Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပုံမှန်အတိုင်းဆက်ဆံပါ။ . . . (ဗုဒ္ဓဘာသာ အရှည်တည်တန့်ဖို့အရေး . . .)

( ကျနော့အမြင်မှာတော့ မြန်မာပြည်ဟာ မြောင်းထဲကို အရှိန်နှင့် ဒလဟော ထိုးကျနေပြီလို့ ထင်တယ်။ ပိုဆိုးတာက မိုက်မိုက်မဲမဲ မြောင်းထဲတွန်းချသူတွေကို မတားဆီး၊ မကန့်ကွက်တဲ့အပြင် မသိကျိုးကျင်ပြုနေတဲ့သူတွေက ထုနှင့် ထည်နှင့် ရှိနေရုံတင်မက မသိမသာဖြစ်ဖြစ်၊ သိသိသာသာဖြစ်ဖြစ်၊ တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်၍ဖြစ်ဖြစ် အားပေးအားမြှောက်နေသူတွေနှင့် မြန်မာ့နိုင်ငံရေးလောက တစ်ခုလုံးမှာ ပြန့်နှံ့နေတယ်လို့တောင် ထင်မှတ်စရာဖြစ်နေပါပြီ။ နိုင်ငံရေးအရ မှန် မမှန်(Political Correctness)ကို အမြဲထောက်ပြနေတတ်တဲ့ နိုင်ငံရေး ပဏ္ဍိတ်တွေကလည်း အံ့ဩစရာကောင်းလောက်အောင် ဆွံ့အနှုတ်ပိတ်နေကြတယ်။ ဒါက ကောင်းတဲ့ အလားအလာ၊ ကောင်းတဲ့ နိမိတ်(omen)တွေ မဟုတ်ဘူးဆိုတာ သေချာလွန်းပါတယ်။

တောင်အာဖရိကမှာ နာမည်ဆိုးနှင့် ကျော်ကြားခဲ့တဲ့ Apartheid ဆိုတာကို ကျနော်တို့အားလုံး သိကြပါတယ်။ လူတွေကို မျိုးနွယ်အရ သီးခြားစီ ခွဲခြားထားခြင်း(Segregation)ဖြစ်ပါတယ်။ ဘယ်လူမျိုးတွေ ဘယ်နေရာကို မလာရ၊ ဘယ်နေရာမှာ မနေရ၊ ဘယ်ကားကို မစီးရ၊ ဘယ်စားသောက်ဆိုင်မှာ မစားရ၊ ဘယ်ကျောင်းကို မတက်ရ၊ ဘယ်နေရာမှာ ဘယ်အလုပ်ကို မလုပ်ရဆိုတဲ့ လူမျိုးချင်း ခွဲခြားဆက်ဆံမှု ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်း၊ မြို့ရွာ၊ ပြည်နယ်၊ နိုင်ငံအကျိုးအတွက် အဖွဲ့အစည်းတွေမှာ မတူညီသော လူအုပ်စုနှစ်စုက အကျိုးတူ ပူးပေါင်းလုပ်ဆောင်ဖို့ဆိုတာကတော့ စဉ်းစားစရာပင် မလိုတော့ပါ။ အင်မတန် ရွံရှာစရာကောင်း၊ ကြောက်စရာကောင်းတဲ့ အယူအဆဆိုးဖြစ်တာမို့ ယဉ်ကျေးတဲ့ ယနေ့လူ့ကမ္ဘာမှာ ဘယ်လိုလူသားဆန်တဲ့ လူသားမျိုးကမှ ကျင့်သုံးဖို့ တောင်းဆိုတာ၊ လှုံ့ဆော်တာ မပြောနှင့် ဒီအယူအမြင်ကို လက်ခံပါတယ်လို့တောင် မပြောရဲတဲ့ အင်မတန် ဆိုးယုတ်သိမ်ဖျဉ်းတဲ့ အယူဝါဒဖြစ်ပါတယ်။

သို့သော် ကျနော်တို့ အမိမြန်မာပြည်မှာ ဒီဝါဒဆိုး segregationကို အတိအလင်း ကြေငြာချက်ထုတ်ပြန် တောင်းဆိုရဲတဲ့ နိုင်ငံရေးပါတီ ရှိနေပါပြီ။ ဘယ်နိုင်ငံရေးခေါင်းဆောင်၊ ဘယ်တိုင်းရင်းသား ခေါင်းဆောင်၊ ဘယ်ဘာသာရေးခေါင်းဆောင်၊ ဘယ်လူ့အခွင့်အရေးခေါင်းဆောင်၊ ဘယ်အစိုးရဝန်ကြီး၊ ဘယ်နိုင်ငံရေး၊ လူမှုရေးစတဲ့ အဖွဲ့အစည်းကများ ကန့်ကွက်သံ ကြားရလေမလားလို့ နှစ်ရက်ကြာအောင် စောင့်ဆိုင်းခဲ့ပါတယ်။ ရှက်စရာ ကြောက်စရာကို မရှက်မကြောက် လုပ်သူက လုပ်တယ်။ ဘယ်သူကမှ မလုပ်သင့်ဘူးလို့ တစ်ခွန်းဆိုသံ မကြားရသဖြင့် မြန်မာပြည် သွားပြီလားလို့ မေးခွန်းထုတ်ရခြင်းဖြစ်ပါတယ်။ (RNDP၏ ဤကြေငြာချက်ကို မသိရှိသေးသူများအား မဆိုလိုပါ။)

RNDP (ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ)က ၂၀၁၂ခု မေလ (၂၆)ရက်နေ့စွဲနှင့် ထုတ်ပြန်သော ကြေငြာချက်အမှတ် ဝ၄/၂၀၁၂မှာပါတဲ့ တရားမဝင် ခိုးဝင်လာသူများကို အရေးယူတာ၊ မူရင်းနိုင်ငံကို ပြန်စေတာတွေကိုတော့ လုံးဝ သဘောတူပါတယ်။ အငြင်းပွါးစရာ မရှိပါ။ သို့သော် ကြေငြာချက်ရဲ့ အမှတ်စဉ် ၆(ခ)မှာ၊ တရားဥပဒေချိုးဖေါက်သူတွေ၊ ရာဇဝတ်မှုကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူစေပြီး နိုင်ငံသားအချင်းချင်း သင့်မြတ်ရေး၊ အေးချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးကို မဖြစ်ဖြစ်အောင် ဦးဆောင်ပေးရမည့်အစား

ရခိုင်ပြည်နယ်အတွင်းရှိ မြို့ရွာများ၌ ရခိုင်လူမျိုးများနှင့် ဘင်္ဂလီလူမျိုးများ နီးကပ်စွာရောနှောနေထိုင်မှု မရှိရအောင် ဘင်္ဂလီလူမျိုးများအား သင့်တော်ရာ၌ ယာယီသီးခြားနေရာချထားရန်လို့ တောင်းဆိုထားပါတယ်။ ဒါကို Apartheid (Segregation) မခေါ်ရင် ဘာလို့ခေါ်မလဲဆိုတာကို မြန်မာ့နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ လူမှုရေး၊ ဘာသာရေး၊ စီးပွါးရေး ခေါင်းဆောင်ကြီးများ ဖြေကြပါ။ ဒီလောက် ဆိုးသွမ်းဖေါက်ပြန်တဲ့ ကြေငြာချက်ကို ကြားသိလျှက်နှင့် နှုတ်ဆိတ်နေခြင်း၊ လူသိရှင်ကြား မကန့်ကွက် မရှုံ့ချခြင်းသည် သဘောတူ(Consent)သည်ဟု ဆိုနိုင်သဖြင့် ယနေ့ မြန်မာ့ခေါင်းဆောင်ကြီးများပေါ်တွင် သမိုင်းကြွေးတင်သွားပါပြီ။ နောင် မြန်မာပြည်ရဲ့ အခြားနေရာတွေမှာ အလားတူဖြစ်ရပ်တွေ ဖြစ်လာရင်၊ ဖြစ်လာအောင် လှုံ့ဆော်ပြီး ဘာသာမတူ၊ လူမျိုးမတူသူတွေရဲ့ အိုးအိမ်တွေကို မတရားသိမ်းပိုက်လိုလျှင် မြန်မာ့နိုင်ငံရေး ခေါင်းဆောင်ကြီးများ ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ။

ဒီလိုတောင်းဆိုသူတွေဟာ မိမိကိုယ်တိုင်က လိုလားပါတယ်ဆိုတဲ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုတာကို နားမလည် တန်ဖိုးမထားရုံတင်မက ကျင့်သုံးလိုဟန်ပင် မရှိကြောင်းကို အတိအလင်း ပြဆိုခြင်းဖြစ်တယ်။ ၁၉၄၈ခုနှစ်မှာ မြန်မာနိုင်ငံ ဖြစ်တည်လာပုံ၊ နိုင်ငံ စတင်တည်ထောင်စ ကတည်းက နှစ်နိုင်ငံ နယ်စပ်တွေမှာ လူမျိုးပေါင်းစုံတွေ ပြန့်နှံ့နေထိုင်ပုံ၊ တိုင်းပြည်နယ်နိမိတ် ခွဲခြားသတ်မှတ်မှုနှင့်အတူ ပါဝင်လာတဲ့ လူမျိုးတွေကို တရုပ်၊ ထိုင်း၊ အိန္ဒိယ၊ မြန်မာစသဖြင့် နိုင်ငံသစ်တွေက လက်ခံပေးရပုံ (ခိုးဝင်သူတွေကို လက္ခံပေးဖို့ မပြောပါ။) စသည့် သမိုင်းဖြစ်ရပ်တွေကို အခြေခံလောက်မှ နားမလည်ခြင်းကို ပြပါတယ်။ ပိုဆိုးတာက (၂၁)ရာစုမှာ လူသားအခြေခံပြီး လူသားချစ်စိတ်နှင့် တိုင်းပြည်ကို လက်တွေ့ကျကျ တည်ဆောက်ရမည့်အစား စိတ်ဝမ်းကွဲပြားမှုတွေနှင့် မညီမညွတ်ဖြစ်စေကာ တိုင်းပြည်ကို ချောက်ထဲထိုးချမည့် အမြင်ကျဉ်းမြောင်းသော ငါ့ဘာသာ၊ ငါ့သာသနာ၊ ငါ့လူမျိုးဆိုတဲ့ မျက်ကန်းမျိုးချစ်စိတ်ကို တာဝန်မဲ့ လှုံ့ဆော်ခြင်းဖြစ်တယ်။ ကိုယ့်ပြည်သူတွေကို အကျိုးဖြစ်အောင် အသိညာဏ်ဖွင့်ပေးရမည့်အစား အကျိုးယုတ် အသိကန်းအောင် အဆိပ်ခပ်ခြင်းဖြစ်တယ်။ (ရှေးခေတ်က ဟစ်အော်လာကြခဲ့တဲ့ အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ စကားမျိုးကို လက်သုံးပြုလို့ မလုံလောက်တော့ဘူး။ မြန်မာပြည်မှာ ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူ၊ နတ်ကိုးမှုစသည်ကို စွဲပြီး လူမျိုးရေးတရားလုပ်လို့မရဘူး။ ကိုယ်ယုံကြည်ရာ ကိုယ်ကိုးကွယ်ပြီး တိုင်းရေးပြည်ရေးမှာ ညီညီညွတ်ညွတ် စုပေါင်းလုပ်ကြဖို့ ဖေဖေါ်ဝါရီလ(၁၁)ရက် ပင်လုံညီလာခံမှာ လက်မှတ်မရေးထိုးမီ ဗိုလ်ချုပ်အောင်ဆန်းက ကတိပြု ပြောကြားခဲ့ပါတယ်။ သံဃာတော်များက အမျိုး၊ ဘာသာ၊ သာသနာဟု ဆိုခြင်းကို နားလည်ပေးနိုင်သော်လည်း လူမျိုးပေါင်းစုံ၊ သာသနာ ပေါင်းစုံကို ကိုယ်စားပြုရမည့် နိုင်ငံရေးခေါင်းဆောင်များက အမျိုး၊ ဘာသာ၊ သာသနာဟု ပြောလာမည်ဆိုလျှင် မိမိစီးသောမြင်းကို အထီးမှန်း အမမှန်း မသိသူများ ဖြစ်ရာ၏။ လွန်ခဲ့သော (၆၆)နှစ်ကပင် ဗိုလ်ချုပ်အောင်ဆန်းက ပြည်ထောင်စုနိုင်ငံ တည်ထောင်ရေးအတွက် လက်တွေ့မကျဟုဆိုကာ ပယ်ချခဲ့သော အယူမှား၊ အမြင်မှားဖြစ်သည်ကို သတိချပ်သင့်လှ၏။)

ခေါင်းဆောင်ကြီးများအနေနှင့် ဘော့စနီးယား၊ ရဝမ်ဒါစတဲ့ နိုင်ငံတွေက လူမျိုးရေး အထိကရုဏ်းတွေကို ပြန်စဉ်းစားပြီး သင်္ခန်းစာယူကြပါ။ အခြေအနေတွေ ပိုမဆိုးလာအောင် အချိန်မီ တားဆီးကြပါ။ တိုင်းပြည်ကို လမ်းကြောင်းမှန်ကို ပြန်တင်ပေးကြပါ။ ပြန်လည်ခေါင်းထောင်ဖို့ အထင်အရှား ကြိုးစားနေတဲ့ ဒီမိုကရေစီအရေခြုံ စစ်အာဏာရှင်စနစ်ကို တစ်နိုင်ငံလုံးက တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထု၏ နည်းမှန်လမ်းမှန်ဖြစ်သော စည်းလုံးညီညွတ်မှုဖြင့် အနိုင်တိုက်ယူပါ။

အနှစ်ငါးဆယ်မှာ ရတောင့်ရခဲဖြစ်တဲ့ အခုလိုအခွင့်အခါမျိုးကို မှန်မှန်ကန်ကန် အသုံးချနိုင်ဖို့လိုတယ်လို့ ဒေါ်စုက ယနေ့တင်ဘဲ ပြင်သစ်မှာ ပြောလိုက်ပါပြီ။ မှန်မှန်ကန်ကန် အသုံးမချနိုင်ရင်တော့ မြန်မာပြည် နောက်တစ်ချီ သွားပြီ ဖြစ်ပါတယ်။

နောက်ထပ် အနှစ် ငါးဆယ်လေးလောက်ပါ။

အောင်တင်
ဇွန်လ(၂၈) ၂၀၁၂ . . . .. )

facebook စာမျက်နှာတစ်ခုမှ အောင်တင်ရဲ့ ” မြန်မာပြည် သွားပြီလား” ဆိုတဲ့ ပိုစ့်ကို ဖတ်မိတော့
ဗုဒ္ဓဘာသာရေးမှာ လူအစိုးရအာဏာ ရောယှက်နေမှုဟာ အနာဂတ်ဗုဒ္ဓသာသနာအတွက် ရင်လေးစရာဖြစ်လာပါတယ်။ သံဃာတော်များက အမျိုး၊ ဘာသာ၊ သာသနာဟု ဆိုခြင်းကို နားလည်ပေးနိုင်သော်လည်း လူမျိုးပေါင်းစုံ၊ သာသနာ ပေါင်းစုံကို ကိုယ်စားပြုရမည့် နိုင်ငံရေးခေါင်းဆောင်များက အမျိုး၊ ဘာသာ၊ သာသနာဟု ပြောဆိုနေကြခြင်းက ဗုဒ္ဓသာသာနာကို အမှန်စောင့်ရှောက်သလိုမှ ဖြစ်ရဲ့လား ဆိုတာ စိစစ်ဖို့ကောင်းနေပါတယ်။

ပြည်တန်ပတ္တမြားကို ဘယ်ပုံဘယ်နည်း ထိန်းသိမ်းရမယ်ဆိုတာကို နွားကျောင်းသားက မသိနိုင်သလို ငြိမ်းချမ်းတဲ့ ဗုဒ္ဓသာသာနာကို သမာသမတ်ကျကျဘယ်ထိန်းသိန်းပေးရမယ်ဆိုတာ ငြိမ်းချမ်းရေးအသိမရှိသူ၊ ဘာသာအစွဲကြီးသူတွေအနေနဲ့ မသိနိုင်ပါဘူး။
သမိုင်းမှာပြန်ကြည့်ရင် ရှင်ဘုရင်တွေရဲ့ ဘာသာရေးအပေါ်တယူသန် တစ်ဖက်သတ် ချီးမြောက်မှုတွေကြောင့် နောက်နောင် ထိုရှင်ဘုရင်ရဲ့ ဆန့်ကျင့်ဖက် ရှင်ဘုရင်က အာဏာရလာသောအခါ အရင်ရှင်ဘုရင် အစွဲကြီးစွာ တယူသန်ချီးမြောက်ခဲ့သော ဘာသာတရားသည် ကွယ်ပျောက်ခဲ့ရပေသည်။
ထို့ကြောင့် ဘာသာတရားများသည် ထိုဘာသာတရားရဲ့ ဓမ္မအရှိန်အဝါနဲ့သာ ထွန်းလင်းပြောင်သင့်ပေသည်။
ဘာသာတရားထဲကို လူအစိုးရအာဏာ ဝင်ရောယှက်လာပါက ထိုဘာသာ သာသနာရဲ့အနာဂတ် သက်တန်းမှာ စိတ်မချရတော့ပါ။
အိန္ဒိယမှာ ဟိန္ဒူဘာသာ၊ ဂျိန်းဘာသာ၊ ဗြဏ္မဏဘာသာများ ယနေ့ခေတ်တိုင် ကျန်ရှိနေပြီး ဗုဒ္ဓဘာသာ ပျောက်ကွယ်ခဲ့ရသည်မှာ ဗုဒ္ဓဘာသာပေါ် ချီးမြောက်မှုလွန်ကဲသော အာသောကရှင်ဘုရင်ကြောင့် အာသောကနောက်ရှင်ဘုရင်များ လက်ထက်တွင် လုံးဝကွယ်ပျောက်ခဲ့ရသည်ကို သင်ခန်းစာယူသင့်ပေသည်။
ရှင်ဘုရင်များရဲ့ ပုံမှန်အတိုင်ပဲ ချီးမြောက်ခြင်းသာခံရသော ဘာသာတို့မှာ သက်တမ်းရှည်စွာတည်တန့်နေပေသည်။

ထို့ကြောင့် ဗုဒ္ဓဘာသာတရားအပေါ် အုပ်ချုပ်သူ လူအစိုးရများမှ တိုင်းပြည်ရှိ ကျန်တဲ့ ဘာသာတရားများထက် ပိုမို၍ ထူးကဲစွာ ချီးမြင့်ထောက်ပံ့ခြင်းသည် ဗုဒ္ဓသာသာနာ အရှည်တည်တန့်ဖို့လော . . . ။ သက်တမ်းတိုဖို့လော ဆိုတာ စဉ်စားသင့်ပါပြီ။
ထို့ကြောင့် တိုင်းပြည်အုပ်ချုပ်သူ အစိုးရမင်းများအနေနဲ့ ဘာသာတရားများ အရှည်တည်တန့်ဖို့အတွက် ဘာသာတရားများအပေါ်တွင် ပုံမှန်အတိုင်း မျှတစွာဆောင်ရွက်ပေးခြင်းဖြင့်သာ စောင့်ရှောက်ကြပါလို့ တိုက်တွန်းလိုက်ရပါသည်။

18 comments

  • mggwa

    July 1, 2012 at 9:01 am

    ဟုတ်တယ်ဗျ . . .။
    အခု မြန်မာပြည်ဗုဒ္ဓသာသနာအရေးက
    “ဗိုလ်ကြီးတို့ လာမှပဲ ကျမတို့ရွာလည်း ပြာကျရတော့တယ်” လို့ ဆိုသလို
    သူ့ရွာအတိုုင်းနေရင် အကောင်းသား ဗိုလ်တွေလာကာကွယ်ပေးမှပဲ
    သူပုန်က အမြင်ကပ်လို့ ရွာပါ မီးရှိုခံရသလိုဖြစ်နေပြီ။

    ဗုဒ္ဓဘာသာကို အာဏာရှင်အစိုးရတွေရဲ့ အလွန်အမင်ချီးမြောက်ထောက်ပံခြင်းခံနေရတာဟာ
    စဉ်းစားမိသူတွေကတော့ ရင်လေးမှာပဲဗျ။

    ဘာသာတရားရေရှည်ရပ်တည်နိုင်ဖို့အတွက် ကို်ယ့်ဓမ္မအပေါ် အားထားပြီး ရပ်တည်တာထက်
    အစိုးရအားကိုးနဲ့ ဖိနှိပ်ချုပ်ချယ်ရပ်တည်နေတာ ဗုဒ္ဓဘာသာရှေ့ရေး ရင်လေးစရာ . . .။

    ဗုဒ္ဓဘာသာကို အစိုးရအပေါ်မှာ မှီပြီးရပ်တည်နေတော့ အစိုုးရလဲကျသွားရင် ဘာသာလည်း လဲကျသွားတော့မှာသေချာတာပေါ့ဗျာ.။

    ဥပမာ . . . … ……
    အိန္ဒိယမှာ ဗုဒ္ဓဘာသာကို ရှင်ဘုရင်အာဏာစက်နဲ့ အလွန်အမင်ထာက်ပံခဲ့တဲ့ အဇာတတသတ်မင်းတို့ အသောကမင်တို့လည်း သေရော ဗုဒ္ဓဘာသာလည်း ကွယ်ပျောက်သွားရတာ သတိထားစရာတွေပဲ။

    ဒါ့ကြောင့် ဘာသာရေးမှာ အစိုးရနဲ့ ပါဝင်ပတ်သက်နေမှုတွေကို
    “မျက်မွှေး (မျက်တောင်)တဆုံးလောက် မကြည့်ပဲ
    မျက်စေ့ (မျက်စိ)တဆုံး ကြည့်ကြပါ ဘာသာရေးခေါင်းဆောင်များနဲ့ အရပ်ကတို့ ခင်ဗျာ . . . .။”

    မှတ်ချက်။ ။
    မောင်ဂွကတော့ မှန်ဘီလူးနဲ့ကိုကြည့်နေပါသည်။

    • ko speaker

      July 1, 2012 at 5:38 pm

      မြန်မာပြည်က သာသနာရေးဝန်ကြီးဌာနသည် နိုင်ငံရှိ ဘာသာသာသနာအားလုံးရဲ့ ဝန်ကြီးဌာနဖြစ်ရဲ့လား။
      ဒါမှမဟုတ် ထေရဝါဒဗုဒ္ဓဘာသာတစ်ခုတည်းရဲ့ ဝန်ကြီးဌာနပဲဖြစ်နေလား။

      သာသနာရေးဌာနမှာ တာဝန်ရှိသူတွေကြည့်လိုက်ရင် ဘုန်းကြီးလူထွက်တွေကိုပဲ အပြင်မှာ အလုပ်မရှိလို့ ခေါ်ခန့်ထားရသလိုဖြစ်နေတာတွေ့လို့ပါ။

      ဒီထေရဝါဒဘုန်းကြီးလူထွက်တွေက ဘာသာ သာသာနာအားလုံးအပေါ်မှာ မျှတစွာဆက်ဆံတတ်ပါ့မလား။

      ကြားနေရတာတွေက တခြားဘာသာတွေက သူတို့ဘာသာရေးစာအုပ်တွေ ထုတ်မယ်ဆိုရင်တောင်
      ဒီထေရဝါဒဘုန်းကြီးလူထွက်တွေ စိစစ်ပြီးမှ ထုတ်ဝေခွင့်ရတယ်လို့ သိရလို့ပါ။

      တကယ်သာ မျှတတယ်ဆိုရင် ကမ္ဘာ့ကုလသမဂ္ဂလို သူ့ဘာသာအလိုက် တာဝန်ခံတွေနဲ့ပဲ ဖွဲ့စည်းပြီး ထေရဝါဒဘာသာတာဝန်ခံကို ထေရဝါဒထဲမှသာခန့်ထားပြီး
      မဟာယာနဘာသာတာဝန်ခံကို မဟာယာနဘာသာဝင်ထဲမှာ ခန့်ထားသင့်ပါတယ်။
      ကျန်တဲ့ ဘာသာတွေရဲ့ ဘာသာရေးတာဝန်ခံတွေကို သာသာနာရေးဌာနမှာ သူ့ဘာသာဝင်ထဲက တာဝန်ခံတွေကိုပ ဲခန့်ထားပေးမှ သာသနာရေးဝန်ကြီးဌာနသည် မျှတသော သာသနာပြုဌာနဖြစ်မှာပါ။

      အခုကတော့ ကြားသိနေရတာတွေက ဘာသာတရားအားလုံးအပေါ်မှာ ထေရဝါဒဘုန်ကြီးလူထွက်တွေနဲ့ပဲ ဖွဲ့စည်းထားတဲ့ သာသာနာရေးဝန်ကြီးဌာနက ခြယ်လှယ်နေတာသည် ဒီမိုကရေစီစနစ်နဲ့ လုံးဝဆန့်ကျင်နေပါတယ်။
      ဒါ့ကြောင့် ဒီမိုကရေစီနဲ့ ထိုက်တန်သော သာသနာရေးဌာနဖြစ်ဖို့ လိုအပ်ပါသည်ဟု ကွန်မန့်ဝင်ရေးလိုက်ရတာပါ။

      • Ko out of...

        July 2, 2012 at 9:39 am

        ko speaker ပြောသလို..

        ကျွန်တော်လည်းဘဲ မြင်တယ်…အမှန်တော့ နိုင်ငံက ဖွဲ့ပုံဥပဒေရေးစွဲတုံးက ဘယ်သာရေး

        ခေါင်းဆောင်ကမှ မပါသလို၊ ယခု လက်ရှိ လွတ်တော်ညီလာခံမှာ လည်း ဘုန်းကြီးတွေ တစ်ပါးမှ မပါပါဘူး..ဒါကိုကြည့်ခြင်းအား ဖြင့်ရှင်းရှင်းလေးဘဲ..နိုင်ငံတော် အုပ်ချုပ်ရေးမှာ ဘာသာရေး အားလုံးရဲ့ ဩဇာ မပါဘဲ သူတို့ကို NGO နေရာမှာ ဘဲထည့်ရမှာ..

        ဒါကြောင့် သာသာနာရေးဝန်ကြီးဋ္ဌာနမှာလည်း ဘယ်ဘာသာရေး ကလွမ်းမိုးတဲ့ ဋ္ဌာနမျိုး မဖြစ်
        သင့်ဘူး…လို့မြင်ပါတယ်..

        • realman

          July 2, 2012 at 9:48 am

          သမာသမတ်ကျတဲ့ ဒီမိုကရေစီလမ်းမှန် ဘာသာတွေကို အမှန်စောင့်ရှောက်ပေးလိုတဲ့ သာသနာရေးဝန်ကြီးဌာနဆိုရင်လည်း

          သူ့ဘာသာသာနာအလိုက် ကျွမ်းကျင်သူတွေ ဌာနတွေ ထားပေးရမှာပေါ့။
          ဗုဒ္ဓဘာသာထဲကဆိုရင်လည်း . . .
          မဟာယာနဗုဒ္ဓဘာသာဌာန၊
          ထေရဝါဒဗုဒ္ဓဘာသာဌာန၊
          လားမားဗုဒ္ဓဘာသာဌာန၊
          ဇင်ဗုဒ္ဓဘာသာဌာန၊
          ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာဌာန၊

          ခရစ်ယန်ဌာနတွေမှာလဲ . . .
          ရိုမန်ကက်သလစ် ခရစ်ယန်ဘာသာဌာနတို့
          ပရိုတတ်စတန့် ခရစ်ယန်ဘာသာဌာနတို့
          ဟိန္ဒူဘာသာမှာလဲ ဟိန္ဒူဘာသာဌာနတို့

          အစ္စလာမ်ဘာသာမှာလည်း
          အစ္စလာမ်ဘာသာဌာနတို့ဆိုပြီး သူ့ဘာသာအလိုက် ကျွမ်းကျင်သူ ပညာရှင်တွေနဲ့
          ဖွဲ့စည်းပေးသင့်ပါကြောင်း အကြံပြုလိုက်ပါတယ်။

          ဖြစ်နိုင်ရင် နတ်ကိုးကွယ်မှုဆိုင်ရာမှာလည်း
          သူ့ကိုးကွယ်မှုအလိုက် ကျွမ်းကျင်သူ ပညာရှင်များဖြင့်သာ
          တာဝန်ခံဖွဲစည်းဆောင်ရွက်သင့်ပါတယ်။

          အခုကတော့ ကိုးကွယ်မှုအားလုံးအပေါ်မှာ ထေရဝါဒဘုန်းကြီးလူထွက်တွေကသာ
          စီမံဆောင်ရွက်နေမှုဟာ ဘာသာရေးလွတ်လပ်ခွင့် မရှိသေးဘူးဆိုတာ ထင်ရှားနေပါတယ်။
          မြန်မာအစွန်းရောက်ထေရဝါဒီတွေက ဘာသာရေးလက်ဝါးကြီးအုပ်ထားတယ်ဆိုတာ ပေါ်လွင်နေပါတယ်။

      • mggwa

        July 2, 2012 at 9:51 pm

        ကြိုက်သွားပြီ Ko speaker . . good/

        ဘုန်းကြီးဘဝမှာ အနေမချောင်တော့လို့ လူထွက်လိုက်ရတဲ့ ဒီဘုန်းကြီးလူထွက်တွေ အပြင်မှာ အလုပ်လက်မဲ့ ဖြစ်နေလို့ သနားတာနဲ့ သာသနာရေးဌာနမှာ ပတ်သက်ရာပတ်သက်ကြောင်းတွေက အလုပ်ပေးထားတာကို . . ။
        ကြာတော့ ဒီဘုန်းကြီးလူထွက်တွေက တခြားဘာသာခြားတွေကို မပြောနဲ့တော့ ထေရဝါဒ ဘုန်းကြီးတွေကိုတောင် ဘုန်ကြီးလို့ ထင်တော့တာမဟုတ်ဘူး။
        သူတို့လက်အောက်မှာထားပြီး ခိုင်;တာလုပ် အဆင့်မျိုးနဲ့ အာဏာရှင်ဆန်ဆန်ကျင့်သုံးနေတဲ့
        ဒီနေ့ ဗမာပြည် သာသနာ . . .
        မောင်ဂွကသိနေတော့ မောင်ဂွမှ ရင်မလေးရင် ဘယ်သူ ရင်လေးမှာလဲ။

        (သာသာနာရေးတို့ မဟနတို့မှာ ဘုန်းကြီးနေတဲ့ ဘုန်းကြီးတွေရဲ့အတွင်းရေး ကိစ္စ အဝဝတွေကို ဒီဘုန်းကြီးလူထွက်တွေက အူမချေးခါးသိနေကြတော့လည်း ဘယ်မှာလာပြီး ဒီဘုန်းကြီးတွေကို လေးစားတော့မလဲနော့။ ဒါကလဲ တပိုင်းပေါ့လေ။ )

        အင်း ပြောပြန်ရင်လည်း မောင်ဂွပဲ လွန်ရာကျတော့မယ်။ တော် P . . . /

  • realman

    July 1, 2012 at 10:29 am

    အဖသတ်ရှင်ဘုရင် အဇာသသတ်မင်းက အဖေကိုသတ်ခဲ့မိတာကြောင့် တိုင်းသူပြည်သားတွေရဲ့ ငြူစူးမှုက လွတ်အောင် အဲဒီအချိန်မှာ ပြည်သူက သဘောကျလက်ခံနေပြီဖြစ်တဲ့ ဗုဒ္ဓဘာသာကို အလွန်အမင်း ချီးမြှောက်ပြီး ဘာသာရေးအသုံးချခဲ့သလို – – –

    နယ်ချဲ့ဘုရင် အာဏာရှင် အာသောကမင်းကလည်း သူ့ရဲ့ရက်စက်ခဲ့တဲ့ လုပ်ရပ်တွေ ပြည်သူက ပြန်ကလဲ့စားချေမှာစိုးလို့ အဲဒီခေတ် ပြည်သူ့အသဲစွဲ ဗုဒ္ဓဘာသာနဲ့ ဂျိန်းဘာသာကို ရောသမမွှေပြီး ပြည်သူ့အမျက်ဖြေအသုုံးချခဲ့လို့ – – –

    အဲဒီရှင်ဘုရင်တွေလည်း ကျဆုံးရော သူတို့ အလွန်အကဲ တစ်ဖက်သတ်ထောက်ပံ့ခြင်းခံခဲ့ရတဲ့ ဗုဒ္ဓဘာသာပါ အိန္ဒိယမှာ လုံးဝကွယ်ခဲ့ရတာ သမိုုင်းကိုလေ့လာသုံးသပ်ကြည့်ရင် သိနိုင်ပါတယ်။

    ဒါ့ကြောင့် ဗုဒ္ဓဘာသာ ကွယ်ပျောက်ရခြင်းအကြောင်းထဲမှာ
    ဘာသာကို ဖိနှိပ်တဲ့ ရှင်ဘုရင်တွေကြောင့်လည်း ဖြစ်ရသလို
    တစ်ဖက်သတ် အလွန်အမင်ထောက်ပံ့တဲ့ ရှင်ဘုရင်တွေကြောင့်လည်း ဘာသာတရားတွေကွယ်ပျောက်ရပါတယ်လို့ မျှတစွာ ဝေဖန်စိစစ်မိပါတယ်။

    • saw saythu

      July 1, 2012 at 1:14 pm

      ဘာသာတရားတွေရဲ့အနှစ်သာရ ကိုသိမယ်ဆိုရင် ဒီလိုရေးထားတဲ့ ပို့ တွေရှိမှာမဟုတ်ဘူး
      ဗုဒ္ဓဘာသာ အိန္ဒိယမှာ ကွယ်ခဲ့ရတာ သမိုုင်းကိုလေ့လာကြည့်ပါ ဘာကြောင့်ဆိုတာသိလိမ့်မယ် အမှန်တရားကိုတော့လက်ခံဖို့လို
      မယ် (ဘယ်လူမျိုးတွေ ဘယ်နေရာကို မလာရ၊ ဘယ်နေရာမှာ မနေရ၊ ဘယ်ကားကို မစီးရ၊ ဘယ်စားသောက်ဆိုင်မှာ မစားရ၊ ဘယ်ကျောင်းကို မတက်ရ၊ ဘယ်နေရာမှာ ဘယ်အလုပ်ကို မလုပ်ရဆိုတဲ့ လူမျိုးချင်း ခွဲခြားဆက်ဆံမှု ဖြစ်ပါတယ်)
      ဒီစာကိုဖတ်မိတော့ ဘယ်သူတွေကဒီလို လုပ်နေတာလဲဆိုတာ အသိ ပညာရှိသူတိုင်းသိပါတယ် အထူးသဖြင့် ဘယ်နိုင်ငံ ဘယ်
      ဘာသာဆိုတာပြောဖို့တော့မလိုတော့ဘူး

  • me dain

    July 1, 2012 at 10:46 am

    ကိုပါကြီးခင်ဗျာ….

    လောကမှာ လူတွေဟာ ပေါင်းသာပေါင်းနေကြတာ တကယ်မိတ်ဆွေစစ် ဆိုတာ အင်မတန်ရှားပါတယ်..

    လူတွေဟာ ကိုယ့်ကို လိုအပ်ရင် ပိုပြီး ဆက်ဆံတယ်…
    နောက်သူ မလိုအပ်ပြန်တော့ လျှော့ ပြီးဆက်ဆံကြတယ်…
    ဒါတွေဟာ အစွန်းတရားတွေပေါ့ ..ဒါကြောင့် ယနေ့ လူတွေ မငြိမ်းချမ်းကြတာ…
    ဘုရား အပို အလိုမရှိ ပုံမှန်ဆက်ဆံဖို့ လမ်းညွှန်ခဲ့ပေမဲ့ လူတွေ မတွေ့ဘူး ဖြစ်နေကြတယ်..

    ဥပမာလေးတခုနဲ့ဘဲ စဉ်းစားဖို့ လက်ဆောင်ပေးလိုက်ပါတယ်…

    အပင် တပင်ကို လိုအပ်သည်ထက် မြေဩဇာကြွေးလိုက်မယ်ဆိုရင် အပင်တွေက တဟုန်ထိုးကြီးလာ ပြီး
    ကိုယ်က တခဏသာ ဝမ်းသာရပေမဲ့ မကြာခင် အဲဒီ အပင်ဟာ မြေဩဇာ မတွေ့ရရင် သိပ်မရှင် သန်တော့ဘူး..မြေဩဇာကြောင့် အပင်လည်း ပျက်စီး မြေဆီလွာလည်း ကုန်ခမ်း..

    ကိုယ်အပင်တပင်ကို စိုက်လိုက်တာ ဘာရည်ရွှယ်ချက်လည်း..လူတွေ အမှုငြိမ်းဖို့ လူတွေ အတွက် အလုပ်
    လုပ်နိုင်ဖို့ မဟုတ်တော့ဘဲ လူတွေရဲ့ ကျန်းမာရေးကို ဖျက်းစီနေတာတာ သိပ်မမြင်ကြဘူး..

    အခုလည်း သာသာနာဟာ လူတွေရဲ့ အမှုတွေကို ဖြေရှင်းပေးနိုင်ဖို့ မဟုတ်ဘဲ ရှင်ဘုရင်တွေ အသုံးချဖို့
    ဖြစ်နေရင်တော့ ဒီသာသနာ ပျက်ဖို့ဘဲရှိတယ်.. အလွန် ချီးမြောှက်ခြင်းနဲ့ အလွန် နှိပ်ကွပ်ခြင်း ဟာ အစွန်း
    တရားတွေ ဖြစ်ကြောင်း ဖေါ်ပြအပ်ပါသည်…

    • ဒေဝ

      July 2, 2012 at 12:51 pm

      ( လူ မျိုး တစ်မျိုး၊ ဘာသာ တစ်ခုဟာ တစ်ခြား လူ မျိုး ။တစ်ခြား ဘာသာ တစ် ခု ကို အလွန် အမင်း ချုးိနှိမ် ဖိနှိပ် မကောင်း ပြော ဖျက် စီး နေမယ် ဆို ရင် မိမိ လူမျိုး ၊မိမိ ဘာသာ ကို ပျက် စီး ယုတ် ညံ ့အောင် မြေကြီး ထဲ နှစ် မြှပ် သထက် နှစ် မြှပ်သွား အောင် လုပ် နေတာ နဲ ့ အတူတူ ဖြစ်တယ်) လို ့ နိပေါ ဆရာတော်ကြီး ရာ ဟု လာ သံ ကိစီး က (` ဗုဒ္ဓဘာသာ ဘာလဲ ) ဆို တဲ့ စာအုပ် မှာ ရေး သား ထားတာကို မှတ်သားရပါတယ်။

  • ဇောက် ထိုး

    July 1, 2012 at 2:31 pm

    ကျွန်တော်ကတော့ ဘာမှ မပြောချင်တော့ပါဘူး။ ရဟန်းရှင်လူတွေ အများကြီးဖတ်မိကြပါစေ… အားလုံး စဉ်းစားနိုင်ကြပါစေ… ဝေဘန်နိုင်ကြပါစေ… သတိပြုနိုင်ကြပါစေ.. လို့ပဲ တောင်းတမိပါတယ်။ ဖတ်ရတာလဲ အရသာ ရှိလှပါတယ်။ ဗဟုသုတလဲ တိုးလှပါတယ်ခင်ဗျာ။

  • tharli kar

    July 1, 2012 at 2:52 pm

    ” သံဃာတော်များက အမျိုး၊ ဘာသာ၊ သာသနာဟု ဆိုခြင်းကို နားလည်ပေးနိုင်သော်လည်း လူမျိုးပေါင်းစုံ၊ သာသနာ ပေါင်းစုံကို ကိုယ်စားပြုရမည့် နိုင်ငံရေးခေါင်းဆောင်များက အမျိုး၊ ဘာသာ၊ သာသနာဟု ပြောလာမည်ဆိုလျှင် မိမိစီးသောမြင်းကို အထီးမှန်း အမမှန်း မသိသူများ ဖြစ်ရာ၏ ” ဆိုတဲ့ စကားလေးကိုတော့ အတော်သဘောကျသဗျာ..။ နိုင်ငံ့ခေါင်းဆောင်ဆိုတာ…ဘယ်ဘာသာ၊ ဘယ်လူမျိုး ဘယ်သာသနာကိုမဆို ဘက်မလိုက်ပဲ တန်းတူဆက်ဆံနိုင်အောင်ကျိုးစားရမှာလို့ တွေးမိပါရဲ့။ ကိုပါကြီးရေ ထပ်ကြိုးစားပေးပါဦး။

  • ရဲစည်

    July 2, 2012 at 3:55 am

    ကောင်းလှတယ်လို့လဲ မဆိုလို
    မကောင်းဘူးလဲ မပြော …
    ကြားချပေးရရင် ဖတ်ပီး ဗဟုသုတရပါတယ် အတွေးတော့ မပွားမိပါ…ရှုပ်ကုန်မှာစိုးလို့
    ဒီတော့ အားပေးသွားပါကြောင်း…….
    ခုတလော ကျနော်တို့ ဂေဇက်ထဲ ရသစာပေများ လိုအပ်နေပါသဖြင့် အားဖြည့်ရေးပေးကြပါကုန်……။

  • Ko out of...

    July 2, 2012 at 8:54 am

    ပတ်ဝန်းကျင်တွေနဲ့ လိုက်လျောညီထွေမှုရှိအောင် ….

    (၁) ငါကတော့ မလုပ်၊ မရှုပ်၊ မပြုတ် တွေထဲမှာ ဘဲနေမလား?..

    (၂) အကောင်းမြင် ဝါဒ ဆိုပြီး မရှင်းမလင်းသော ကပြားအမြင်နဲ့ နေမလား?…

    (၃) လိုရင် တမျိုး မလိုရင် တဖုံ အလိုက် အထိုက်ဘဲ ရေလိုက်ငါလိုက်နေမယ်၊
    နောင်ခါလာ နောင်ခါဈေးပေါ့ကွာ ဆိုပြီနေမလား?..

    (၄) ငါတော့ ခေါင်း အပူမခံတော်ဘူး သူများဆုံးဖြတ်တဲ့ နောက်မှာဘဲ နေမလား?…

    (၅) သို့မဟုတ် အခုလူတွေ ပြောပြောနေတဲ့ သူမသာ ကိုယ်မနာတဲ့ win win situation နဲ့ဘဲနေမလား?..

    (၆) အင်အား အနည်းအများပေါ်မူတည်ပြီ အရေအတွက်နောက်ကို လိုက်ပြီးနေမလား?…

    (၇) ခံစားချက် အဆိုးအကောင်းကို မကြည့်ဘဲ လုပ်သင့် လုပ်ထိုက်လို့ လုပ်ရတယ်ဆိုတဲ့ အမှန်တရားဆိုတဲ့ ရပ်တည်ချက် အပေါ်ပြတ်ပြတ်သားနေမလား?..

    (၈) အမှန်တရားတခုဟာ မှန်တယ်ဆိုပေမဲ့ မပွင့်လင်းသေးတဲ့ ပတ်ဝန်းကျင်အခြေအနေကြောင့် အချိန်တခု
    စောင့်ဖို့လိုတယ် ဆိုပြီးဘာမှ မလုပ်ဘဲနေမလား?…

    (၉) သို့ငါသိတဲ့ အမှန်တရားတခုဟာ လူ့သက်တမ်းတိုတိုလေးမှာ…

    how much အရေအတွက်အများကြီးရမှ ငါလုပ်မယ်(သို့) how can ငါရနိုင်သလောက်လုပ်မယ်

    ဆိုပြီးနေကြမလား?…

  • Oo Oo

    July 2, 2012 at 10:40 pm

    ကိုပါကြီးရေ.. အစိုးရိမ်လွန်နေတာများလား..အဆိုးမြင်နေတာများလား
    ကျနော်တို့နိုင်ငံကိုတောင်အာဖရိကနဲ့ချိန်ထိုးပြတာကတော့ တော်တော်လေးလွဲနေပါတယ်..

    ရခိုင်ပြည်နယ်အတွင်းရှိ မြို့ရွာများ၌ ရခိုင်လူမျိုးများနှင့် ဘင်္ဂလီလူမျိုးများ နီးကပ်စွာရောနှောနေထိုင်မှု မရှိရအောင် ဘင်္ဂလီလူမျိုးများအား သင့်တော်ရာ၌ ယာယီသီးခြားနေရာချထားရန်လို့ တောင်းဆိုထားပါတယ်။ ဒါကို Apartheid (Segregation) မခေါ်ရင် ဘာလို့ခေါ်မလဲဆိုတာကို မြန်မာ့နိုင်ငံရေး၊ တိုင်းရင်းသားရေး၊ လူမှုရေး၊ ဘာသာရေး၊ စီးပွါးရေး ခေါင်းဆောင်ကြီးများ ဖြေကြပါ။

    ဒီနေရာမှာ ကျနော့်အမြင်ကိုပြောရရင် လတ်တလော ဖြစ်ပျက်မှုတွေအရ လူမျိုးရေးထိပ်တိုက်တွေ့မှုတွေထပ်မံမဖြစ်
    ပွါးစေချင်တဲ့ရည်ရွယ်ချက်ကြောင့် လတ်တလောလိုအပ်ချက်အရတောင်းဆိုတာ လို့မြင်ပါတယ်..
    ဘာကြောင့်လည်းဆိုတော့…တိုင်းရင်းသား..နိုင်ငံသားတွေကိုထိရောက်စွာကာကွယ်မှုပေးနိုင်တဲ့ တရားမျှတပြီးကောင်း
    မွန်တဲ့ ဥပဒေတရပ်မရှိသေးလို့ / မကျင့်သုံးနိုင်သေးလို့ ဖြစ်ပါတယ်။ နိုင်ငံသား တိုင်းရင်းသား အားလုံးတို့ရဲ့ လုံခြုံရေးနဲ့
    အကျိုးစီးပွါးကို ထိထိရောက်ရောက်အကာအကွယ်ပေးနိုင်မယ့်ဥပဒေတရပ်ချမှတ်ပြီး လက်တွေ့အမှန်အကန်ကျင့်သုံး
    လုပ်ဆောင်တဲ့ တရားဥပဒေစိုးမိုးမှု ရှိလာတဲ့တနေ့မှာ လူမျိုးမတူ၊ဘာသာကွဲ ဖြစ်လည်း အိမ်ချင်းကပ်နေ ကြရရင်တောင်
    စိုးရိမ်ကြောင့်ကြမှုတွေ မရှိနိုင်တော့ပါဘူး…ကောင်းမွန်ပြီးတရားမျှတတဲ့ တရားဥပဒေစိုးမိုးမှုရှိဖို့သာလိုအပ်နေတာပါ။

    • ကိုပါကြီး

      July 3, 2012 at 10:21 am

      (ကျနော်တို့နိုင်ငံကို တောင်အာဖရိကနဲ့ချိန်ထိုးပြတာကတော့ . . . ) မူးရင်း ဆောင်းပါရှင် အောင်တင်ဆိုသူပါ။
      ကနော့်အနေနဲ့က ပင်လုံညီလာခံမှာ လက်မှတ်မရေးထိုးမီ ဗိုလ်ချုပ်အောင်ဆန်းက ကတိပြု ပြောကြားခဲ့တာလေး ပေါ်လွင်စေချင်လို့ မူရင်းဆောင်းပါးကိုပါ ဖော်ပြပေးလိုက်တာပါ။

    • တေလေ

      July 26, 2012 at 12:22 pm

      သေချာဆန်းစစ်ကြည့်တော့ အဆိုးမြင်ဝါဒီပါ
      ရှင်းနေသားပဲ
      မေးစရာလိုသေးလို့လား ဦးဦးရာ
      ဂွမ်းပုံကြီး ကုလားမ ထိုင်နေသလိုပေါ့

  • blackchaw

    July 26, 2012 at 12:05 pm

    ကိုယ်တိုင်ရေးတယ် မှတ်လို့ သေချာ ဖတ်နေတာဗျာ..။
    မူရင်းဆောင်းပါးရှင်က အောင်တင် လို့ ပြောလိုက်တော့မှ…။
    :mrgreen:

Leave a Reply