Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Fair Work Act

phone_kyawJuly 6, 20121min73510

ဒီနေ ့မှာ ကျနော်လုပ်တဲ့ မိုင်းအလုပ်ထဲကို ဩစတျေးလျအလုပ်သမား သမဂအဖွဲ ့လာပါတယ်။ အလုပ်သမားတွေရဲ ့နစ်နာချက် ခံစားချက်နဲ ့ကျန်းမာရေးဆိုင်ရာတွေကို သမဂ ကိုယ်စားလှယ်တွေက လာရောက်နားထောင်တာပါ။ ဒီလိုလာနိုင်ဖို ့အတွက် အလုပ်ကလည်း ခွင့်ပြုချက်ပေးရသလို နေရာထိုင်ခင်းနဲ ့အစည်းအဝေးခန်းမလည်း စီစဉ်ပေးရတယ်။ အလုပ်ရှင်ကလည်း ငြင်းပိုင်ခွင့်မရှိပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ အစိုးရက အလုပ်သမားတွေအတွက်ရေးဆွဲထားထားတဲ့ ဥပေဒထဲမှာ ဒီလိုမျိူးစီစဉ်ပေးရမယ်လို ့ပြဌာန်းထားပါတယ်။ ဒီလို ဥပမာကို လက်ရှိမြန်မာပြည်ထဲက အလုပ်သမားအရေးကျိူးပမ်းနေတဲ့ လူတွေ သိပါစေ။ဒါမှ အလုပ်သမားတွေရဲ ့ခံစားချက်ကို လုပ်ငန်းခွင်ထဲအထိ သွားရောက်နားထောင်နိုင်မှာပါ။ အခုတော့ လမ်းဘေးမှာ အော်ဟစ်တောင်းဆိုတာတွေကတော့ အဆင့်အတန်းမရှိဘူးလို ့ပဲပြောရမှာပဲ။ အလုပ်ရှင်ကော အလုပ်သမားကော ဒီလိုလုပ်လို ့ဘယ်တော့နစ်နာမှုမရှိကြောင်းကို ဩစတျေနိုင်ငံက သက်သေပြနေတယ်။

10 comments

  • ကိုရင်မောင်

    July 6, 2012 at 8:07 am

    ကျနော်တို့နိုင်ငံမှာက စနစ်တခုကိုပြောင်းနိုင်အောင်
    ကြိုးစားနေရတုန်းဆိုတာကိုဘုန်းကျော်လဲအသိ..
    ပျက်စီးယိုယွင်းနေတာခေါက်ရိုးကျိုးနေတော့…
    အတော့ကိုပြုပြင်ရအုံးမှာပါ…
    နောင်မျိုးဆက်တွေကောင်းစားဘို့
    ခု တချို့သောပြည်သူတွေကကြိုးစားနေကြတာမဟုတ်လား
    ကိုယ်ကိုယ်တိုင်လဲတတ်နိုင်တဲ့တဒေါင့် တနေရာကနေကြိုးစားလိုက်ကြတာပေါ့….
    ကိုဘုန်းကျော်ရေ…….

  • etone

    July 6, 2012 at 8:55 am

    ကိုဘုန်းကျော်ရေ …
    ဖွံ ့ဖြိုးစဲနိုင်ငံတစ်ခုနဲ့ ဖွံ ့ဖြိုးပြီးနိုင်ငံတွေရဲ့ ကွာခြားချက်က အဲ့ဒါလေ …. ။

    ကျွန်မတို့နိုင်ငံမှာတော့ အလုပ်သမားတွေရဲ့ လိုအပ်ချက်ကို ကွင်းဆင်းနားထောင်ပေးတဲ့ အလေ့ထမျိုး မရှိဖူးဘူး ။ ပြသနာတက်တာတွေ ၊ ဆန္ဒပြမှုတွေဖြစ်မှသာ လူကြီးတွေလာပြီး အလုပ်သမားတွေရဲ့ တောင်းဆိုမှုနဲ့ စက်ရုံအကြားဝင်ဖြေရှင်းပေးတာမျိုးသာရှိတာ ။
    တစ်ခါတစ်လေ လူကြီးလမ်းကြောင်းရှိလို့ စက်ရုံထဲဝင်လာလျှင်လည်း အလုပ်သမားတွေနဲ့ တိုက်ရိုက်စကားပြောခွင့်မပြောနဲ့ သူဌေးတွေနဲ့အောင် စကားကြာကြာမပြောနိုင်ဘူး ။ လာတယ်ဆိုရုံလောက်လေး ဟန်ပြလာပြီး ဖင်မပူခင် ထပြန်သွားတာ များတယ် ။ ဒီတော့လည်း အလုပ်သမားတွေ ဘာတွေဖြစ်နေလဲ ၊ ဘယ်အခြေနေမျိုးရောက်နေလဲ ၊ စိတ်ဓါတ်တွေ ၊ ခံစားချက်တွေ ဘယ်လောက်တောင် ချိုးနှိမ်ခံထားရလဲ … ဒါမျိုးတွေ မသိသွားဘူး ။

    ကိုယ်တာဝန်ယူပြီး လုပ်နေတဲ့ အလုပ်ကို အလုပ်နဲ့ တူအောင်မလုပ်ပဲ အပေါ်ယံစာရွက်ပေါ်မှာသာလုပ်ပြီး လက်တွေ့ အခြေနေကို မျက်ကွယ်ပြုထားတဲ့ စိတ်ဓါတ်ပိုင်ရှင်မျိုး ၊ ရာထူးကြီးနေရာကြီး ရထားလျှင်တော့ …… ကျွန်မတို့နိုင်ငံက အလုပ်သမားတွေရဲ့ ဘဝ ဘယ်တော့များမှ တိုးတက်ပြောင်းလဲနိုင်မှာလဲ …. ။
    ကိုယ့်လုပ်ရက်ကို ရှက်တတ်လျှင် ပြင်ဖို့ကောင်းပြီထင်ပါတယ် … လူကြီးမင်းတို့ရယ် 🙄

  • မောင်ပေ

    July 6, 2012 at 9:06 am

    ဟေ့လူ
    part2
    ထွက်နေပြီတဲ့
    ကဗျာတစ်ပုဒ်လောက်
    ရေးပြပါဦး

    • Yunn Nady

      July 6, 2012 at 4:01 pm

      စိတ်မရှိ ပါနဲ့ ကိုမောင်ပေ ကိုဘုန်းကျော် ရဲ့ စာတွေဟာ များသောအားဖြင့် ကဗျာ တဗုဒ် ထက်ပိုပြီး တန်ဖိုး ရှိပါတယ် ။ အခု ဒီတပုဒ် အပါအဝင်ပေါ့ ။ သူ့အကြောင်း ရေးရင်တောင် သူဖြတ်သန်းခဲ့ တာတွေက အားတိုင်းယားတိုင်း မဟုတ်တာ မျိုးတွေပါ။ အရှိကိုအရှိအတိုင်း ဆက်ပြောရရင်။။။။။။။။။။။.

  • kyeemite

    July 6, 2012 at 10:10 am

    အလုပ်သမားအဖွဲ့ အစည်းဥပဒေဆိုတာကို
    ဦးသိန်းစိန် လက်မှတ်ထိုးပြီး ပြဋ္ဌာန်းပြီးပါပြီ
    အဖွဲ့အစည်းတွေ ဘယ်လောက်လွတ်လွတ်
    လပ်လပ် လုပ်နိုင်မလဲဆိုတာတော့ စောင့်ကြည့်ရပေအုံးမည်။

    • etone

      July 6, 2012 at 11:36 am

      ဦးမိုက်ရေ .. လက်တွေ့ မမြင်ရသေးတော့လည်း …. ယုံကြည်လို ့ကို မရသေးတာ အမှန်ပါပဲ ။
      အလုပ်သမားအဖွဲ့ အစည်းဥပဒေတွေ ဘယ်လိုပဲထုတ်ပြန်ပြန် ၊ တကယ်တာဝန်ရှိသူတွေ ထိုင်ရာကမထပဲ ခေါက်ဆွဲစားနေလို့ကတော့ ၊ နောင်ဆယ်နှစ်တောင် ဒုံရင်းက တက်မယ် မထင်ဘူး ။ ဟိုးတလောက တိုင်ရီ ဆန္ဒပြရာကနေ အစပြုပြီး … အလုပ်သမား သမဂ္ဂဖွဲ့စည်းတဲ့အကြောင်းလေး သိလိုက်ရသေးတယ် …. ။ အဖွဲ့စည်းစတင်တော့ စည်းမျဥ်းတွေ ၊ ရည်ရွယ်ချက်တွေကတော့ … ဖတ်ရတာ အထင်ကြီးစရာပေါ့လေ ။ ကျွန်မတို့ စက်ရုံမှာတောင်ဖွဲ ့ထားသေးတယ် … ဒါပေမယ့်လည် း … အယောင်ပြသာဖြစ်လိမ့်မယ်လို့ထင်တယ် … တကယ်တမ်း ဟုတ်တိပတ်တိ အလုပ်သမားတွေအရေးကို မျှမျှတတဆောင်ရွက်ပေးနိုင်မယ့် အဖွဲ့စည်းမျိုး ရှိစေချင်တာ စိတ်ရင်းမှန်ပါ ။ နာမည်အလုပ်သမား ဘက်က ရပ်တည်သလိုလိုနဲ့ ၊ အလုပ်ရှင်တွေလာဘ်ထိုးထားတာတွေ ယူပြီး ရေငုံနှုတ်ပိတ်တဲ့ …. အမည်ကောင်းခံဌာနတွေကို အလိုမရှိပါဘူး ။

  • garuda

    July 8, 2012 at 8:07 pm

    အင်း… Fair work act အကြောင်းလည်းပြောတယ် ဩစတြေးလျမှာလည်းနေတယ်…နိုင်ငံကြီးသားပေါ့ဗျာ။ ဂုဏ်ယူပါတယ်ခင်ဗျာ။ ဒါပေသိ ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံက လူတွေကိုပြောဆိုတဲ့အသုံးအနှုန်းတွေကတော့ ဝမ်းနည်းစရာပါ ”အဆင့်အတန်းမရှိဘူး”တဲ့။ ဩစတြေးလျ အမေရိကား မှာလည်း အဲဒီလို အော်ဟစ်တောင်းဆို နေတာတွေ အများကြီးရှိပါတယ်ဗျာ။ ဩစတြေးလျမှာ နေရင် RED (respect,equity & diversity) အကြောင်း ခင်ဗျားနားလည်မှာ ပေါ့ဗျာ။ သိသလောက်တော့ ဩစတြေးလျမှာ အထက်လူကြီးတွေတောင် လက်အောက်ငယ်သားကို တန်းတူထားဆက်ဆံ ပြောဆိုရတယ်ဗျ။ လက်အောက်ငယ်သားပြောရင် သေသေချာချာ ဂရုစိုက်နားထောင်ပေးရတယ်၊ အမှားလုပ်မိရင် မှားနေတယ်လို့တောင် မပြောဘူး၊ ကောင်းသောအမြင်နဲ့ –လုပ်ထားတာကောင်းတယ် ဒါပေမဲ့ဒါလေးကို ဒီလိုလေးပြင်လိုက်ရင် ပိုမကောင်းဘူးလား– ဆိုတဲ့ positive အမြင်နဲ့ပြောလေ့ရှိကြတယ် လို့သိရတယ်။ ဩစတြေးလျ နိုင်ငံသားကြီးဆိုရင်တော့ ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံသားလေး များကို ပိတ်သလေးနဲ့ ခဲပစ်တဲ အပြောလေးများ နဲနဲလျှော့ပေးဖို့ လေးစားစွာတောင်းဆိုပါတယ် ခင်ဗျား။

    • Wai Phyoe

      July 9, 2012 at 10:15 am

      အင်း ကိုဘုန်းကျော်ပြောတာ လက်မထောင်တယ့်ဗျို့ ကျုပ်လည်း အဆင့်မရှိဘူးလို့ခံစားရတယ်ဗျို့
      သူ့ပာာသူ အမေရိကန် ဖြစ်ဖြစ် ဘာဖြစ်ဖြစ် ပေါ့ဗျာ သူ့တို့လည်း လမ်းပေါ်ထွက်တာပဲလို့တွေးတာတော့သိပ်မမိုက်ဘူးပေါ့။သူကသူ ကိုယ်ကကိုယ်ပဲလေ။ ဘုန်းကျော်ပြောသလိုပါပဲ….အခုမြန်မာပြည်ကသူတွေက တစ်ခုခုဖြစ်တာနဲ့အစိုးရကလည်းခွင့်ပြုထားတော့ လမ်းပေါ်ထွက်အော်ဘို့လောက်ပဲခေါင်းထဲမှာရှိတယ်ဗျ့။ဒါကိုတော့ကျွန်တော်လည်း အဆင့်ရှိတယ်လို့ မသတ်မှတ်နိင်ဘူး။နိင်ငံတစ်နိင်ငံမှာ လူတွေလမ်းပေါ်ထွက်အော်ကျပြီဆိုရင် သတင်းတွေထဲပါလာပြီဆိုရင် အဲ့ဒီနိင်ငံရဲ့ Grade ကကျတော့တာပဲ၊အဲ့ဒီနိင်ငံကလူတွေလည်းစပြီတော့အထင်သေးခံရတာပဲ၊ဆို့တော့က လမ်းပေါ်ထွက်အော်တာ ဖြေရှင်းနည်းမပာုတ်သလို ကောင်းမွန်တဲ့အဖြေလည်းထွက်လာမှာလည်းမပာုတ်ပါဘူး ။ ပြည်သူလူထု လမ်းပေါ်ထွက်တာနဲ့ နိင်ငံခြားသားတွေပါးစပ်မှာ ” မြန်မာပြည်တော့ဖြစ်ပြန်ပြီ” ဆိုတဲ့စကားမျိုး အထင်သေးတာမျိူး ကိုသတိမူတယ်ဆိုရင်တော့…………………………….

  • phone_kyaw

    July 9, 2012 at 4:48 am

    အလုပ်ရှင်က အလုပ်သမားကို တန်းတူထားပြီး လေးလေးစားစားနဲ ့အလုပ်ထဲမှာ ထိုင်ခုံနဲ ့ဆွေးနွေးပွဲလိုမျိူး ခွင့်ပြုပေးရတယ်။ အခုတော့ မြန်မာပြည်က အလုပ်သမားတွေက လမ်းဘေးမှာ ငုတ်တုတ်လေးထိုင်ပြီးတောင်းနေရတာအပြင် အလုပ်ရှင်နဲ ့အာဏာပိုင်ကလည်း ဘုရားလိုလိုဆိုတော့ မျက်စိထဲမှာ အလုပ်သမားတွေအတွက် အဆင့်အတန်းမရှိသလိုခံစားရပါတယ်။

  • maungmoenyo

    July 9, 2012 at 7:15 am

    အလုပ်သမားတွေနဲ့ပါတ်သက်ပြီး နားလည်သလောက် (၁) အလုပ်သမားအဖွဲ့အစည်းဥပဒေ ဆိုတဲ့ အလုပ်ရှင်အလုပ်သမာ ပူးတွဲထားတဲ့အဖွဲ့အစည်းများ (အောက်တိုဘာ၊ ၂၀၁၁) နဲ့ (၂) အလုပ်သမားများအခြေခံရပိုင်ခွင့်ကို ရုတ်သိမ်းသည်ံဥပဒေ (တချိန်ထဲလောက်ထုတ်ပြန်) နဲ့ (၃) အလုပ်သမားရေးရာအငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ (မတ်၊ ၂၀၁၂) တို့ဘဲရှိပါသေးတယ်။ လက်ရှိ ပြည်တွင်းလုပ်ငန်းရှင်များ၊ (သို့) ဖက်စပ်စက်ရုံများ (သို့) ပြည်ပရင်းနှီးမြှုပ်နှံမှု နဲ့ လည်ပါတ်နေတဲ့ လုပ်ငန်း/စက်ရုံများ ရဲ့အလုပ်ရှင်အလုပ်သမားပြဿနာတွေကိုထိထိမိမိ ကိုင်တွယ်နိုင်တဲ့ ဥပဒေ နဲ့ နည်းဥပဒေတွေ ပုံပေါ်မလာသေးပါဘူး။ ဆိုလိုတာက မြန်မာအလုပ်သမား တွေအတွက် ထင်သာမြင်သာတဲ့ (transparent protection) မရှိသေးပါဘူး။ ဒီကိစ္စတွေက အလုပ်ရှင်အလုပ်သမားတွေသက်သက်နဲ့ဆိုင်ရုံတင်မကပါဘူး။ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေတွေ၊ ကုန်သွယ်ရေးဆိုင်ရာဥပဒေတွေကိုပါ ပြန်သုံးသပ်သင့်ပါတယ်။ ဒါတွေအားလုံကိုရုပ်လုံးဖေါ်ရမှာက (၂) ရပ်သော လွှတ်တော်တွေပါ။ ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ်တိုင်က မတရားတာ၊ အားနည်းချက်တွေကိုသာသိကြပြီး၊ ဖြေရှင်းရမဲ့နည်းလမ်း၊ နိုင်ငံတကာစံနှုန်းတွေနဲ့ပါတ်သက်ပြီး အတွေ့အကြုံမရှိကြသေးပါဘူး။ တကယ်လုပ်နိုင်တာက အစိုးရအဖွဲ့ပါ။ အစိုးရနဲ့လွှတ်တော် လက်တွဲရမဲ့ကိစ္စပါ။
    လက်ရှိအခြေအနေကိုသုံးသပ်ကြည့်ရရင်-
    (၁) ပြည်ပလုပ်ငန်းရှင်တွေက မြန်မာအလုပ်သမားတွေအပေါ်ဘယ်လိုအကျိုးအမြတ်ရအောင်ထုတ်ရမလဲဆိုတဲ့ Mentality ကအားသန်နေတုံးပါဘဲ။ ဒါက မြန်မာအစိုးရပိုင်းက ပြည်ပရင်းနှီးမြှုပ်နှံမှု ကိုဖိတ်ခေါ်အားပေးနေရချိန်ကြောင့်ဆိုတဲ့အကြောင်းပြချက်က အကြီးဆုံးသော အတားအဆီးဖြစ်နေပါတယ်၊
    (၂) ဒီလိုဖြစ်အောင်လည်းပြည်တွင်းလုပ်ငန်းရှင်တွေ ကလည်းမသိမသာ ကနေသိသိသာသာအားပေးနေပါတယ်။ ကိုယ်တပ်ကိုယ်ပြန်နင်းတဲ့ ဝိသမ သမားတွေလို့ခေါ်မလားဘဲ။ အလုပ်ချိန်အပြည့်လုပ်ပေးရပြီး၊ ကိုယ်ရဲ့တရားဝင်လုပ်ခအပြည့်အဝရရှိဘို့ကိုတောင် ရင်တမမ နဲ့စောင့်နေကြရတဲ့ဘဝကမကျွတ်ကြသေးပါဘူး။
    (၃) အလုပ်ရှင်တွေအနေနဲ့ ကိုယ့်အလုပ်သမားတွေအပေါ် နေ့စား/လစာ ပေးရင်ပြီးရောဆိုတဲ့ အဆင့်မှာဘဲရှိပါသေးတယ်။ လုပ်ခွင်သာယာ စိတ်ချမ်းသာရေး၊ အလုပ်သမားနဲ့တကွ သူ့မိသားစုဘဝလုံခြုံရေးအတွက်အခြေခံကျတဲ့ ကျန်းမာရေး၊ အိုနာစာထောက်ပံ့ရေး၊ သင့်တင့်လျောက်ပတ်တဲ့ လူနေမှုအဆင့်အတန်းကိုရရှိစေမဲ့ ခံစားခွင့်ပေးဘို့တာဝန်ရှီတယ်ဆိုတဲ့ အယူအဆမျိုးမရှိသေးပါဘူး။
    ခြုံပြောရရင်- ကိုဘုန်းကျော်ပြောတဲ့ နိုင်ငံတကာမှာ အလုပ်သမားတွေအတွက် ထိုက်သင့်တဲ့ social security နဲ့ ခံစားခွင့် လာစာ ဆိုတာက အလုပ်ရှင်ကသဘောကောင်းလှလွန်းလို့ပေးထားတာမဟုတ်ပါဘူး။ (၁) ကိုယ်အလုပ်မှာလုပ်သားကောင်းကောင်းမြဲစေလိုတဲ့ဆန္ဒရှိတာရယ် (၂) အစိုးရက ဒီလိုခံစားခွင့်မပေးမနေရပေးရမယ်ဆိုတဲ့ ဥပဒေပြဌာန်းချက်တွန်းအားပေ့းမှုက ထိရောက်နေပါတယ်။
    အခုပြောနေကြတဲ့ rule of law ဆိုတာ…အဲ့ဒါတွေပေါ့ဗျာ…။

Leave a Reply