***…လွဲချော်မှု..သံစဉ်…***

maung khinminJuly 1, 20121min2121

မင့်…အရောင် လက်စေဖို ့

ငါ့..အတောင် တွေ…ကျိုးကြေ ပျက်ခံခဲ့ ရ

ချွေးသိပ် ဖြေရာ…ခိုလှုံရာ မဲ့ မှာတော့

ရင်ခုန်သံ…အအက် အကွဲတွေ နဲ ့..

တွဲဆက် လို ့မရ နိုင်တဲ့…မျဉ်းပြိုင်လေးကိုမှ…

လွမ်း လို ့ကောင်း  နေဆဲ……………….

 

 

တစ်ယောက် ရဲ့…..ရင်ဘတ်ထဲ  တစ်ယောက်

ထုတ်ချင်း မခတ်ခဲ့ကြတော့…

အချစ် မှာ…အချို ပေါ့သွား ခဲ့ဖူးတယ်..

ကြိုးကို  ပြန်ညှိ ဖို ့အတွက်…

နားလည်မှု လိုအပ်ဆဲ…..

 

ဒီလို နဲ ့…..

ငါ့ ကွယ်ရာ ကနေ…

ငါ့ နောက်ကျော ကနေ

အဲဒီ့..သံသယ တွေနဲ ့…တစ်ရစ်ချင်း..တစ်ရစ်ချင်း….

စုပ်သွင်း ပြီး နောက်….

အမြီး   အမောက် မတည့်တော့တဲ့….

ရှင်သန်ခြင်း   အောက်မှာ..

ပန်းသတင်း  ကို  လေညှင်းမဆောင် ခဲ့တာ..

ကြာပြီ..။။။။

One comment

  • blackchaw

    July 25, 2012 at 9:26 pm

    ဆရာ မောင်ခင်မင် ခင်ဗျား…။
    စာဖတ်သူတွေ နဲ့ လွဲချော်ခဲ့ရတဲ့
    လွဲချော်မှုသံစဉ် ကဗျာလေးကို
    ကျွန်တော် ဖတ်ရှုခံစားသွားပါတယ် ဗျာ…။

Leave a Reply