Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျွန်မ အရှက်မရှိဘူးဆိုတာ …… ဗန်းစကားလား ?

etoneJuly 9, 20121min97545

ယခင်ခေတ်က မြန်မာအမျိုးသမီးတွေအရှက်နဲ့ လူလုပ်ကြပေမယ့် ၊ ဒီခေတ်မိန်းမများတော့ ဘာနဲ့ လူလုပ်ကြသလဲ မပြောတတ်တော့အောင်ပါပဲ  ။ ြမန်မာအမျိုးသမီးလို့ ဆိုလိုတာက မြန်မာလူမျိုးတစ်ခုတည်းကိုမဟုတ်ပဲ ၊ မြန်မာနိုင်ငံတွင်းမှာ နေထိုင်သူအမျိုးသမီးများကို သုံးနှုန်းလိုက်တာပါ ။ ခေတ်စကားလို့ခေါ်မလား ၊ ဗန်းစကားလို့ခေါ်မလား ၊ ဘာစကားလား ၊ ညာစကားလား မသိပေမယ့် အမျိုးသမီးထုအကြားမှာ ရေပန်းစားပြီး သုံးနှုန်းနေကြလို့ ၊ ကြားရသူတောင် တွန့်တွန့်သွားမိပါတယ် ။ ဆယ်ကျော်သက်အရွယ်ကစလို ့ ၊ သုံးဆယ်ကျော် ငါးနှစ်ပတ်လည်လောက်ထိ အဲ့ဒီစကားကို တွင်တွင်ကျယ်ကျယ်သုံးနေကြတာ ၊ ယနေ့ ၂၁ရာစုရဲ့ ဗန်းစကားများလားလို့တောင် ထင်မှတ်မိပါတယ် ။ ဗန်းစကားတွေ များစွာကြားခဲ့ဖူးပါတယ် ဒါပေမယ့် ကိုယ့်သိက္ခာ ကိုယ်ချတဲ့ ဗန်းစကားကတော့ ကြားဖူးတာ ဒီတစ်ခါ ပထမဆုံးပါပဲ ။ ကျွန်မလည်း ခေတ်လူငယ်တစ်ယောက်ပါ ဒါပေမယ့် အခုလို စကားမျိုး ပါးစပ်က ထွက်ဖို့ကျတော့ ၊ ဝန်လေးနေမိတာ အမှန်ပါပဲ ။

ဒီခေတ်အမျိုးသမီးအချို့ပြောနေကြတဲ့ ဗန်းစကားက ဘာများလဲလို့ စိတ်ဝင်စားနေမိကြပြီလား ။ အဲ့ဒီစကားကတော့ ………ကျွန်မ… အရှက်မရှိဘူး ၊ ကျွန်မ မရှက်တတ်ဘူး ဆိုတာ ပါပဲ ။ ယောကျာ်းတစ်ယောက်အနေနဲ့တော့ ကိုယ့်ကိုယ်ကို ဒီလိုပြောလို့ သိက္ခာကျချင်မှကျမယ် ။ မိန်းမတစ်ယောက်အနေနဲ့ ဒီလိုစကားမျိုး ပါးစပ်က ပြောထွက်တဲ့အခါ ….. နောက်ဆက်တွဲဆိုးကျိုးများစွာနဲ့အတူ ၊ သူမရဲ့ ဂုဏ်သိက္ခာပါ ကျဆင်းသွားမှာပါ ။ တန်ဖိုးလည်း လျော့နည်းစေပါတယ် ။ ဂုဏ်သိက္ခာဆိုလို့ ငွေရှင်ကြေးရှင် ၊ ပညာရှင်မှ ဂုဏ်သိက္ခာရှိတယ်လို ့မသတ်မှတ်ပါဘူး … မိန်းမဆိုကတည်းက .. မိန်းမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာတန်း တစ်တန်းရှိတယ်လို့ လက်ခံနားလည်ထားပါတယ် ။ အပျိုဆိုလည်း အပျိုအလျှောက် ၊ အိမ်ထောင်သည်ဆိုလည်း အိမ်ထောင်သည်အလျှောက် ၊ မိခင်ဆိုလည်း မိခင်အလျှောက် ၊ မုဆိုးမဆိုလည်း မုဆိုးမအလျှောက်  ၊ မိန်းမတစ်ယောက်ဖြစ်တဲ့အတွက် ဂုဏ်သိက္ခာဆိုတာ မိန်းမတိုင်းမှာ ရှိပါတယ် ။ ဒါပေမယ့် … အခုတော့ မိန်းမတစ်ယောက် နှစ်ယောက်မဟုတ်ဘူး ဒီရက်ပိုင်း နေရာစုံမှာ အရွယ်စုံဆီကနေ ခဏခဏ ကြားနေရလို့ ကျွန်မစာရေးဖို့ ဖြစ်လာခဲတာ ဒီစကားတွေကြောင့်ပါပဲ ။ စာနဲ့ ချရေးပြလို့သာ ရေးရဲပေမယ့် ပါးစပ်ကအသံထွက်ပြီး ပြောပါဆိုလျှင် မပြောရဲပါဘူး ။

……… ကျွန်မ… အရှက်မရှိဘူး ၊ ကျွန်မ မရှက်တတ်ဘူးတဲ့လား …. ဘာရည်ရွယ်ချက်တွေနဲ့များ ပြောခဲ့တာလည်းမသိဘူးနော် ။ ဘာရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် မိန်းမတစ်ယောက်အနေနဲ့ ဒီစကားမျိုး မပြောသင့်တာ အမှန်ပါ ။ ပါ့ဘလစ်လိုနေရာမျိုး ဖြစ်ဖြစ် ၊ မိသားစုတွင်းဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အရှက်မရှိဘူးဆိုတော့ ……. ကိုယ်ဘယ်လို မိန်းမဖြစ်သွားပြီလဲ …… တွေးကြည့်ရင်းတောင် ကျောချမ်းလာသလိုပါပဲ ။ တစိမ်းယောကျာ်းလေးကိုပဲဖြစ်ဖြစ် ၊ သူငယ်ချင်းကိုပဲဖြစ်ဖြစ် အဲ့ဒါမျိုး သွားပြောရင် … ဟိုက ဘာပြန်ပြောမလဲ ၊ ဘာပြန်လုပ်သွားမလဲ ……. တွေးကြည့်တာနဲ့ကို အဖြေပေါင်းများစွာထွက်လာပြီး စိတ်မောရပါတယ် ။

ဒါမျိုး လူမြင်ကွင်းမှာ ပြောတာ ၊ ခိုးတာလည်း မဟုတ် ၊ ဝှက်တာလည်း မဟုတ်လို့ ရှက်စရာမလိုပါဘူး ၊ ကျွန်မကိုက ဆီလို အပေါက်ရှာပြောချင်တဲ့ ဇီဆာကြောင်တဲ့ လူလို့ ထိုအမျိုးစားထဲမှ မိန်းကလေးတွေက ထင်ကောင်းထင်ကြပါလိမ့်မယ် ။  ဟုတ်ပါတယ် … လူမြင်ကွင်းမို့ ဘာမှ မဖြစ်ဘူးဆိုပေမယ့်  … တကယ်တမ်း ဟိုးအနိမ့်ဆုံးထိကျသွားတာ ကိုယ့်ရဲ့ တန်ဖိုးပါ ။ စကားအပြောဆို ၊ အသုံး နှုန်း မတတ်တာနဲ့ပဲ ၊ ကိုယ်တစ်သက်လုံး ကောင်းကောင်းမွန်မွန် ထိန်းသိမ်းလာခဲ့ရတဲ့ အရှက်နဲ့ သိက္ခာတွေ မြောင်းထဲပစ်လိုက်ရသလို ဖြစ်သွားတယ်ဆိုတာ ၊ ကာယကံရှင်တွေ ရိပ်မိချင်မှ ရိပ်မိလိမ့်မယ် ။ ခေတ်စကားပြောမှ ခေတ်မှီတယ်လို့ ထင်တဲ့ အတွေးတွေကြောင့် အမှန်ကို မြင်နိုင်ကြမှာ မဟုတ်ဘူး ။

တလောကလည်း သူငယ်ချင်းနှစ်ယောက်ဖြစ်ဟန်တူတဲ့ ကောင်လေးနဲ့ ကောင်မလေး … ကော်ဖီဆိုင်လေးတစ်ခုမှာ ဖရီးရလို့ အင်တာနက်ထိုင်သုံးနေကြတယ် ။ဒေါင့်ချိုးက စားပွဲခုံလေးမှာပေါ့ ။  ချိန်းထားတဲ့သူငယ်ချင်းကောင်မလေး မရောက်သေးလို့ ကျွန်မလည်း သူတို့လို ငယ်ငယ်ချောချော ၊ ကိုးရီးယားဖက်ရှင်နဲ့ ကောင်မလေးအရွယ်လေးတွေကို လျှောက်ငေးနေမိတဲ့အချိန်ပေါ့  ။ ကောင်လေးက သဘောကျစွာ တခစ်ခစ်ရယ်တော့ ကောင်မလေးက ၊ ကောင်လေးရဲ့ လက်တော့ပ်ကို ခေါင်းစောင်းလို့ လှမ်းကြည့်လိုက်တယ် ။ ကောင်လေးကလည်း ကဗျာကယာ ကောင်မလေး မမြင်အောင် လက်တော့ပ်အဖုံးကို ပိတ်ချပြီး မပြဘူးပြောတော့ … သိပ်စပ်စုချင်တဲ့ မယ်စပ်စုက ၊ ပြပါ ပြပါ အတင်းပူဆာရောလေ ။ တဆာဆာ ကြောင်လို အော်နေတာ ၊ ဘေးစားပွဲကလူတွေကလည်း သတိထားမိကြပေမယ့် မသိသလို ၊ သိသလိုပဲ အကဲခတ်နေကြတယ် ။ ကောင်လေးကလည်း ဒီအတိုင်းဆို ပြမယ့် ပုံမပေါ်ဘူး ။ ကောင်လေးက ဗန်းစကားဖြစ်ဟန်တူတဲ့ အဓိပ္ပါယ် တစ်ခုထက်မက ပိုထွက်တဲ့စကားမျိုး … ” နင်ပြခိုင်းတိုင်း ပြရမှာ ရှက်စရာကြီး ”  လို့ပြောတော့ … ဟိုမိန်းကလေးက …  သူ့မှာ အရှက်မရှိဘူးထဖြစ်ရော ။ ဒါနဲ့ပဲ ……..နင်မရှက်တတ်လျှင် ကြည့်ဆိုပြီး …. ခုဏကပိတ်ထားတဲ့ လက်တော့ပ်အဖုံးကို ပြန်ထောင်ပြလိုက်ရော … ကောင်မလေးလည်း မျက်လုံး အဝိုင်းသားနဲ့ ပါးစပ်ဟောင်းလောင်းဖြစ်သွားပြီး …ခဏတာ မှင်သက်နေပါတော့တယ် ။ ပြီးတော့မှ သတိဝင်ပြီး လက်တော့ပ်အဖုံးကြီးကို ဖိပိတ်ကာ … မျက်နှာကြီး နီတွတ်တွတ်နဲ့ ” နင်တော်တော် မိုက်ရိုင်းပါလား” လို့ … ပြော … စလင်းဘတ်အိတ်ဆွဲပြီး လစ်သွားပါတော့တယ် … ဒီတော့မှ .. ကောင်လေးပြလိုက်တာ… ဘယ်လို ပ ုံမျိုးလဲဆိုတာ ခန့်မှန်း မိပါတော့တယ် ။

ဒီဖြစ်ရပ်ကို ဝေဖန်ရလျှင် ကောင်လေးလွန်တယ်လို့ ဆိုတာထက် ၊ ကောင်မလေး အပြောမတတ်တာ သိသာလွန်းနေပါတယ် ။ မိမိကိုယ်တိုင်က အရှက်မရှိပါဘူး စကားပလ္လင်ခံထားပြီး ဂုဏ်သိက္ခာချထားပြီးကာမှ ၊ ဟိုက ပြတော့ ၊ ပြတဲ့ လူကမိုက်ရိုင်းတယ်ဖြစ်ရော ။ ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်း ၊ ဘယ်အတိုင်းတာထိ သက်ရောက်သွားမယ်ဆိုတာ ၊ စဉ်းစားဉာဏ်ရှိတဲ့ လူတစ်ယောက်ဆိုလျှင် ခြင့်ချိန်တွေးတောတာနဲ့ ပါးစပ်က ဒီလိုမျိုးထွက်မလာနိုင်ပါဘူး ။ ကိုယ်ကိုယ်တိုင်က ကိုယ့်တန်ဖိုး နဲ့ သိက္ခာကို ပါးစပ်ဖျားတင်ချပြီးသူတပါးစော်ကား ပုတ်ခတ်ချင်အောင် လုပ်ထားခဲ့တာမို့ ၊ ဘယ်သူမပြု မိမိမှုပါပဲ ။

မောင်နှမ သားမိကြားမှာတောင် ဒီလို စကားမျိုး မသုံးသင့်ပါဘူး ။သုံးဖို့လည်း မသင့်တော်ဘူးလို့ထင်ပါတယ် ။  ဗန်းစကားတွေ အများကြီးရှိပါလျှက် ဒီစကားကိုမှ ကြိုက်လို့ သုံးချင်ကြပါတယ်ဆိုလည်း ဆက်သုံးကြပါအမိတို့ရေ .. ကိုယ့်ရဲ့ မိဘ ၊ အသိုင်းဝိုင်း ၊ ပတ်ဝန်းကျင်နဲ့ ဂျန်နရေးရှင်းကိုပါ ၊ ကို်ယ့်ရဲ့ အသိဉာဏ်မဲ့မှု ၊ ဆင်ခြင်ဉာဏ် မရှိမှူတွေကို အရှက်ကွဲခံ ချပြချင်တယ်ဆိုလျှင်တော့ ၊ ကျွန်မရေငုံနှုတ်ပိတ်ပြီးပဲ နေပါတော့မယ် ။  အမျိုးသမီးတိုင်း ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ကြပါစေလို့ပဲ ဆုတောင်းမိပါတော့တယ် ။ ။

 

45 comments

  • ဘဲဥ

    July 9, 2012 at 3:32 pm

    မရှက်တတ်တဲ့ မိန်းကလေးများ ဥဥလေးဆီဂို လာဂဲ့လိုက်ဘာ
    ရှက်တတ်သွားအောင် သင်ပေးလိုက်မယ် ဟိဟိ

    • emo lay

      July 9, 2012 at 8:34 pm

      ခေါ်ပြီးဘာလုပ်မလို ့လဲ။

      • နွေဦး

        July 13, 2012 at 11:56 am

        အရှက်လုံအောင်ဝတ်ဘို့ သင်ပေးဖို့နေမှာပေါ့..
        အဲ..အရှက်မှမရှိတာ ..
        ဟုတ်ပါ့..ဘာလုပ်လို့ရမှာလဲဟင်..

  • ရှက်သင့်တဲ့အရာကို ရှက်
    မရှက်သင့်တဲ့အရာကိုမရှက်နဲ့။
    ရှက်သင့်တယ် မရှက်သင့်ဘူးကတော့ ကိုယ်ပိုင်ဦးနှောက်နဲ့ဆုံးဖြတ်ရမှာလေ။
    ဟုတ်တယ်ဟုတ်………………………………..

    • etone

      July 9, 2012 at 3:49 pm

      ဥဥရယ် … အသင်ပြကောင်းမယ်ထင်ပါတယ် .. နောက်တစ်ခါ မရှက်တတ်သူလေးများတွေ့လျှင် ဂုတ်ဆွဲပြီး ဥဥဆီပို့လိုက်မယ်နော် ..ကိုယ်ဖိရင်ဖိ သေချာသင်ပေးလိုက် .. ခွိခွိ 😛

      လေးပေါက်ရေ … သူတို့အတွက်တော့ … ရှက်စရာလို့ မမြင်တာကြောင့်ဖြစမယ် … ။
      ဒါဆိုလည်း မရှက်နဲ့ပေါ့လေ …. အဲ့လိုဆိုတော့လည်း … မဟုတ်ဘူးပဲ … ခုရှက်တတ်လိုက် ၊ ခုမရှက်တတ်လိုက်နဲ့ .. ဘီလိုဟာဒွေတုန်း … 😀

  • Khaing Khaing

    July 9, 2012 at 3:47 pm

    ဟယ်နောက်ဆို နာလည်းအပြောအဆိုဆင်ခြင်းမှ ငါ့ကို ဟိုဘဲဥတို့လို လူတွေကတစ်မျိုးထင်အရှက်မရှိဘူး ထင်ဦးမယ် ….. မမတုံ သမီးချက်တတ်ပါတယ်ချင့် ….. ခစ်ခစ်ခစ် သမီးမှာလည်း အချက်ရှိပါတယ်ချင့် ……

    • ဘဲဥ

      July 9, 2012 at 4:16 pm

      အော်အော် အခိုင်လေးက ချက်တတ်တယ်တဲ့လားကွယ် အာဟိအာဟိ

  • myanmarcitizen

    July 9, 2012 at 3:48 pm

    လူ့စိတ်ဆိုတာကလဲ မပြချင်တဲ့ဟာကို တယ်လဲကြည့်ချင်ကြတော့သကိုး။ (ဒါကြောင့်လဲ မဖတ်ရ ဆိုတဲ့ post မျိုးတင်တာလား မပြောတပ်)။ မပြသင့်တဲ့ဟာမို့လို့ မပြတာ ကိုသိပ်ကြည့်ချင်လို့ မခံနိုင်အောင်ပြောပြီးပြ ခိုင်းတော့ ခံပေ့ါ။ ဟို အဲ့ လဒလေးကလဲ လူတွေထဲမှာ ကြည့်စရာတော်တော်ရှားတယ်ထင်တယ်။

  • Wai Phyoe

    July 9, 2012 at 3:52 pm

    ကျွန်တော်ကတော့ မကြားဘူးဘူးဗျ့ စာရေးသူဘယ်ကကြားလာတာလည်းတော့မသိဘူး
    အခုကော အရင်ကကော အဲ့လို့ပြောတာတစ်ခါမှာမကြားဘူးဘူး
    ကျောင်းမှာလည်းမကြားဘူးဘူး ရုံးမှာလည်းမကြားဘူးဘူး ပတ်ဝန်းကျင်မှာလည်းမကြားမိပေါင်

    • laypai

      July 9, 2012 at 4:53 pm

      wai phyoe က ခေတ်မမီ တဲ့ သူ မို့ မကြားဖူးတာ ဖြစ်မှာ ပါ။
      ခေတ်မီ တဲ့ သူတွေ မှ အဲ ဒီ ဗန်းစကားသုံး တယ် ဆို ထား တာ ကလား။

      ( ဒီခေတ်အမျိုးသမီးအချို့ပြောနေကြတဲ့ ဗန်းစကားက ဘာများလဲလို့ စိတ်ဝင်စားနေမိကြပြီလား ။ အဲ့ဒီစကားကတော့ ………ကျွန်မ… အရှက်မရှိဘူး ၊ ကျွန်မ မရှက်တတ်ဘူး ဆိုတာ ပါပဲ ။ )

      ကျနော် လဲ ခေတ် မမီ ဘူး wai phyoe ရေ။

  • manawphyulay

    July 9, 2012 at 3:54 pm

    မိန်းကလေးဆိုတာ ဆင်မယဉ်သာ လျှောက်ပြီး လူကြီးတွေရှေ့ ခေါင်းငုံ့သွားရမယ်လေ… ခုခေတ်မိန်းကလေးတွေ အတော်များများက ပွင့်လင်းတယ်လို့ သူတို့ကိုယ် သူတို့ထင်တတ်ကြတယ်။ ဝတ်ပုံစားပုံ နေပုံထိုင်ပုံကအစ အတော့်ကို လူမြင်မကောင်းတာတွေ တွေ့တွေ့လာတာ သူတို့ပါးစပ်က မပြောလည်း ပြောနေသလိုပါပဲ။

    • etone

      July 9, 2012 at 4:47 pm

      အာ .. အစ်မ မနော .. အဲ့လိုလည်း မဟုတ်သေးဘူးလေ …
      ဆင်မယဉ်သာ သာ လုပ်နေလျှင် … တစ်နေ့တစ်နေ့ အလုပ်ရောက်မှာ မဟုတ်တော့ဘူး … ။
      မိန်းကလေးတွေ သွက်လက်တာ ၊ ထက်မြက်တာ လက်ခံပါတယ် … ။ ခေတ်မှီတာ ၊ ခေတ်ဆန်တာလည်း လက်ခံသေးတယ် ။ ဒါပေမယ့် … မိမိရဲ့ ဂုဏ်သိက္ခာ ညှိုးနွမ်းစေမယ့် ၊ အမြင် မတင့်တယ်တဲ့ ခေတ်မှီ ၊ခေတ်ဆန်တာမျိုးကိုတော့ လက်မခံနိုင်ပါဘူး ။

      လူကြီးတွေရှေ့က ခေါင်းငုံ့သွားတယ်ဆိုတာကလည်း …. ဂါရဝတရားဘာညာဆိုထားပေမယ့် .. ကျွန်မတော့ ကိုယ့်မိဘ၊လူကြီးသူမ(ကျေးဇူးစား ၊ကျေးဇူးခံ) မဟုတ်လျှင် ခေါင်း မငုံ့တတ်ဘူး ။ သူတို့ကို မရိုင်းစိုင်းမစော်ကားသလို ၊ ခေါင်းငုံ့ပြီး ကိုယ့်ကိုယ်ကို နိမ့်ချစရာလည်း မလိုဘူးထင်လို့ပါ ။ respect ပေးတာတော့ပေးတာပေါ့ …. တွေ့သမျှလူကိုတော့ ခေါင်းငုံ့မသွားဘူးကို ဆိုလိုတာပါ အစ်မရေ … ။

      တခြားနိုင်ငံတွေမှာတော့မသိဘူး .. ဒီနိုင်ငံမှာတော့ လိင်ခွဲခြားဆက်ဆံမှုတွေမြင့်မားနေလျှက်ရှိတုန်းပဲမို့ .. မိန်းကလေးဆို … ကိုယ့်ဘာသာကိုယ် အရှိန်ထိန်းမှ တော်ရုံကျတာ …. ။ တခြားနိုင်ငံမှာတော့ .. လေနဲ့ ထိမယ့်လူတွေ ..မ ရှိဘူးပဲလား မသိဘူး .. အဟိ … ။ 😀

  • အရင့်ရောင်

    July 9, 2012 at 4:02 pm

    လက်တော့မြင်လျှင် ခေါင်းငုံ့နေမှဖြစ်မယ်အေ…………
    တော်ကြာနေ မျက်လုံးပြူးပြီး
    ငုပ်တုတ်မေ့သွားမယ်…………..
    မှတ်ချက်။ ။ လက်တော့မြင်လျှင်
    ရှောင်တခွင် စစ်ဆေးကြည့်ရှု သတိပြု။

  • ko khin kha

    July 9, 2012 at 4:25 pm

    ရှက်စရာကို ရှက်တတ်တာ သဘာဝကျပါတယ်။
    ရှက်စရာမဟုတ်တာ ရှက်နေရင်လည်းကြည့်ရတာတမျိုးဘဲ၊
    ရှက်ရမဲ့အရာကို မရှက်ရင်လည်း အရုပ်စိုးတယ်နော်။

  • ဇောက် ထိုး

    July 9, 2012 at 4:44 pm

    ဝင်ရောက်ပြီး ဖတ်မှတ်သွားပါတယ်။
    ခင်ဗျာ..ဧည့်သည်တော်မှတ်တမ်းလက်မှတ်ထိုးသွားပါတယ်။
    ဇောက်ထိုး

  • နေဝန်းနီ

    July 9, 2012 at 4:53 pm

    အင်း…. ဒီစကားကြီးက အဆန်းပါလားဟေ့…။ ငတို့ကြားဖူးတာတော့ ” တို့က အရှက်နဲ့ လူလုပ်တာမဟုတ်ဘူး အသက်နဲ့လူလုပ်တာ ” အဲ………. ဟုတ်ဝူး ယောင်လို့ ” အသက်နဲ့လူလုပ်တာအဟုတ်ဘူး အရှက်နဲ့ လူလုပ်တာ……” ဆိုတော့ရယ်……… ဟူးးးးး ပြောရင်း မွှားကုန်ပါပြီဟာ………. ဟိုသီချင်းလိုပဲ ပြောတတ်တော့……… ဘူး ဟူးးးး မပြောအပ်တော့ ဘူး …………………………

  • နှင်းဆီ ငုံ

    July 9, 2012 at 4:54 pm

    Wai Phyoe ပြောသလိုပဲ အဲ့လိုစကားမျိုး တစ်ခါမှ ကြားဖူးဘူးတော့ … ငုံလည်း လှည်းတန်းလို လူစုံတဲ့နေရာမှာ နေနေတာပဲ … စိတ်ချိုးနဲ့နော် …

  • မွန်မွန်

    July 9, 2012 at 5:14 pm

    အစ်မရေ..အစ်မပြောမှ မွန်မွန်လည်း စဉ်းစားမိတယ်။
    မွန်မွန်တို့ သူငယ်ချင်းတွေ ကြားထဲမှာ ပြောလေ့ရှိတယ် စကားတစ်ခွန်းရှိတယ်။ “ချက်ကြောနဲ့ရှက်ကြော မှားဖြတ်ထားတာ” တဲ့။ သူငယ်ချင်းဆိုတာတွေကလည်း ဟိုးမူလတန်းကတည်းက ပေါင်းလာတဲ့ ငယ်ပေါင်းကြီးဖော်တွေပါ။ ဘာလို့ ပြောတာလည်းဆိုတော့ သူငယ်ချင်းတွေ ဆုံပြီဆိုရင် မျက်နှာပြောင်လွန်းလို့လေ။ ငယ်သူငယ်ချင်းတွေ အရမ်းလည်း ရင်းနှီးကြတော့ ပြောမနာဆိုမနာတွေလည်း ဖြစ်ပါတယ်။

    အစ်မစာကို ဖတ်ပြီးတော့မှပဲ ဒီစကားကို အသေအချာ ပြန်စဉ်းစားရမယ် အစ်မရေ…။ 🙂

  • ရာဇဝင်လူဆိုး

    July 9, 2012 at 5:49 pm

    မအီးတုန်း …ပိုစ့် အစအဆုံးမှာ တကယ်ပဲခေတ်ကိုထင်ဟပ်စေပါတယ် ..။တစ်ခုပါပဲဗျာ..။ မုဆိုးမလို့ မသုံးစေချင်ပါ။( ကွယ်လွန်သူ၏ ကျန်ရစ်သူ ဇနီး) သုံးသင့်ပါကြောင်း..။ အကောင်းကြီးကနေဖောက်ထှာ……ပြေးပြီနော်..။

  • အလင်းဆက်

    July 9, 2012 at 7:06 pm

    မမတုန်..ေ၇… ဆွေးနွေးသင့်တဲ ့ အကြောင်းအရာပါပဲ…။

    ဖတ်ရှု..စဉ်းစားသွားပါတယ်ဗျာ…။

  • မောင်ပေ

    July 9, 2012 at 9:31 pm

    အရှက်ကင်းနေပုံများကတော့ လန်ထွက်နေတာဘဲ
    အခုခေတ် ကောင်မလေးတွေက
    “ လိုလီပေါ့ ” ဆိုတဲ့ စကားလုံးကို ဟဝှါပြုတာနဲ ့ခိုင်းနှိုင်းပြီး သုံးကြတယ်
    ပြီးရင် သူတို ့ဘဲ တစ်ဇွတ်ဇွတ် ပြောသေးတယ်
    “ လိုလီပေါ့ ကြိုက်တယ် ” တဲ့
    ဒီခေတ်ထဲမှာ မျက်လုံးမှေးတဲ့လူသိပ်မရှိတော့တာ ၊ အဲဒီလို အပြောလေးတွေ ကြားရပါများလို ့မျက်လုံးပြူးပြူးလာလို ့ဘဲ ဖြစ်ရမယ် ။

    • Yin Nint

      July 9, 2012 at 9:57 pm

      ဒါဆိုုရင်တော့ကျွန်တော်ကရှားပါးတန်းဝင်ပြီဗျ

  • weiwei

    July 9, 2012 at 11:15 pm

    တစ်ခါမှ မကြားဖူးသေးဘူး … သတိမထားမိတာလားတော့မသိဘူး …

  • kai

    July 9, 2012 at 11:51 pm

    ကောင်လေးနဲ့..ကောင်မလေး.. သူတို့တွေ.. အသက်ဘယ်လောက်လောက်လို့.. ခန့်မှန်သလည်း.. 🙂

    ထားပါတော့…
    မြန်မာတွေ…ရှက်သင့်တာတွေရှက်တတ်အောင်.. မရှက်သင့်တာတွေ..မရှက်တတ်အောင်.. အလယ်တန်းအထက်တန်းကျောင်းတွေမှာ.. Sex education လုပ်ဖို့လိုနေတယ်ထင်မိပါတယ်..။ အောက်မှာ.. High School
    Sexuality Education Curriculumလင့်ခ်ပေးထားတယ်..။ မြန်မာလိုဘာသာပြန်.. ထုတ်သင့်ကြောင်း…
    သင်သင့်ကြောင်း…

    http://www.rcs.k12.va.us/pe/resources/hssexuality.pdf

    • etone

      July 10, 2012 at 9:07 am

      ကလေးတွေ မရှက်သင့်တဲ့နေရာမှာရှက်ပြီး …. ရှက်သင့်တဲ့နေရာမှာ မရှက်တာ… အဲ့ဒါ .. မိဘတွေရဲ့ ပူပန်မှုကြောင့် …

  • captainamerica

    July 10, 2012 at 2:24 am

    ုဖြစ်သင့်တယ် သူကြီး နို.မို.ဆိုလူမသိသူမသိကိစ္စတွေနဲ.ဒုက္ခရောက်နေအုန်းမှာ။
    ပေါ်တင်သိပီးနားလည်ထားရင်မဖြစ်သင့်တာတွေမဖြစ်အောင်ကြိုတင်ကာကွယ်နိုင်ကြမှာပေါ့
    ဒါပေမယ့် သဂျီးအကြံပြုသလိုဖြစ်ဖို.က နောက် 10 နှစ်အတွင်းကျွန်တော်တို.နိုင်ငံမှာဖြစ်နိုင်ပမလား
    ❓ :mrgreen:

  • ကြောင်လေး

    July 10, 2012 at 6:20 am

    ကျမအရှက်မရှိဘူးဆိုတာ သူဘာကိုရည်ရွယ်ပြောသလဲဆိုတာ မသိနိုင်ပါဘူး။
    ခပ်ပေါ့ပေါ့လေးပြောတာလဲဖြစ်နိုင်ပါတယ်။
    အိတုန်များ တဆုံးတွေးလိုက်သလားလို့

  • Inz@ghi

    July 10, 2012 at 6:44 am

    မိတ်ချက်ပေးပါရားဟင်င်င်…
    မရှက်တဲ့ စကီလေး တယောက်နဲ့ ….
    မေးစေ့အကွဲလေး ဆိုပိုကောင်းးးး.
    အဟိ..

  • aye.kk

    July 10, 2012 at 7:05 am

    ဒီစကားမျိုးပြောတာမကြားဘူးထားတော့..
    ဖတ်ရတာအံ့ဩမိသွားပါတယ်…။
    ပတ်ဝန်းကျင်ကြောင့်လား….လို ့တွေးယူမိပါတယ်။။

  • etone

    July 10, 2012 at 8:59 am

    ကော့မန့်ပေးသူများအားလုံးရော ၊ ကော့မန့်မပေးပဲ စာဖတ်သူများအားလုံးကိုရော ကျေးဇူးတင်ပါတယ် ။
    ပို့စ်တင်လိုက်မှ သိလိုက်ရတာ …ကံဆိုးစွာပဲ ကျွန်မက ကြုံထောင့်ကြုံခဲ အကြိမ်ကြိမ်ကြုံခဲ့သလိုပါပဲ …
    အတော်များများက … မကြားဖူးကြဘူးဆိုလို့ပါ ….. ။ မကြားဖူးဘူးဆိုတာလည်း …မကြုံဖူးလို့လည်း ဖြစ်နိုင်သလို ၊ ပတ်ဝန်းကျင်လေ့လာမှူအားနည်းပြီး အမှုမဲ့ အမှတ်မဲ့ နေလို့လည်း ဖြစ်နိုင်ပါတယ် …. ။ ဘယ်လိုပဲ ဖြစ်ပါစေလေ ….. မိန်းမတွေ ကိုယ့်ကိုယ့်ကို အရှက်မရှိဘူးလို့ လူရှေ ့ဖွင့်ဖွင့်ပြနေကြတာ အမှန်ပါပဲ ။

    ဒီထဲမှာရေးထားတာ … ကြုံခဲ့ ကြားခဲ့ဖူးတဲ့ အဖြစ်ပျက်ထဲက … တုံ ့ပြန်မှု သိပ်မရိုင်းပြတဲ့ အဖြစ်ပျက်တစ်ခုကို ရွေးတင်ထားတာပါ … ။
    ဒီအခြေနေတစ်ခုထဲကိုကြည့်ပြီး … မိန်းမတွေအရှက်မရှိဘူး ပြောနေတယ်လို့ သတ်မှတ်တာ မဟုတ်ပါဘူး ။
    အကြိမ်ကြိမ်ကြားခဲ့ဖူးတဲ့ တခြားသော အဖြစ်ပျက်တွေဆို …. ကြားနာသူဖက်က တုံ့ပြန်တာ ရိုင်းပြတာမျိုး ၊ ထိပါးရိပါးစကားပြန်ပြောတာမျိုး ကြားခဲ့ဖူးပါတယ် ။ နားစွင့်ရင်းကနေ ကြုံတဲ့အခါ ကြားမိမှာပါ ။

  • Ma Ei

    July 10, 2012 at 9:48 am

    ဗန်းစကားတော့ ဟုတ်မထင်ပါ အိတုန်လေးရေ…
    ရန်ဖြစ်ရင်း ဒေါသနဲ့ ပြောတဲ့ စကား…
    ပြောမနာ ဆိုမနာ နောက်ပြောင်ရင်း
    ပြောတဲ့စကား မျိုးသာဖြစ်ပါလိမ့်မယ်…
    လူကြားထဲပြောရင်အထင်သေးစေမဲ့
    အရှက်ရစရာ စကားလုံးဖြစ်တာတော့အမှန်ပါဘဲ…
    အမျိုးကောင်းသမီးများ ဆင်ခြင်နိုင်အောင်
    ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်စေခြင်တဲ့
    စေတနာကိုလေးစားပါတယ်ကွယ်…

  • mamanoyar

    July 10, 2012 at 10:35 am

    မိန်းကလေးဆိုတာကလည်း စကားတစ်ခွန်းပြောဖို့တောင်
    ်မလွယ်တဲ့ကိစ္စပါ အရမ်းကိုဆင်ခြင်ရပါတယ်
    နေရာတကာမှာ မိန်းကလေးတွေအတွက် အရှက်က အရေးကြီးပါတယ်

  • ကြောင်ကြီး

    July 13, 2012 at 11:02 am

    မရှက်တတ်
    တက်မက်
    ကြက်ငှက်
    သတ်ဖြတ်
    ရက်ဆက်
    မတ်တတ်…။

  • နွေဦး

    July 13, 2012 at 11:48 am

    အရင်ခေတ်က စကား မိန်းခလေးများ ပြောတတ်ကြတယ်..
    “အရှက်နဲ့လူလုပ်တာအသက်နဲ့လူလုပ်တာမဟုတ်ဘူး အရှက်ကို အသက်နဲ့ လဲသွားမယ် ” ဘာဘာ ညာညာ ကြားခဲ့ဖူးတယ်..
    တကယ်လဲ အဲသည်ခေတ်က မိန်းခလေးတွေ အရှက်တကွဲ ဖြစ်ပြီဆိုရင် ကိုယ့်ကိုယ်ကို အဆုံးစီရင် သွားတတ်ကြတယ် ။
    အခုခေတ်တော့ နောက်တာလားပြောင်တာလား မသိပြောကြတဲ့စကားကြားဖူးတယ်..
    အရှက်နဲ့လူလုပ်တာမဟုတ်ဘူ..အတက်နဲ့ အဲ..အသက်နဲ့ လူလုပ်တာ တဲ့
    “အရှက်ကို အတက်နဲ့ သာလဲလိုက်မယ် အသက်နဲ့တော့ မလဲနိုင်ဘူး” တဲ့ဗျာ…
    ကောင်းကြသေးရဲ့လား..

    • etone

      July 13, 2012 at 12:46 pm

      ကိုနွေဦးပြောတဲ့ အတိုင်းသာ ကိုယ့်နှစ်တွေ ၊ တူမတွေ ပြောတာကြားလျှင်တော့ …. ဆဲပင်မွှေးတမွှေးမှမကျန်အောင် ဆွဲနှုတ်ပစ်လိုက်မယ် …. ။ ဘ ယ်လိုဟာတွေမှန်းကိုမသိဘူး …. ။
      ရှက်ကြောနဲ့ ချက်ကြောမှားဖြတ်လာလျှင် … အဝတ်မဝတ်ကြပါနဲ့ ဗျို့ …. ။

      • နွေဦး

        July 13, 2012 at 3:02 pm

        အာ…..
        ကျုပ်ပြောတာမဟုတ်ရပါဘူးဗျာ…ကြားဖူးတာပါ….။
        အဝတ်မဝတ်ကြနဲ့ဆိုလို့
        ရှိုးပွဲတွေမှာ မဝတ်ကြတော့ဘူးဗျ..ပါတ်ထားကြတာ..
        တချို့ဆို ရင်ရှားနဲ့ ဗျျျျျျျျျျျ….စင်ပေါ်မှာ မမြင်ဝံ့စရာဗျာ..
        ဟဲဟဲ ကြည့်လို့တော့ကောင်းသား…..ဟားဟား။

  • cum min

    July 13, 2012 at 11:57 am

    လေးစားကျေးဇူတင်ပါတယ်….ခုလိုတန်ဖိုးရှိတဲစားရေးတင်ပေးလို့….

  • နွယ်ပင်

    July 13, 2012 at 1:02 pm

    ဒီလိုစကားမျိုးတည့်မဟုတ်တောင် ပုံစံတူမျိုးလေးတွေ ပြောတက်တာကြားဖူးပါတယ် ..
    အခုခေတ် လူငယ်လေးတွေက ရှက်သင့်တာကို မရှက်ကြဘဲ မရှက်သင့်တာကို ရှက်နေတာကိုလဲ
    တော်တော်များများ တွေ့ဖူးနေတယ် …

  • Shwe Ei

    July 13, 2012 at 5:48 pm

    တုန်တုန်ရဲ့ ပို့စ်ထဲကလို တလွဲဆံပင်ကောင်းကြတဲ့ မိန်းကေလေးမျိုး ကျမပတ်ဝန်းကျင်မှာလဲ မြင်ဖူးပါတယ်။ ကိုယ်ကရိုးရိုးသားသားနေပါလျက် ပတ်ဝန်းကျင်ကိုမလိုအပ်ဘဲဂရုပိုစိုက်ပြနေတတ်ပြီး အိမ်ထဲမှာ ရုံးထဲမှာ ရင်းနှီးသူများကြားမှာကြတော့ မဆင်မခြင်ပြောဆိုနေထိုင်တတ်တာမျိုးပေါ့။ ဘယ်လိုဘဲ ရင်းနှီးပွင့်လင်းစိတ်ရှိပါစေ အမြဲတမ်းအတွက်မကောင်းနိုင်ဘူးလို့တော့မြင်ပါတယ်။

  • Nyein Nyein

    July 13, 2012 at 6:47 pm

    မမအိတုန်ရေ အခုလိုပြောပြပေးတဲ့အတွက်လည်း ကျေးဇူးပါနော်။
    ” ကျွန်မ အရှက်မရှိဘူး ” ဆိုတဲ့ စကားမျိုးတော့ မကြားဖူးပါဘူး။ အဓိပ္ပါယ်ဆင်တူတဲ့ စကားမျိုးတွေတော့ ကြားဖူးပါတယ်။ သူတို့ပြောတဲ့ ပတ်ဝန်းကျင်ကိုကြည့်လိုက်ရင်တော့ သူငယ်ချင်းအချင်းချင်းကြားမှာပြောတာတော့ များတယ်။ လူကြားထဲမှာဆိုပေမယ့်ပေါ့နော်။ရှက်သင့်တာကို မရှက်၊ မရှက်သင့်တာကို ရှက်နေကြတာကတော့ တကယ်ကို ပညာပေးဖို့လိုပါတယ်။ လူကြီး၊ မိဘတွေကော၊ ဆရာ/မ တွေပါ အလေးထားပြီးလုပ်ဆောင်သင့်တဲ့ အရေးကြီးကိစ္စပါ။ အထူးသဖြင့် သမီးမိန်းကလေးမွေးထားတဲ့ မိသားစုမှာဆိုရင် ဖခင်က မဟုတ်တောင် မိခင်ဖြစ်သူက ပြောဆိုဆုံးမပေးနေဖို့လိုပါတယ်။ အခုခေတ်အခါက ကြီးလာရင် သိသွားမှာပါဆိုပြီး ပစ်ထားလို့မရပါဘူး။ ငယ်ရွယ်စဉ်( ၁၂ နှစ်၊ ၁၃ နှစ်လောက်) ကတည်းက သေချာပြောပြပေးရမှာပါ။ အဲဒီ့အရွယ်ကို ငယ်သေးတယ်။ တော်ကြာပြောပြလိုက်မှ စိတ်ဝင်စားသွားဦးမယ်ဆိုပြီး ထားလို့မရပါဘူး။ အရွယ်ကြီးလာလေ၊ အတန်းကြီးလာလေ အပေါင်းအသင်းစုံလာလေပါပဲ။ အပေါင်းအသင်းက စုံလာ၊ သိသင့် သိထိုက်က ဗဟုသုတက မသိထား၊ မရှိထားလို့ မဖြစ်သင့်တာတွေ ဖြစ်နေကြတာ အများကြီးပါ။ ဒါကြောင့် ငြိမ်းကတော့ အမျိုးတွေထဲမှာပဲဖြစ်ဖြစ်၊ သိကျွမ်းတဲ့ အသိမိတ်ဆွေတွေထဲမှာပဲဖြစ်ဖြစ် ပြောပြပေးတတ်ပါတယ်။ သူတို့ကိုလည်း တိုက်တွန်းလေ့ရှိပါတယ်။

  • KZ

    February 4, 2014 at 9:04 am

    တစ်ချို့တွေကတော့ ရှက် တတ် ရမှာ၊ ရှက်ရမှာ ကို ရှက်လို့များလား မသိ

    :mrgreenn:

  • ဒညင်းဝက်

    February 4, 2014 at 11:40 am

    အရှက်တရား..
    အရှား တစ်ရက်မက..ဖြစ်နေပါပေါ့ …
    :kwi:

    ကျနော်တော့..
    ဗန်းစကားတွေကို..သိပ်မခံစားတတ်ဘူးဗျာ..

Leave a Reply