Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကမ္ဘာကို ဘယ်ဟာ ချပြမလဲ…

““ဒီမှာ ကိုဟိန္ဒူ…. ကျွန်တော်တို့ ဘုရားက လူသားစစ်စစ်ဘုရားဗျ။ လူသားဆိုပေမယ့် အထင်တော့ မသေးလိုက်နဲ့..မွေးကတည်းက ချက်ခြင်း ၇=လှမ်းထသွားတာ။ အဲဒီကတည်းက လောကမှာ ငါသာအကြီးဆုံး.. ငါသာအမြတ်ဆုံးလို့လဲ အော်ခဲ့တာနော်။
ကလေးကြည့်လာတဲ့ ဖခင်ဆရာရသေ့ခေါင်းပေါ်ကိုလဲ ကလေးပေမယ့်ပျံတက်နိုင်ခဲ့တယ်နော်..
ဘာပညာမှ မသင်လို့ ဘာမှမတတ်တဲ့သူလို့ထင်သူတွေကို မြားပစ်ပွဲကျင်းပပြီး ပစ်ပြလိုက်တာ..အများက အံ့ဩယူရတယ်။””

“အော် …ဟုတ်လား..အံ့ဩစရာကြီးနော်။ လောကမှာ ဘယ်ကလေးမှ မွေးမွေးချင်းထသွားဖို့မလွယ်ဘူးနော်။ နောက်မွေးပြီး တခါထဲ စကားပြောတာနော်… အံ့ဩလိုက်တာ… အမှန်လို့တောင် ထင်ဖို့ခက်မယ်”

““အဲ…သူပြောခဲ့တဲ့ စကားတွေကလဲ ကောင်းမှကောင်းနော်….
ကိုယ့်ကိုယ်ကို အားကိုးကြတဲ့။ ကိုယ်မှ တပါး ဘယ်သူကိုမှ အားမကိုးနဲ့တဲ့။
ကိုယ့်ကိုယ်ကို လိမ်မာအောင်.. ယဉ်ကျေးအောင်.. ဆုံးမပြီးနေနိုင်မယ်ဆိုရင် အကောင်းဆုံးကိုးကွယ်ရာကို ရတာပဲတဲ့။ အဲဒါ ကိုးကွယ်ရာအစစ်ပဲတဲ့။
သူ့ကိုအားကိုးလို့ မမှားခဲ့ဘူးဗျ.. ””

““ ဟာ …ဒီစကားကတော့ အတော်ကောင်းတဲ့ စကားဗျ။ ကိုယ့်ကိုယ်ကို အားကိုးဖို့မှာခဲ့တာတော့ ခင်ဗျားတို့ဘုရားတစ်ပါးပဲရှိမယ်ထင်တယ်ဗျ။””

““နောက်..၃၈-ဖြာ မင်္ဂလာဆိုတာတွေ သိပ်ကောင်းတာပဲ။ လူမိုက်ကို မပေါင်းကြနဲ့။ ပညာရှိတဲ့သူတွေကိုပေါင်းကြ။ ပူဇော်ထိုက်သူတွေပူဇော်ကြ။ လောကဓံတွေနဲ့တွေ့ကြုံလာရင် မတုန်လှုပ်ကြနဲ့။ မကောင်းမှုတွေ ဝေးဝေးရှောင်ကြ။ မူရစ်သေစာတွေ မသောက်စားကြနဲ့။ နောက်စိတ်မှာ စိုးရိမ်မှုတွေ..မရှိစေကြနဲ့။ အများကြီးပါဗျာ။””
“အင်း..ဒီစကားတွေကတော့ လူသားတွေအတွက် သိပ်အကျိုးများမှာပဲ”

““ဒီမှာ ကိုခရစ္စယာန်…. ကျွန်တော်တို့ဘုရားက လူသားစစ်စစ်ဘုရားဗျ။
လူသားဆိုပေမယ့်လဲ တန်းခိုးအစွမ်းတွေလဲရှိတယ်နော်။
မြင်းမိုရ်တောင်ထိပ်မှာရှိတဲ့ တာဝတိ ံသာ နတ်ပြည်ကို နှစ်လှမ်းထဲနဲ့ ရောက်အောင်ကြွခဲ့တယ်။ တာဝတိ ံသာနတ်ပြည်မှာ သူ့မိခင်ကို တရားဟော တော့ ၃-လပတ်လုံး မနားတမ်းဟောတာဗျ။ ဆွမ်းခံသွားတော့ လူ့ပြည်ဆင်းပြီး ဆွမ်းခံသေးတယ်။ အဲဒီဆွမ်းခံချိန်မှာကို ကိုယ်ပွားဖန်ဆင်း ပြီး တရားဆက်ဟောနေခဲ့တာ။ လူ့ပြည်ဆွမ်းခံတဲ့ ဘုရားကလဲ လူ့ပြည်မှာ ဆွမ်းခံရင်း.. တရားထပ်ဟောသေးတယ်ဗျနော်။

သူ့ညီ နန္ဒမင်းသားဆိုသူက ဇနပဒကလျာဏီဆိုတဲ့ သူ့ချစ်သူကို စွဲနေလို့ ဘုရားက သူ့ညီကို နတ်ပြည်ခေါ်ပြီး နတ်သမီးတွေကို ပြခဲ့တယ်။ အဲဒီလိုစွမ်းတာဗျနော်။ ခုခေတ်လူတွေ အမေရိကန် ဂျပန်ကို လေယာဉ်ပျံနဲ့သွားတာလောက်တော့ သနားတယ်။””

“အော်…. အံ့ဩစရာတွေနော်… လူသားဆိုပေမယ့် လူသားနဲ့ နိုင်းယှဉ်မရသလိုပဲ…အံ့ဩမိပါတယ်။ ဟုတ်မှ ဟုတ်ပါ့မလားလို့တောင် သံသယ ဖြစ်နိုင်ပါတယ်ဗျာ”

““အဲ..သူပြောဆိုဆုံးမခဲ့တဲ့ စကားတွေလဲ ရှိသေးတယ်ဗျ…
မကောင်းမှန်သမျှ မလုပ်ကြနဲ့။ ကောင်းတာမှန်သမျှ ပြုလုပ်ကြ။
ကိုစိတ်လေးကိုဖြူစဉ်အောင်ထားကြ။ တဲ့။
လူမှာ ဆင်းရဲခြင်းဆိုတာ ရှိတယ်။ အဲဒီလို လူမှာဆင်းရဲတွေဖြစ်နေတာဟာ အကြောင်းမဲ့ဖြစ်ချင်လို့ဖြစ်နေတာမဟုတ်ဘူး။ ဆင်းရဲကိုဖြစ်စေတဲ့ အကြောင်း တရားဆိုတာရှိတယ်။ အဲဒီဆင်းရဲကိုဖြစ်စေတဲ့ အကြောင်းကို ပယ်လိုက်ရင် ဆင်းရဲချုပ်ငြိမ်းသွားပြီး ငြိမ်းအေးသွားလိမ့်မယ်။
အဲဒီဆင်းရဲခြင်းကိုဖြစ်စေတဲ့ အကြောင်းကတော့ လောဘတို့ ဒေါသတို့ မောဟတို့ မာနတို့ ဆိုတဲ့ လူ့စိတ်ရဲ့အညစ်အကြေးတွေပဲ။ ””

“အင်း… ဒီဘုရားရဲ့ ညွှန်ပြချက်တွေကတော့ လူသားတွေကို တကယ် အကျိုးများစေပါတယ်ဗျာ။”

““ဒီမှာ ကိုအစ္စလာမ်… ကျွန်တော်တို့ဘုရားက လူသားဘုရားဗျ။ ဒါပေမယ့် တန်ခိုးအစွမ်းကတော့ ရှိတယ်နော်…. တခါတုန်းက ဆွမ်းခံပြန်ကြွလာပြီး သရက်သီးလေးတစ်လုံးကိုခွဲပြီးဘုဉ်းပေးလိုက်တယ်။ သရက်စေ့ကို မြေကြီးထဲထိုးစိုက်လိုက်ပြီး သပိတ်ဆေးရေလေးကိုလောင်းလိုက်တာ.. အို…..ချက်ခြင်းကြီးကိုကြီးလာပြီး… အပင်ကြီးပေါက်။ အသီးတွေသီး ချက်ခြင်းနော်။
နောက် ကောင်းကင်ပေါ်ကြွပြီး နားတဖက်က ရေတွေထွက်ပြ။ နားတဖက်က မီးတွေထွက်ပြ။ အဲဒီလိုတွေစွမ်းတယ်နော်။
နောက်ကျွန်တော်တို့ဘုရားက.. သဗ္ဗညု ။ ဘယ်မှာဘာရှိနေတယ်။ ဘာတွေဖြစ်နေတယ်။ ဘာတွေလုပ်နေတယ်။ သူသိချင်ရင် သိလို့ရတယ်ဗျ။
တနေရာကနေ တနေရာကို တခါထဲလှမ်းမြင်နိုင်တယ်။””

“ဟာ …လူနဲ့ကိုမတူသလိုပဲနော်… အံ့ဩစရာကောင်းလိုက်တာ…”

““နောက် ဘုရားပြောဆိုခဲ့ လမ်းညွှန်ချက်တွေကလဲ သိပ်ကောင်းတာဗျ။
ဒုက္ခတွေက လွတ်မြောက်ဖို့ဆိုရင်… ကျင့်ကြံရမယ့် အချက် ၈-ခုရှိတယ်တဲ့ဗျ။
၁- … အသိအမြင်မှန်ဖို့ အရေးအကြီးဆုံးတဲ့ဗျ။ အသိအမြင်မှားရင်… ဘာဖြစ်ဖြစ် မကောင်းတော့ဘူးတဲ့ဗျ။
၂-… အတွေးအခေါ် အယူအဆ မှန်ဖို့တဲ့ဗျ။ ဆင်းရဲမှုတွေက လွတ်မြောက်ဖို့မှာ အဲဒီ အသိအမြင်နဲ့ အတွေးအခေါ်က ခေါင်းဆောင်ပဲဗျ။

၃-…. အပြောအဆို မှန်ဖို့လဲ လိုတယ်ဗျ။ အပြောအဆိုမှားခဲ့ရင်လဲ မကောင်းဘူးဗျ။
၄-… အလုပ်အကိုင်မှန်ဖို့လဲ လိုတယ်တဲ့ဗျ။
၅-….. အသက်မွေးဝမ်းကြောင်းတို့… အနေအထိုင် ကိုယ်နှုတ်အမူအရာတွေ မှန်ဖို့လဲ အရေးကြီးတယ်တဲ့ဗျ။
၆-….. မှန်ကန်တဲ့ ကြိုးစားအားထုတ်မှုလဲ ရှိရမယ်တဲ့ဗျ။
၇-…. မှန်ကန်တဲ့ သတိ.လဲ အမြဲရှိနေရမယ်တဲ့ဗျ…. သတိလက်လွတ်လို့မဖြစ်ဘူးတဲ့ဗျ။
၈-….. စိတ်ဓာတ်တည်ငြိမ်ဖို့… ရည်ရွယ်ချက်တည်ငြိမ်ဖို့… ဦးတည်ချက်တည်ငြိမ်ဖို့လဲ သိပ်အရေးကြီးတယ်ဗျ။ အဲဒါတွေဟာ ကျွန်တော်တို့ ဘုရားညွှန်ကြားခဲ့တဲ့ ဆင်းရဲလွတ်မြောက်ရေးလမ်းညွှန်ချက်တွေပဲဗျ။””

“ဟုတ်တာပေါ့ဗျာ… အရာရာကို အောင်မြင်ချင်တယ်ဆိုရင်လဲ ဒီလမ်းစဉ်တွေက သိပ်ကောင်းမှာပါဗျာ… ဒီလမ်းစဉ်တွေဟာ လူသားတွေကို သိပ်အကျိုးများတဲ့ လမ်းစဉ်တွေပဲဗျ”

ကျွန်ုပ်တို့ဘာသာ ကမ္ဘာမှာ တင်ပြဖို့ဆိုရင် ဘယ်အကြောင်းအရာတွေကို ချပြကြမလဲ…..

ကျွန်ုပ်တို့ရဲ့ ဘုရားကို ကိုးကွယ်တာဟာ… လမ်းညွှန်ချက်တွေ ရဖို့။ အဲဒီလမ်းညွှန်ချက်တွေကို ကျင့်ကြံလိုက်နာနေထိုင်ပြီး ကိုယ့်ဘဝကောင်းစားဖို့လား…. သို့မဟုတ် သူ့မှာ ရှိတဲ့ တန်းခိုးဆိုတဲ့ အစွမ်းတွေကြောင့်လား။

ဘုရားမှာရှိတဲ့ တန်းခိုးတွေ အစွမ်းတွေက ကျွန်တော်တို့ဘဝကို ကောင်းကျိုးရစေမှာလား…
ဘုရားရဲ့ အဆုံးအမတွေက ကျွန်တော်ဘဝကို ကောင်းကျိုးရစေမှာလား….

ကျွန်တော့်အာရုံမှာ ပေါ်လာတာကို ချရေးပြီးတင်လိုက်တာပါပဲဗျာ….
စဉ်းစားစရာလေးများ ရမလားလို့ပါ။

19 comments

  • ရှင်းသန့် နွယ်

    July 5, 2012 at 1:45 pm

    အရမ်းကောင်းတဲ့ post လေးပါ
    အရေးအသားကလဲမိုက်တယ်
    အကြောင်းအရာတွေကလဲ မှတ်သားထိုက်ပါတယ်
    ဘုရားရဲ့ အဆုံးအမတွေကို ကျင့်ကြံလိုက်နာနေထိုင်သွားရင်
    ရှင်းသန့်အပါအဝင် လူတွေရဲ့ဘဝ ကောင်းကျိုးရစေမှာပါ..
    အန်ကယ်ဇောက်ရဲ့ post လေးတွေက ဖတ်သူကိုလဲနားလည်စေတယ်
    မသိတာတွေကိုလဲသိမြင်စေတယ်..
    အမြဲတမ်းအားပေးလျှက်….

    • ဇောက် ထိုး

      July 5, 2012 at 6:59 pm

      ပြောတော့ အမြဲတမ်းအားပေးလျှက်… တွေ့တော့တခါတခါမှ…ဟင်း….ပြော..ပြောလိုက်ချင်ဘူး…

  • မမ အညာသူ

    July 5, 2012 at 1:52 pm

    အန်ကယ်ဇောက်ရဲ့စာတွေကတော့
    ကောင်းပြီရင်းကောင်းနေတော့တာပါပဲ
    ပညာဓိက ဘုရာဖြစ်လို့ 4သင်္ချေ နှင့်ကမ္ဘာတစ်သိန်းတိုင်အောင် ကျင့်ကြံအားထုပ်ခဲ့ရတယ်
    တကယ်ကိုလေးစားကြည်ညိုဖို့ကောင်းလှပါတယ်
    ညာတို့ကတော့တစ်ရက်ကလေးကို အပြစ်ကင်းကင်းစင်စင်နေခဲ့ဘူးရဲ့လားမသိပါဘူး

    • ဇောက် ထိုး

      July 5, 2012 at 7:08 pm

      ဝင်ငွေ ထွက်ငွေကို နေ့စဉ် စာရင်းပြုစုသလို…
      နေ့စဉ်..ကောင်းတာလုပ်တာနဲ့ မကောင်းတာလုပ်တာတွေကိုလဲ စားရင်းပြုစုသင့်တယ်။
      ဝင်ငွေထွက်ငွေမှာ စာရင်းမရှိလို့ မသိဘဲ ရမ်းသုံးနေရင်…………………….
      ကိုယ့်ဘဝမှာ ကောင်းတာလုပ်ခြင်းနဲ့မကောင်းတာလုပ်ခြင်းကို မသိခဲ့ရင်………………………..

      • မောင်ပေ

        July 5, 2012 at 8:08 pm

        အူးဘဇင်း
        ဒီကွန်မင့်ကို အရမ်းကြိုက်မိသွားပြီ
        နေ ့စဉ် ကောင်းမှု နဲ ့မကောင်းမှု ကို စာရင်းပြုရရင်
        အိုဗျာ ကြောက်စရာကြီးပါကလား
        မကောင်းတာတွေက များမှာ လုံးဝ သေချာတယ် ဗျာ

        • ဇောက် ထိုး

          July 6, 2012 at 8:17 am

          ဦးပေရဲ့ ဝင်ငွေနည်းတာကို ဂရုစိုက်စာရင်းပြုစုပြီးနေရင်… ထွက်ငွေကိုလဲ သူ့အလိုလိုလျှော့ချလာလိမ့်မယ်။
          အရက်ရဲ့ ဆင်းရဲတွေကိုသာ အမြဲစိတ်က စဉ်းစားနေမယ်ဆိုရင်……..
          ဝင်ငွေနည်းမှုရဲ့ အနေအထားကိုသာ အမြဲစဉ်းစားနေမယ်ဆိုရင်………….
          ကိုယ့်မကောင်းတဲ့လုပ်ရပ်တွေကို သာ အမြဲစဉ်းစားနေမိတယ်ဆိုရင်……………..

  • စိန်ဗိုက်ဗိုက်

    July 5, 2012 at 2:21 pm

    ဂယ်တော့ ခုချိန်မှာ တန်ခိုးစွမ်းပကားတွေက ဘာမှမစွမ်းတော့..
    တန်ခိုးနဲ ့လဲ လူတွေကို ဖန်ဆင်းကယ်တင်သူကောင်းပြုခဲ့မယ်လည်းမထင်..
    ဘုရားရဲ့ အဆုံးအမတွေအတိုင်း ကျင့်ကြံမှသာ….
    ပြောသာပြောတယ်..ခုထိအမူးမပြေသေး..
    ကျော့်လို ပါးစပ်က ဘုရားဘုရား လက်ကကားယားကားယား လူတွေများလို ့လဲ….ခက်ချေနေလေတာ မဟုတ်ပါလော..
    ဂိန်..

    • ဇောက် ထိုး

      July 5, 2012 at 7:15 pm

      ပါးစပ်က ဘုရား ဘုရား ပြောတဲ့လူဟာ မပြောသေးတဲ့လူထက်တော့ တော်တယ်လို့ပြောရမှာပဲ ဦးဗိုက်ရယ်။
      ပါးစပ်ကလဲ ဘုရားမပြော…လက်ကလဲ ကားယားလုပ်ဆိုရင် ပိုမဆိုးပေဘူးလား…
      ချစ်တော့လဲ အပြစ်မမြင်ရက်ဘူးလေ….ဟီးးးးးးးးးးးးးးးးးးးးး

  • ဝမ်းတွင်းရူး

    July 5, 2012 at 6:06 pm

    ဘုရားမှာရှိတဲ့ တန်းခိုးတွေ အစွမ်းတွေက ကျွန်တော်တို့ဘဝကို ကောင်းကျိုးရစေမှာလား…
    ဘုရားရဲ့ အဆုံးအမတွေက ကျွန်တော်ဘဝကို ကောင်းကျိုးရစေမှာလား….

    • ဇောက် ထိုး

      July 5, 2012 at 7:19 pm

      ကိုဝမ်းတွင်းကောင်းကလဲ ဗျာ… ဘာပြောမှာလဲလို့ ဖတ်လိုက်တာ… ဘာမှလဲမပြောဘူး။
      တခုတခုတော့ ပြောခဲ့ရောပေါ့ဗျာ…
      ဝမ်းတွင်းရူးဆိုတာက တကယ်တော့ သဘာဝအရူးရယ်ဗျ… ကြောက်စရာမဟုတ်သလို.. အပြစ်လဲ ဆိုမရဘူး.။
      အဲ…ဝမ်းတွင်းကမရူးပဲ အပြင်ရောက်မှ လောဘ ဒေါသ မာန ဆိုတဲ့ ကိလေသာတွေကြောင့်ရူးတဲ့အရူးကမှ ဘုရားကမှ…………

  • မိုး မင်းသား

    July 5, 2012 at 6:26 pm

    ဇောက်ထိုးလေးရေ……

    ဝင်ဖတ်ဖြစ်တယ်လေ………

    ပါးစပ်ကဘုရားဘုရား….လက်ကကားယားကားယား..ဆိုတဲ ့သူတွေကတော ့များသားလေ……

    စိန်ဗိုက်ပြောသလိုပါလေနော်…..

    • ဇောက် ထိုး

      July 5, 2012 at 7:23 pm

      စိန်ဗိုက်ဗိုက်ကို ကျနော်ပြောခဲ့သလိုပါပဲ… ကိုမိုးမင်းသားရယ်…
      နှစ်ခုနဲ့စာရင် တစ်ခုက တော်တယ်ပဲ အောက်မေ့ရမှာပါ။ ဟုတ်ဘူးလား…
      ဟုတ်တယ်။ ဟီးးးးးးးးးးးးးးးးးးးးးးးး

  • အလင်းဆက်

    July 5, 2012 at 7:10 pm

    ဟုတ်တာပေါ့ဗျာ..။ ဇောက်ထိုးတို့ကတော့ ဒီတစ်ခါ လည်း..တည့်သွားပြန်ပြီ..

  • ဇောက် ထိုး

    July 5, 2012 at 7:34 pm

    ကျွန်တော်တည့်သွားတာထဲမှာ အလင်းရောင်ဆက်ရနေလို့လဲ ဖြစ်မှာပါ… ကိုအလင်းဆက်ရေ…
    ကမ္ဘာ့ လူဦးရေအနည်းဆုံး ဖြစ်တဲ့ ကျွန်တော်တို့ဗုဒ္ဓဘာသာကို ကမ္ဘာက သိပြီးလက်ခံဖို့ဆိုရင်… လူတိုင်းလက်ခံနိုင်တာတွေ ငြင်းမရတာတွေ တင်ပြနိုင်ဖို့…လူတွေ လက်တွေ့ကောင်းကျိုးရတာတွေ တင်ပြနိုင်ဖို့ အရေးကြီး တယ်ဆိုတာကို စဉ်းစားမိလို့ပါ…
    အနည်းဆုံးဖြစ်တဲ့ ကျွန်တော်တို့လူစုလေးတောင် အကုန်လုံးမယုံနိုင်လောက်တဲ့ အကြောင်းအရာတွေကို ပြောနေတင်ပြနေမယ့် အစား… လူတိုင်းလက်ခံနိုင်တဲ့ တရားဂုဏ်နဲ့ညီတာတွေတင်ပြနိုင်ရမယ်။
    မြန်မာ့ အားကစား ကမ္ဘာကိုလွှမ်းရမည်ဆိုတဲ့ ဆိုင်းဘုတ်ကြီးလှဖို့.. ကြီးဖို့ထက်.. အားကစားစိတ်ဓာတ်နဲ့ အားကစားကြပြီး အထူးကျိုးစားဖို့က အဓိက ဖြစ်မယ်လို့ထင်မိလို့ပါခင်ဗျာ…
    ပေါ်တာကို တခါထဲ ရေးလိုက်တာဆိုတော့ အရေးအသားလေး ညံ့သွားသလိုခံစားမိတယ်။

  • htoosan

    July 6, 2012 at 7:48 am

    ကောင်းတော့ကောင်းတယ် မျက်စိစပ်တယ်တော့ ဖြစ်ကြမလားမသိ.. :mrgreen:
    တစ်ချိန် တစ်ခါ က စည်းရုံးရေး တွေက ဒီဘက်အထိပါလာတာလား မသိ… မသိ… မသိ..

  • ဇောက် ထိုး

    July 6, 2012 at 8:24 am

    ရေဆန်ကို လှော်ရတာဟာ သိပ်ပင်ပန်းပါတယ်။ ရေစုန်မျှောလိုက်ရတာက အလွန်လွယ်ပါတယ်။
    ကျွန်တော်တို့ဘုရားလဲ… ရေဆန်ကို လှော်ခဲ့ရတယ်လို့ထင်မိတယ်။
    ဘုရားပွင့်လာတဲ့အချိန်မှာ အားလုံးက အတ္တဝါဒမှ အတ္တဝါဒ လေ…အဲဒါကို အနတ္တလို့ပြောရတာကိုး…
    မိစ္ဆာဒိဋ္ဌိ ၆၂-ပါးဆိုတာ အဲဒီခေတ်က လူတွေရဲ့ အယူတွေကိုပြောတာပါပဲ။
    ယဇ်နတ်တွေတင်… သစ်ပင်ကို ရှိခိုး….အမျိုးမျိုးသော အစွဲအလမ်းတွေကြားမှာ ဘုရားဖြတ်သန်းလာခဲ့ရတာဟာ ကျွန်တော်တို့ ထင်သလောက်မလွယ်ပါဘူး။

  • me dain

    July 7, 2012 at 7:33 am

    အဆုံးအမလမ်းညွှန်မှုကို နားမထောင်ဘဲ …မြေလျှိုးမိုးပျံ တန်ခိုးတွေဘဲ ကိုယုံကြည်နေသရွှေ့ အချိန်ကုန်

    လူပင်ပန်းပြီး..ယုံမယ့်ယုံတော့ အစစအရာရာ ဖန်ဆင်းရှင်ဘဲ ယုံလိုက်တော့မယ်…

  • ကြောင်လေး

    July 7, 2012 at 8:24 am

    ဝင်ငွေ ထွက်ငွေကို နေ့စဉ် စာရင်းပြုစုသလို…
    နေ့စဉ်..ကောင်းတာလုပ်တာနဲ့ မကောင်းတာလုပ်တာတွေကိုလဲ စားရင်းပြုစုသင့်တယ်။
    ဝင်ငွေထွက်ငွေမှာ စာရင်းမရှိလို့ မသိဘဲ ရမ်းသုံးနေရင်…………………….
    ကိုယ့်ဘဝမှာ ကောင်းတာလုပ်ခြင်းနဲ့မကောင်းတာလုပ်ခြင်းကို မသိခဲ့ရင်………………………..
    ဝင်ငွေနည်းတာကို ဂရုစိုက်စာရင်းပြုစုပြီးနေရင်… ထွက်ငွေကိုလဲ သူ့အလိုလိုလျှော့ချလာလိမ့်မယ်။
    အရက်ရဲ့ ဆင်းရဲတွေကိုသာ အမြဲစိတ်က စဉ်းစားနေမယ်ဆိုရင်……..
    ဝင်ငွေနည်းမှုရဲ့ အနေအထားကိုသာ အမြဲစဉ်းစားနေမယ်ဆိုရင်………….
    ကိုယ့်မကောင်းတဲ့လုပ်ရပ်တွေကို သာ အမြဲစဉ်းစားနေမိတယ်ဆိုရင်……………..

    ဒီလိုအတွဲလိုက်လေးကူးယူသွားပါတယ်ခင်ဗျာ။

Leave a Reply