” အိမ်ပေါ်ကကျတဲ့နေ့ ”
” ဝုန်း”
အား …. အား …. ဆူလိုက်တာနော်
၅ လွှာမှာနေတဲ့ကလေး ခုန်ခုန်ပြီးဆော့နေတာ ၄ လွှာမှာနေတဲ့ ငုံတို့ နေ့စဉ်ကြားနေကျ မိုးကြိုးသံပေါ့။ ဒီကလေးခုန်လိုက်တဲ့ “ဝုန်း’ဆိုတဲ့အသံကြားတိုင်း ငုံ့ရဲ့ကလေးဘဝတွေကို လွမ်းဆွတ်သတိရမိတယ် ….
ငုံတို့မှာက မောင်နှမ ၅ ယောက်ရှိတယ်၊ မမ ငုံ မောင်လေးနှစ်ယောက် ညီမလေးတစ်ယောက်ပေါ့၊ မောင်နှမတွေ ဆော့လိုက်တာမှ ကမ်းကုန်နေတာပဲ၊ အိမ်နီးချင်းတွေက အမေ့ကိုပြောတယ် ” ကလေးတွေက မျောက်နဲ့များ စပ်ကျထားတာလားဟယ်” တဲ့လေ၊ ငုံ ၁ဝ နှစ်သမီးလောက်မှာပေါ့ အဖေကပြောတယ် ကလေးတွေကလည်း ကြီးလာကြတော့မှာဆိုတော့ အိမ်အကြီးကြီးဆောက်မယ်ပြောပြီးဆောက်တာပေါ့ အိမ်အသစ်က အမြင့်ကြီးပဲလေ အခင်းတွေခင်းနေတုန်း အကာတွေမကာရသေးခင် ဝါးထရံကို သံ ၃ ချက်ရိုက်ပြီး ယာယီအနေနဲ့ကာထားတာပေါ့ အိမ်မပြီးခင် ကလေးတွေကျမှာစိုးလို့တဲ့ ငုံတို့မောင်နှတွေကလည်း မျောက်စပ်လေးတွေကိုး၊ ဒီလိုကာထားတော့ ငုံတို့ကပိုတောင်ကြိုက်သေး ၊ အိမ်ပေါ်မှာကစားနည်းမျိုးစုံကစားပြီးတော့မှ ငုံတို့မောင်နှမ အကြီး ၃ ယောက် ကစားစရာအသစ်တွေ့သွားတယ်လေ ၊ တစ်-နှစ်-သုံး လို့အော်အော်ပြီး အိမ်ဝါးထရံကို ကိုယ်လုံးနဲ့ပြေးပြေးတိုက်ကြတာ .. အိုး … ပျော်မှပျော်ပဲ၊ အဲ့လို “ဝုန်း”လိုက်ကြတာ ရ ခါလောက်လဲ “ဝုန်း”ပြီးရော ထရံကြီးနဲ့အတူ မောင်နှမ သုံးယောက် အောက်ကို ကော်ဇောပျံကြီးစီးသလို ပါသွားပါလေရော… အောက်ကျပေမယ့် ထရံကြီးနဲ့အတူပါသွားတာဆိုတော့ လူတွေကတော့မနာဘူးပေါ့ ဒါပေမယ့် မမ ကတော့ မတ်တပ်ကြီးကိုမေ့လို့ … အဲ့နေ့ အိမ်ပေါ်ကကျတာမနာပေမယ့် အမေ့ရဲ့ ဝါးခြမ်းပြားနဲ့ ငုံတို့ခြေသလုံးနဲ့ ၃ ချက်စီမိတ်ဆက်လိုက်ကြရတယ်လေ …
### ရွာသူရွာသားတွေလည်း ကော်ဇောပျံစီးချင်တယ်ဆို ငုံ့မှာအတွေ့အကြုံရှိပါတယ်လို့၊ ဒါမှမဟုတ် အိမ်ကိုလိုက်လည်ပြီး စီးမယ်ဆိုလည်း အားလုံးကို ဖိတ်ခေါ်ပါတယ်နော် … ဘာရယ်မဟုတ်ပါဘူး မိုးလေးက အုံ့နေတော့ ငယ်ငယ်ကဘဝလေးတွေကို လွမ်းဆွတ်မိနေလို့ ချရေးကြည့်မိတာပါ ။ ။ ။
9 comments
စိန်ဗိုက်ဗိုက်
July 2, 2012 at 4:08 pm
ဟီး..ဟီး..
ကော်ဇောပျံ မောင်နှမတွေ…
အတော်နောက်တယ်…..
စီးချင်တဲ့လူတွေ လက်ညိုးထောင်..
အီးပုံထိုး..
မောင်ပေ
July 4, 2012 at 2:04 pm
ထိုးပြီး
စိန်ဗိုက်ဗိုက် နဖူးကို တို ့ကြပါကုန်
ဟီဟိ
ko khin kha
July 2, 2012 at 4:40 pm
တော်သေးတာပေါ့ ကော်ဇော်ပျံနဲ့ကျလို့
ဒုံးပျံနဲ့တာဆို မောင်နှမတွေ လကမ္ဘာထိတောင်ရောက်ရော။
Wow
July 2, 2012 at 4:48 pm
ပျော်စရာကြီးနော်…
အခုအသက်ကြီးတော့သာ လိုချင်အတ္တတွေများလာတာ ငယ်ငယ်ကဆို ဂွေတစ်ဂွေရလဲ ကောက်လှိမ့်၊ ပုံးအစုတ်တစ်ခုရလဲ ပစ်ချင်ပစ် ကန်ချင်ကန်ဆော့နဲ့…
တကယ်ကြီးတောင် လွမ်းလာဘီ 🙂
ဝမ်းတွင်းရူး
July 2, 2012 at 5:50 pm
အမလေးးးးးးမသေကောင်းမပျောက်ကောင်းဗျာ။ငယ်ငယ်က အဖေတို ့အမေတို ့
ဆောင်ထားတဲ့ ဖိုးခေါင်ကြိမ်လုံး သွားသတိရသဗျာ။
TNA
July 2, 2012 at 7:11 pm
ငယ်ငယ်ကအဖြစ်အပျက်တွေဟာ တသသနဲ့ အမှတ်တယဖြစ်စရာတွေပါပဲ။
snow white
July 4, 2012 at 1:01 pm
စီးချင်တော့ဘူး ခြေသလုံးသုံးချက်နဲ့မိတ်ဆက်ချင်ဘူး။
ခပ်မိုက်မိုက် ကောင်မလေး
July 4, 2012 at 1:23 pm
အင်းးးးးးးငုံရယ်ဆော့လိုက်တာ..
အမြင့်ကနေကျတယ်ဆိုရင်…
ဘယ်လိုလုပ်မလဲ….
လန့်လိုက်တာနော်…..။။
နှင်းဆီ ငုံ
July 4, 2012 at 2:54 pm
Wow နဲ့ TNA ရေ ကလေးဘဝကတော့အရာရာပျော်စရာချည်းပါပဲနော့ … သုံးချက်အရိုက်ခံရပေမယ့် ကစားနေတုန်းတော့ အရမ်းပျော်တာပဲ စနိုးရေ… လန့်သွားတယ်ဆိုရင်တော့ ဆောရီးပါ မိုက်လေးရယ် …