့ သူတွေ
တရက် အိမ်နားက ပန်းခြံထဲ လမ်းသွားလျှောက်တုန်း ငှက်ကလေး တကောင်ကို လူတစု ဝိုင်းရိုက် နေတာ တွေ့ခဲ့တယ်။ ကျမလည်း ကိုယ့်ရှေ့မှာ အဲလို နိုင် ့ထက် စီးနင်း လုပ်နေတာ တွေ့ ရင် အားနည်းသူ ဘက်က ကူတတ် တဲ့ သူဆိုတော့ အဲ လူတွေ ပို ပြန် ရိုက် ပစ်လိုက်တယ်။
၁။ အဲလို ဝိုင်းရိုက် ကြတာ။ သတ္တဝါနဲ့ လက်နက် နဲ့တောင် မမျှဘူး
၂။ သူတို့ ကန်မလာ ပြောင်း ကြီးတွေ က သူတို့ ရိုက်တဲ့ ငှက် ကလေး အသိုက် ဝင် ဆောက် လို့ တောင် ရတယ်
၃။ သူတို့ ကိုပြန် ရိုက် ပစ်လိုက် တာပေါ့
၄။ အိပ်တန်း တတ်တာကို အေးအေးဆေးဆေး မနေရပဲ ချောင်းရိုက် ခံ နေရတဲ့ သနားစရာ ငှက်ကလေး၊ ကိုယ် လည်း သူတို့ ဝိုင်းချောင်းနေတဲ့နေရာ ကို မနည်း ပြူးပြဲ ရှာ ပြီး မှ တွေ့ တာ
(တွေ့ ကြရဲ့ လားမသိ၊ ကန် မလာ စုတ်လေးကို ရှိသမျှ ဇွန်း ဆွဲ ပြီး ရိုက် ထားတာ၊ ပုံတင် တာအများစု တင် နေကြ large ကို လုံးဝရွေး လို့မရ ကျန်တဲ့ ၃ ခု ပဲရွေးလို့ ရတယ်)
၅။ ငါးစာကြွေးနေတဲ့ ကန်မလာမန်းတွေ ၊သူတို့ က စေတနာရှိလို့ ကြွေးနေတာ မှုတ်ဘူး၊ အစာချတဲ့ ချိန် အုံလာတဲ့ ငါးတွေကို စောင့် ဖမ်းစားတဲ့ ဗျိုင်း ကို ရိုက် ဖို့ ချောင်း နေတာ…. အကြံ နဲ့…
၆။ ခါတိုင်းဆို ဒီလို ကောင် လည်း အလွတ် မပေးဘူး၊ ဒီနေ့ တော့ ဟို ကောင်လေးကို မဲနေကြလို့ ဒီကောင့် နား ..လူ မရှိဘူး
၇။ ဗျိုင်း က ဒီလို ဖမ်းနေတာ၊ ကျမတို့ ငါး စာကြွေးရင်တော့ ဒီကောင်မလာရဲဘူး၊ သစ်ကိုင်းခြောက်နဲ့ လှန့် ထားလို့ ၊ ဒါ …ကန်မလာမန်းတွေ အကြံနဲ့ ကြွေးနေကြတာ
၈။ သူလည်း ရိုက် ဖို့ ချောင်းနေတာ
ဟွန်း ……ပုံ တင်ရတာ ပုံ ကြီးရွေး လို့မရ ၊လက်မ ဆိုဒ်၊ မီဒီ ယမ်ရယ်၊ဖူူးစကရင် ရယ် ပဲ ရွေး လို့ ရ တယ်။ တင် နေကြ ဆိုဒ် large ကျတော့ ရွေးလို့ မရဘူး၊ဘာကြောင့်လဲ သိရင် ပြော ပေးကြပါ။
30 comments
water-melon
June 26, 2012 at 2:45 pm
အယ် ဖင်ကြီးတွေကုန်းပြီး
ရို်က်နေကြတယ်
အဲဒါကို အန်တီမိုချိုက ပြန်ရိုက်
အဟီ တစ်ခုခုတော့ မှားနေပြီ မှားနေပြီဘဲ…..
Azzurri
June 26, 2012 at 2:57 pm
တယ်လီဆြာ တွေ ကတော့ အဲ့လိုပဲဗျို့ ….
၄၀ဝမမ ကြီးတွေ တပ်ပီး …ဝိုင်းလိုက်ဖ် ရိုက်ကြတာ…
လက်ရာမြောက်မမြောက်ကတော့ …ဗျိုင်းသုတ်လို့ ပါသွားတဲ့
ပုဇွန်ဘော့ကျိတ်တောင် နှုန်သီးဖျား ရေသီးနေတာအထိ
ဒီတေးလ် ပေါ်အောင် သမ တဲ့လူတွေဗျ …
မနိုင်ဘူး ..လုံးဝမနိုင်ဘူး …

Moe Z
June 26, 2012 at 3:02 pm
ဟုတ်ပ မမမိုချိုရယ် အဲလိုအလစ်ချောင်းပြီးရိုက်တဲ့သူတွေ
တော်တော်မုန်းစရာကောင်းတယ်
ပုံ ၅ နဲ့ ၆က ဆိုဒ်ကြီးရင် တော်တော်လှမှာနော်..
Mon Kit
June 26, 2012 at 3:04 pm
မမိုချိုရဲ့ အချင်းချင်း အပြန်အလှန် ရိုက်ချက်လေးတွေက မိုက်တယ်တော်…
အိုင်ဒီယာလဲ မဆိုးဘူး…
ကင်မလာ စုတ်ပေလို့ဘဲ… 🙂
ရှမ်းပြည်သား (တောင်ပိုင်း)
June 26, 2012 at 3:15 pm
မချိုရေ…..
ကျွန်တော်ပျောက်လိုက်မချိုပျောက်လိုက်နဲ့မတွေ့ရတာတောင်အတော်ကြာသွားပါပေ့ါဗျို့……
ပုံတွေကသေးနေတုန်းပါလားဗျ…….
အရင်ကပုံသေးလို့ပြန်ပြီးတင်တတ်အောင်ရွာ့အိုးလ်ဆားဗစ်ကြီးတွေကပြောပြီးသားမလားဗျ….
ဒါမှမဟုတ်သူကြီးဆာဖာအကလိခံရပြန်ပြီထင်တယ်နော့်……
မချိုခေါ်ရတာအားကြီးအဆင်မပြေဘူးဗျာ….
ကျွန်တော့်ပို့စ်ထဲမှာအမလို့သုံးလို့သာ….ခေါ်နေကြတီချိုပဲခေါ်တော့မယ်……
မိုက်တယ်မိုက်တယ်ဗျို့….ပုံကြီးကြီးမြင်ရရင်ပိုမိုက်တယ်……
mayjuly
June 26, 2012 at 3:16 pm
ရိုက်လဲရိုက်နိုင်တဲ့သူတွေ..မိ ဂီ တို့ အမျိုးတွေလားတိဘူးးး….ဟိဟိ
Azzurri
June 26, 2012 at 3:24 pm
ဟုတ်ပါ့ …

ကျုပ်တောင် တိုက်တိုက်ဆိုင်ဆိုင် ငှက်ပစ်လာသေးတယ်…
ပီးခဲ့တဲ့အပါတ်က …
တင်လိုက်ပါဦးမယ်….
ကျုပ်ပစ်ခဲ့တဲ့ ငှက်
mocho
June 26, 2012 at 3:37 pm
large ကို ဘယ် လို မှ ရွေး မရဘူး ၊ large ကို ရွေး ရတဲ့ အဝိုင်း လေး ထဲမှာ အရောင် မှိန်နေတယ်။ ပြီးခဲ့ တဲ့ တခါ သစ်ခွ ပန်းတွေ တင် ကတည်း က ပဲ၊ အမ စက်ကပဲ ဖြစ်သလား၊ ဘာ ကြောင့် လဲ မသိ ။ ရောက် လေရာ ကန် မလာ တကိုင်ကိုင်နဲ့ နောက်ကျန် နေ ခဲ့ လို့ … အဆူ ခံပြီး နဲ့ ရိုက် ထားတဲ့ လှတ ပတ လေးတွေ တင် မလို့ ဟာ… ကြည့် ကာင်းတဲ့ ဆိုဒ် ့ က ရွေးမရ…ပြောပြ ကြပါအုံး။
ရှမ်းပြည်သား (တောင်ပိုင်း)
June 26, 2012 at 9:50 pm
တီချိုရေလာ့ချ်ဆိုဒ်ကရွေးမရဘူးဗျ…..
ဘာလို့တုန်းဆိုတော့သူကြီးကရွာထဲကဒါ့ပုံတွေအပြင်ကိုလျှောက်ပျံ့ကုန်တာမကြိုက်ဘူး
နောက်ပြီးဆာဖာလေးတယ်ထင်ပါ့ဗျာ………ပုံတွေကိုချုံ့မတင်ကြဘူးလေတစ်ချို့က
ပုံအကြီးကြီးတွေဖြစ်တော့ခဏခဏပြန်ပြင်ရတာမောတယ်ထင်ပါ့ဗျာ……
သူကြီးပေးထားတဲ့ဖူးဆိုဒ်ကိုရွေးရင်တောင်မှ 4×6ဆိုဒ်လောက်ချုံပြီးသားထွက်တာမို့
ဖူးဆိုဒ်ပဲရွေးတင်ပါ….ဒါဆိုရင်ပုံတွေကိုတင်နေကျအတိုင်းမြင်ရမယ်…..
မမ အညာသူ
June 26, 2012 at 3:41 pm
အယ်
ငှက်လေးတစ်ကောင်ကိုဝိုုင်းရိုက်နေကျပါလား
mocho
June 26, 2012 at 3:53 pm
အယ် ဘာကြာင့် ဒီအတိုင်း ဖွင့် မရ ပဲ ဖြစ် သွားရတာတုန်း ၊
mamanoyar
June 26, 2012 at 4:14 pm
အယ် ဝိုင်းရိုက်တယ်ဆိုတာ
ဓါတ်ပုံကို ပြောတာပါလားးးးးးးးးးးးးးးးးးးးး
Ma Ei
June 26, 2012 at 4:21 pm
မိုချိုရေ…
အိမ်နားက ပန်းခြံထဲ လမ်းသွားလျှောက်ပြီး ဓါတ်ပုံရိုက်တာ…
ဘေးမှာ စကားပြောပေးရမဲ့လူ ပါသေးလား…
အဆင်ပြေရဲ့လား…တော်ကြာ
ကင်မလာလေးပါ ဂွမ်းသွားမှဖြင့်…
etone
June 26, 2012 at 4:40 pm
အစ်မ မိုချိုရေ… ခေါင်းစဉ်ကြည့်တာနဲ့… ကင်မလာမန်းတွေနဲ့ ပတ်သတ်တဲ့ပို့စ် ၊ ဓါတ်ပုံရိုက်တဲ့ပို့စ်လို့တော့ ထင်မိသား … ဘာလို့လဲဆိုတော့ …ကျွန်မတို့ လူမျိုး အများစုက ..စိတ်နှလုံး နူးညံ့ကြတယ်လေ … ငှက်လေးတကောင်ကို … ဝိုင်းရိုက်ဖို့ဆိုတာ … တော်ရုံလူတွေ စိတ်မခိုင်ကြပါဘူး … ။
အစ်မရေ .. ဓါတ်ပုံဆရာတွေ ၊ လှပတဲ့ ဓါတ်ပုံ ၊ အနုပညာမျက်စိနဲ့ ထောင့်ပေါင်းစုံက ရိုက်တာ လက်ခံလို့ ရပေမယ့် … သူများ အသက်ကို စတေးပြီး ပုံကောင်းထွက်အောင် ရိုက်တာကတော့ … တချက်တချက် လူစိတ်ပျောက်တယ်လို့ပဲ မြင်မိတယ် … ။ တိရိစာ္ဆန်လည်း တိရိစာ္ဆန်အလျှောက် အသက်ရှိတာပါပဲ ….. ။ သတ်စားဖို့မဟုတ်ပါပဲ …အလှမွေးထားတဲ့ ကန်ထဲကငါးတွေ .. အဖြစ်ဆိုးရှာတယ် … 🙁
ရှမ်းပြည်သား (တောင်ပိုင်း)
June 26, 2012 at 9:52 pm
တလိပ်ချံအထွင့်အရေးဗျို့……
အဲနီးမဲရိုက်အဲနီးမဲရိုက်…….
ထောက်ခံပါတယ်…..
ခပ်မိုက်မိုက် ကောင်မလေး
June 26, 2012 at 4:48 pm
အော်..တော်သေးတာပေါ့..
ငှက်ကလေးကို ဝိုင်းရိုက်ကြတယ်ဆိုတော့..
လန့်သွားတာပဲ…
ဒီလိုကိုးးးးးးးးးးးးးးးး
Gipsy
June 26, 2012 at 4:58 pm
ဟုတ်ပ …
ခပ်လန့်လန့်စိတ်နဲ့ ကမန်းကတန်း ဖွင့်ဖတ်မိတယ် …
တော်ပါသေးတယ် … အမြင်နဲ့ အထင် တထပ်တည်းကျပေလို့….။
Wow
June 26, 2012 at 5:52 pm
အခုတစ်လော ကိုယ့်ချစ်သူကိုယ် မီးနဲ့ရှို့တဲ့သူနဲ့ ၊ ယုဇနဟော်တယ်မှာ ကိုယ့်မိန်းမကိုယ် မသေမချင်း ဒါးနဲ့ စိမ်ပြေနပြေခုတ်တဲ့သူနဲ့ဆိုတော့ ဂယ်ထင်သွားဒါ…
ဂယ်လဲဟုတ်ဘူး …. လူဂျိုး… အဲလေ မမဆိုး…
😛
we R one
June 26, 2012 at 5:58 pm
ဟယ်တော် မညှာမတာ.. အဲလောက်တောင် ရိုက်ရလား… ငှက်ကလေး သနားပါတယ်… သူတို့ ကင်မလာကြီးတွေ ကနည်းတာကြီးဟုတ်ဘူး…။ 😀
ဖိုးထောင်
June 26, 2012 at 6:16 pm
ဟ ရိုက်လိုက်ကြတာ စိန်ပြေနပြေပါလား တနားပါဒယ်ဟယ် မမိုချိုကလည်းပြန်ရိုက်တယ် အနော်ကလည်း မမိုချိုပြန်ကိုချောင်းရိုက်တာ တူတိလိုက်ဘူး ဟိဟိ
မောင်ပေ
June 26, 2012 at 6:56 pm
တော်ပါသေးရဲ ့..
ငှက်ကလေး ကိုမို ့…
မိုချိုကလေး ကို သာ အဲ့လူတွေ ဝိုင်းရိုက်ကြရင်
မောင်ပေ ဆိတ်ပူနေရမှာကွဲ ့။
Wow
June 27, 2012 at 10:17 am
အော် ဦးပေက ဆိတ်ကလေးတွေမွေးထားပြီး သွားသွားစမ်းတယ်ထင်တယ် ဆိတ်ပူဒယ်ဒဲ့
😛
ရဲစည်
June 26, 2012 at 8:37 pm
ဪ ငှက်လေး…. ဝိုင်းရိုက်ကြ
ဘယ်ညငှက်လေးကိုများ အမူးသမားတွေ ဝိုင်းရိုက်ကြလဲလို့ 🙂
တော်သေးတာပေါ့
ငှက်ကြည်တဲ့ အလုပ်က တော်တော်လေးကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကျနော်လဲ အရမ်းနှစ်သက်ပါတယ်
တော်တန်ယုံ ဝါသနာနဲ့လဲ မရပါ သူများနိူင်ငံတွေမှာတော့ ပရိုဖက်ရှင်နယ် အဆင့်ထိသွားကြတာပါ ကျနော်တို့ဆီတော့ အားနည်းနေပါသေးတယ်။
အရီး Khin Latt
June 26, 2012 at 8:48 pm
မိုချို ရေ့
ငှက်ကလေး ကို ဝိုင်း ရိုက်နေ တဲ့ သူတွေ ကို ပြန် ရိုက် ပေးလိုက်တဲ့ မိုချို့ ရဲ့ အာဂ သတ္တိ ကို ချီးကျူး ပါတယ်။
ဒါမျိုး တွေ များများ လေး မျှပေးပါ လို့ တောင်းဆိုပါတယ်။။ 🙂
သို့သော်
အပေါ်မှာ မအိ စိုးရိမ် သလို ဘဲ တော်ကြာ လမ်းလျှောက်တာတောင်
ဘေးလူ နဲ့ ကြည်ကြည် နူးနူး လေး တွဲ မလျှောက် ဘဲ
ဘေးဘီ ဝဲယာ ကို သိမ်းငှက် တို့ရဲ့ စူးရှ သော မျက်လုံး နဲ့
သတင်း ရအောင် ကြည့် နေမိ လို့ ကင်မလာ လေး လဲ အဗျင်း ခံ နေရဦးမယ်။
အဲဒါ လဲ ပေါက်ကွဲ လို့ ပေါက်ခွဲ သူ ရဲ့ အပြစ် မဟုတ်ဘူး နော။ 😉
ညလေး
June 26, 2012 at 10:35 pm
အမ်း…..ရိုက်အားရှိတုန်းလေးရိုက်ကြပေါ့…
ကိုယ့်အလှည့်ရောက်မှ……..ကိုးရီးယားမင်းသားလေး…….လီမင်ဟိုက်ို…
သေရိုက်ပလိုက်ပြီး……ကြွားဦးမယ်…..ခုတော့……..ခုတော့
ကိုပေါက်(မန္တလေး)
June 26, 2012 at 11:11 pm
နောက်ဆုံးရိုက်စရာမရှိလို့ ကြံရာမရ တာနဲ့ဖယောင်းတိုင်ကိုမီးရှို့ပြီးရိုက်ထားပါသည်။
မကြာမီလာမည်။
ငှက်ကလေး
June 26, 2012 at 11:28 pm
ငှက်အချင်းချင်းစာနာလို့ လန့်ဖြန့်ြ့ပီးဝင်ကြည့်တာ…
ဟူးးး …… 😛
nga myo
June 27, 2012 at 10:01 am
ဝိုင်းရိုက်ကြတာဆိုတော့ ဘာများလဲလို့အောက်မေ့တယ် ဒီကတလွဲထင်နေတာဟူးးးးးးးးးးးးးးးးးးး
pan pan
June 27, 2012 at 10:27 am
ကင်မလာမင်းတွေ တော်တော်အသည်းနှလုံးမရှိကြဘူး
ထစ်ခနဲဆို ရိုက်မယ်ဆိုတာကြီးပဲ
လက်ယဉ်လိုက်ကြဒါ…..
kyeemite
June 27, 2012 at 10:50 am
ကွန်မကောင်းလို့လား ..ကံဘဲနိမ့်နေလို့လားတော့မသိ
ဘာပုံမှမမြင်ရပါဂျောင်း ဒေါ်မိုချိုရေ..