မိန်းမကောင်းအင်္ဂါ ၆၄ ရပ်

etoneJune 30, 20101min1412

(၁)ခြေလက္ခဏာ ……………………………….. ၁၃ ရပ်
(၂)ကိုယ်လက္ခဏာ …………………………
…….. ၁၆ ရပ်
(၃)စိတ်လက္ခဏာ ……………………………….. ၆ ရပ်
(၄)လက်ဖဝါးလက္ခဏာ ……………………………… ၉ ရပ်
(၅)လည်ပင်းလက္ခဏာ ………………………………. ၁ ရပ်
(၆)အသံလက္ခဏာ ……………………………….. ၃ ရပ်
(၇)မျက်နှာလက္ခဏာ ……………………………….. ၈ ရပ်
(၈)သွားလက္ခဏာ ……………………………….. ၁ ရပ်
(၉)မျက်စေ့လက္ခဏာ ……………………………….. ၄ ရပ်
(၁၀)ဆံပင်လက္ခဏာ ……………………………….. ၃ ရပ်

ကောင်းခြင်းလက္ခဏာ ၆၄ ရပ်တွင် ခြေ နှင် ့ လက်ဖဝါးလက္ခဏာ ဖွင့်ဆိုချက်ကို
ရှာဖွေ တွေ့ရှိခြင်းမရှိပါ။
(စာရေးသူ)

ကိုယ်လက္ခဏာ ၁၆ ရပ်

၁။ တက်သစ်စ လရောင်နှင် ့တူသော ကိုယ်ရောင်
၂။လင်္ကျာရစ်လည်သောအချက်
၃။လင်္ကျာရစ်လည်သောဗွေ
၄။ရွှေသောအဆင်း
၅။နက်သောချက်
၆။ရှည်သောလက်
၇။ သိမ်မွေ ့သောအင်္ဂါ
၈။ကြီးမြတ်သော သားမြတ်
၉။ဆင်ကဲ့သို ့သွားခြင်း
၁၀။သိမ်မွေ ့သော ခါးရှိခြင်း
၁၁။သိမ်မွေ ့သောအင်္ဂါရှိခြင်း
၁၂။ကောင်းသောကိုယ်ရှိခြင်း
၁၃။ဖွံ ့သောပေါင်ရှိခြင်း
၁၄။ကိုယ်မွေးနည်းခြင်း
၁၅။လိပ်ကျောကုန်းကဲ့သို ့အင်္ဂါရှိခြင်း
၁၆။ကြာပန်းကဲ့သို ့မွှေးသောကိုယ်နံ ့ရှိခြင်း

စိတ်လက္ခဏာ ၆ ရပ်

၁။ဖြူစင်သောနှလုံးရှိခြင်း
၂။ကောင်းသောအကျင့်သီလရှိခြင်း
၃။စင်ကြယ်သောအကျင့်သီလရှိခြင်း
၄။ချစ်ခင်နှစ်သက်ခြင်း
၅။အရိပ်ခြေသိခြင်း
၆။ဖြောင့်မတ်တည်ကြည်ခြင်း

လည်ပင်းလက္ခဏာ ၁ ရပ်

၁။လည်ရေး ၃ ဆင့်ရှိခြင်း

အသံလက္ခဏာ ၃ရပ်

၁။ ဟင်္သာသံနှင့်တူသော အသံရှိခြင်း
၂။အဆိုအမိန် ့နှင့်သာယာသောအသံရှိခြင်း
၃။ဥဩသံနှင့်တူသောအသံရှိခြင်း

မျက်နှာလက္ခဏာ ၈ ရပ်

၁။လပြည် ့ဝန်းနှင် ့တူစွာရှိခြင်း
၂။ရှည်သောမျက်နှာရှိခြင်း
၃။နီသောနှုတ်ခမ်းရှိခြင်း
၄။ဖြိုးမောက်သောနှာတံရှိခြင်း
၅။ပြည် ့ဖြိုးသောပါးရှိခြင်း
၆။မှဲ ့ ဝက်ခြံ ကင်းစင်သော နဖူး၌ ဖြောင့်မတ်သော တချောင်းတည်းသော တံခွန်
အလံတိုင် အရေးရှိခြင်း
၇။သံတ္တိမည်သောအရေးကဲ ့သို ့ နဖူးပြင်၌ အရေးရှိခြင်း
၈။ချွန်သောနှာခေါင်းရှိခြင်း

သွားလက္ခဏာ ၁ ရပ်

၁။ ခရုသင်းပွင့်သစ်စကို လွှနှင် ့ဖြတ်သည် ့အလား
မယိုင်မကျဲမပေါက်သောချောမောသော နဂိုဖြင့် ကြည်၍ တင့်တယ်ခြင်း

မျက်စေ့လက္ခဏာ ၄ ရပ်

၁။မကျဉ်းမကျယ် တင့်တယ်သော မျက်စေ ့ရှိခြင်း
၂။ကြာညိုပန်းနှင် ့တူသောမျက်စေ့ (အချို ့မှာ ပြာညိုသော မျက်စေ့ရှိခြင်း)
၃။သမင်မျက်စေ့နှင့်တူသော မျက်စေ့ ရှိခြင်း
၄။ပဒုမ္မာကြာကဲ ့သို ့ အချို ့မှာ စိမ်းသောမျက်စေ့ ရှိခြင်း

ဆံပင်လက္ခဏာ ၃ ရပ်

၁။အဖျားကော့သော ဆံပင်ရှိခြင်း
၂။ရှည်သော ဆံပင်ရှိခြင်း
၃။သိမ်မွေ ့သော ဆံပင်ရှိခြင်း

ဤကားကောင်းခြင်း ၆၄ ရပ်တည်း

2 comments

  • လင်းဝေကျော်

    June 30, 2010 at 3:50 am

    အဲဒီကောင်းခြင်းတွေ အကုန်သိဖို့က တစ်လ ကိုးသီတင်းပေါင်းကြည့်မှပဲသိလိမ့်မယ်။

  • cobra

    June 30, 2010 at 5:59 am

    မိန်းမယူပြီးတာတောင်အကုန်လုံးလိုက်ကြည့်နိုင်မှာမဟုတ်ဘူး။အရမ်းများနေတယ်။အကုန်လုံးကောင်းတဲ့မိန်းမတော့ရှိနိုင်မယ်မထင်ဘူး။

Leave a Reply