ပြောချင်သူများ
ချစ်တတ်မှန်းသိရင် အနိုင်ယူချင်ကြတယ် … လွမ်းတတ်မှန်း သိရင်
လွမ်းစရာတွေ ပေးချင်ကြတယ် မရှိရင်မနေတတ်မှန်း သိရက် အဝေးမှာနေချင်ကြတယ်
နားမထောင်ရဲမှန်းသိလျှက် လမ်းခွဲစကားပြောချင်ကြတယ်
ချစ်တတ်မှန်းသိရင် အနိုင်ယူချင်ကြတယ် … လွမ်းတတ်မှန်း သိရင်
လွမ်းစရာတွေ ပေးချင်ကြတယ် မရှိရင်မနေတတ်မှန်း သိရက် အဝေးမှာနေချင်ကြတယ်
နားမထောင်ရဲမှန်းသိလျှက် လမ်းခွဲစကားပြောချင်ကြတယ်
18 comments
ခပ်မိုက်မိုက် ကောင်မလေး
July 10, 2012 at 12:08 pm
ချစ်တတ်မှန်းသိလို့…
အနိုင်ယူတယ်မထင်ပါနဲ့…
ချစ်လို့ဆိုးမိတာတွေလည်း ရှိတတ်ကြပါတယ်…။
ချစ်ခဲ့မိလို့….
အလွမ်းသင့်နေမိတာလည်း မဆန်းပါဘူးနော်…။
အဝေးမှာ နေချင်တယ်လို့လည်း မဟုတ်ဘူးလေ..
တစ်ခါတစ်ခါကျတော့လည်း….
ပျော်ရာမှာမနေ တော်ရာမှာနေရဆိုတဲ့….
အဆိုစကားလည်းရှိတယ်မလား….။
လမ်းခွဲချင်လို့လည်း ဘယ်ဟုတ်မလဲ…
ချစ်လျှက်နဲ့လည်း ဆုံဆည်းဖို့ဆိုတာ…
ကံကြမ္မာက မျက်နှာသာမပေးတော့….
လမ်းခွဲဖို့ဆိုတာလည်း ဖြစ်လာတတ်တာပဲပေါ့…
ဆုံတွေ့ပြီးရင် လမ်းခွဲဖို့ဆိုတာလည်း ….
ဖြစ်နိုင်တယ်ဆိုတာ ကြိုတွေးထားသင့်တယ်မဟုတ်လား…။
ရွာစားကျော်
July 10, 2012 at 9:24 pm
ချစ်လို့ဆိုးတာပဲကွယ် ခွင့်လွှတ်ရမှာပေါ့ 🙄
အလွမ်းသင့်နေလျက်နဲ့တော့ အဝေးတောရာမှာမနေနိုင်ဘူး
မင်းအနားမှာပဲ ပျော်ပါရစေ..။
ဒါပေမယ့်.. လမ်းခွဲဖို့တော့ ကြိုတွေးမထားပါရစေနဲ့လား..
ခပ်မိုက်မိုက် ကောင်မလေးရယ်..
အလဲ့..:mrgreen:
နာကွ… 😆
etone
July 10, 2012 at 2:47 pm
ပိုက်ဆံရှိမှန်း သိရင် ၊ အကြွေး ယူချင်ကြတယ်
ရက်ရောမှန်း သိရင် ၊ အလကားတောင်းချင်ကြတယ်
အပေါက်ဆိုးမှန်း သိရင် ၊ ကွယ်ရာအတင်းပြောချင်ကြတယ် …………. တိန် ……… တိန် ……. 😉
ဘဲဥ
July 10, 2012 at 3:01 pm
ဇဂါးမစပ်
စာတွေအများဂျီးရေးထားတော့ လက်တော်တော်ညောင်းသွားမှာပဲနော်
ခပ်မိုက်မိုက် ကောင်မလေး
July 10, 2012 at 3:15 pm
အော်..ဖြစ်တတ်ပါတယ် ဥဥရယ်..
အစမို့ပါ…..
နောက်တော့မောအောင် ဖတ်ရလိမ့်မယ်…
😀
ဘဲဥ
July 10, 2012 at 3:49 pm
သီချင်းစာသားတွေ ကောပီကူးထားတာကိုလားဟင် 😎
snow white
July 10, 2012 at 5:18 pm
မိုက်လေးရယ် တို့တုန်းကလည်းပြောတာဘဲလေ နောက်တော့လည်းရေးတက်လာမှာပါ ဟုတ်တယ်ဟုတ် လေးလေးပေါက်လေသံနဲ့…
snow white
July 10, 2012 at 5:22 pm
မိုက်လေးရယ် တို့တုန်းကလည်းပြောတာဘဲလေ နောက်တော့လည်းရေးတက်လာမှာပါ ဟုတ်တယ်ဟုတ် လေးလေးပေါက်လေသံနဲ့…ပြောကြည့်လိုက်တာ
mayjuly
July 10, 2012 at 4:00 pm
အဲဒါများလွယ်လွယ်လေး ..
သွားးးးးး အဝေးဆုံးးးးးးးးကို ဂျောင်းးးးးးး
😛
ခပ်မိုက်မိုက် ကောင်မလေး
July 10, 2012 at 4:46 pm
ဒါတော့သိဘူးလေ…
ရေးချင်တာရေးမှာပေါ့…
ဟုတ်ယ်နော်….:P
ဘဲဥ
July 10, 2012 at 5:15 pm
ရေးချင်တာရေးပီး
ဖတ်ရတဲ့သူတွေကို ………………………………. မှတ်နေတယ်ပေါ့
we R one
July 10, 2012 at 5:08 pm
ထားခဲ့ရင် နေခဲ့မယ်… မလိုက်နဲဆို မင်းသဘောပဲ… 😀
~~~~ အမုန်းပန်းတွေ ပွင့်လာမယ်မှန်း အစက ကြိုသိခဲ့ရင် အချစ်ပင်ပျိုးဖို့ ကိုယ် မရည်ရွယ်………………. 😀
မောင်ပေ
July 10, 2012 at 9:13 pm
ပြောတော့လဲ နားထောင်ပေးမှာပေါ့
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 10, 2012 at 10:47 pm
လမ်းခွဲစကားတော့ မကြားချင်သလို
နှုတ်လဲ မဆက်ပါရစေနဲ ့နော်
ခပ်မိုက်မိုက် ကောင်မလေး
July 11, 2012 at 10:27 am
ဟဲဟဲ..ဘာလဲသိဘူး..
ရေးချင်တာတော့ ရေးပါဘူး…
စာလုံးလေးတွေ စီပြီးရေးမှာပေါ့…
🙂
cum min
July 11, 2012 at 11:06 am
မိုက်မိုက်လေး.ပဲချစ်တောမယ်…..ဒန့်..ဒန့်….. 🙂
mamanoyar
July 11, 2012 at 11:10 am
သူလိုကိုယ်လိုလူတွေလို့ထင်ပါတယ်
စာရေးဆရာရယ် ဟဲဟဲ
ခပ်မိုက်မိုက် ကောင်မလေး
July 11, 2012 at 11:14 am
ဘာမှလည်းမဆိုင်ဘူး..cum min