Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အကယ်၍သာ …..

အကယ်၍သာ …..

အကယ်၍သာ …
ယခုအချိန်တွင် သေဆုံးသွားခဲ့ပါရင်
ကျွန်ုပ်အတွက် ..
ငိုကြွေးမည့်သူ မည်သူရှိမည်နည်း ..
ကျွန်ုပ်အား ..
တမ်းတမည့်သူ မည်သူရှိမည်နည်း …

ကျွန်ုပ်၏ အသုဘအား
စိတ်ပါလက်ပါ ဆောင်ရွက်ပေးမည့်သူ
မည်သူ ရှိမည်နည်း …
ကျွန်ုပ်အတွက် ငွေတစ်မတ်
မည်သူ ထည့်ပေးပါမည်နည်း …
ကျွန်ုပ်၏ နောက်ဆုံးခရီးအား
လိုက်ပါပို့ပေးမည့်သူများမှာ မည်သူတို့ ဖြစ်မည်နည်း
ကျွန်ုပ်အတွက် စာတိုပေစ
ဘယ်သူက ရေးမည်နည်း …
ကျွန်ုပ်၏ အမည်အား
မည်သူက မှတ်တမ်းထားမည်နည်း ..

ကျွန်ုပ်အတွက် မည်သူက
အမျှပေးဝေမည်နည်း …
ကျွန်ုပ်အတွက် ရက်လည်ဆွမ်းသွပ်
မည်သူက ပြုလုပ်ပေးမည်နည်း …

အကယ်၍သာ …
သေလွန်ပြီး တစ်နှစ်ခန့်ကြာသည့်အခါ …
မည်သူက ကျွန်ုပ်အတွက်
အမှတ်တရ ဖြစ်နေမည်နည်း …
မည်သူက မှတ်မှတ်ရရ
ကုသိုလ်တွေ ဝေမျှပါမည်နည်း …

__________________________

အကယ်၍သာ …
သေလွန်ပြီးနောက် …..
ကံမကောင်း အကြောင်းမလှ၍
တိရစ္ဆာန် ဘုံဘဝ ရောက်ခဲ့ရပါက
အသားစား သတ္တဝါ
မဖြစ်ပါရစေနဲ့ …

အကယ်၍သာ …
ပြိတ္တာဘဝသား ဖြစ်ရပါကလည်း
ရဟန်းသံဃာနဲ့ နီးရာ
ခိုကပ်စားရသူသာ ဖြစ်ရပါစေ …

အကယ်၍သာ …
အသူရကာယ် သံသရာ
ကျင်လည်ရပြန်ကလည်း
နေ့စံသည့်အချိန်
ကောင်းမှုပြုနိုင်ပါစေ …

အကယ်၍သာ …
ငရဲအိုးမှာ တိုးဝှေ့ရပါကလည်း
ပြုခဲ့သည့် အပြစ်တို့ ကျေစေ …
ငရဲအိုးမှ တက်ရပါက
နိဗ္ဗာန်ကို မျက်မှောက်ပြုရသူ ဖြစ်ပါစေ …

အကယ်၍သာ …
နတ်ပြည်ဗိမ္မာန် စံမြန်းရပါက
ဥယာဉ်စခန်းမှာသာ အချိန်မကုန်ရ
တရားသဘင်မှာ ပျော်ရွှင်ရသူသာ
ဖြစ်ရပါစေ …

အကယ်၍သာ …
နတ်တို့၏မင်း သကြားမင်း
ဖြစ်ခဲ့ပါကလည်း
လူ့ဘုံကို ဆောင်မ
သာသနာ ထွန်းပအောင်
တွန်းအားပေးတတ်သူသာ ဖြစ်ရပါစေ …

အကယ်၍သာ …
ဈာန်အရာကြောင့်
ဗြဟ္မာဘဝ ရောက်ခဲ့ပါက
မေတ္တာ၊ ဂရုဏာ လွမ်းခြုံကာနဲ့
အေးချမ်းတဲ့ဓါတ်တွေ
သာသနာကို ဖြန့်ကြက်နိုင်ပါစေ …

အကယ်၍သာ …
လူ့ဘုံဘဝ ပြန်ရပါက
ဝိနည်းနဲ့ညီ
ရာဂမီးကို ငြိမ်းသတ်
ကိလေသာတောမှ ရုန်းထွက်
အဆုံးမသတ်တဲ့
သံသရာ ချားရဟတ်ကိုလည်း ရပ်
ရဟန်း အဖြစ်ကို ရည်မှန်းလျှက်
ကြည်သန့်တဲ့ အဖြစ်ကိုသာ
မျှော်တွေးမိပါတော့သတည်း …………………… ။

အထက်ပါ ကဗျာလိုလို၊ ဘာလိုလို စာများမှာ ဘာရယ်၊ ညာရယ် မဟုတ် စိတ်ကူးပေါက်တုန်း ရေးထားခြင်း ဖြစ်ပါကြောင်း ….. ။

ယခုကဲ့သို့ ကျွန်ုပ်၏ ဟိုလိုလို ဒီလိုလို စာများအား ဖတ်ရှုသည့်အတွက် ကျွန်ုပ်မှ ကျေးဇူးအထူး တင်ရှိပါကြောင်း ပြောကြားရင်းဖြင့် နိဂုံးမှာရပ် အဆုံးသတ်လိုက်ရပါတော့သည်။

အားလုံးသော သူအပေါင်းတို့
ကျမ်းမာ၊ ချမ်းသာ
ဝမ်းသာ လန်းဖြာနိုင်ကြပါစေသား …………..

မေတ္တာဖြင့်
မစ္စတာ တောက်တဲ့

(http://anzartone.wordpress.com/)

27 comments

  • water-melon

    July 3, 2012 at 11:24 am

    အကယ်၍သာ …
    ဖရဲသီး မိန်းမရပါက
    ဘယ်သူ မင်္ဂလာစရိတ်ခံမည်နည်း
    အကယ်၍သာ …
    ဖရဲသီး သေပါက
    ဘယ်သူတွေ ငိုနေမလဲ ပျော်နေမလဲ
    အကယ်၍သာ …
    ဖရဲသီး ဆင်းရဲပါက
    ဘယ်သူတွေ အပေါင်းအသင်းလုပ်မလဲ
    အကယ်၍သာ …
    ဖရဲသီး သူဌေးဖြစ်သွားပါက
    ဘယ်က စကီလေးတွေ ပတ်လည်ရိုက်နေမလဲ
    အကယ်၍သာ …
    ဖရဲသီး သူကြီးတူမနဲ့ရပါက
    ဘယ်သူတွေ မနာလိုမည်နည်း
    အကယ်၍သာ …
    ဖရဲသီး ချိန်ပါဖြစ်နေပါက
    ဘယ်သူတွေ ဟားတိုက်နေမည်နည်း
    အကယ်၍သာ …
    ဖရဲသီး ရူးနေမှန်းသိသော်
    ဘယ်သူတွေ ရွာသာကြီးလိုက်ပို့မည်နည်း

    မောလို်က်တာ အဟွတ် အဟွတ်

    • မစ္စတာ တောက်တဲ့

      July 3, 2012 at 11:33 am

      ကျန်တာတွေတော့ နာမသိဘူး
      ရွာသာကြီး ပို့ဖို့ဆိုရင်တော့
      နာ့ တာဝန်ထား …
      😀

    • etone

      July 3, 2012 at 3:03 pm

      အကယ်၍သာ ဖရဲသီး
      ရောင်းမကောင်းပါက
      ဘယ်သူ ဝယ်စားမည်နည်း …
      အကယ်၍သာ ဖရဲသီး
      ကား တက်ကြိတ်ပါက
      ဘယ်သူ သနားကြမည်နည်း
      အကယ်၍သာ ဖရဲသီး
      ပုပ်သွားပါက
      ဘယ်သူ အမှိုက်ပုံးထဲ ပစ်မည်နည်း .. ဟိဟိ 😆

  • မောင်ပေ

    July 3, 2012 at 11:40 am

    အကယ်ရွေ ့သာ
    မန်းတလေးဂေဇက် ဝက်ဆိုက်ကြီး
    အဟက်ခံခဲ့ရသော်
    ပျက်စီးခဲ့သော်
    ကျွန်ုပ်ပွိုင့်များ လစ်မှာမို ့လို ့
    မျက်ရည်တောက်တောက်ကျလတ္တံ ့။

    • မစ္စတာ တောက်တဲ့

      July 3, 2012 at 1:44 pm

      ယင်းသို့
      တောက်တောက် မကျရစေအောင်
      မည်သို့မည်ပုံ ပြောင် .. အဲလေ ..
      ပြုလုပ်သင့်သည်ကို
      ဆြာမောင်ပေမှ အကြံပေးသင့်သည်ဟု
      ထင်မြင်မိပါဂျောင်း …..

  • မမ အညာသူ

    July 3, 2012 at 11:41 am

    အကယ်၍သာ……….
    ရုံးသာပိတ်ပါက
    အညာကိုပြန်ချင်ပါသည်……….

  • စိန်ဗိုက်ဗိုက်

    July 3, 2012 at 11:44 am

    အကယ်၍ တောက်တဲ့တစ်ကောင် ဖမ်းမိပါက
    အမေဒီကန် ဘူခေါ်မှာလဲ..

    • ပစ်စလက်ခတ် မျက်ရည်

      July 3, 2012 at 11:48 am

      အကယ်၍သာ ဟိုမင်းသမီးလေးကို အားကျမခံ ….
      တက်မွန် လေး သော်လည်းကောင်း သချင်္ာလေး သော်လည်းကောင်း
      ဝါးဝါး(ဝါးနတာနဲ့ မှုန်တာ အတူတူပဲ)လေး သော်လည်းကောင်း
      လိုက်လုပ် ခဲ့သည် ဆိုညား…

      ကျွန်ုပ်ရင်၌ ဘင်ခရာတီးဝိုင်း လှည့်အံ့…

      :mrgreen:

  • kyeemite

    July 3, 2012 at 11:48 am

    ကျန်တာတော့မသိပါဘူးအံဇာတုံးရေ..

    ကျွန်ုပ်၏ အသုဘအား
    စိတ်ပါလက်ပါ ဆောင်ရွက်ပေးမည့်သူ
    မည်သူ ရှိမည်နည်း …
    ကျွန်ုပ်အတွက် ငွေတစ်မတ်
    မည်သူ ထည့်ပေးပါမည်နည်း …
    ကျွန်ုပ်၏ နောက်ဆုံးခရီးအား
    လိုက်ပါပို့ပေးမည့်သူများမှာ မည်သူတို့ ဖြစ်မည်နည်း

    ဒီကိစ္စကတော့…ကိုကျော်သူ့ရဲ့ နာရေးကူညီမှု့အသင်းရှိပါ့ဗျာ..ဟဲဟဲ..

  • mamanoyar

    July 3, 2012 at 11:56 am

    အကယ်၍သာ တောင်းဆုတစ်ခုပြည့်မည်ဆိုလျှင်
    စိတ်ချမ်းသာ ကိုယ်ကျန်းမာရပါလို၏

  • ခပ်မိုက်မိုက် ကောင်မလေး

    July 3, 2012 at 11:56 am

    ဖတ်ကြည့်သွားပါတယ်နော်…
    အရမ်းကောင်းပါတယ်ဗျာ….
    အေးချမ်းပါစေ….။

  • maung khinmin

    July 3, 2012 at 11:56 am

    အကယ်ရျ်သာ….ဝိပသာနာမစီးဖြန်းလျင်…
    လူ ့ဘဝမှာမှာ…ဒိထက်နာစရာကောင်းတာ…
    ရှိအံ့ မထင်

  • Moe Z

    July 3, 2012 at 12:02 pm

    (((ကျွန်ုပ်အတွက် မည်သူက
    အမျှပေးဝေမည်နည်း …
    ကျွန်ုပ်အတွက် ရက်လည်ဆွမ်းသွပ်
    မည်သူက ပြုလုပ်ပေးမည်နည်း …)))

    ကူညီပါရစေရှင့် အဲလောက်တော့ တတ်နိုင်ပါတယ်
    တစ်နှစ်ပြည့်ကတော့ မသေချာလို့ အာမမခံပါရစေနဲ့
    အမေးရှိလို့ဖြေရတာနော် :mrgreen:

    • pooch

      July 4, 2012 at 1:38 am

      ဗြမ္မစိုရ်ကို တော့ တာဝန်ယူပြီး ဖုန်းခေါ်ပေးဖို့ အာမခံပါတယ်။
      အပြန်ကို ဆပ်ပြာမှုန့်ကမ်းဖို့လည်း တာဝန်ယူပါတယ်။ :mrgreen:

  • ရဲစည်

    July 3, 2012 at 1:04 pm

    သား…လူလေး..မောင်တောက်တဲ့
    ကြားရာ သိရာ အရပ်က အမြန်ပြန်လာပါ
    ဒီကိစ္စတွေ အားလုံး ဘကြီးတာဝန်ယူတယ်
    ဒီယောက်တာနဲ့ မင်းကို စိတ်ငြိမ်သွားအောင် ဘကြီး မင်းကို မိန်းမပေးစားပါ့မယ်
    ဖြစ်ခဲ့သမျှအားလုံး ခွင့်လွှတ်တယ်

    ပုံ/
    ဘကြီးဖွတ်ကျား ( မိကျောင်း ကျေးရွာ )

    လက်မလေးထောင် အားပေးသွားတယ်ဗျို့
    အတွေး အရေး အားလုံးကောင်း၏… 😀
    အဲ ..အရေးပိုင်းတော့ ကျုပ်မသိဘူးဗျ….
    ဒါပေမဲ့ ကောင်းတယ်ဗျာ
    ကူးတော့ မကူးသွားတော့ဘူး အကျင့်ပါမှာ စိုးလို့
    ဖတ်မှတ် မိသလောက် ရင်ထဲ သိမ်းသွားတယ်

  • ko khin kha

    July 3, 2012 at 1:23 pm

    ကျွန်ုပ်အတွက် ငွေတစ်မတ်
    မည်သူ ထည့်ပေးပါမည်နည်း …

    မစ္စတာ တောက်တဲ့ရေ အခုခေတ် ငွေတစ်မတ် ထဲ့စေချင်ရင် မသေခင်ရှာထားဖို့တော့လိုလိမ့်မယ်။
    သေတော့မှ ကမန်းကတန်းရှာရရင်တော့ အလောင်းမြေကျဖို့ အခန့်မသင့်ရင် လနဲ့ချီနိုင်တယ်နော်။
    တစ်သောင်းတန်လေးလိပ်ပြီးထဲ့ပေးရင်ကောဗျာ။

  • shwe kyi

    July 3, 2012 at 3:19 pm

    အကယ်၍သာ …
    လူ့ဘုံဘဝ ပြန်ရပါက
    ဝိနည်းနဲ့ညီ
    ရာဂမီးကို ငြိမ်းသတ်
    ကိလေသာတောမှ ရုန်းထွက်
    အဆုံးမသတ်တဲ့
    သံသရာ ချားရဟတ်ကိုလည်း ရပ်
    ရဟန်း အဖြစ်ကို ရည်မှန်းလျှက်
    ကြည်သန့်တဲ့ အဖြစ်ကိုသာ
    မျှော်တွေးမိပါတော့သတည်း …………………… ။

    နောက်ဘဝကိုမမျှော်ပါနဲ့ နော်
    အခုလက်ရှိဘဝမှာပဲ လူဝတ်ကြောင်ကိုစွန့်ပြီး ဝိနည်းညီရဟန်းပြုပါလော့ ကိုရင်။
    ဒါဆိုလျှင် အပါယ်ငရဲသွားရန်တကြောင်းလွတ်ကောင်းပါ၏။ 😀

  • manawphyulay

    July 3, 2012 at 3:36 pm

    အကယ်၍သာ ချက်ချင်းလက်ငင်းသိချင်သည် ဆိုပါက
    အကယ်၍သာ ခုချက်ချင်း ပြုမူ ဆောင်ရွက်ကြည့်ပါက
    အကယ်၍သာ အမှန်ကို သိမြင်မည် ဖြစ်ပါကြောင်း
    အကယ်၍သာ ခဏတာ လာပြောခြင်း ဖြစ်ပါသည်……. 😛

  • Khaing Khaing

    July 3, 2012 at 4:11 pm

    ကျွန်ုပ်၏ အသုဘအား
    စိတ်ပါလက်ပါ ဆောင်ရွက်ပေးမည့်သူ
    မည်သူ ရှိမည်နည်း …
    ကျွန်ုပ်အတွက် ငွေတစ်မတ်
    မည်သူ ထည့်ပေးပါမည်နည်း …

    အကယ်၍သာ ကိုဂီသေရင် အသုဘအား မပူပါလင့်
    မန်းဂေဇက်ရွာသူရွာသားများထံမှ အလှူငွေကို ကျွန်ုပ်ကောက်ခံပီး
    ဈာပနကိစ္စကို စိတ်ပါလက်ပါ ကိုယ်တိုင်အလောင်းပြင်ဆင်ပေးပါမည် …
    Dead Bodyကို လည်း လေဆိပ်မှ စောင့်ကာ ကိုကျော်သူကိုအဆက်အသွယ်လုပ်
    အသေအချာထုတ်ပေးပါမည် ……

    အကယ်၍သာ ကိုဂီသေရင် ငွေတစ်မတ်အတွက်မပူပါလင့် …..
    ကျွန်ုပ်တွင် ငွေမတ်စေ့များစွာရှိပါသည်
    လားရာခရီးကို စိတ်ဖျောင့်ဖျောင့်သာသွားပါလေ ……

    လစဉ်လတိုင်းဝမ်းနည်းကြောင်း နှစ်စဉ်နှစ်တိုင်းဝမ်းနည်းကြောင်းကို
    မန်းဂေဇက်တွင် ပို့စ်တင်ပေးကာ သူကြီးဆီမှ အမှတ်များကို
    အလကားရတိုင်းယူရန်တာဝန် ကျွန်ုပ်လုပ်ဆောင်ပေးပါမည် ……..

    ခင်မင်စွာဖြင့်
    သဘရဇ

    • Foreign Resident

      July 4, 2012 at 6:21 am

      သမီး Khaing Khaing ရေ
      ” အကယ်၍သာ ကိုဂီသေရင် အသုဘအား မပူပါလင့် ”
      ” အကယ်၍သာ ကိုဂီသေရင် ငွေတစ်မတ်အတွက်မပူပါလင့် ”

      ဂီဂီ က ဘယ်လိုလုပ်ပါလာရပြန်တာတုန်း ။
      ရေးတာက မစ္စတာ တောက်တဲ့ ( အံစာတုန်း ) မဟုတ်လား ။
      အင်းးးး မေါင်ဂီ တို့ထင်ပေါ်ချက်က လွန်ပါ့ ။
      အဘ တောင် မနာလို ဖြစ်လာပြီ ။ 😛
      အော် လူငယ်ခြေတက်ပေကိုး ။

      • ပစ်စလက်ခတ် မျက်ရည်

        July 4, 2012 at 8:14 am

        အတင်းဂျီးကို သေခိုင်းနေတော့တာပါပဲဗျာ..
        စိတ်ထိခိယက်ရပါတယ်….

        ဒါနဲ့ ဇဂါးမစပ် …
        အဘ ယူရုပ်ထွစ် .နီးပြီပေါ့ …
        ဓာတ်ပုံတွေမျှော်နေမယ် ဖြစ်ကြောင်း…
        :mrgreen:

        • Foreign Resident

          July 4, 2012 at 8:53 am

          ဂီဂီ ရေ အဘ Sydney ပြန်ရောက်နေပြီ ။
          အင်း အဘ ဘဝ လည်း ဆိုးပါ့ ။
          ဩဇီ ရောက်တော့လဲ မိဘ ၊ အပေါင်းအသင်း နှင့် မြန်မာပြည် ကို သတိရ ။
          မြန်မာပြည် ရောက်တော့လဲ မိန်းမ နှင့် ဩဇီ ကို သတိရ ။
          ဘယ် ဘဝ က ဝဋ်ကြွေး လဲ မသိ ။

          ယူရုပ်ထွစ် အတွက် ရှန်ဂျန်း Visa လျောက်တော့မယ် ။
          ကင်မရာ D5100 ဒီအပါတ်ထဲ ဝယ်တော့မယ် ။
          နောက်ဆုံး advice လေး ရှိသေးလား ။

          ရန်ကုန်မှာ အမေစုကို သွားကြိုတုန်းက ၊
          သတင်းသမား တစ်ယောက်နှင့် တွေ့တော့ ၊
          သူကတော့ Cannon 600D ကို အခုနောက်ဆုံးပေါ်တဲ့ ၊
          130 Lens ဆိုလား နှင့် တွဲရက် ဝယ်ဖို့ ပြောနေပြန်ရော ။

  • kai

    July 4, 2012 at 7:33 am

    မြန်မာတို့ရဲ့.. တယောက်သုံးကိုယ်ခွဲဘဝကို…. သရုပ်ဖေါ်ထားတဲ့.. စာစုလို့ဆိုချင်မိတယ်..

    ..အခုလက်ရှိဘဝကနေ… ကိုယ်ဘာမှမပိုင်တဲ့.. နောင်ဘဝကို.. လှမ်းမျှော်ပူပန်နေတာမျိုးပေါ့..။
    လက်ရှိဘဝမှာ.. လက်တွေ့လုပ်ယူလို့ရတဲ့.. “မိန်းမယူရမှာကို.”. မလုပ်ပဲ.. တွေးနေငေးနေပုံရတယ်လေ..
    ရည်းစားမရှိသေးရင်..မြန်မြန်အာရုံစိုက်ပြီး.. ရှာလိုက်..
    ရည်းစားရှိပြီးရင်.. မြန်မြန်ယူလိုက်..
    မိန်းမရှိနေရင်.. ကလေးမြန်မြန်ယူလိုက်..

    အာဟိ.. 🙂

  • ဦးဦးပါလေရာ

    July 4, 2012 at 7:46 am

    “ အကယ်၍သာ ” ဆိုတာ

    မဖြစ်သေးတာကို လှမ်းမျှော်ရုံသာ မဟုတ်သေးဘူး

    ဖြစ်ပြီးတာကိုလဲ စိတ်နဲ့ငြင်းကြည့်လို့ရသေးတယ်…

    ဘယ်လိုပဲ လက်တွေ့မကျဘူးပြောပြော

    ကျုပ်ကတော့ အတိတ်ကိုဖျက်တဲ့ ခဲဖျက်တခုလောက်များရှိနိုင်ရင်

    တမ်းတမ်းတတ…ကို လိုချင်ပါသေး….ဗျာ…

  • ဘဲဥ

    July 4, 2012 at 10:16 am

    တေက်တဲ့ရေ့ စိတ်ချလက်ချ သွားနော်
    ဘာမှ နောက်ဆံမတင်းနဲ့ သိလား
    စည်စည်ကားကားဖြစ်ဖို့ နာတာဝန်ယူဒယ်…… 😆

  • snow white

    July 4, 2012 at 12:05 pm

    အကယ်၍သာ သိန်းထီစုကြီးပေါက်ရင် မန်းဂေဇက် ရွာသူ/သားတွေကို တယောက် 5သိန်းဆီပေးမယ် မန်းဂေဇက် မှာတစ်သိန်းရဖို့မနည်းကြိုးစားနေရတယ် စနိုးကိုသာ သိန်းထီဆုကြီးပေါက်အောင် ဝိုင်းဆုတောင်းပေးကျပါလား။

  • ကိုပါ
    ကျုပ်ကတော့ အတိတ်ကိုဖျက်တဲ့ ခဲဖျက်တခုလောက်များရှိနိုင်ရင်……………….

    အတိတ်ဆိုတာပြန်လည်ပြင်ဆင်ခွင့်မရှိတဲ့ ပန်းချီကားတစ်ချပ်လေဗျာ

Leave a Reply