***…ရင်ကွဲငှက်…***
အကြင်ခက် သမို ့…တမင်ဖြတ်
နင်မက် တဲ့ ..ငွေ
ရေလိုမစီး…ငါ့ခရီး က
ကြမ်း သ ပ…..
စမ်း လို မအေး…ပန်းလို မမွှေး
တဲအို လေး ထက်…ကဗျာ စပ်သူ ရဲ့…
အနာဂတ်…..
အိပ်မက် ဖို ့ပင်….နင်
စိတ်ကူး မယဉ်……….
တွယ်ငင် နှောင်ဖွဲ ့…ရင့်လို ့မှည့်မှ
ဖဲ့ထွက် ခွာပြေး…ခုတော့ ဝေးပြီ
တေးသီ မချို..ငေးရီး ငိုမြဲ
စိုရွှဲ မျက်ရည်..ကံက ခေလို ့
လေနှင် ရာလွင့်…သောက မြစ်ပြင်
သခင် ချန်ခဲ့…ဖော်မဲ့ တိတ်ဆိတ်
လရိပ် မဖြာ…နွေကန္တာ နှယ်
ကဗျာ သည်မှာ…ဘယ်မှာ ဖြေလို ့
ပြေမလွယ်…။။။
7 comments
King of Secrets (Bo Min)
June 30, 2012 at 6:29 pm
ကောင်းလိုက်တဲ့ ကဗျာ
မောင်ပေ
June 30, 2012 at 7:16 pm
အနမ်းတစ်ခု
လွမ်းတစ်စု… နဲ ့
ခံစားချက်တို ့
ကဗျာဖြစ်စေ…။
maung khinmin
June 30, 2012 at 9:43 pm
ဖြစ်လေရာကဗျာ..
တစ်သက်တာကို
ကဗျာ..ရေးလျက်..
ကျော်ဖြတ်မယ်…
ဇောက် ထိုး
June 30, 2012 at 7:44 pm
ကောင်း မှ ကောင်း
သားဦး၊မြေးဦး
June 30, 2012 at 9:50 pm
သစ်ရွက်ကြွေတာ တခဏ
စမ်းရေစီးတာ သဘာဝ
မင်းကို ချစ်တာ ထာဝရ
maung khinmin
June 30, 2012 at 10:40 pm
မောင်သားဦးလည်း….
သဘောကျ
ညလေး
July 2, 2012 at 11:04 pm
အနမ်းနဲ.ဝေးတော့…….အလွမ်းနဲ.အဆွေးသာ…..
အဖော်ပြုရင်း…အတူတူပျိုးခဲ့တဲ….ပန်းပင်လေးတောင်မပွင့်နိုင်ရှာဝူး……