Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဂျာမနီ vs အီတလီ (ယူရို၂၀၁၂ဆီမီးဖိုင်နယ်)

မောင် ပေJune 28, 20121min107216

မင်္ဂလာပါ ခင်ဗျား ။
28.6.2012 ကြာသပတေးည (သို ့မဟုတ်) သောကြာနံနက် 1.15 အချိန်မှာ ကန်ကြမယ့် ယူရို၂၀၁၂ ဆီမီးဖိုင်နယ်ပွဲစဉ်ဖြစ်တဲ့ “ဂျာမနီ” နဲ ့“အီတလီ” ပွဲအကြောင်းပါ။
ဂျာမနီ အသင်းရဲ ့ဆီမီးဖိုင်နယ်သို ့တက်လာခဲ့တဲ့လမ်းကြောင်းဟာ
9.6.2012 ဂျာမနီ ၁-ဝ ပေါ်တူဂီ
13.6.2012 နယ်သာလန် ၁-၂ ဂျာမနီ
17.6.2012 ဒိန်းမတ် ၁-၂ ဂျာမနီ
22.6.2012 ဂျာမနီ ၄-၂ ဂရိ (ကွာတားဖိုင်နယ်)
အီတလီ အသင်းရဲ ့ဆီမီးဖိုင်နယ်သို ့တက်လာခဲ့တဲ့ လမ်းကြောင်းဟာ
10.6.2012 စပိန် ၁-၁ အီတလီ
14.6.2012 အီတလီ ၁-၁ ခရိုအေးရှား
18.6.2012 အီတလီ ၂-ဝ အိုင်ယာလန်
24.6.2012 အင်္ဂလန် ဝ-ဝ အီတလီ (ကွာတားဖိုင်နယ်)( ပင်နယ်တီတွင် အီတလီ က ၄-၂ဖြင့်နိုင်)
ဂျာမနီ အသင်းရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Neuer
နောက် Boateng, Hummels, Badstuber, Lahm
လယ် Khedira, Schweinsteiger
လယ် Reus, Ozil, Schurrle
ရှေ ့ Klose (သို ့မဟုတ်) ဂိုမက်ဇ်
အီတလီ အသင်း ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Buffon
နောက် Abate, Barzagli, Bonucci, Balzaretti
လယ် Marchisio, Pirlo, Nocerino
လယ် Motta
ရှေ ့ Balotelli, Cassano
သည်နှစ်သင်း တွေ ့ဆုံခဲ့မှုများမှာ
1.3.2006 အီတလီ ၄-၁ ဂျာမနီ (ခြေစမ်းပွဲ)
4.6.2006 ဂျာမနီ ဝ-၂ အီတလီ (ကမ္ဘာ့ဖလား)
9.2.2011 ဂျာမနီ ၁-၁ အီတလီ
ဂျာမနီ အသင်းဟာ အခု ယူရို၂၀၁၂ ရဲ ့အုပ်စုပွဲစဉ်များမှာ ပွဲတိုင်း အနိုင်ကစားခဲ့တဲ့ တစ်သင်းထဲသော အသင်းဖြစ်ပါတယ် ။ သူနိုင်ခဲ့တဲ့အသင်းတွေဟာ အချဉ်တစ်သင်းမှ မပါခဲ့ပါဘူး ။ ဖျက်မြင်းလို ့တင်စားခံရတဲ့ ၊ ဟော်လန် ကိုတောင် အနိုင်ကစားခဲ့တဲ့ ဒိန်းမတ် ၊ ချန်ပီယံစာရင်းထဲမှာ ရေပန်းစားခဲ့တဲ့ ဟော်လန် နဲ ့ပေါ်တူဂီ လို အသင်းမျိုးတွေကို အနိုင်ကန်ခဲ့တာပါ။
အီတလီ အသင်းဟာ သည်အဆင့်ကိုတက်လာတဲ့ခြေစွမ်းမှာ သရေသုံးပွဲပါခဲ့တာကို တွေ ့ကြရမှာပါ ။ နောက်တန်းနဲ ့ကွင်းလယ်အဖျက် ကို အဓိကအားထားကစားနေပါတယ် ။
အီတလီ အသင်းဟာ ဂျာမနီ အသင်း နဲ ့ အကြိမ်၃ဝ တွေ ့ဆုံဖူးခဲ့ပြီး ၁၄နိုင် ၊ ၉သရေ ၊ ရရှုံး ဆိုတဲ့ မှတ်တမ်းကောင်းရှိပါတယ် ။ သူတို ့ဟာ ဂျာမနီ ကို ၁၉၉၅ ခြေစမ်းပွဲမှာ ၂-ဝ နဲ ့ရှုံးခဲ့တဲ့ ပွဲဟာ နောက်ဆုံး ရှုံးပွဲဖြစ်ခဲ့ပြီး ၊ အဲဒီပွဲအပြီး ထပ်မံတွေ ့ဆုံမှုများမှာ အရှုံးမရှိခဲ့ပါဘူး။
ဈေးအနေအထားအရ အာရှဘက်မှာ ဂျာမနီ သရေ အပြည့်ရှုံးအနေအထားကို သည်ဘက်မှာ ဂျာမနီ တစ်ဂိုး၉ဝ အနိုင် အနေအထားဖွင့်လာပါတယ် ။
ဂိုးဈေးအနေအထားအရ အာရှဘက်မှာ ၂ဂိုးကို ၅ဝ အရှုံးအနေအထားကို သည်ဘက်မှာ ၂ဂိုး ၃၅ အရှုံးအနေအထားဖွင့်လာပါတယ် ။
ဈေးအနေအထားရဆိုရင် ၊ တစ်ဂိုးသွင်းတာနဲ ့အပြည့်နိုင်ရမယ့် ဟာကို တစ်ဂိုးသွင်းမှ ၉ဝအနိုင်ဘဲ ပေးထားတဲ့အတွက် အီတလီ ဘက်မှာ နေစေချင်တဲ့သဘောပါ ။ ဂိုးဈေးဟာ ဂိုးအများဘက် ကို ခေါ်ထားတဲ့သဘောပါ ။
သည်ရက်ပိုင်းအတွင်း မောင်ပေ ခန် ့မှန်းတာလေးတွေက ဆက်တိုက်တော်တော်များများမှန်ခဲ့တာမို ့၊ သည်ပွဲမှာတော့ ဘယ်အသင်း ခန် ့မှန်းရမှာ ကြောက်နေမိပါတယ် ။ ဒါပေသည့် မောင်ပေ မင်းဘာကြိုက်လဲ လို ့မေးလာရင်တော့
“““ ဂျာမနီ ””” လို ့ဖြေမှာ အမှန်ပါဘဲ ။
……. အာလုံး အောင်မြင် ရွှင်လန်းပါစေ …….

16 comments

  • King of Secrets (Bo Min)

    June 28, 2012 at 10:19 pm

    အဆင့်သင့်ဘဲ၊ ပွဲကြည့်ပရ်သတ်တွေအတွက် ဘာအခက်အခဲ မှ ရှိမှာ မဟုတ်ဘူး။

  • သစ် တည်

    June 28, 2012 at 10:55 pm

    ITALY ကွ ဟဲဟဲ ပေး ၁၀……

  • မောင်သုည

    June 28, 2012 at 11:15 pm

    ဂျာမဏီ ဗိုလ်လုပွဲကို အေးအေးဆေးဆေးနဲ့တက်သွားမှာပါ။
    ချန်ပီယံဖြစ်ဖို့လည်း ဂျာမဏီကိုပဲ ပိုသဘောကျမိပါတယ်..။

  • အရီး Khin Latt

    June 29, 2012 at 1:58 am

    Ohhh.. Oh…
    Mg Pay ….. I am so Sorry…. 2:0 only in first half time.

    My Ge & Fat Cat
    Wake up boys. Cheer them up!!!

    What a surprise! 😀

    • Azzurri

      June 29, 2012 at 6:53 am

      ဟာဂျာ …
      အရီးကလည်း ..လုပ်ပီ ..
      မနက် ၃ခွဲမို့ ..ညက စောစော အိပ်ပီး ထကြည့်မယ် လုပ်ထားတာ…
      ဒါ့ပုံကိစ္စ ပြင်စရာလေးတွေပေါ်လာလို့ ..ကောင်းကောင်းမအိပ်လိုက်ရဘူးရယ်..
      အဲ..၂နာရီလောက်ပဲ အိပ် ပြန်ထကြည့်နေတာ ..

      သဂျီးကတော့ စကျူရတီ ကျပ်ထားတယ်ပြောတာပဲ …
      သူများတော့မသိ ..ကျုပ်တော့ (ဖလက်ရှက် ပလေယာ ခွက်ရှ်ဖြစ်နေလို့)
      ဟိုဘရောက်ဇာ မရ သည်ဘရောက်ဇာနဲ့ဝင်…
      မန့်မယ်လုပ်လိုက် .. လော့ဂင်ပြန်ဝင်ခိုင်းလိုက်
      တက်ဘလွတ်ကနေ ဝင်ကြည့်လိုက် လော့ဂင် ပြန်လုပ်ခိုင်းလိုက် နဲ့
      စိတ်ထိခိယက်လို့ မမန့်ဖြစ်တာပါ..
      အရီးကောမန့်တွေ တက် ကတည်းကမြင်ရဲ့…

      မိနစ်၉ဝ နဲ့ပွဲပီးလို့ နည်းနည်းပြန်အိပ်ခဲ့တာနဲ့ ခုမှ ပြန်မန့်ပါကြောင်း…
      (ဖုန်းဆက်နှိုးပေးတဲ့ ကျိကျိ ကို ကျေးဇူးတင်ကြောင်း ပြောရန် မေ့နေပါသည်…)
      😀

      အာဟိ…

  • Mလုလင်

    June 29, 2012 at 2:34 am

    အမငှီး .. ရယ်တဲ့မှ အမငှီး …

  • အရီး Khin Latt

    June 29, 2012 at 3:08 am

    အီတလီ တကယ်ကြီး ကို ဖလားကိုင်တော့ မယ်လား။
    ဒီက အင်္ဂလိပ် တော်တော်များများ လဲ အီတလီ ဘက်က ဗျား။
    ဂျာမဏီ က တတိယ နေရာတော့ ရနိုင်ပါသေးတယ်လေ။
    အားငယ်နဲ့။
    ဂျာမန် တစ်ချို့ ငိုနေကြတယ်။

    ဂျာမဏီ က အီတလီ ကို မနိုင်တဲ့ သမိုင်းကို မပြင်နိုင်ကြသေးဘူး တဲ့။

    • Pye Kun Zaw

      June 29, 2012 at 8:26 am

      ဂျာမဏီကတတိယနေရာလုပွဲမကန်ရပါ။ ယူရိုပွဲတွေမှာ တတိယနေရာလုပွဲမထည့်ထားပါဘူး။ ဒါကြောင် semi final list ဝင်အဖြစ်နှင့်သာ ကျေနပ်လိုက်ရပါတယ်။

      • Azzurri

        June 29, 2012 at 8:42 am

        စကားမစပ် သီဟပူရ က ကွန်းကွန်းလား ကွယ့် ??
        ဒီလိုနာမည် ရှားလို့ ကျုပ်အသိလား လို့ မေးကြည့်တာပါဗျာ…
        😀

  • Mလုလင်

    June 29, 2012 at 3:13 am

    ဂုဏ်ယူပါသည် အီတလီ …..

  • အရီး Khin Latt

    June 29, 2012 at 3:45 am

    စကားအတင်းစပ်လို့
    အခုဘဲ ဝင်ဘယ်လ်တန် တင်းနစ် ပြိုင်ပွဲ မှာ World No (2) နဒါး (Nadal) ကို World No (100) ချက်လူမျိုး လူကပ်စ် (Lukas) က နိုင်သွားတယ်။
    Superstar ပြိုင်ပွဲ က အစောကြီး ထွက် သွားရပြီ။

    အဲဒီ နိုင်တဲ့ လူ ရဲ့ ကစား နေပုံက
    သူပြိုင် နေတဲ့ သူဟာ No (2) လို့လဲ တွေးပုံမရဘူး။
    အဲဒီလူကို သူနိုင်နေတာကို လဲ သတိပြုမိ နေပုံမရဘူး။
    သွေးအေးအေး နဲ့ ကို ကစားနေတာလို့
    ဝေဖန်သူတွေ ပြောနေတယ်။

  • ကြောင်ဝတုတ်

    June 29, 2012 at 5:13 am

    အဇူရီကိုစိတ်ချပြီးသားမို့ စိတ်ချလက်ချအိပ်နေလိုက်တာ
    အရီးရေ (နှလုံးရောဂါရမှာစိုးလို့ထမကြည့်တာ)
    ၄နာရီခွဲတော့ အိပ်ယာကတရေးနိုး ဖုန်းလေးကိုဖွင့်
    အဖြေလေးကို မရဲတရဲကြည့် ၂-၁ တဲ့ဗျား
    ဂျာမနီရယ် မိနစ်၉ဝ ရောက်မှပဲ တစ်ဂိုးပြန်သွင်းနိုင်ပါပေါ့လား
    တကယ် ဒီခြေနဲ့ ဒီခြေဆို ပထမပိုင်းတစ်ပိုင်းထဲနဲ့တင် အဖြေထွက်တယ်ဟိ
    အမေစုက ဘာလင်တန်တိုင်းနေရာဟောင်းကိုကြည့်ပြီးသွားပြီတဲ့
    ဒီတစ်ခါ နွားရိုင်းသတ်ပွဲသွားကြည့်မယ်ဆိုပဲ

    အဇူရီ Win Win
    ကြောင်ဝတုတ်
    အိုင်ဖုန်းပေါ်မှ မြန်မာစံတော်ချိန် မနက်လေးနာရီခွဲတွင်မန့်သည်

  • မောင်ပေ

    June 29, 2012 at 8:15 am

    ဂျာမနီ ဂျာမနီ… ရေ အမျှ အမျှ အမျှ
    စပိန် ကို သွေးကြွေးဆပ်ခိုင်းမယ် ဟင့်
    ကွန်မင့်ပေးသူများ နဲ့စာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။

  • intro

    June 29, 2012 at 9:13 am

    ဒါမှ တို့ရဲ့ စူပါ မာရီယိုကွ…. (တစ်သက်လုံး ကြည့်မရခဲ့သမျှ ဒီတစ်ခါတော့ ကြည့်လို့ရသွားပြီ)

    Cheers… All ITALY Fan!!!!

    • ကြောင်ဝတုတ်

      June 29, 2012 at 10:21 am

      စူပါမာရီယိုက မျက်နှာမြင်ရင်သောက်မြင်ကပ်ပါစေဆိုတဲ့ဆုနဲ့ပြည့်သကိုး…ဟိ
      မိနစ်(၄၀)မပြည့်ခင်မှာ ဒင်းက နှစ်ဂိုးတဲ့… ဂျာမနီခမျာ ရေနည်းငါးလိုဖြစ်သွားရော…ဟိ
      ဂျာမနီကို ပြတ်ပြတ်သားသားနိုင်ခဲ့တယ်ဆိုမှဖြင့် စပိန်လောက်ကိုတော့ မျက်စိထဲမထားလောက်ဘူး…
      ၂ရက်နေ့ကို ရုံးခွင့်တင်ထားပါ့မယ်… ဗိုလ်လုပွဲမှာ ယူရိုဖလားကို ဒုတိယအကြိမ် အဇူရီတွေ ကိုင်မြှောက်မယ့်မြင်ကွင်းကို မျက်ဝါးထင်ထင်မြင်ချင်လို့ပါ…

      (၁၈)နှစ်တိုင်တိုင် အဇူရီပရိတ်သတ်
      ကြောင်ဝတုတ်

      • amatmin

        June 29, 2012 at 11:47 am

        ဟုတ်ကဲ့
        စပိန်ရဲ့ ဖလားဆက်တို်က်ကို မမြင်ချင်ပေမဲ့……
        ၃ ရက်နေ့ မနက်မှာ..
        ရုံးက ခွင့်ယူလိုက်မိတာ
        မှားပီဆိုတဲ့စကားမထွက်လာစေပါနဲ့လို့ 😛

Leave a Reply