Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သမ္မတဥိးသိန်းစိန်ကိုတော့ …. အားနာပါတယ်….။ တိုင်းပြည်အတွက် ကြိုးစားသူအချင်းချင်း စေတနာမှန်ရင် မုဒိတာ ပွားစေချင်ပါတယ်.။ ကိုဝိုင် ဝိုင်ကေ’s status update. FACE BOOK

Knowledge SeekerJuly 2, 20121min55915

သောင်းနဲ့ချီ ကြိုဆိုနေသော လူများ၏အလယ်တွင် ယခုလို လူလေးငါးဆယ်ယောက်လောက်က ကန့်ကွက်ပါသည် အစရှိ သောစကားလုံးကိုင်လျှင် မည်သူမျှ ဂရုမစိုက်ပေမယ့် ““ကုလားမယားအောင်ဆန်းစုကြည်““ ဟုသော (ဥပဒေအရ) စော်ကားမှုမြောက်သော အသုံးအနှုန်းကို ထောက်ခံသူများကြားထဲတွင် ကိုင်ဆောင်ဖော်ပြရဲလောက်သည်အထိ ယနေ့ခေတ်တွင် ဘယ်ပြည်သူမှ မရဲဝံ့ပါ.။

အဘယ့်ကြောင့်ဆိုသော် ကုလားဟုသောစကားလုံးကို မသုံးသင့်ကြောင်း အစိုးရကိုယ်တိုင် တိုင်းသိပြည်သိူပြန်လည်ပြင်ဆင်ပြီး ကြေညာချက်ထုတ်ထားခဲ့သလို အနောက်က မယားဟုသော စွပ်စွဲချက်ကလည်း ပြစ်မှု (စွပ်စွဲစော်ကားမှု) မြောက်သဖြင့် သောင်းနဲ့ချီသော ကြိုဆိုသူ ပရိသတ်အရှေ့တွင် ထိုသို့ စော်ကားသူတို့သည် NLD ၏ လုံခြုံရေးများ အရောက် နောက်ကျခဲ့လျင်သော်လည်းကောင်း၊ ၈ မိုင်လမ်းဆုံတွင်ရှိသော အခြား ကြိုဆိုထောက်ခံသူများ၊ ကားတန်းနှင့်လိုက်ပါလာသော ကြိုဆိုသူများနှင့် ထိပ်တိုက်တွေ့ခဲ့လျှင်သော်လည်းကောင်း ဖြစ်လာမည့် အဓိကရုဏ်းနှင့် ဆွမ်းကြီးလောင်းပွဲကို မှန်းဆကြည့်လျှင် မည်သည့်ရည်ရွယ်ချက်ဖြင့်ဖန်တီးနေသည်မှာ ထင်ရှားပါသည်..။

ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်သူ ဒေသခံများနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများကြား အဓိကရုဏ်းဖြစ်ပွား..။ ဟုသော အသုံးအနှုန်းဖြင့် ဒီပဲယင်းအရေးအခင်းအပြီးတွင် သတင်းစာထဲဖော်ပြခဲ့သည်ကို … ပြန်သတိရရင်း……။ .. ထိုအချိန်က…

အိမ်ကကားတောင် စစ်ကိုင်းဘက် ချောဆွဲတဲ့အထဲပါသွားတယ် ဟုသော ကားအုံနာ..သူငယ်ချင်း၏စကား။

လူ ရာပေါင်းများစွာ ပါဝင်အကြမ်းဖက်ခဲ့မှုကို ယနေ့အထိ တစ်ယောက်မှ မဖော်ထုတ်နိုင်သေးသောအမှု

ထိုကိစ္စအပြီး စစ်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၏ ရာထူးအပြောင်းအလဲနှင့် နိုင်ငံရေးအပြောင်းအလဲများ။

လက်ရှိအစိုးရသစက်လက်ထက် တွင် …ဌာန/ရာထူးလက်ကိုင်မရှိပဲ နေရာရနေသူ ယခင်အစိုးရဟောင်းမှလူကြီးအချို့

၁၉၉၅ အကျယ်ချုပ်လွှတ်သည့်အချိန်မှစတင်ပြီး …လက်နက်မရှိ၊ ကျည်ကာမရှိရှာသော အစောင့်အရှောက်များနှင့် သွားခဲ့သော စည်းရုံးရေးခရီးစဉ်များတစ်လျောက် လမ်းတွင် တရားဝင် ပိတ်ပင်တားဆီးခံရခြင်းများ၊ အတင်းအကြပ် အိမ်ပြန်ပို့ခံရခြင်းများ၊ တရားမဝင် ရန်ပြုနှောက်ယှက်ခံရခြင်းများ ထိခိုက်ဒဏ်ရာရ .. သေဆုံးမှုများ…….

အစရှိသဖြင့် တွေးကာ.. နိုင်ငံရေးချေထိုးမှုများ၊ အောက်တန်းကျသော ကစားကွက်များကို …. မြင်ယောင်သတိထားရင်းဖြင့်..။

သမ္မတဥိးသိန်းစိန်ကိုတော့ …. အားနာပါတယ်….။
တိုင်းပြည်အတွက် ကြိုးစားသူအချင်းချင်း စေတနာမှန်ရင်
မုဒိတာ ပွားစေချင်ပါတယ်.။

CREDIT TO ကိုဝိုင် ဝိုင်ကေ’s status update. FACE BOOK

15 comments

  • ahnyartamar

    July 2, 2012 at 8:43 am

    ဒေါ်အောင်ဆန်းစုကြည်ကို ကန့်ကွက်သူ နှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများကြား အဓိကရုဏ်းဖြစ်ပွားအောင် တမင်အကွက်ကျကျ ဖန်တည်းတဲ့ ဖြစ်ရပ်ဟု ရိုးရှင်းစွာ မြင်မိပါတယ်။

  • the best

    July 2, 2012 at 10:02 am

    ဒီအတိုင်းဆက်လွှတ်ထားရင် မီးအာမခံ၊အသက်အာမခံတွေ ထားရတော့မယ်။
    ပုဂ္ဂလိက အာမခံကုမ္ပဏီတွေထောင်ဖို ့အချိန်ကောင်းပဲ။
    ပုဂ္ဂလိက အာမခံလုပ်ငန်းကို ဝင်ရောက်လုပ်ကိုင်မဲ့
    ပုဂ္ဂလိကဘဏ်များနှင့် မြန်မာထိပ်တန်း စီးပွားရေး လုပ်ငန်းကြီးအချို့ကတော့
    အဆင်ပြေတာပေါ့။

  • ရဲစည်

    July 2, 2012 at 10:44 am

    ကိုရင် လင့်ပေးထားလို့ မြန်မာအိတ်စ်ပရက်စ် ဒေါ့နတ်မှာ ဝင်ကြည့်ပီးပါပီ ဓာတ်ပုံတွေ သေချာကြည့်ရင် မြင်နိူင်ပါတယ်။
    မနေ့က ကိုရင့် လေသံနဲ့ ဒီနေ့လေသံ အဟရှိသလိုဘဲ… 😀
    မပြောကောင်းပါဘူးလေ….. ခုလို စာတွေဘာတွေ ကိုယ့်အာဘော်တွေ ထည့်လာတော့ ကောင်းတဲ့အပိုင်းက ထင်သာမြင်သာတဲ့ ချဉ်းကပ်မှုလို့ ယူဆကြောင်း… 😛

  • ရဲစည်

    July 2, 2012 at 10:49 am

    အယ် မှားလို့ သေချာ အောက်ကို မကြည့်မိလိုက်ဘူး ဒီတခါလဲ ဖြတ်၊ညှပ်၊ကတ် / ကူးတင်ကြီးဘဲ …
    ခုနောက်ပိုင်း စာဖတ်ပီးလို့ ကွန်းမင့်ပေးခါနီး အဲလာဘဲ လိုက်ကြည့်နေရတယ်….. ဟူး ရင်မောထှာ… 🙁

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 2, 2012 at 12:07 pm

    အဲ့သည်အကြောင်းလေးကို ရေးမလို့တောင်တွေးမိပါသေးတယ် မရေးတတ်လို့ပါ
    ကျုပ်စိတ်ဝင်စားတာက အဖွားကြီးပြန်လာမယ့်အချိန်မှာ ကြိုဆိုမယ်ဆိုတာကို
    ဘယ်သူကများအစထုတ် လမ်းကြောင်းပေးပါလိ်မ့်ဆိုတာလေးပါ ??
    ဒီအကြောင်းက လက်စိ ပို့စ်မှာပါတဲ့ မုဒိတာ ဆိုတဲ့အကြောင်းနဲ့ စက်ဆပ်နေတယ်လို့ဆိုခြင်တာပါ
    မုဒိတာ ဆိုတာကိုလည်း ဒီရွာထဲ ဘယ်သူလည်းသိဘူးရေးထားဘူးသေးတယ်
    ကျုပ်ပြောတာတွေကိုတော့ အဟုတ်ကြီးပါလို့လည်း ဗလိုင်းကြီးဝိုင်းမဆဲဂျနဲ့ဘော့ဗျာ 😆
    မုဒိတာ ဆိုတာကို အလွယ်ပြာရရင်တော့
    သူတစ်ပါးအပေါ်မှာ မကောင်းစိတ်မထားဘဲ အကောင်းမြင် တတ်တဲ့သဘောလေး ပေါ့
    လောကထဲ သူလိုကိုယ်လို လောကီသားတွေအနေနှင့် သူတစ်ပါးကို မုဒိတာထားပါလို့
    တရားဟောခြင်ရင် ကိုယ်ကိုယ်တိုင်ကလည်း သောက်ချိုးပြေဘို့တော်တော်အရေးကြီးတယ်ဆိုတာလေး
    နားလည်ထားကြဘို့လိုလိမ့်မယ်လို့ ထင်ပါတယ် ( အထင် )
    ပြောခဲ့ပြီးသလို လောကီသားတွေဘဲ စိတ်ပုတ်စိတ်ယုတ်တွေက အနည်းနှင့်အများရှိတတ်ကြဘဲကလား
    ( ဂလားဟုပြင်ဖတ်ပါ )
    ဆိုတော့ကာ
    သူ့ကို မုဒိတာထားပါလို့ပြောပြီး ကိုယ်က ကမြင်းကြောထပြနေကြတာဟာ
    ကိုယ့်ဖင်ထဲ ကိုယ်သပ်ရိုက်သွင်းသလိုဖြစ်နေတယ်ဆိုတာလေး
    သတိချပ်ကြပါလို့
    ဒါက ခင်ဗျားတို့ကို အနှစ်ချုပ်ပြီးပြောတာပါ
    ( လက်ရှိအခြေနေထဲမှာ ဒီမိုကရေစီဆိုတဲ့လမ်းကြောင်းကြီးဟာ လူတစ်စုရဲ့ ထိမ်းချုပ်မှု့ကိုခံထားနေရတဲ့
    သဘောထဲမှာဘဲ ရှိနေသေးတယ်ဆိုတာလေး သတိချပ်ကြဘို့ တိုက်တွန်းပါတယ် )
    ဘာရယ်တော့ဟုတ်ပါဘူးဗျာ
    တစ်ခါတစ်လေ ဘယ်သူနဲ့မှမတူအောင်တွေးပြီးပြောရတာလဲ အရသာတစ်မျိုးဘဲ
    ပြေးဘီ
    ဂိန်ကိန်ကိန်

  • စိန်ဗိုက်ဗိုက်

    July 2, 2012 at 12:20 pm

    အဲဒီစာရွက်ကိုင်ပြီး ဆန္ဒပြတဲ့ ငနဲက ဘွားဒေါ်ယာဉ်တန်း အနားရောက်လောက်ပြီဆိုမှ စာရွက်ကိုင် ထွက်ပြတာ ဖြစ်မယ်.
    ဘွားဒေါ်ယာဉ်တန်း မလာခင်မိနစ်ပိုင်းက ငနဲကို မတွေ ့မိဘူး..
    အစောကြီးထဲက အဲဒီစာရွက်ကို်င်ထားမယ်ဆို အစောကြီးကတဲက ကော်ပီခွေရောင်းတဲ့လူတွေ ဝိုင်းတီးလို ့ကြေမွနေလောက်ပြီ..
    ကျော့်ရှိရင်လဲ ကျော် အရင်တီးမှာပဲ..အေဘေးခွေးမျိုး..
    မြှောက်ပေးလို ့ အရိုးအရွတ်လောက် ကိုက်ရတာကို ဟုတ်လှပြီထင်ပြီး လျှောက်လုပ်တာ..
    ကျော် ရေလည်တင်းတယ်..

    • ပစ်စလက်ခတ် မျက်ရည်

      July 2, 2012 at 12:23 pm

      ဟုတ်တယ်…. သများလည်း တင်းဒယ်…
      သများရှိရင်လည်း မျက်ရည်စက်လက်ကြီးနဲ့ ကို
      နီးရာ ဆွဲရိုက်မိမှာ …
      ဟင့် ……
      🙁

  • Phaung Phaung

    July 2, 2012 at 12:51 pm

    စိတ်ဓါတ်တွေလည်း အရမ်းကိုအောက်တန်းကျနေပြီ…. အမေစုကို တိုက်ခိုက်တဲ့သူတွေ အမေစုအောင်မြင်လေ .. ဘယ်လိုမှလုပ်လို့ မရတော့ အနိမ့်ကျဆုံး /အောက်တန်းအကျဆုံးလုပ်ရပ်တွေလုပ်နေပြီ…. သူတို့တွေ ကိုယ့်ပေါင်ကိုယ်လှန် ထောင်း ယုတ်မာကောက်ကျစ်တဲ့စိတ်ဓါတ်တွေပါလို့ သူတို့ဘာသာသူတို့ပြောနေသလိုပဲ….

  • ငပွကြီး

    July 2, 2012 at 2:03 pm

    ကျုပ်နဲနဲ တွေးကြည့်မိတယ်..ဒေါ်စုကိုအဲဒီလို ပုတ်ခတ်ပြောတဲ့သူတွေကို လက်ရှိအစိုးရက အရေးယူမူလုံးဝမရှိဘူးလား…
    ဒါဆိုရင် သူတို့လမ်းကြောင်းတွေသွားရင်လဲ ထိပ်ပြောင်သိန်းစိန် ဂျပုကျော်ဆန်း စတဲ့ စာတန်းတွေကိုင်ပြရင်ကော …ပုလို့ ပုတယ်ပြောတာဘဲနော်….
    တွေးကြည့်ရုံသက်သက်ပါ…

    • မိုက်ကယ်ဂျော်နီအောင်ပု

      July 2, 2012 at 3:11 pm

      ဟဲ့
      သန်မဒဂျီးဂို ထိပ်ပြောင်လို့ပြောစရာလားဟဲ့

  • ငပွကြီး

    July 2, 2012 at 4:08 pm

    ဥပမာကိုပြောတာပါ ကိုအောင်ပုရယ် …:)
    ပြောရဲပါဘူး..ပြောရဲပါဘူး…..

  • ဖိုးထောင်

    July 2, 2012 at 4:36 pm

    အနော်တို့လဲ အဲဒီလိုလုပ်ချင်တယ် အပုလေးလာရင် စာရွက်လေးကိုင်ပြီး

  • mike tee

    July 2, 2012 at 6:55 pm

    Knowledge Seeker
    မင်း တင်တာနှစ်ခါရှိပြီဆိုတောဒီသတင်းကို ထပ်ဖွချင်တဲ့သဘောဘဲ။ အဲ့ဒီကောင်ကိုရိုက်ယုံဘဲရိုက် လိုက်တာလား ။ဝိုင်းဖမ်းပြီဘယ်သူဖြစ်တယ်။ ဘယ်ကဖြစ်တယ်၊ဘယ်သူလုပ်ခိုင်းတယ် မစစ်ခဲ့ဘူးလာ။ နောက်ထပ်သတင်းကောမတင်တော့ဘူးလား
    နောက်ဆိုရင်တစ်ခါထဲဝိုင်းသတ်ကြ ၊ပြီးတော့ပိုစ်မှာတင်ထားတဲ့အသုံးအနှုန်းက
    အမေစုကိုစော်ကားလွန်းနေတယ်။ မင်း သတင်း တင်ရင် အဆင်ပြေအောင်
    ကိုယ်ခေါင်ဆောင်တစ်ယောက်ကိုစော်ကားတဲ့စကားလုံးဖြုတ်ပြီးခေါင်းစဉ်မှာရေးပြီတင်လို့ရတာဘဲ
    မင်းကသတင်းတင်သလိုလိုနဲ့ စော်စော်ကားကားလုပ်တဲ့အကောင်ဖက်ကဝင်နာနေသလိုဘဲ
    မင်းနိုင်ငံခြားသားလာ မြန်မာလား ဒါမှမဟုတ် ရခွေးလား
    ရခွေး ကတော့ ခွေးဆိုတဲ့အတိုင်း စူးတိုက်ရင် အကောင်အဆိုးမခွဲဘဲဝိုင်းကိုက်တော့တာဘဲ

    • Knowledge Seeker

      July 3, 2012 at 8:54 am

      Dear Ko Mike Tee,
      I understand your feeling. Allow me to explain my stand. I just only post all information which come across to me and which I assume all should know. And it is not my personal opinion. Since this is a popular and update Myanmar News website, I believe all information should reflect regardless of our personal feeling. Please do not get me wrong.
      Thank you.

Leave a Reply