လောကဓံ (၈)ပါး နဲ့အထုအထောင်းခံ
လောကဓံ (၈)ပါးနဲ့ အထုအထောင်းခံ
ကိုယ်အပျင်းပြေချင်ရုံ သက်သက်နဲ့
သူတပါးထိခိုက်မဲ့အလုပ်ဆို
ပင့်ကူအိမ်တောင် မဖျက်ဖူးတဲ့ကောင်
အခုတော့……………….
လောကဓံ(၈)ပါးက
သူ့ဘဝကို အပျင်းပြေကစားလို့
ချစ်ခိုင်းလိုက် လွမ်းခိုင်းလိုက်
အမြင့်တင်လိုက် ပုတ်ချလိုက်
အောက်စီဂျင်ပေးလိုက် ရေနစ်လိုက်နဲ့
ဘဝကြမ္မာရဟတ်က
သူတို့နဲ့တင် တပတ်ပြီးတပတ်လည်နေတော့တယ်။
ကံအကျိုးပေးပုံက
ငွေရမလားလို့ ထီထိုးပါတယ်
အက္ခရာအစ ဂဏန်း ၆လုံးပါလွဲတယ်
အကုန်အကျသက်သာအောင်
လိုင်းကားစီးကာမှ ကပ်ပြီးတော့အနှိက်ခံရတယ်(ခါးပိုက်နှိက်)
အသားဝယ်ဖို့ဈေးသွားပါတယ်
ကန်စွန်းရွက်တင် ၁စည်း ၁၀ဝတဲ့ဗျာ။
10 comments
manawphyulay
July 9, 2012 at 3:26 pm
ဒါတောင် လောကဓံ ၈ ပါးမို့လို့ ၁ဝ ပါးဆို ဘယ်လိုလုပ်ကြမလဲ….
ဇောက် ထိုး
July 9, 2012 at 4:51 pm
ဖုဋ္ဌဿ လောက ဓမ္မေဟိ။ စိတ္တံ ယသ နကမ္ပတိ။
လောကဓံ ဆိုတာ ရှိမှာပဲ။ လောကဓံ မရှိအောင်လုပ်လို့မရဘူး။ လောကဓံ တွေလာရင် မတုန်လှုပ်အောင်ပဲ လုပ်ရမှာ။ ကိုယ်ကလဲ ဒါပဲ လုပ်နိုင်မှာလား…
ကျုပ်တို့ ဆင်နဲ့လဲနင်းသတ်ခိုင်းတာ မခံရသေးပါဘူး။
ကျောက်တုံးကြီးနဲ့လှိမ့်ချပြီး သေကြောင်းကြံတာ မခံရသေးပါဘူး။
မပူစမ်းပါနဲ့ကိုယ့်လူရာ…လောကဓံ ဆိုတာ ကျုပ်တို့ရဲ့ အတွေ့အကြုံသင်တန်းဆရာလို့မှတ်လိုက်စမ်းပါ။
လောကကြီးက သံပုရာသီး လာပေးရင် သကြားနဲ့ဖျော်သောက်ပစ်လိုက်…ဟဲဟဲဟဲ
မောင်ပေ
July 9, 2012 at 9:40 pm
ဟုတ်တယ်
အပေါ်က ကွန်မင့်ထဲမှာ
အူးဘဇင်းဇောက်ထိုး ပြောသွားသလိုပါဘဲ
အမြင့်တက်မယ့်လူဟာ အောက်မှာရှိတုန်း တွေ ့သမျှဘေး ရင်ဆိုင်နိုင်သင့်တယ်။
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 9, 2012 at 10:24 pm
ကန်စွန်းရွက်ဝယ် ပြန်ခဲ့ရတယ်ပေါ့
maungmoenyo
July 10, 2012 at 9:39 am
သတ္တဝါတိုင်းမလွဲမသွေကြုံကြရမဲ့ တရား..။ ရှောင်နိုင်မှလွတ်မယ်ဟေ့နော…။ ဆိုပေမဲ့….မလွတ်တဲ့တရား..ဖိစီးမှုလို့ပြောမလား။
ဟယ်—တတ်နိုင်ဘူးလေ။ ခန္ဓာရှိနေသရွေ့..တကွေ့အထောင့်..ကြုံတတ်ကြတာဓမ္မတာဆိုတာကိုသိဘို့နဲ့၊ ဆန့်ကျင်ဘက်တို့ရဲ့ဒွန်တွဲ..လွန်ဆွဲမှုတွေ….။
mamanoyar
July 10, 2012 at 10:12 am
နိုရာတို့ဆီလာဝယ်လေ ကန်စွန်းရွက် ၄စည်းမှ ၁၀ဝ
ဟဲဟဲ
MaMa
July 10, 2012 at 10:39 am
ပါမောက္ခချုပ်ဆရာတော်က ဟောဖူးတယ်။
ကဲ့ရဲ့တာမှ လောကဓံ မဟုတ်ဘူး။ ချီးမွှမ်းခံရတာလည်း လောကဓံပဲတဲ့။
အကောင်းနဲ့ တွေ့တဲ့အခါမှာ သာယာနေကြလို့ လောကဓံဆိုတာကို မေ့နေကြပြီး
ဆိုးတာနဲ့ တွေ့တဲ့အခါကျတော့မှ လောကဓံ ဆိုပြီး ညည်းနေကြတာတဲ့လေ။
snow white
July 10, 2012 at 11:12 am
ခုကန်စွန်းရွက် ဈေးတက်သွားပြီ စားတဲ့သူများလာလို့တဲ့လေ တစ် စည်းတစ်ရာ့ငါးဆယ်ဖြစ်သွားပြီ
shwe kyi
July 10, 2012 at 11:41 am
ကောင်းပါလေ့ သူများထိခိုက်မယ်ဆို ပင့်ကူအိမ်တောင်မဖျက်ဘူးဆိုတော့ အခန်းထဲမှာပင့်ကူအိမ်တွေများနေလောက်ပြီ အဟိ..။
ကောင်းပါတယ်ရှင် ဖတ်သွားပါတယ်။
Rose Minn
July 10, 2012 at 3:17 pm
ခေတ်လုလင်ရယ်……တောင်တက် ရင်တောင် အဖုအထစ်လေး ပါမှ ရှိမှ တက်လို့ကောင်းပေမပေါ့။ အဖုထစ်လေး နင်းပြီးတက်မှအပေါ်ရောက်တော့ပေမပေါ့။ ပြောင်ချောကြီးဆို ချောနေမှာပေါ့နော်။ အပေါ်ဘယ်ရောက်နိုင်တော့မလဲ။ လူဘဝမှာ လူရယ် လို့ဖြစ်လာခဲ့ရင် ဒီလောကဓံတရားကို လူသားတိုင်း ကြုံ ရစမြဲပါ။ အနည်းနဲ့ အများတော့ကွာမှာပေါ့နော်။ အခက်အခဲတွေ ကိုအင်းအားအဖြစ်ပြောင်းလဲလိုက်ပေါ့။ တချိန်ချိန် ကိုယ်အောင်မြင်မှုရလာတဲ့ အခါ ကိုယ့်အတွေ့ အကြုံတွေကို ကိုယ့်မိတ်ဆွေတွေပြောပြ ရင်းနဲ့ သူတို့လည်း အင်းအားဖြစ်လာမှာပါ။ အရာရာ အဆင်ပြေပါစေနော်