***အချစ်***ဆိုတာ င့ါအတွက်တော့ နေဝင်ချိန်တွေစောခဲ့တာပါ….
*** ငါ့ ကိုမှကြည့်လို ့မရတဲ့ နင်
နင့် ကိုမှကြည့်လို ့ မဝတဲ့ ငါ
နှစ်ဦးကြားပြိုင်မျဉ်းနှစ်ကြောင်း ဘယ်တော့မှမဆုံဘူးလို ့
နင် ပြောခဲ့ပေမဲ့
“အချစ်”ဆိုတာတဲ့အရာ တစ်နေ ့တစ်ချိန်ဆုံနိုင်ကောင်းတယ်လို ့
ငါ့ အတွက်မျှော်လင့်ခြင်းဆိုတာတွေ မယိုင်လဲခဲ့ဘူး
***ငါ့ အတွက်ဆို ပစ္စုပ္ပန်ကို
အခါခါရိုက်ဖျက်နေတတ်တဲ့ နင်
နင့် အတွက်ဆိုအနာဂတ်တွေအကြိမ်ကြိမ်တည်ဆောက်နေတ ဲ့ငါ
“အချစ်”ကြောင့်မသေလောက်ပါဘူးလို ့နင်ပေးခဲ့တဲ့ဥပက္ခာတွေ
ငါ ကျေနပ်ခဲ့တယ်
“အချစ်”ကြောင့်တော့မသေနိုင်ပေမဲ ့
ငါ သေလောက်အောင်တော့နင့် ကိုချစ်တယ်
***နင့် မျက်စောင်းတွေ ငါခံနိုင်တယ်….
နင့် ပြတ်လုံးတွေ ငါခံနိုင်တယ်….
နင့် ဥပက္ခာတွေ ငါခံနိုင်တယ်….
နင့် အတွက်ဆိုရင် တုန် ့ပြန်မှုအားလုံး ခံနိုင်ရည်ရှိပါတယ်
***ဘာကြောင့်လဲ…..
နင် နဲ ့ပတ်သက်တဲ ့နှုတ်ဆက်ခြင်းဆိုတာတွေတောင်
နောက်ဆုံး ငါ မရနိုင်ခဲ့တာ
တုန်ခါနေတဲ့ ဟောဒီ့ရင်ဘတ်အတွက်
“ရက်စက်တယ်”ဆိုတဲ့ စကားလုံးကို
ငါ နင့်အတွက်ယူမသုံးရက်ပါဘူး
***အခုတော့-
ငါ့ အိမ်မက်တွေ ပျက်သုဉ်း
မျှော်လင့်ချက်ဖရိုဖရဲတွေနဲ ့
ငါ့ နှလုံးသားကို ငါ
အကြောင်းပြချက်ပေးဖို ့ စကားလုံးရှာမရသေးဘူး
***ဘာကြောင့်ဖြစ်ဖြစ်….
တခြားတစ်ယောက်ကိုချစ်သွားတဲ့ နင်
ငါ….
အပြစ်မတင်ပါဘူး
ကံကိုလည်းမရိုးခဲ့ပါဘူး
တကယ်တော့-
“အချစ်”ဆိုတာ ငါ့ အတွက်တော့
နေဝင်ချိန်တွေ စောခဲ့တာပါ….. ။ ။
လေလွင့်လူ(ကမာမြေ)
ခင်မင်လျှက်….မိုက်လေး
4 comments
koko thant
June 29, 2012 at 8:22 am
မိုက်လေးက ဒီစာကို ခံစားချက်နဲ့ရေးတာလားဟင်
မိုက်လေးလဲ ဒီလိုဖြစ်ဖူးလို့လား မိုက်လေးက အချစ်အကြောင်းတွေပဲရေးတာနော် မိုက်လေး ကအချစ်ကိုတန်ဖိုးထားသူထင်တယ် ကျနော်ကတော့ မချစ်အကြောင်းနားမလည်သေးလို့ အချစ်ကိုတန် ဖိုးမထားတတ်ဖူးဗျာ ကျနော်မှာအချစ်ဆိုတာလဲမလိုအပ်သေးဖူး မိုက်လေးရေ
အားပေးပါတယ်ဗျာ မိုက်လေးကို ခင်တဲ့ ကိုကိုသန့်
mamanoyar
June 29, 2012 at 9:38 am
အားပေးသွားပါတယ်
မိုက်မိုက်ရေးလိုက်ရင် အလွမ်းတွေကများတယ်နော်
တစ်ခုပြောချင်ပါတယ် ” ဂျင်းစိမ်းနဲ့ မိဿလင် သူကြင်မှ ကိုယ်ကြင်တဲ့”
ခပ်မိုက်မိုက် ကောင်မလေး
June 29, 2012 at 9:55 am
မိုက်လေးက..ခံစားချက်နဲ့……
ရေးထားတာရယ်လို့တော့ မဟုတ်ပါဘူး…
ဒီလိုပါပဲ.. ဖြစ်ဖူးတယ်လို့လဲ ဟုတ်ပါဘူး…..
အချစ်အကြောင်းပဲ ရေးမိတာပါ……
ဒါပေမယ့် အချစ်ဆိုတာကို တန်းဖိုးထားတတ်ရင်ကောင်းတာပေါ့နော်..
လူတိုင်းကိုပြောပါတယ်….
သီချင်းတွေတောင် အချစ်သီချင်း အလွမ်းသီချင်းလေးတွေမှ….
ဆိုကြရေးကြတာ များသလို……
ကဗျာတွေကိုလည်း အချစ်ကဗျာ အလွမ်းကဗျာတွေကို….
မိုက်လေး…. ကြိုက်တတ်လို့ပါ…..
အဲ့ဒါကြောင့် ရေးမိတာလေ….
ကိုကိုသန့်…ကတော့အချစ်အကြောင်း သိဖို့မလိုအပ်သေးပါဘူး…..
ကျေးဇူးတင်ပါတယ်နော်…ခုလိုအားပေးတဲ့အတွက်ပါ….
ခင်တဲ့……….မိုက်လေး……..။
ခပ်မိုက်မိုက် ကောင်မလေး
June 29, 2012 at 10:00 am
ကျေးဇူးတင်ပါတယ် နိုရာရေ…..
နိုရာပြောသလိုပါပဲ……
အလွမ်းတွေများတာ ဟုတ်ပါတယ်…..
” ဂျင်းစိမ်းနဲ့ မိဿလင် သူကြင်မှ ကိုယ်ကြင်တဲ့”……
ဒါလဲမှန်ပါတယ်……
မှန်တစ်ချပ်လိုပေါ့နော်….
သူပြုံးတော့လည်း မိုက်လေး ပြုံးရုံပေါ့….
သူမဲ့ပြတော့လည်း မိုက်လေး မဲ့ပြတတ်ရမှာပေါ့လေ….
မချစ်လို့တော့မဟုတ်ဘူးနော်…..
မချစ်တတ်သေးလို့ပါ……….။