Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားစနစ်များ အမှတ်(၂)စက်မှုဝန်ကြီးဌာနက အနည်းဆုံး ကျပ်နှစ်သိန်းဝန်းကျင်ဖြင့် ရောင်းချမည်

klnJune 29, 20101min2130

လျှပ်စစ်မီးမရရှိနိုင်သည့် ဒေသများတွင် အနည်းဆုံးငွေကျပ်နှစ်သိန်းဝန်းကျင်ဖြင့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားကို သုံးစွဲနိုင်ရန် အမှတ်(၂)စက်မှုဝန်ကြီးဌာနက စီစဉ်ပေးနေပြီဖြစ်ကြောင်း သိရသည်။ နေရောင်ခြည်စွမ်းအင်အသုံးပြု၍ လျှပ်စစ်ထုတ်ယူသည့် စနစ်အတွက် ကျေးလက်ဒေသသုံး 3 Watt မီးသီးရှစ်လုံးတစ်စုံ သို့မဟုတ် 5 Watt မီးသီးလေးလုံးပါဝင်သည့် 21 Watt Solar Package တစ်စုံလျှင် ငွေကျပ် ၁၇၅၀၀၀၊ မြို့ပြတွင် အသုံးပြုနိုင်မည့် 3 Watt မီးသီး ၁၂လုံးသို့မဟုတ် 5 Watt မီးသီးရှစ်လုံးသို့မဟုတ် 7 Watt မီးသီးခြောက်လုံးပါဝင်သည့် 40 Watt Solar Package တစ်စုံလျှင် ငွေကျပ် ၂၇၀၀၀ဝနှင့် လုံခြုံရေးမီးနှင့် လမ်းမီးများအဖြစ် အသုံးပြုနိုင်သော သုံးမီတာနိုင်ရင်အရှည်ရှိသည့် 10 Watt ဆိုလာလမ်းမီးတိုင် တစ်တိုင်လျှင် ငွေကျပ် ၂၉၅၀၀ဝ ဈေးနှုန်းဖြင့်လည်းကောင်း၊ ခြောက်မီတာအရှည်ရှိသည့် 25 Watt ဆိုလာလမ်းမီးတိုင်တစ်တိုင်လျှင် ငွေကျပ် ၆၀၀၀၀ဝ ဈေးနှုန်းဖြင့်လည်းကောင်း ဈေးနှုန်းသက်သာစွာဖြင့် လူတန်းစားမရွေး ရောင်းချပေးသွားမည်ဖြစ်ကြောင်း အမှတ်(၂)စက်မှုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ အဆိုပါဆိုလာစနစ်ဖြင့် လျှပ်စစ်မီး၊ ၂၂လက်မ LCD TV, DVD၊ ကွန်ပျူတာ၊ အဲကွန်းနှင့်ပန်ကာများသုံးနိုင်သည့် 1000 Watt တစ်စုံကို ကျပ်သိန်း ၃၀၊ 3000 Watt ကို ကျပ်သိန်း ၉ဝနှင့် 5000 Watt ကို ကျပ်သိန်း ၁၂ဝ စသည်ဖြင့် ရှိပြီး ဆိုလာစနစ်များအတွက် လုပ်ငန်းအပ်နှံလာပါက ဈေးနှုန်းချိုသာစွာ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး အပ်နှံလာတဲ့ Watt အမျိုးအစားအလိုက် နေအိမ်များတွင် ရုပ်မြင်သံကြား၊ အိမ်သုံးမီး၊ ပန်ကာ၊ လေအေးပေးစက်၊ ရေခဲသေတ္တာနှင့် ရေမော်တာစက်များအထိ အသုံးပြုနိုင်သည်ဟု သိရသည်။ နေရောင်ခြည်စွမ်းအင်သုံး High Efficiency Multicrystal Photovoltaic ဆိုလာပြားများကို ရာနှုန်းပြည့် ဂျပန်နည်းပညာဖြင့်အမှတ်(၂) စက်မှုဝန်ကြီးဌာန၏ လျှပ်စစ်နှင့် အီလက်ထရွန်းနစ်ပစ္စည်းထုတ်လုပ်မှုစက်ရုံ (ဒဂုံ)၊ LED မီးသီးထုတ်လုပ်မှုစက်ရုံက ထုတ်လုပ်ထားပြီး၊ ကမာ္ဘ့ဘဏ်၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ ကမာ္ဘ့ကျန်းမာရေးအဖွဲ့နှင့် အစိုးရအဖွဲ့အစည်းများ၏ တရားဝင်ထောက်ခံအသိအမှတ်ပြုထားသော ဆိုလာပြားများဖြစ်ကြောင်း သိရသည်။ ယင်းဆိုလာပြားများမှာ လျှပ်စစ်ဓာတ်အားထွက်ရှိမှုကို အနှစ် ၂ဝအထိ အာမခံပေးထားပြီး ဝယ်ယူလိုပါက ရန်ကုန်တွင် LED မီးသီးစက်ရုံ (၀၁-၆၅၁၄၂၈၊ ဝ၁-၆၅၁၄၃၁)နှင့် နေပြည်တော်၌ မြန်မာ့စက်ကိရိယာနှင့် လျှပ်စစ်ပစ္စည်းထုတ်လုပ်မှုလုပ်ငန်း ဝ၆၇-၄၀၅၀၅၉၊ ဝ၆၇-၄၀၅၃၂၂၊ ဝ၆၇-၄၀၅၁၂၂ တို့သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိပါသည်။