လူ ဘယ်ကလာတာလဲ၊ ကျွန်တော်ကတော့ အမေ့ဗိုက်ထဲက လာတာဘဲ သိသည်။
လူတွေက မျောက်က ဆင်းသက်လာတာဟု တချို. က ပြောကြသည်။ တချို.က အာဒမ် နဲ. ဧဝ က လူသားတွေ စ တာ ဟု ပြောကြသည်။ ဖြစ်နိုင်ခြေအရှိဆုံးကို သုံးသပ်ပေးကြပါဗျာ.. ကြားဖူး နားဝ တွေ မပြောကြပါနဲ့။
ကျွန်တော်ကတော့ အမေ့ဗိုက်ထဲက လာတာဘဲ သိသည်။ 😛
20 comments
မမ အညာသူ
June 29, 2012 at 11:15 am
တစ်ချို.ကမျောက်ကစတာတဲ့
တစ်ချို.ကတော့ ဗြမ္မာကြီးလေးဦးကစတယ်တဲ့
တစ်ချို.ကကျပြန်တော့လဲ အာဒံနှင့်ဧဝတဲ့လေ
ဘယ်ကစလဲတော့ညာလဲမသိ
snow white
June 29, 2012 at 11:44 am
ဟုတ်တယ် ခေါင်းစားမခံနဲ့ ဘယ်ကလာမှန်းသာမသိတာ နိုင်ငံတိုင်းလူဦးရေကိုသိန်းနဲ့ချီရှိနေတာ လာချင်တဲ့သူဆီကသာလာစနိုးကတော့ စနိုး အမေနဲ့စနိုးအဖေကမွေးတာဘဲ သိတယ်ကျန်တာသာစဉ်းစားနေရင် တနေ့တနေ့ထမင်းတောင်စားရမှာမဟုတ်ဘူး။
မစ္စတာ တောက်တဲ့
June 29, 2012 at 11:56 am
ဒါဝင်ရဲ့ သီအိုရီအရ
လူတွေဟာ မျောက်က ဆင်းသက်လာတယ်လို့ ဆိုပါတယ် ..
ဒီအဆိုကို ကျုပ်ကတော့ အပြတ်အသတ် ငြင်းချက် ထုတ်ပါတယ် ..
လူတွေဟာ မျောက်က ဆင်းသက်လာတာ မဟုတ်ပါဘူး ..
အမှန်တော့ လူဒွေဟာ တောက်တဲ့က ဆင်းသက်လာတာ …
ဒါကို ရှင်းချက်ထုတ်ပေးပါဦးမယ် …
ဂွီ .. ဟိုက် ဗိုက်က အချက်ပြနေပီ ..
ဒါက ပိုပြီး အရေးကြီးတယ် … 😀
ပုံ/
မစ္စတာ တောက်တဲ့
mayjuly
June 29, 2012 at 12:36 pm
ခုချိန် လူဖြစ်ပြီးမှ တော့ လူဘယ်ကလာတယ်ဆိုတာ အရေးမကြီးတော့ပါဘူး ….
လူ ဘယ်ကိုသွားမလဲ ဆိုတာသာ သိသင့်တယ်ထင်ပါတယ် …
ကဲ ဘယ်ကို သွားမလဲ မောင်မင်း …..
အသိနှင့် သတိ ယှဉ် ..
ko khin kha
June 29, 2012 at 12:47 pm
အုန်သီးထဲရေဘယ်လိုရောက်နေလဲ ထက်တောင်ဆိုးနေပါလား။
အနီးစပ်ဆုံးတော့ လူဘယ်ကလာလဲမေးလို့ရတဲ့ နေရာတစ်ခုကို ညွှန်ပေးလိုက်မယ် Bo Min ရေ။
အဲဒီမှာမေးကြည့်ရင်မေးကြည့်ပေါ့ အဖြေရလိုရငြားလေ၊ ကျွန်တော်တော့ မဖြေတတ်ပါဘူး၊
အဲဒီနေရာက ဗဟိုအမျိုးသမီးဆေးရုံ။
ဘဲဥ
June 29, 2012 at 2:32 pm
အဲ့ဒီအချက်အလက်တွေကို ကျနော် မောင်ဘဲဥမှ ခါးသီးစွာ ငြင်းဆိုပါတယ်
လူဆိုတာ ….. ဥမှဆင်းသက်လာတာသာဖြစ်ပါကြောင်း
mamanoyar
June 29, 2012 at 2:34 pm
ဪ သူမှပြောတတ်ပလေတယ်
အမေ့ဗိုက်ထဲက လာတာတော့ လူတိုင်းသိတယ်
ဘဲဥ
June 29, 2012 at 2:50 pm
ဇဂါးမစပ် ဧဝလေးက မိုက်လိုက်ထှာအေ ……. ဂလု ဂလု
kai
June 29, 2012 at 2:55 pm
ယက္ကန်းသည်မလေးကို ဂေါတမဘုရားကမေးတယ်..
“ဘယ်ကလာလည်း”..တဲ့..။
ယက္ကန်းသည်မကဖြေတယ်..” မသိပါဘုရား”တဲ့..
ဆက်မေးတယ်..
“ဘယ်သွားမှာလည်း..”တဲ့..
“မသိပါဘုရား”တဲ့..
ထပ်မေးတယ်..
“သိလား”…တဲ့.။
“သိပါတယ်ဘုရား”တဲ့..
အဲဒါ..လွန်ခဲ့တဲ့.. နှစ်၂၅၀ဝကျော်က..အမေးနဲ့အဖြေ…။
အရီး Khin Latt
June 29, 2012 at 3:57 pm
မသိဘူးလား။
သိပါတယ်ဘုရား။
(“သေမယ်ဆိုတာ”)
သိရဲ့လား။
မသိပါဘုရား။
(“ဘယ်အချိန်မှာ”)
လို့ ထင်ပါတယ်။
တကယ် ဘဲ အကျိုးရှိ၊ တန်ဖိုးရှိ တဲ့ စကား တွေပါ။ 🙂
MaMa
June 30, 2012 at 10:00 pm
“ဘယ်ကလာလည်း”..တဲ့..။
ယက္ကန်းသည်မကဖြေတယ်..” မသိပါဘုရား”တဲ့..
-ဘယ်ဘဝက လာတယ်ဆိုတာကို မသိပါဘုရား
ဆက်မေးတယ်..
“ဘယ်သွားမှာလည်း..”တဲ့..
“မသိပါဘုရား”တဲ့..
-သေလွန်ပြီးရင် ဘယ်ဘဝကို သွား/ရောက်မှာလဲဆိုတာကို မသိပါဘုရား
ထပ်မေးတယ်..
“သိလား”…တဲ့.။
“သိပါတယ်ဘုရား”တဲ့..
-သေမှာကို မသိဘူးလားဆိုတော့ သိပါတယ် ဘုရားလို့ ဆိုလိုတာပါ။
ဇောက် ထိုး
June 29, 2012 at 3:26 pm
ဦးခိုင် နှစ် 1000 ကျိန်စာဆိုတာလေး မေ့နေခဲ့လားမသိဘူး။
အဲဒီအဓိပ္ပါယ်ကို ဖွင့်ဆိုရင် အမျိုးမျိုး ပြဿနာဖြစ်နိုင်တယ်နော်..
လူဘယ်ကလာတာလဲ ကျွန်တော်သိတယ်။ အဟမ်း…
လူဟာ လူ့အရင်းအမြစ်က လာတာ….ဟီးးးးးးးးးးးးးးးးးးးးးးးးးး
ကြောင်ဝတုတ်
June 29, 2012 at 4:56 pm
ခရစ်ယာန်သမာကျမ်းစာအလိုအရတော့ အာဒံ နဲ့ ဧဝ (အိဖ်) တို့က လူသားမျိုးနွယ်စုအစလို့ခေါ်သတဲ့-
ထာဝရဘုရားသခင်က အာဒံနဲ့အိဖ်တို့ကို ဧဒင်ဥယျာဉ်ကြီးထဲမှာ နေထိုင်ခွင့်ပေးတယ်… သို့သော်… ပန်းသီးပင်က အသီးကိုတော့ဖြင့် စားသုံးခွင့်မပေးဘူးတဲ့…
အဲဒီမှာ အိဖပ်က မနေနိုင်လို့ ပူစာတော့ အာဒံခမြာ ချစ်သူအကြိုက်ကြောင့် ဘုရားသခင်ကို သစ္စာဖောက်သတဲ့ကွယ်…
အိဖ်ကတော့ ပန်းသီးကို တစ်စိတ်ကိုက်ပြီး မျိုချလိုက်တဲ့အပြစ်ကြောင့် အခုထက်အထိကိုယ်ဝန်ဆောင်ခြင်းအမှုနဲ့ အမျိုးသမီးများက အပြစ်ဒဏ်ခံနေရတယ်ပေါ့… အာဒံအလှည့်လဲကျရော ကိုက်ပြီးမြိုချခါနီးမှာ ဘုရားသခင်ကအာဒံကို အော်ခေါ်လိုက်လို့ ပန်းသီးကိုက် ထားတဲ့အာဒံ လန့်ဖြန့်ပြီး မြိုချလိုက်ရာ ဗိုက်ထဲမရောက်ဘဲ လည်ပင်းမှာတစ်နေလို့ ယောင်္ကျားလေးတွေမှာလည်ပင်းဇလုပ်ရှိလာတဲ့ အဲဒီလည်ဇလုပ်ကို အင်္ဂလိပ်လို Adam’s Apple လို့ခေါ်တယ်လို့ မှတ်သားခဲ့ဖူးသဗျ… တော်သေးတယ်ပေါ့ဗျာ… အာဒံအလှည့်ကျ ဘုရားသခင်ကမြင်သွားလို့…
မြန်မာတွေအယူအဆအနေနဲ့ပြောရင်ပေါ့ဗျာ… ဘယ်သူပြောခဲ့မှန်းတော့မသိပါဘူး…
ကမ္ဘာမြေကြီးပေါ်မှာ အရင်တုန်းက ဩဇာတွေရှိသတဲ့… အဲဒါကို လေထဲမှာလွင့်နေရတဲ့ ဗြဟ္မာကြီး(၅)ဦးကနေ ဆင်းပြီးစားရာက
ယောင်္ကျား၊ မိန်းမ အင်္ဂါတွေပေါ်လာပြီး လူရယ်လို့စဖြစ်တယ်လို့ဆိုကြပြန်ရော…
အဲဒီလိုပဲ ခေတ်သစ်သိပ္ပံပညာအရ-
ဒါဝင်က လူဆိုတာ မျောက်ကနေအဆင့်ဆင့် ပရိုင်းမိတ်အဖြစ်နဲ့ဆင်းသက်ရင်း လူမျိုးနွယ်စုဖြစ်လာတာတဲ့…
ကြက်ဥနဲ့ ကြက်မအစရှာသလိုပါပဲ… ဘယ်ကနေစဖြစ်လာလာ လူပီသတဲ့စိတ်မွေးဖို့နဲ့…
လူသားမျိုးနွယ်မပျက်သုံးရေး၊ လူသားဆန်ရေးကိုပဲ ဂရုထားစေချင်ပါတယ်…
ကျွန်တော့်ခံစားချက်သက်သက်ပါ…
လူသားမျိုးနွယ်
ကြောင်ဝတုတ်
တေလေငှက်
June 29, 2012 at 6:03 pm
ဘယ်ကဘဲလာလာ
ဘယ်ဘာသာဘဲကိုးကွယ်ကွယ်
တန်ဖိုးရှိ လူသားတစ်ယောက် ဖြစ်အောင် ဘယ်လိုနေမလဲကပိုအရေးကြီးပါတယ်။
ရဲစည်
June 30, 2012 at 8:34 am
ဪလူဒွေ …. လူဒွေ
ဟိုး အရှည်ကြီးတွေ တွေးနေ ပြောနေကြတယ်…
လူဘယ်ကနေလာလဲ … ရှင်းရှင်းလေး
လေဒီဂါဂါတောင် သိတယ် ဘွန်းသစ်ဇ့်ဝေးတဲ့ …..မှတ်ပလား 😀
အဲဒီက လာတဲ့
အာဂါဂါ ဒါဝင်ဗြဟ္မရဲ
သားဦး၊မြေးဦး
June 30, 2012 at 1:18 pm
ဟုတ်ပါပေ့ မှန်ပါပေ့ဗျာ
ဖိုးထောင်
June 30, 2012 at 5:02 pm
လူနဲ့ လူနဲ့ပေါင်းလို့ လူလာတာပေါ့ ဟားဟားဟားဟား
မကြောက်ပါနဲ့ မမြဝင်းရယ် ဗိုလ်အောင်ဒင် ဘောင်းဘီချွတ်တာ ရှူးရှူးပေါက်ဖို့ပါ
မောင်ပေ
June 30, 2012 at 7:41 pm
ဘယ်ကလာလဲ ကိုဘိုမင်း
ဘုရားပွဲကို ကားနဲ ့ဆို
ဘာဝယ်ခဲ့သလဲ ကိုဘိုမင်း
me dain
July 1, 2012 at 7:28 am
ဘာရှည်ရှည်ဝေးဝေး စဉ်းစားနေဖို့ လိုမှာလည်း..
အဖေနဲ့ အမေပေါင်းလို့ လူဖြစ်ရတာပေါ့…သူတို့နှစ်ယောက် ချစ်ကြိုက်လို့ ကျွန်တော်တို့ လူဖြစ်လာရတာ
ဒါကို လောဘတဏှာဘဲ လို့ကောက်မယ် ဆိုရင် ကျွန်တော်တို့ လူဖြစ်မှာ မဟုတ်ပါကြောင်း..
” ဘုရားကတော့ လူဘယ်ကစလဲလို့ မေးတော့….သူဘယ်လိုဖြေလည်း ဆိုတော့ ဥတုနီ၊ ကန္တဗ၊သံဝါသ
လို့ပြောတာဘဲ…”ဥတုနီ = မေမျိုးဥ
ကန္တဗ = အဖေ သုတ်ပိုး
သံဝါသ = အတူတူနေခြင်း..
ရွာစားကျော်
July 1, 2012 at 7:50 am
ပုံပြင်လေး တပုဒ်တာ့ ကြားဖူးတယ်
မန့်တာတော်တော် ရှည်သမို့ ပို့စ်တစ်ခုတင်ပြီး သဂျီးဆီက ပွိုင့် လုပ်စားမယ်…
ခဏပဲစောင့်ကြပါ.. ဟီး