နေ့လည် တစ်နာရီ ။ ၈-၇-၂၀၁၂ (တနင်္ဂနွေ နေ့)

ကထူးဆန္းJuly 4, 20121min45071

ရွာသှုားများ ခင်ဗျား ..

အူးပေ ရဲ့ ကောင်းမြတ်သော အတုခိုးလို့ မင်္ဂလာပါ လို့ နှုတ်ဆက်ပါရစေ ။
ကျွန်တော်တို့ သွေးချင်းများ ပြန်လည်ထူထောင်ရေး လက်ဆောင်သွားရောက်ပေးရန် အချိန်နီးကပ်လာသည့် အတွက် ဒီနေ့ ရခိုင်သဟာယ အသင်းမှာ သွားရောက် စီစဉ်ခဲ့ပါသည် ။
မူလပထမ ရာထားသော အချိန် နံနက် တွင် ရခိုင်သဟာယ အသင်းမှ ဆယ်တန်းစာမေးပွဲ ထူးချွန်စွာ အောင်မြင်သူများ အား ငွေကြေး ထောက်ပံ့ပေးပွဲ ရှိနေသည့် အတွက် မူလစိတ်ကူးထားသော အချိန်တွင် လက်ခံမည့် အသင်းလူကြီးများ မရှိသည့် အတွက် နေ့လည်မှ သာ ပေးအပ်ရန် စီစဉ်ခဲ့ ရပါသည် ။

ရွာသူသားများ ခင်ဗျား ..

ကျွန်တော်တို့ ယနေ့ (၄-၇-၂၀၁၂) နေ့လည် ၄ နာရီ အထိ ကောက်ခံရရှိငွေ စုစုပေါင်း ၃၈၃၁၈၀ဝ ကျပ် ( သုံးဆယ့်ရှစ်သိန်း သုံးသောင်း တစ်ထောင့်ရှစ်ရာကျပ်တိတိ) ရရှိခဲ့ပါသည် ။

တစ်လှုမှသည် နှစ်လှုသို့ တွင် ဝင်ရောက်ကောမန့် ပေးထားသည်များမှ
(၁) ပထမ ခေါင်းစဉ်အတိုင်းသာ လှုသင့်ပါသည် ဆိုလာသူ (၇) ဦး
(၂) အများသဘောပါ ဆိုလာသူကြားနေ ဟုယူဆမိသူ (၆) ဦး
(၃) ခွဲလှုနိုင်ပါသည်လို့ ပြောသူ (၁၈) ဦး
(၄) ဘယ်လိုသဘော ပြောမှန်း မှန်းဆလို့ မရသူ (၄) ဦး လို့ ကျွန်တော် ရီလို့ ရပါသည်။

ကျန် ဘယ်မှ မှတ်ချက်မပေးသော အလှုရှင်များကိုတော့ ကြားနေ အဖြစ်သတ်မှတ်လိုက်ပါ့မယ်။
ထို့ကြောင့် မလစ်တလစ်ဘယ်ရယ် ဒီမိုရွာမှာ ခွဲလှုနိုင်ပါသည်ဆိုသည်ဘက်သို့ မဲများနေသည့် အတွက် ကျွန်တော်တို့ခွဲလှုရန်ဆုံးဖြတ်လိုက်ပါသည်။

ယနေ့ နောက်ဆုံး ရရှိထားသည်မှာ ၃၈၃၁၈၀ဝ ကျပ် ( သုံးဆယ့်ရှစ်သိန်း သုံးသောင်း တစ်ထောင့်ရှစ်ရာကျပ်တိတိ)မှ ၃၂ သိန်းအား ရခိုင်သွေးချင်းတို့ အတွက် လှုဒါန်းပြီး ကျန် ၆၃၁၈၀ဝ ကျပ် ခြောက်သိန်းသုံးသောင်း တစ်ထောင့် ရှစ်ရာ နှင့် ထပ်မံ ရရှိခဲ့မည်ဆိုပါက ၎င်းတို့ကို ကချင်သွေးချင်း ပညာရေးအတွက် လှုဒါန်းပါမည်။
ထို့ကြောင့်ရရှိငွေ စုစုပေါင်း၏ ၈၃.၅% မှာ မှုလ ရည်ရွယ်ရင်းဖြစ်သော ရခိုင်သွေးချင်းတို့ထံ ရောက်ရှိမည်ဖြစ်ပြီး ကျန် ၁၆.၅ % မှာ ကချင်သွေးချင်းကလေးငယ်တို့ထံ ရောက်ရှိမည်ဖြစ်ပါသည် ။

ထို့ကြောင့် ရခိုင်သွေးချင်းတို့ အတွက် ခေါင်းစဉ်တပ်ပြီးသားဖြစ်သည့်အတွက် ၎င်းတစ်နေရာထဲသို့သာ လှုလိုသူများ၏ အလှုငွေများ အားလုံးလှုလိုသည့် နေရာသို့ ရောက်ရှိသည်ဟု ယူဆ နိုင်ပါသည် ။

ခွဲလှုလို့ ရပါသည် ဆိုသော သူများ၏ အလှုငွေများသည် ရခိုင်သွေးချင်းနှင့် ကချင်သွေးချင်းများထံသို့ ရောက်ရှိသွားပါမည်။

မကျေနပ်သေးဘူး။ ကချင်သွေးချင်းကလေးငယ် ကျောင်းအတွက် အမိုးသာမက အကာရော အခင်းပါထပ်လှုချင်ပါသည် ဆိုပါက ဘိုကြီးဆယ်အိမ်ခေါင်း ရွှေတို်က်စိုးနှင့် ချောင်ယွန်မတ်တို့ ကောက်ခံပေးနိုင်မည်ဆိုပါက ဆက်လက် စုဆောင်းပေးပါမည် ။ နောင်သုံးလ လောက်မှ လုပ်ကြပါဆိုလျှင်လည်း ဆောင်ရွက်ပေးပါမည် ။

ထို့ကြောင့် ယခုလာမည့် တနင်္ဂနွေနေ့ ၈-၇-၂၀၁၂ တွင် အလှုငွေသွားရောက်ပေးအပ်နိုင်ရန်အတွက် လိုက်ပါလိုသူများ ကိုရွှေတိုက်စိုး .. ဝ၉ ၄၉၃ဝ ၃၀၄၅
ကိုအမတ်မင်း .. ဝ၉ ၄၂၁၁၁ ၈၆၈၅ တိုထံ ၆-၇-၂၀၁၂ ထက်နောက်မကျ
ဘဲ ဆက်သွယ် စေလိုပါသည် ။
စုရပ်အား

Morning Star လ္ဘက်ရည်ဆိုင်
ဦးချစ်မောင် အိမ်ယာ ။ ဦးချစ်မောင်လမ်း ။ တာမွေ အဝိုင်းအနီး ။
နေ့ ၈-၇-၂၀၁၂ တနင်္ဂနွေ နေ့လည် တစ်နာရီ လာရောက်စေလိုပါသည် ။
၎င်းလ္ဘက်ရည်ဆိုင်မှ ၁း၅ဝ နာရီတွင် လူဒါန်းမည့်

ရခိုင်သဟာယအသင်း (ရန်ကုန်)
အမှတ် (၄၈၁) ဒုထပ် -ကျိုက္ကဆံလမ်း
တာမွေ အခွန်လွတ်ဈေးအနီးး
တာမွေကြီး (ခ) ရပ်ကွက် ၊ တာမွေမြိုနယ် .
ဖုံး . ဝ၁-၄၃၀၁၇၂

သို့ သွားရောက်၍ နေ့လည် ၂းဝဝ နာရီတွင် လှုဒါန်းမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်ခင်ဗျား။

ကျန် ငွေအား မန္တလေး သို့ ပြန်လွှဲ၍ မန္တလေး ရွာသူား တို့ အကူအညီဖြင့် လိုအပ်သော သွပ် ဝယ်ယူှု၍ ကိုထွန်းဝင်းလတ်ထံတင်ပို့လိုက်ပါမည်။ အသေးစိတ်အား ပြန်လည် အသိပေးပါမည် ။

ကျေးဇူးတင်ပါသည်ခင်ဗျား ။

71 comments

  • etone

    July 4, 2012 at 4:51 pm

    အလှူတစ်ခု အောင်မြင်တော့မယ်ဆိုတော့ မင်္ဂလာသတင်းပါပဲ .. ကိုထူးဆန်းရေ … ။
    ရွှေတိုက်တို့ .. ကိုမတ်တို့ ဆီ ဆက်သွယ်ပြီး စာရင်းပေးထားလိုက်ပါမယ် … ။

  • shwe kyi

    July 4, 2012 at 4:58 pm

    အလှူအထမြောက်ပေတော့မည်။ ဝမ်းသာပါ၏။ ပျော်ပါ၏။

  • Crystalline

    July 4, 2012 at 6:07 pm

    ဦးထူးဆန်းလည်းခွဲဝေရေး မဝေရေး..တော်တော်ခေါင်းရှုပ်သွားမယ်ထင်တယ်နော်. အဲလိုဖြစ်ရတာလည်းဦးထူးဆန်းရဲ့ လိုအပ်သူတွေရော လှူဒါန်းသူတွေအပေါ်မှာပါ ထားတဲ့စေတနာတွေ စာနာစိတ်တွေကြောင့်ပဲလေ. လေးစားပါတယ်. သဘောတူဆုံးဖြတ်ချက်ကလည်းသင့်မြတ်ပါတယ်.

  • aye.kk

    July 4, 2012 at 6:29 pm

    ကိုထူးဆန်းရေ..
    လိုအပ်တဲ့နေရာတွေခွဲဝေလှူတာကောင်းပါတယ်။
    လိုအပ်ရင်ထပ်မံလှူချင်ပါတယ်။
    အခုလိုအလှူအောင်တာကိုလည်းအရမ်းဝမ်းသာပီတိဖြစ်မိရပါတယ်။

  • MaMa

    July 4, 2012 at 7:20 pm

    လိုက်ပါဖို့ စာရင်းပေးထားပြီးမှ မနက်ပိုင်းကို ကိစ္စတစ်ခုပေါ်လာလို့ မလိုက်နိုင်ဘူးဖြစ်နေတာ
    နေ့လည်ပိုင်းပြောင်းလိုက်လို့ ဝမ်းသာသွားတယ်။
    အဲဒီနေ့ကို လိုက်ဖြစ်ပါတယ်။
    လှူမယ့် အဝတ်အထည်တွေလည်း ယူလာပ့ါမယ်။

  • AKKO

    July 4, 2012 at 7:40 pm

    ကျွန်တော်လည်း တနင်္ဂနွေမနက်ပိုင်းဆို ဂျူတီနဲ့ တိုက်နေမှာကြောင့် သူများကို အကူညီတောင်းပြီး အချိန် ခဏလဲမလို့ လုပ်ထားတာ အခုလို နေ့လည်ပိုင်းဆိုတော့လည်း အဆင်ပြေတာပေါ့လေ ။
    အလှူတွေအောင်မြင်စွာပြီးဆုံးတိုင်း စည်းလုံးမှုတွေ ပိုမြဲလာသလိုပဲဗျာ။
    ကိုယ်ကျိုးမဖက်ပဲ၊ အိတ်စိုက်ပြီး အလှူဖြစ်ဖို့ ဦးဆောင်ခဲ့သူများ ၊ ရရှိငွေတွေကို တကျပ်တပြား အသုံးစရိတ်မထုတ်ပဲ ကောက်ခံပေးခဲ့တဲ့ လူများ ၊ မျက်နှာမမြင်ပဲ စာတွေရေးရင်း ရင်းနှီးပြီး ယုံကြည်စွာ အလှူငွေထည့်ဝင်သူများ ၊ အားလုံးကို လေးစားပါတယ်ဗျာ ။
    နောက်အလှူတွေအတွက် အားတွေလည်းဖြစ်စေပါတယ်

  • ကြည်ဆောင်း

    July 4, 2012 at 8:20 pm

    လူကိုယ်တိုင်မလိုက်နိုင်ပေမဲ့ ဝမ်းသာကြည်နူးသာဓု ခေါ်ချင်တဲ့စိတ်ကလေးကိုဘဲ ကိုယ်စားလိုက်ဖို့ လွှတ်လိုက်ပါရစေရှင်…..

  • ahnyartamar

    July 4, 2012 at 8:21 pm

    ထို့ကြောင့် မလစ်တလစ်ဘယ်ရယ် ဒီမိုရွာမှာ ခွဲလှုနိုင်ပါသည်ဆိုသည်ဘက်သို့ မဲများနေသည့် အတွက် ကျွန်တော်တို့ခွဲလှုရန်ဆုံးဖြတ်လိုက်ပါသည်။

    တခါလှူ နှစ်ခါကုသိုလ်ရ ကောင်းလေစွ… ကောင်းလေစွ… ကောင်းလေစွ……

  • padonmar

    July 4, 2012 at 8:53 pm

    လိုက်သင့်တယ်(အလှူတိုင်းပါနေကျ၊မပျက်ချင်ဘူး)
    လိုက်လို့မဖြစ်ဘူး(ကျောင်းတက်ရအုံးမယ်)
    လိုက်ချင်တယ် (တစ်ရက်တစ်လေ ကျောင်းပြေးလိုက်မယ်)
    မလိုက်သင့်ဘူး(ဆရာမကိုအားနာစရာ)
    လိုက်ချင်တယ်(ခွင့်တိုင်သွားမယ်ကွာ)
    လိုက်လို့မဖြစ်ဘူး(ကျောင်းပျက်တဲ့သူငယ်ချင်းတွေက အသံသွင်းခိုင်းထားတယ်)
    မလိုက်တာဘဲကောင်းပါမယ်လေ(အမွှာညီအမကလည်း မအားဘူးတဲ့)
    ……………………….
    ဟာ ၁နာရီမှတဲ့….
    ဟေ့ အမွှာညီအမကလည်း လို်က်မယ်တဲ့
    ဟေး………………လိုက်ရတော့မယ်………..:D
    (အသက်အငယ်ဆုံးကျောင်းသူလေး)

    • အရီးခင်လတ်

      July 5, 2012 at 5:24 am

      သူညား လဲ လိုက် ချင်တယ်။
      သူညား လဲ လိုက် ချင်တယ်။
      သူညား လဲ လိုက် ချင်တယ်။
      အိ … အိ … အိ ….
      မောင်ဂီ လို မျက်ရည်မဆယ်နိုင် ငိုကြည့်တာ။ 😀

    • Khaing Khaing

      July 5, 2012 at 11:03 am

      အန်တီမာ အမွှာညီမကလည်းလိုက်မယ်ဆိုတော့ လူတွေမှားမလားမသိဘူးနော် …….. အကျင်္ီအရောင်တော့ ခွဲဝတ်ခဲ့နော် ……….

  • မောင်ပေ

    July 4, 2012 at 9:08 pm

    ဘယ်လိုလှူလှူပါ ခင်ဗျာ
    အခုကတဲက သာဓု သုံးကြိမ်
    ဝမ်းမြောက်ဝမ်းသာစွာခေါ်ဖို ့
    နေ ့ရက်တွေကို လက်ချိုးရင်း စောင့်နေပါမယ်ဗျို ့။

    • Khaing Khaing

      July 5, 2012 at 11:05 am

      စောင့်နေပါ ကိုပေ …. မန်းလေးကိုလာရင် အခိုင့်ကိုစောင့်နေနော် …. မကြာမီလာမည်မျှော် ….

  • flamingo

    July 4, 2012 at 9:54 pm

    ကိုအမတ်မင်းရဲ့ ဖုံးနံပါတ်ကတစ်လုံးပိုနေတာလား…ဒါမှမဟုတ်တစ်ခြားသူရဲ့ ဖုံးနံပါတ်ကတစ်လုံးလိုနေတာလားခင်ဗျ…

    • htoosan

      July 4, 2012 at 9:58 pm

      ကျွန်တော်တို့၏ မြန်မာနိုင်ငံတော်ကြီးလေ .. ဖုန်းနံပါတ် အလုံးရေ သွားမကြည့်နဲ့ ဗျို့ ။ နှစ်ယောက်လုံးမှန်ပါသည် ။

  • Mလုလင်

    July 4, 2012 at 10:13 pm

    ဦးချစ်မောင် အိမ်ယာ Morning Star … ရွှေတိုက်စိုး တို့ ခြေရာ တွေချည်း နေမှာ …8-)
    မန်းလေး ဂဇက် ရဲ့ အလှူ စုရပ် က မန်းလေး အခြေစိုက် လက်ဖက်ရည် ဆိုင် ဖြစ်နေတာ တော့ ထူး တယ်ဗျို ့ …။

    • Shwe Tike Soe

      July 5, 2012 at 11:58 am

      ဟွန်. ကိုကို မနောက်နဲ.နော်……….ဒီက စီးပွားရေးမို.ပါ ကိုကိုရယ်…မသွားချင်ပဲသွားရဒါပါအေ……ခစ်ခစ်ခစ်

  • Swal Taw Ywet

    July 4, 2012 at 10:21 pm

    Dear Brother, Ko Htoo San.
    It is OK.
    200% sure I will follow on that day to meet our MG brothers and sisters.
    Many thanks for your trying hard.
    By the way, Now I am trying to start a small Technical Training School at Hsin Yay Twin, KaMaYut , Yangon.
    I will not go back to Doha, Qatar.
    I really want to start my own business by Mitta( Myit Tar ) of our MG Villagers.
    Let’s try our best for our mother land ( closely together ).
    With respect,
    Swal Taw Ywet.

  • may flowers

    July 4, 2012 at 11:29 pm

    သာဓု..သာဓု…သာဓု ပါ……….မလိုက်နိုင်ပေမဲ့ အဝေးကသာဓုခေါ်ဝမ်းမြောက်နေမှာပါ။

  • Foreign Resident

    July 5, 2012 at 4:40 am

    သာဓု ပါကွယ် ။
    အဘ ကိုယ်တိုင် မလိုက်နိုင်တဲ့အတွက် ဝမ်းနည်းမိပါရဲ့ ။

  • အရီးခင်လတ်

    July 5, 2012 at 5:22 am

    သာဓု ခေါ်ပါတယ် ကထူးဆန်း ရှင့်။ 🙂
    ကျွန်မ လဲ တစ်လှူ ကနေ နှစ်လှူ ဖြစ် တယ်လို့ တွေးလိုက် ပါတယ်။
    နောက် အဆင်ပြေ ရင်လဲ ထပ်ပြီး ပါဝင်ပါမယ်။

  • htoosan

    July 5, 2012 at 6:27 am

    အချိန်ပြောင်းလိုက်ရလို့ ကသိကအောက်ဖြစ်သွားကြမှာ စိုးရိမ်နေတာ . တော်သေးတာပေါ့ ။ လိုက်ပါကြမည့် အတွက် ကျေးဇူးတင်ပါသည်ခင်ဗျာ။
    ဘဖောကိုလည်း ရန်ကုန်မှာဘဲ ရှိနေသေးတယ်အောင်းမေ့တာ။

    • Foreign Resident

      July 5, 2012 at 7:58 am

      ကို ထူးဆန်းရယ် ။

      အဘ တို့က ၊ ကိုယ့်ဘဝ ကိုယ်မပိုင်ပါဘူးကွယ် ။
      သင်္ဘော ပေါ်ကဆင်း ၊ သင်္ဘောသားရုံး SECD မှာ CDC အပ်ပြီး တာနှင့် ၊
      တပါတ်အတွင်း ဩဇီ ပြန်အရောက် သတင်းပို့ရပါတယ်ကွယ် ။
      နို့မို့ရင် ၊ သင်္ဘော လိုက်ခွင့် နှင့် မြန်မာပြည် ပြန်ခွင့် ပါ ပိတ်လိုက်မှာတဲ့ ။
      အဟင့် ၊ ကိုယ့် ဘဝ ကြီးကို တွေးပြီး ၊ ဝမ်းနည်းလာပြီ ။

      အဘ ကလည်း အဘ ပါပဲလေ ။
      ယုံချင်စရာ တစက်မှ မရှိတာကိုး ။
      အခု ကို ထူးဆန်း လည်း ၊ အဘ ကိုပါလေရာ ကိုပြခဲ့တဲ့ ၊
      မေါင် စေတန် ထက် ၁ဝ ဆ ဆိုးတဲ့ VDO အကြောင်း ကြားပြီးရောပေါ့ ။
      ဟီဟိ ၊ ဒါတောင် အဘ လက်ကုန် မဟုတ်သေးဘူး ။
      အများကြီး လျှို ထားသေးတာ ၊ ဟီဟိ ။

      • htoosan

        July 5, 2012 at 8:04 am

        ဦးဦးပါ အိ်ပ်ယာက စောစောစီးစီးထရအောင် ဖုန်းအမြန်ခေါ်ရတော့မယ် … 😀

  • Shwe Tike Soe

    July 5, 2012 at 9:24 am

    အင်းးးးးးးးးးးးးးးးးးးးး အခုမှပဲ စိတ်အေးရတော့တယ်…… 😀
    ဖြစ်မြောက်သွားတော့လဲ အတိုင်းမသိ ပီတိ…………………..

  • nozomi

    July 5, 2012 at 9:57 am

    ဦးဆောင်သူ ပါဝင်သူတွေ ကိုယ်စား အားလုံးအတွက် ဝမ်းသာဂုဏ်ယူပါတယ် ခင်ဗျာ
    နောက်အလှူတွေလဲ တတ်နိုင်သလောက် ဆက်လက်ပါဝင်သွားပါမယ်
    ကြုံတွေ့လာတဲ့ အခက်အခဲတွေကို ဒုက္ခလို့ မမြင်ပဲ သုခလို့ ခံယူရင်း အောင်မြင်အောင် လုပ်နိုင်တဲ့ ဦးဆောင်သူတွေရဲ့ အစွမ်းကို လေးစားအားကျမိပါတယ်

    • Shwe Tike Soe

      July 5, 2012 at 12:00 pm

      အလှူနေ.လိုက်ခဲ့ပါလား ဦးနို ……မတွေ.ရတာတောင်ကြာပေါ့…

      • nozomi

        July 6, 2012 at 10:12 am

        ဟုတ် ကိုတိုက်
        ကျွန်တော်လဲ တွေ့ချင်တယ် လိုက်ချင်တယ်
        အဲဒီနေ့ အစီအစဉ်လေး တစ်ခုကြိုချိန်းထားတာ ရှိနေလို့ ၊ ပြောင်းလို့ ရရင် လာခဲ့ပါမယ် ခင်ဗျာ

  • Ma Ei

    July 5, 2012 at 10:05 am

    အလှူကို လိုက်ပါမည့် စာရင်းမှတ်ပေးပါနော်…
    ကချင်သွေးချင်းကလေးငယ်လေးများရဲ့
    ကျောင်းအတွက် ထပ်မံလှူပါမယ်….

  • mayjuly

    July 5, 2012 at 10:26 am

    အယ် နေ့ခင်းဖြစ်သွားပီလားး…

    ဒီတစ်ခါတော့ လွဲပါပြီ ….

    ကျူရှင်က ၁၂း၃ဝ နာရီဆိုတော့ မလိုက်ဖြစ်တော့ပါဘူးနော် ….

  • ဟိန်း ဝင်း (ထားဝယ်သား)

    July 5, 2012 at 10:54 am

    ဒီတစ်ခေါက်လဲ လွဲပြန်ပြီ … သင်တန်းအချိန်နဲ့ ကွက်တိ …အဟင့်

    • Khaing Khaing

      July 5, 2012 at 11:01 am

      သင်တန်းက အရေးမကြီးရင် ခဏဖျက်ပီး လိုက်ခဲ့ပါလား ကိုဟိန်းဝင်းရယ် …….

  • kyeemite

    July 5, 2012 at 10:58 am

    ငွေတစ်ခါထည့် အလှူနှစ်ခု လှူရတော့ ထူးတယ်ပြောရမှာပေါ့ဗျာ…
    ကချင်သွေးချင်း လေးတွေအတွက်ကျောင်းလေးမိုးပြီးသွားရင်..
    လိုအပ်တဲ့ အခင်း၊အကာအတွက်ပါ အချိန်ယူပြီး အလှူခံရင်ကောင်းမယ်ဗျာ..
    အလှူအတွက် အားတက်သရော ဆောင်ရွက်ပေးကြသူများကိုလည်း
    ကျေးဇူးတင်ပါတယ်…အလှူနေ့မှာလိုက်ခဲ့ပါမယ်ဗျို့..

  • Khaing Khaing

    July 5, 2012 at 10:59 am

    တနင်္ဂနွေနေ့ဆိုတော့ ဘယ်အချိန်ပဲဖြစ်ဖြစ်အားပါတယ် ……… အခိုင်တို့က (၂)ယောက်လာပါ့မယ် ….. အခုအလှူမှာ ရက်ပိုင်းအတွင်းကို အလှူငွေတွေ တစ်အားရတော့ ရင်ထဲကိုအတိုင်းမသိဝမ်းသာကြည်နူးရ ပါတယ် ……. အခုလို နှစ်လှူခွဲလှူမယ်ဆိုတော့ (၂) ခါကုသိုလ်ရတာပေ့ါ …… ကိုထူးဆန်းရော အလှူငွေတွေကောက်ခံပေးသူရော စတင်တည်ထောင်အကောင်အထည်ဖော်သူတွေ အားလုံးရဲ့ကြိုးစား အားထုတ်မှုကို အလွန်လေးစားဂုဏ်ယူပါတယ် ….. အလုပ်တစ်ဖက်နဲ့တတပ်တအား လုပ်ဆောင်ပေးခဲ့တဲ့ ကိုရွှေတိုက်စိုး နဲ့ ကိုအမတ်မင်း တစ်ခြားသော ရွာသူရွာသားတွေက ဦးဆောင်မကောက်ပေမယ့် လက်လှမ်း မှီသလောက်ကို စုကောက်ပီး ကိုရွှေတိုက်နဲ့ကိုအမတ်မင်းဆီကို အပ်နှံသူတွေကော အားလုံးအတွက် သာဓု ခေါ်ဝမ်းသာမိကြောင်း ပြောချင်ပါတယ် ……….

  • Novy

    July 5, 2012 at 11:20 am

    နိုဗွီလည်း မအား အားအောင်လုပ်ပြီး လိုက်ပါ့မယ်
    အလှူတိုင်းပါနေကျဆိုတော့
    မလာရရင် မနေနိုင်ဘူး 🙂

  • eipu

    July 5, 2012 at 11:42 am

    သာဓု…သာဓု…သာဓု….

  • char too lan

    July 5, 2012 at 1:38 pm

    စိတ်ထိခယက်လိုက်ဒါဗျာ…… 🙁
    ရှိသမျှအလှူလိုက်စားနေ… အဲ့ယောင်လို့ ….
    ရှိသမျှအလှူဘယ်နေရာပဲဖြစ်ဖြစ် ကိုယ်တိုင်ကိုယ်ကျလိုက်နိုင်ပီးဂါမှ
    ကိုယ့်အိမ်ရှေ့လာလှူမယ့်ဟာကျဒေါ့မှဘဲ တက်တက်စင်အောင်လွဲရချည့်ရဲ့……
    အမယ်မင်းးးး အစ်ဟီးးး အစ်ဟီးးးး 🙁 🙁

    • Mလုလင်

      July 5, 2012 at 3:00 pm

      သူကြီးသမီး ရေ .. ကြည့်ချမ်း .. နီနဲ့ နာ နဲ့ က နီးနီးလေး ပေါ့လေ ..။

      • char too lan

        July 5, 2012 at 3:57 pm

        ဟတ်ရားးးးး နာဂ ကြံတိုင်းအောင်ဒီဇယ်ဆားဗစ် နားမှာနေဒါလေ ….
        ကောင်းမွန်သန့် ဘီဘီဆိုင်နဲ့လဲနီးဒယ် ..
        နီဂရောဘယ်နားမှာနေဒါရဲ ?? အမျိုးဒွေဒေါင်ဖြစ်ချင်ဖြစ်နေမှာ ဟီးဟီးးး :mrgreen:

        • Mလုလင်

          July 5, 2012 at 4:28 pm

          အဲ့ ကြံတိုင်းအောင် ဆိုတာကနေ ကျော် လာပြီး super one နားလေးမှာ ပင်ရွှေညောင် လမ်းထဲမှာတော့ ဘီဘီ ဆိုင်တွေ တထော … အဟီး .. 😉

        • amatmin

          July 5, 2012 at 4:32 pm

          အိမ်လာလည်ရင်..
          ဘီဘီတိုက်မဲ့သဘောရှိတယ်…
          စိတ်ကောင်းရှိဒဲ့ သူကြီးသမီးလေး.. 🙂
          သူ့အဖေနဲ့များကွာပ.. 🙁

    • အရီးခင်လတ်

      July 7, 2012 at 2:51 am

      ဟယ် ချာတူးလေး တို့ များ နို နေတာတောင် ချစ်ချာရေး။ 🙂
      အပြင်မှာလဲ ချစ်ချာ လေးချိုတာ တိတယ်။
      အဟိ။
      ဒီတစ်ခါ အရီး အလှည့်။

  • ko win

    July 5, 2012 at 1:41 pm

    အားလုံးကိုလေးစားပါတယ်ခင်ဗျာ။ တကယ်ပါ။ ပီတိလည်းဖြစ်ရပါတယ်။
    ၈ ရက်နေ့ကို အနော်လည်းလိုက်ချင်တယ်။
    ကိုရွှေတိုက်စိုး ကော်ကော်တိုက်မှာလားဟင်။

    • Shwe Tike Soe

      July 5, 2012 at 2:13 pm

      တိုက်မှာပေါ့ဗျ… လာခဲ့လေ…ချိန်းတာကို က တီးဆိုင်လေးဗျာ.. ဟဲဟဲ… လက်ဖက်ရည်တိုက်မှာပါ.. ၃၀ဝ ပဲပေး ဟိဟိ..

  • ko win

    July 5, 2012 at 3:03 pm

    အမငီး…၁၀၉/၁၁ဝဖစ်နေလို့ပါရှိုမှဘဲ။အူးဗိုက်ဆို အဲဂလို မှုတ်ဖူး။

  • နွယ်ပင်

    July 5, 2012 at 3:37 pm

    တကယ့်ကို ဝမ်းသာစရာပါပဲ
    အလှူတစ်ခု ပြီးမြောက်အောင်မြင် သွားပြန်ပြီပေါလေ …
    အလှူတိုင်း လိုက်ဖြစ်နေကြ ဒီတစ်ခါ လိုက်ဖြစ်ပါ့မလားမသိဘူး
    အလုပ်လေးတစ်ခုနဲ့ တိုက်နေလို့ ဒါပေမယ့် မအားအားအောင်တော့ အချိန်ညှိကြည့်လိုက်ပါဦးမယ်
    အဆင်ပြေရင် ကိုမတ်နဲ့ ဆက်သွယ်ထားလိုက်ပါ့မယ်နော် …

  • ကိုရင်မောင်

    July 5, 2012 at 4:10 pm

    တကယ့်ကို လိုအပ်တဲ့နေရာတွေမှာလှူကြမှာဘဲ
    ဘယ်လိုလှူလှူကျေနပ်ပါတယ်ဗျာ…..

  • snow white

    July 5, 2012 at 4:13 pm

    အလှူ က ဖြစ်မြောက်တယ် ဆိုဝမ်းသာပါတယ် စနိုးအလှူထဲမှာတစ်ကျပ်တောင်မပါပေမယ့် ဝမ်းသာပီတိဖြစ်မိပါတယ် အလုပ်ကခွင့်ပေးရင် တော့ လာလှူချင်ပါသေးတယ် 8ရက်နေ့ကို ။။။

  • Nyein Nyein

    July 6, 2012 at 12:40 pm

    အလှူငွေကတော့ (8) ရက်နေ့မှ ပေးမှာပေမယ့် အခုလို တကယ်လိုအပ်နေတဲ့ နေရာနှစ်ခုကို လှူမယ်ဆိုတာသိရလို့ အရမ်းဝမ်းသာမိပါတယ်။ ကချင်ပြည်နယ်အလှူအတွက်လည်း လိုအပ်ရင် တတ်နိုင်သလောက် ထပ်လှူပါဦးမယ်။ တစ်လှူကနေ နှစ်လှူဖြစ်အောင် စဉ်းစားပြီး လုပ်ပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

  • htoosan

    July 6, 2012 at 8:36 pm

    ရွာသူားတို့ရေ ..
    အလှုနေ့မှာ လို်က်ပါမည့်သူ ၃ဝ ခန့် ရှိသည်ဟုသိရပါသည် ။
    morning star မှ သွားလှုမည့် နေရာမှာ လမ်းလျှောက်သွားလျင် မန္တလေး အပြောဆိုပါက တစ်ပြလောက်သာ လျှောက်ရပါမည် ။ ဦးဦးပါလေရာကတော့ ရှင်လောင်းလှည့်သလိုသွားကြတာပေါ့ဟု အဆိုပြုထားပါသည် ။ ထို့ကြောင့် ရွာ ကွမ်းတောင်ကိုင်တို့ အလှပြင်လာဖို့ လိုမည်ထင်ပါသည်။ 😀 😀 ကား ဗွက်စင်ရင်တော့ သိဘူးနော် …
    မိုးရွာပါက ဦးဦးပါလေရာ ကားနှင့် ဘဘဘလက်တို့ ကားဖြင့် နှစ်ခေါက်သုံးခေါက် ပို့ပေးမည်ဟုပြောပါသည်။

    • MaMa

      July 6, 2012 at 9:22 pm

      ကျမတို့က ပစ်ကပ်ကားနဲ့လာမှာမို့ ၄-၅ -၁ဝဦးခန့် လိုက်ပါနိုင်ပါသည်။
      ကျန်တဲ့ကားတွေမှာလည်း ချောင်တဲ့ကားကို ချောင်သလို လိုက်ပါကြခြင်းဖြင့် အဆင်ပြေနိုင်ကြလိမ့်မည် ထင်ပါသည်။ 🙂

  • လို်က်ချင်တယ်
    ဒီတစ်ခါသာအလှူဆိုပြီးခွင့်ယူလို့ကတော့
    အလုပ်က အပြီးထွက်ခို်င်းမှာသေချာတယ်…………….
    ုထို့ကြောင့်……………………..
    ဝမ်းနည်းစွာဖြင့်ကိုပေါက်မလိုက်နိုင်တော့ပါ။

  • ဦးဦးပါလေရာ

    July 7, 2012 at 6:25 am

    အစကတော့ နဲနဲ ပိုနီးမယ့်နေရာကို ချိန်းမလို့ ရှာကြည့်ကြပါသေးတယ်။
    နီးမယ့်နေရာကျတော့ လူတိုင်းအလွယ်တကူမရှာနိုင်လို့ ကသိကအောက်ဖြစ်မှာလဲ စိုးပါတယ်။
    မိုးတွင်းမို့ မတ်တပ်စောင့်ကြမယ့်အစား အမိုးအကာအောက်မှာလဲ စုဝေးချင်ပါတယ်။
    အဲဒါနဲ့ပဲ…… 😀 😀

  • ဦးဦးပါလေရာ

    July 7, 2012 at 5:17 pm

    ဒီအတိုင်း တန်းစီသွားရမှာ ကြောင်တယ်ထင်ရင်
    နည်းလမ်းတခုရှိပါတယ်..။

    ဗိုက်ကလေးကို ကတုံးတုံး ပိတ်ဖြူဝတ်ပေးပြီး
    ရှင်လောင်းလှည့်ချင်ယောင်ဆောင်ပြီး သွားမလားလို့….. 😀

    • စိန်ဗိုက်ဗိုက်

      July 7, 2012 at 5:19 pm

      နောက်ပါနဲ ့ဂျာ..
      ကျော် ဂတုံး တုံးရင် ဖွားသီလရှင်နဲ ့တူလို ့ဘုန်းကြီးမဝတ်တာတောင် အတော်ကြာပါပြီဗျာ.
      မတုံးပါရစေနဲ ့…
      ဦးစမုတ်လေးနဲ ့ပဲ နေပါရစေ..
      ဂိန်..ဂိန်..

  • char too lan

    July 7, 2012 at 6:55 pm

    နာလိုက်ရဒေါ့မယ်ဟေ့ ~ နာ့ကျောင်းချိန်ပြောင်းတွားဘီဟေ့ ~
    စာရင်းပေးဒယ်ဟေ့ ~ နက်ဖန်တွေ ့ဂျမယ်ဟေ့ ~~~~

    • Mလုလင်

      July 7, 2012 at 7:59 pm

      နီ လိုက် ရပေမယ့် နာ မလိုက် ရတော့ဘူး အေ ….. အမျိုးတွေ လာလို့ ပဲခူး ပို့ ပါတဲ့ .. ဂိန် .. ဂိန် (ခဏ ယူသုံးမယ်ဗျာ .. နော် .. ကိုကိုနော် ~~~~ နော်)

      • char too lan

        July 8, 2012 at 9:53 am

        လိုက်ရဒေါ့ပြန်ဘူးဟာ……
        နာ့အမ ရုတ်တရက်စေ့စပ်လို့ မြောက်ဒဂုံရောက်နေဒယ်…
        စိတ်ထိခယက်ရပြန်ဘီ
        ကံမကောင်းအကြောင်းမလှလိုက်ဒါအေ…. 🙁

Leave a Reply