ရထားရပ်ပြီမှတ်လို့……….
နိုရာတို့ ကျောင်းတက်ချိန်တုန်းက အဖြစ်အပျက်လေး တစ်ခုကို သတိရလို့ ရေးမိလိုု်က်တာပါ။ တစ်ပတ်တစ်ခါ ရထားစီးပြီး ရွာပြန်ကြရပါတယ်။ မိုးတွေအရမ်းရွာတဲ့
လဆိုရင်ဖြင့် တောင်တွေပြိုတာမျိုးဖြစ်လို့ ရထား တစ်လလောက် မကူးနိုင်ပဲ ဖြစ်တာမျိုးတွေလည်း ရှိပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ကျောင်းသားလေးများ ခြေလျှင်ပြန်ကြရပါတယ်။ ဒီကြားထဲမှာ ရထားပြင်ဖို့ လမ်းပြင်ဖို့ ရထားစက်ခေါင်း နဲ့ ပလက်တွဲတစ်တွဲလောက် အလုပ်သမားရထားဆိုပြီး ထွက်တတ်ပါတယ်။ ခရီးသည်တင်တာမျိုးမဟုတ်ပဲ လမ်းပြင်သွားတဲ့ရထားပါ။ ဒါပေမယ့် သူတို့တွေက သဘောကောင်းကြတော့ သနားစရာကျောင်းသားလေးတွေကို တင်ခေါ်သွားတတ်ပါတယ်။ တစ်ခါက နိုရာတို့ ကျောင်းသား ဆယ်ယောက်ကျော်ကျော် လောက်ရှိပါတယ် သီတင်းကျွတ်ကျောင်းပိတ်ရက် ရွာပြန် ကြမှာပါ။ အဲဒီအချိန်မှာပဲ ရထားခေါင်းတွဲနဲ့ အမိုးမပါတဲ့ ပက်လက်တွဲ တစ်တွဲကို ရထားခေါင်းရဲ့နောက်မှာမဟုတ်ပဲ ရှေ့မှာ ထားပါတယ်။ အဲဒီပက်လက်တွဲလေးပေါ်မှာ
ကျမတို့တစ်တွေ လိုက်ကြရပါတယ်။ ရထားမောင်းတဲ့သူတွေ အရမ်းကို သဘောကောင်းကြပါတယ်။ နိုရာတို့ဘူတာလေးကဖြင့် ရွာကိုကျော်ပြီးမှ ဘူတာကို ရောက်ပါတယ် ဘူတာနဲ့ရွာနဲ့ (၁၅) မိနစ်လောက် လျှောက်ရပါတယ်ရှင့် ရထားလမ်းက ရွာမြောက်ဘက်မှ ဖြတ်သွားခြင်းကြောင့် ရွာနဲ့နီးရာမှာပဲ အရမ်းကိုဆင်းချင်ကြပါတယ်။ ဒါကြောင့် ရထားမောင်းတဲ့ ဦးများကို ပြောလိုက်မိပါတယ်။ အဲဒီနားမှာဆင်းချင်တဲ့အကြောင်း အဲဒီတော့ ရထားမောင်းတဲ့သူက သဘောကောင်းတဲ့ သူနဲ့ကျတော့ သမီးတို့သားတို့ဆင်းချင်တဲ့ နေရာရောက်ရင် သူ့ကိုရှေ့မှ လက်ထောင်ပြဖို့ မှာထားပါတယ်။ နိုရာတို့ အထဲမှာပဲ သူငယ်ချင်းတစ်ယောက်ရဲ့ဦးလေး
ပါလာပါတယ်။ သူ့ကိုလဲကျောင်းသားတွေနဲ့ ရောပြီး တင်ခေါ်လာတာပါ။ အဲဒီဦးလေးက ရွာနားရောက်ရင် ရထားရပ်မယ်ဆိုတာကို သိမထားပါဘူး။ ဒါနဲ့ နိုရာတို့လည်း ရွာနား ရောက်တော့ ရပ်ဖို့ လက်ထောင်ကြပါတယ်။ ရထားအရှိန် တစ်ဖြည်းဖြည်း နှေးလာပါတယ်။ နိုရာတို့ဆင်းမဲ့လမ်းလေးက လူသွားလမ်းသေးသေးလေးပါ ဘေးက သစ်ပင်လေးတွေ ရှိပါတယ်။ အစောနားက ဦးလေးက ရပ်မယ်ဆိုတာမသိတော့ ရထား အရှိန်နှေးတာနဲ့ ” အပွပဲကွ ဆိုပြီး” (နိုရာ့အထင်) လမ်းအတည့်မှာ ခုန်ဆင်းဖို့ ကြံရွယ်ခဲ့တယ်ထင်ပါတယ်။ ဒါနဲ့ သူခုန်ဆင်းလိုက်ချိန်မှာတော့ လမ်းလေးပေါ်ကို အတည့်မကျတော့ပဲ လမ်းလေးဘေးက ချုံပုတ်လေးထဲမှာ ကျသွားပါတော့တယ်။ ရထားက တော်တော်လေး နှေးနေပြီဖြစ်လို့ နာတော့မနာပါဘူး ဘာမှလည်း မဖြစ်လိုက်ပါဘူး။ကွေးကွေးလေး လဲနေပြီး ပုဆိုးတွေလဲ အနည်းငယ်လန်သွားပါတယ် သူလဲရှက်ရှက်နဲ့ ထမရထိုင်မရ ဖြစ်နေတဲ့ကြားမှာ ကျောင်းသားလေးတွေကလဲ ဘာလုပ်ရမှန်းမသိ အကုန်လုံးဝိုင်းပြီး ကြည့်နေတော့ “ငါလဲရထား ရပ်ပြီမှတ်လို့ ” ဆင်းမိတာဆိုပြီး သွက်သွက်လေး ထပြေးသွားပါတော့တယ်။။။။။။။။
16 comments
TNA
July 4, 2012 at 12:07 pm
အော်တော်သေးတာပေါ့ ချုံပုတ်လေးထဲ ကျသွားလို့။ ဆူးတွေများတဲ့ ကန္တာရပင်လို့ဟာမျိုးဆိုလို့ ကတော့ အောင်မယ်လေး။ မတွေးရဲစရာပါပဲ။
မဂွတ် ထော်
July 4, 2012 at 12:32 pm
ဦးလေးရယ် အဖြစ်ဆိုးလိုက်တာ မလောနဲ့လေ
မောင်ပေ
July 4, 2012 at 12:53 pm
အဲဒီအူးလေးကြီးက
နိုရာလေးနဲ ့ရထားပေါ်ကတစ်ဖွဲ ့လုံးကိုပေါ့နော်
ချုံပုတ်ပေါ်ကနေပေါ့နော်
ဓါတ်ပုံကောင်းကောင်းကြီး ရိုက်သွားတာပါကလား
မန်းဂေဇက်က ဆရာများရဲ ့ နောက်တစ်ကြိမ်ကျင်းပမယ့် “ပက်လက်ရိုက်ချက်” ဓါတ်ပုံပြပွဲကြရင် ဝင်ပြိုင်မှာတဲ့
mamanoyar
July 4, 2012 at 1:01 pm
ဪ ဒီလိုလား သိဘူးလေ
နှင်းဆီ ငုံ
July 4, 2012 at 1:14 pm
အားပေးသွားပါတယ်ရှင်
မမ အညာသူ
July 4, 2012 at 1:30 pm
တော်သေးတာပေါ့
ဘာမှမဖြစ်သေးလို.
အားပေးနေပါတယ်နော်
mamanoyar
July 4, 2012 at 2:09 pm
အားပေးကြတဲ့အတွက်
ကျေးဇူးတင်ပါတယ်ရှင်
may flowers
July 4, 2012 at 2:26 pm
ဟဟဟဟဟဟဟဟဟဟဟဟ
အားပေးဖတ်ရှု ရယ်မော သွားပါတယ် နိုရာရေ။
ဝမ်းတွင်းရူး
July 4, 2012 at 2:30 pm
မသေကောင်း၊မနာကောင်းဗျာ။
အတော် ခက်တဲ့လူဗျာ။မသိရှာ
ဘူးကိုး။
snow white
July 4, 2012 at 2:31 pm
မမနိုရာအားပေးတယ် နော် ဆက်လက်လည်းရေးသားနိုင်ပါစေနော် ဖတ်လို့ကောင်းပါတယ်။
Shwe Yi
July 4, 2012 at 2:43 pm
ိ်ဖတ်သွားပါတယ်
ခပ်မိုက်မိုက် ကောင်မလေး
July 4, 2012 at 3:11 pm
ဦးလေးရယ်..ကလေးလေးတွေနဲ့….
ရထားရပ်မှ ဆင်းပါလားလို့……
မိုက်လေး..လည်းအားပေးသွားပါတယ်နော်…။
King of Secrets (Bo Min)
July 4, 2012 at 3:39 pm
ကောင်းပေစွ
နွေဦး
July 4, 2012 at 4:36 pm
ဗဟုသုတ ဟင်းလေးအိုး မန ္တလေး ဂေဇက် မှ ဗဟုသုတ ရစရာ
မှတ်သားစရာများကို မမေ့မပျောက်အောင် မှတ်သားသွားပါသည်..။
တန်ဘိုးရှိလှသော ဝေဖန် အကြံပြုချက် comment များကိုလည်း လေးလေးစားစား မှတ်သားရပါသည် ခင်ဗျား ။
emo lay
July 4, 2012 at 10:01 pm
သတိလည်းထားပါဗျာအသက်ဆိုတာလွယ်လွယ်ရတာပာုတ်ဘူးဗျ။
ရှင်းသန့် နွယ်
July 5, 2012 at 10:18 am
ဘာမှဖြစ်မသွားလို့တော်သေးတယ်
ဦးလေးကြီးလဲရှက်သွားမှာပေါ့နော်..