သားပြောပြတဲ့ အကြောင်းများမှ –
Mandalay Gazette ချစ်သူများရှင့်၊
ကျွန်မ တခါမှ post မတင်ဘူးပါ။ သို့သော် Mandalay Gazette ကိုတော့ အမြဲဝင်ဖတ်ဖြစ်ပါသည်။ ကျွန်မအလွန်နှစ်သက်သည့် side တခုလည်းဖြစ်ပါသည်။တခါတလေမှာတော့ ရေးတင်ချင်သည့် အကြောင်းလေးများ မကြာခဏ ရှိလာပြီး စိတ်ကူးယဉ်မိသော်လည်း စိတ်နောက်ကိုယ်မပါနိုင်ခဲ့ပါ (အမှန်တော့ – တင်ဖို့ အရည်အချင်းမရှိတာကို ဆင်ခြေပေးခြင်းဖြစ်ပါသည်)။
အခုတော့ post လေးတခု တင်ပါရစေ- ပထမဆုံးတင်တာမို့ ဝေဖန်တာလေးတွေလည်း ခံပါရစေရှင့် (ညှာညှာတာတာလေးတော့ ဝေဖန်ပေးပါနော်)။ ပထမဆုံး post က ဝေဖန်ရေးလေးဖြစ်နေလို့လည်း ကျွန်မရဲ့ ညာဏ်မှီသလောက် အတွေးလေးသာ ဖြစ်ကြောင်းလည်း ဝန်ခံပါရစေရှင်။
သားပြောပြတဲ့ အကြောင်းများမှ-
၄- တန်းတက်နေ့တဲ့ သားကလေးက မနေ့ညကတည်းပြောပါသည် – ဆရာမက မနက်ဖြန်မှာ ကျောင်းကို ဧည့်သည်တွေ လာမှာမို့ အင်္ကျီသပ်သပ်ရပ်ရပ်ဝတ်ခဲ့ဖို့၊ ခြေသည်းလက်သည်းတွေညှပ်ခဲ့ဖို့ – မှာလိုက်ကြောင်းပါ။ ဒါမျိုးလေးတွေက သားဆီက ယခင် စာသင်နှစ်တွေမှာလည်း ကြားနေကျမို့ ကျွန်မအတွက်သိပ်မဆန်းပါ။ သားရဲ့ လက်သည်းလေးများက အနည်းငယ်ရှည်နေသဖြင့် ကျွန်မညှပ်ပေးလိုက်ပါသည်။ ပြီးတော့ သားမှ – ဆရာမက ကျောင်းတံဆိပ်တွေနဲ့ ရင်ထိုးလည်း ထည့်ပေးလိုက်ကြောင်း မဖြစ်မနေ ထိုးခဲ့ဖို့လည်း မှာလိုက်ကြောင်း ဆက်ပြောပြီး ကျောင်းမှ အထုတ်လေးကို ပေးပါသည်။ အော် ရင်ထိုးက ဧည့်သည်လာမယ်ဆိုမှ ပေးရလားလို့ တွေးလိုက်မိပေမယ့်လည်း နောက်တရက်မနက်တွင်တော့ သားကျောင်းမသွားခင် သားအတွက် လိုအပ်တာလေးတွေ၊ ကျောင်းကမှာလိုက်တာလေးတွေ အကုန်လုပ်ပေးလိုက်ပါသည်။
* ညရောက်တော့ သားနဲ့ ကျွန်မက အိပ်ယာဝင်ကာနီးမှာ သူ့ကျောင်းက အကြောင်းလေးတွေ၊ ကျွန်မရုံးက အကြောင်းလေးတွေ Share လုပ်နေကျမို့ ကျွန်မကလည်း ဒီနေ့သားပြောခဲ့သည် ဧည့်သည်တွေ လာတဲ့အကြောင်းမေးမိပါသည်။ သားက ကျောင်းကနေ သိပ်မကျေနပ်လာတာကို ကျွန်မကို စီကာပတ်ကုံးပြောပြပါသည်။ သူမကျေနပ်တဲ့ အကြာင်းက ဧည့်သည်တွေလာတဲ့ အချိန်မှာ (စာသင်ချိန်မှာ) အတန်းထဲက မိန်းကလေးတွေကိုတော့ ကစားချင်ယောင်ဆောင်ခိုင်းသဖြင့် မိန်းကလေးတွေက အပြင်မှာ ထွက်ကစားရပြီး သားတို့တွေကတော့ ကစားဖို့ ဟန်ဆောင်ခိုင်းတဲ့အထဲမှာ မပါလို့၊ သူမကစားခဲ့ရလို့ပါ။
ကျွန်မအတွက်တော့ နည်းနည်းထူးဆန်းသဖြင့် သားရဲ့ မကျေနပ်တာကို ခဏထားခိုင်းပြီး ဆက်မေးဖြစ်ပါသည်။ သားတို့ကတော့ ထိုဧည့်သည်များလာချိန်တွင် ဆရာမက အပင်တွေနဲ့ ပက်သက်ပြီး ရှင်းပြနေတာကို လိုက်ပြီး မှတ်သားနေချင်ယောင် ဆောင်ခိုင်းသဖြင့် ကျောင်းဝန်းထဲက အပင်တွေနားမှာ ဆရာမမှ အပင်တွေ အကြောင်း ရှင်းပြနေသယောင်နှင့် သားတို့မျှ စာရွက်အလွတ်လေးနှင့် မှတ်နေသယောင်ဆောင်ခဲ့ရကြောင်း၊ ဘာမှ မမှတ်ရပေမယ့် ရေးမှတ်ချင်ယောင်သာ ဆောင်ခြင်းဖြစ်ကြောင်း၊ အခြား သူများလည်း အချို့က ပန်းချီဆွဲနေချင်ယောင်၊ စာသင်နေယောင် စသဖြင့် ဟန်ဆောင်နေပြခဲ့ကြောင်း ရှင်းပြပါသည်။
ဘာလို့ ဟန်ဆောင်ပြရတာလဲ သားရယ်ဆိုတော့ – ဆရာမတို့က ဧည့်သည်တွေအား ကျောင်းမှာ စာချည်းပဲ သင်တာမဟုတ်ပဲ၊ ပေးလည်း ကစားကြောင်း၊ အခြားဗဟုသုတတွေ၊ အပင်တွေအကြောင်းကိုလည်း လက်တွေ့ပြသ ရှင်းပြကြောင်း စသဖြင့် ပြသလိုသဖြင့်ဖြစ်ကြောင်း – ဟု ဆရာမမှ ပြောပြကြောင်းကို ကျွန်မအား ပြန်ရှင်းပြပါသည်။
** သားပြောပြတာတွေကို နားထောင်ပြီး ကျွန်မဘုရားတ လိုက်မိပါသည်။ သားတို့တွေရဲ့ mind ထဲမှာ ဟန်ဆောင်တာဟာ၊ တကယ်မဟုတ်တာကို အဟုတ်လုပ်ပြတာဟာ ဘာမှ မဆန်းတဲ့ အကြောင်းအရာ တခုဖြစ်လာပါလား။ သားတို့ အတုယူရမယ့် ဆရာသမားတွေဆီကနေ ဟန်ဆောင်မှုကို သားတို့ ဒီနေ့ သင်ယူခဲ့ရပါလား။ ဒါဟာ မကောင်းဘူးလို့ သားတို့ဘယ်လိုများ ခံယူတော့မှာလဲ။ ဘဝရဲ့ အခြေခံ အုတ်မြစ်ဖြစ်တဲ့ မူလတန်းကာလမှာ ဟန်ဆောင်ခြင်းကို စတင်သင်ကြားနေရပြီလား။ Honesty is the Best ဆိုတာကို ကျွန်မသားကို ဘယ်လို ပြန်ရိုက်သွင်းရပါ့မလဲ။ ကျွန်မခေါင်းထဲမှာတော့ လားပေါင်းများစွာနဲ့ပါ။
နောက်တော့မှ ကျွန်မပြန်စဉ်းစားမိပါသည်၊ အော်ဒါဟာ သားတို့ရဲ့ ကျောင်းပညာရေးကအစ နေရတိုင်း လိုလိုပါပဲလားဆိုတာကိုပါ – ဌာနဆိုင်ရာတွေမှာလည်း လူကြီးလာမယ်ဆို မရှိတာတွေကို အရှိလုပ်ကြရတာပါပဲလေ၊ တချို့တချို့သော Company တွေလည်း ဒီလိုပါပဲလား။ ဒါဆိုရင် ကျွန်မတို့ရဲ့ Mentality တွေကိုက ဒီလို ဖြစ်နေတာလား? ကျွန်မတို့ ဘယ်လိုပြင်ကြမလဲ? ကျွန်မတို့ရဲ့ Generation တွေကိုရော ဘယ်လို mentality မျိုးကို ကျွန်မတို့ လက်ဆောင်ပေးမှာလဲ?
*** ဒါပေမယ့်လည်း လားပေါင်းများစွာရဲ့ နောက်မှာ ကျွန်မစဉ်းစားမိလိုက်တာကတော့ ကျွန်မနဲ့ သားကလေးတို့ကနေ စတင် ပြုပြင်ဖို့ပါပဲ။
*** ကျွန်မရဲ့ သားကလေးကို Honesty is the best ဆိုတဲ့ Mentality မျိုး လက်ဆောင်ပေးဖို့ ကျွန်မကနေ စတင်ပြုပြင်ပြောင်းလဲဖို့ပါပဲရှင်။။။။။။။။။။။။
29 comments
htoosan
July 12, 2012 at 5:59 pm
လက်မထောင်ခဲ့ပါတယ် TheWinner ရေ။
htoosan
July 12, 2012 at 6:05 pm
အင်္ဂလိပ်လို အသုံးများသူ ဖြစ်မယ်လို့ထင်ပါသည် ။ မြန်မာလို ဘာသာပြန် လွယ်တဲ့ ဟာဆို မြန်မာလိုရေးလိုက်တာက ပို ဖတ်လို့ ကောင်းမည်ထင်ပါသည် ။ ဥပမာ .. mind , share ..
မောင်ပေ
July 12, 2012 at 6:47 pm
ကောင်းပါတယ်ခင်ဗျား
ကျုပ်တို ့က သားသမီးမရှိ ၊ ပညာရေးနဲ ့လဲ ဝေးခဲ့တာကြာပြီဆိုတော့
ဒေါ်ဝင်းနား ရေးပြသွားမှဘဲ အကြောင်းစုံ သိရပါတယ် ။
ဝန်ကြီး တို ့၊ တိုင်း မြို ့နယ် ဦးစီးမှူးတွေလာရင် ဝရှိဘဲဝိလုပ်ချင် ၊ ဖော်လံဖား လုပ်ချင် ကြတော့ ၊ ခလေးတွေခဗျာ ကြားကနေ မြေစာပင် ဖြစ်ရောပေါ့…။
TheWinner
July 12, 2012 at 6:53 pm
ပထမဆုံးအားပေးတဲ့ ဦးထူးဆန်းနဲ့ ဦးပေ တို့ရေ – ကျေးဇူးပါပဲနော်။ လိုအပ်တာလေးတွေလည်း လမ်းညွှန်ပေးပါဦးနော်။
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 12, 2012 at 7:22 pm
တကယ်တော့ဗျာ ကျနော်တို ့နိုင်ငံမှာ သဲဖြူခင်း၊ရာဇမတ်ကာတဲ့
ခေတ်မကုန်သေးပါ။
TheWinner
July 13, 2012 at 4:26 pm
ဟုတ်ပါတယ်ရှင်- ကျွန်မတို့ အတော် အချိန်ယူရဦးမှာပါ။
thihayarzar
July 12, 2012 at 7:31 pm
လားပေါင်းများစွာက မကောင်းဘူးဗျ စိတ်ကူး ဒါမှမဟုတ် အတွေးပေါ့ဗျာ .. ဒါလေးက ကျွန်တော်အမြင်ပါ … ကျွန်တော်ကိုယ်တိုင်က သင်ယူဆဲပါ …. ကျွန်တော်တို့ ငယ်ငယ်တုန်းကလည်း အဲဒီတိုင်းပဲဗျာ …. ကျွန်တော်တို့ဆို ပျော်တောင်ပျော်သေးတယ် လူကြီးလာမှာမို့ ဆရာမတွေ အလုပ်ရှုပ်ပြီး စာမသင်ဘူးဗျာ ….
Soe Min Thu
July 12, 2012 at 8:02 pm
ဟား…ဟား….အင်း….
ကျွန်တော်လည်း ကျောင်းသားတစ်ယောက်မို့
အန်တီwinner ရဲ့သား ပြောတာတွေကို နားလည်ပါတယ်
ကျွန်တော်ကိုယ်တိုင် ကြုံဖူးပါတယ်
လူကြီးလာတယ်…စစ်ဆေးရေးလာတယ်…
မလာခင်ကြိုတင်ဇာတ်တိုက်
အင်္ကျ ီ သပ်သပ်ရပ်ရပ်ဝတ်…
စာတော်တဲ့ ကျောင်းသားလေးတွေခေါ်
Bio Lab သွား…
ဆရာမက တော်ကီပွား
ကျောင်းသားတွေက ဟိုဖားဒီဝါး………..ဒီလိုပါပဲ…
ဧည့်သည်လာမယ်….
ကွန်ပျူတာကိုင်တတ်တဲ့ ကျောင်းသားတွေကိုခေါ်
ကွန်ပျူတာခန်းသွား…..
Power Point Project လေးတစ်ခုလုပ်ခိုင်း…
ပြီးရင် ဇာတ်တိုက်…
ဧည့်သည်လာရင်…
ကျောင်းသားတွေလုပ်တဲ့ Project ကို ဆရာမပဲလုပ်သလိုလို
ကွန်ပျူတာဖွင့်…ဟိုရှင်း ဒီရှင်း….
ကိုယ်တိုင်လုပ်တဲ့ ကျောင်းသားတွေက မျက်နှာငယ်လေးနဲ့ နားထောင်…
.
.
.
ဘယ်တော့များမှ ဟန်ဆောင်တာတွေ ကုန်ဆုံးနိုင်မှာလဲ…
Generation တွေ ဘယ်လို ရှင်သန်ကြမှာလဲ…
ဟန်ဆောင်……………ဟန်ဆောင်…………….ဟန်ဆောင်…
ရှက်စရာကောင်းလွန်းပါတယ်နော်…
ကျောင်းကိုလာတဲ့ လူကြီးတွေ…ဧည့်သည်တွေလဲ သိမှာပါပဲလေ…
ဲမြန်မာနိုင်ငံ မှာ ပညာရေး အတုအယောင် ဟန်ဆောင်မှုတွေရှိနေပါတယ်…….
Soe Min Thu
July 12, 2012 at 8:02 pm
ဟား…ဟား….အင်း….
ကျွန်တော်လည်း ကျောင်းသားတစ်ယောက်မို့
အန်တီwinner ရဲ့သား ပြောတာတွေကို နားလည်ပါတယ်
ကျွန်တော်ကိုယ်တိုင် ကြုံဖူးပါတယ်
လူကြီးလာတယ်…စစ်ဆေးရေးလာတယ်…
မလာခင်ကြိုတင်ဇာတ်တိုက်
အင်္ကျ ီ သပ်သပ်ရပ်ရပ်ဝတ်…
စာတော်တဲ့ ကျောင်းသားလေးတွေခေါ်
Bio Lab သွား…
ဆရာမက တော်ကီပွား
ကျောင်းသားတွေက ဟိုဖားဒီဝါး………..ဒီလိုပါပဲ…
ဧည့်သည်လာမယ်….
ကွန်ပျူတာကိုင်တတ်တဲ့ ကျောင်းသားတွေကိုခေါ်
ကွန်ပျူတာခန်းသွား…..
Power Point Project လေးတစ်ခုလုပ်ခိုင်း…
ပြီးရင် ဇာတ်တိုက်…
ဧည့်သည်လာရင်…
ကျောင်းသားတွေလုပ်တဲ့ Project ကို ဆရာမပဲလုပ်သလိုလို
ကွန်ပျူတာဖွင့်…ဟိုရှင်း ဒီရှင်း….
ကိုယ်တိုင်လုပ်တဲ့ ကျောင်းသားတွေက မျက်နှာငယ်လေးနဲ့ နားထောင်…
.
.
.
ဘယ်တော့များမှ ဟန်ဆောင်တာတွေ ကုန်ဆုံးနိုင်မှာလဲ…
Generation တွေ ဘယ်လို ရှင်သန်ကြမှာလဲ…
ဟန်ဆောင်……………ဟန်ဆောင်…………….ဟန်ဆောင်…
ရှက်စရာကောင်းလွန်းပါတယ်နော်…
ကျောင်းကိုလာတဲ့ လူကြီးတွေ…ဧည့်သည်တွေလဲ သိမှာပါပဲလေ…
ဲမြန်မာနိုင်ငံ မှာ ကျောင်းမှာတောင် အတုအယောင် ဟန်ဆောင်မှုတွေရှိနေပါတယ်…….
TheWinner
July 12, 2012 at 8:42 pm
ဟုတ်ပါတယ် ကိုစိုးမင်းသူရယ် – ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်က ဘယ်တော့မှ ကုန်ဆုံးနိုင်တဲ့ ဟန်ဆောင်မှုတွေကို ကျွန်မတို့ရဲ့ Generation တွေကို လက်ဆောင် မပေးမိဖို့ ကြိုးစားရမှာပါ။
“”ဘယ်တော့များမှ ဟန်ဆောင်တာတွေ ကုန်ဆုံးနိုင်မှာလဲ…
Generation တွေ ဘယ်လို ရှင်သန်ကြမှာလဲ…””
ဦးဦးပါလေရာ
July 12, 2012 at 11:26 pm
လူမှန်းသိကတည်းက
“ အင်ထု ” တာ စ သင်ပေးတယ်လေ…။
အဲဒီပညာရေးစံနစ်က ဘယ်လိုလုပ် ရိုးသားတဲ့လူတွေကို မွေးထုတ်ပေးမှာလဲ….။
မောင်သုည
July 13, 2012 at 12:24 am
လက်မထောင်၍ အားပေးပါတယ် ဒေါ်အောင်နိုင်သူရေ…ဂျေးအထပ်အထပ် နဲ့လမ်းဟောင်းကအတွေးအခေါ်ဟောင်းတွေကို ရဲရဲဝင့်ဝင့် စွန့်ပစ်ရဲတဲ့ ဆရာ။ဆရာမတွေ ကျနော်တို့၍မြန်မာပြည်ကြီးမှာများစွာလိုအပ်နေသလို…မိမိတို့ရဲ့တပည့်တွေ၊လူငယ်တွေကို အမှားကိုသိပြီး၊အမှန်ကိုမြင်တတ်တဲ့ အတွေးအခေါ်တွေကို လေးလေးနက်နက်စဉ်းစားဝေဖန်တတ်တဲ့
အလေ့အကျင့်လေးတွေရရှိအောင် သွန်သင်ပေးနိုင်မယ့် ဆရာတွေ၊ဆရာမတွေများစွာများစွာမွေးထုတ်ပေးနိုင်ပါစေလို့…မျှော်လင့်တောင့်တမိပါ၏…
အစဉ်အမြဲလေးစားခင်မင်တတ်သော…
အညတရ(မောင်သုည)
padonmar
July 13, 2012 at 1:11 am
၄ခုမြောက်လက်မလေးထောင်ခဲ့ပါတယ်။
အဲဒီလို လိမ်ညာတဲ့ ပညာရေးမျိုး လုံးဝ မရှိသင့်ပါဘူး။
အဖြူရောင်နှလုံးသားလေးတွေ ညစ်နွမ်းအောင်လုပ်တာ အပြစ်ပိုကြီးပါတယ်။
ဒါကြောင့်လည်း ၁၉၈၈ ရဲ့ နောက်ပိုင်းတွေမှာ ပိုပြီးဆိုးဝါးတဲ့ စာရိတ္တတွေတွေ့လာနေရတာပါဘဲ။
လူကြီးပျက်တော့ ကလေးပါပျက်၊ကလေးကြီးတော့ ၂ဆတိုးပြီးပျက် ။ြပြန်ကောင်းအောင်ပြင်ချင်ရင် ၄ဆတိုးပြီး ကောင်းပြမှရတော့မယ်။
ကြောင်လေး
July 13, 2012 at 9:15 am
တစ်ပုဒ်တည်းတင်ပေလို့ပဲ၊ တစ်ပုဒ်ဆိုတစ်ပုဒ် ထိရောက်တဲ့ ပို့စ်ပါပဲဗျာ။ကုန်လွန်ခဲ့တဲ့ (၁၀) စုနှစ်တွေမှာ လန်းဂွေ့လက် တို့ မာတီမီဒီယာ ရွန်း တို့ ဆိုတာကြီးတွေကြောင့်ကုန်ခဲ့တဲ့ငွေနဲ့ အဲဒါတွေဖွင့်ပွဲလိုက်လုပ်ရတဲ့ စရိတ်တွေ၊ လူကြီးလာပြီးဖွင့်ပွဲလုပ်ကာနီးမှ ဟိုဘက်ခရိုင်က ကွန်ပျူတာတွေသွားငှါး ကလေးတွေကိုဟန်ပြထိုင်ခိုင်းခဲ့ရတာတွေ………..
မဝင်းနားရဲ့သားလေး ခုမှ အတတ်ကောင်းတွေ သင်ခံရတာမဟုတ်ပါ၊ ဟိုတုန်းကတည်းက သင်ခံရတဲ့ကျောင်းသူားတွေ အခု ဆိုအရာရှိကြီးတွေဖြစ်လို့ အတတ်ကောင်းများနဲ့ နိုင်ငံတာဝန်ကိုဆက်လက်ထမ်းဆောင်နေပါဂျောင်း………..
မွန်မွန်
July 13, 2012 at 10:19 am
မွန်မွန်ကိုယ်တိုင်လည်း အဲဒီ ဟန်ဆောင်ပြဇာတ်ထဲမှာ ဝင်ကခဲ့ဖူးပါတယ်။
တစ်လျှောက်လုံးပိတ်ထားခဲ့တဲ့ ကွန်ပျူတာခန်း၊ language lab ခန်းတွေကို လူကြီးလာမယ်ဆိုမှ တစ်ရက်ကို ဖုန်သွားရှင်း၊ တစ်ရက်ကို ကဇာတ်တိုက် လုပ်ခဲ့ရတာပါ။
လပတ်စာမေးပွဲဖြေဖို့အတွက် စာသင်ချိန်မလုံလောက်တာကြောင့်ရော၊ မီးပျက်တဲ့အတွက် multi media ကို သုံးဖို့ မီးစက်မောင်းရင် ဆီဖိုးကုန်မှာစိုးတဲ့အတွက်ကြောင့်ရော၊ အသုံးများလို့ ပျက်သွားရင် ပြန်လည်ပြင်ဆင်ဖု့ိအတွက် ဘက်ဂျက်ထိခိုက်မှာစိုးတဲ့အတွက်ရော…ဘာရောညာရောနဲ့ အခန်းတွေကို ပိတ်ထားခဲ့တာပါ။ (နှစ်ပတ်လည် ဆုပေးဖို့အတွက်တောင် ဆရာမတွေက မြို့ထဲမှာလှည့်ပြီး အလှူခံခဲ့ရတာပါ။)
အကောင်းဆုံးကတော့ ပုံပြင်ထဲကအတိုင်း ဘုရင်တွေ စနည်းနာရင် ဘယ်သူမှမသိအောင် တိတ်တိတ်လေးထွက်သလို လူကြီးတွေလည်း အမှန်အကန်ကို စစ်ဆေးတွေ့ရှိချင်ရင် ရှောင်တခင်သာ လာစစ်ကြပါလို့။ ပျာပျာသလဲနဲ့ ခမ်းခမ်းနားနားကြိုဆိုတာကို လိုချင်တယ်ဆိုရင်တော့ ကြိုတင်အကြောင်းကြားပြီးမှ လာပါလို့…။
lynn lynn
July 13, 2012 at 11:00 am
အမရေ ငယ်ငယ်ကျောင်းသားဘဝကတည်းက ဟန်ဆောင်လာလိုက်တာ အခု အလုပ်ခွင်ဝင်တော့လည်း ဟန်ဆောင်နေရတုန်းပဲ။ ဟန်ဆောင်မှုကင်းတဲ့ ဘဝကို လိုချင်နေမိပြီ။
P chogyi
July 13, 2012 at 11:10 am
အမှန်ပါပဲ
အဆောက်အဦတစ်ခုဖြစ်စေ၊ နိုင်ငံတော်တည်ဆောက်ရာမှာဖြစ်စေ
အခြေခံက ခိုင်မာမှ ရေရှည်တည်တံ့နိုင်မှာ ဖြစ်ပါတယ်
အခြေခံပညာမူလတန်းဆိုတာ
လူ့ဘဝရဲ့၊ ပညာရေးရဲ့ အခြေခံပါ ဒါကိုသေသေချာချာ မဆန်းစစ်ဘဲ
အခြေခံပညာမူလတန်းဆိုရင် ဖြစ်သလိုသင်လိုက်ကြတယ်
ဆရာ၊ ဆရာမတွေကိုဖြစ်သလိုခန့်ထားတယ်
တစ်ချို့မူလတန်းတွေမှာ ဆရာ၊ ဆရာမတွေကိုယ်တိုင်
ကလေး(ခလေး)တွေ ကို တစ်ကယ်တတ်အောင်၊ နားလည်အောင်
ဘယ်လိုသင်ရမယ် မသိကြဘူး၊ နမူနာကောင်းတွေ မပြကြဘူး
သင်ရိုးကုန်ရင်ပြီးရော မအောင် မရှိ၊ ငါ့တပြည့်လုပ်နေတယ်
အနာဂတ်ခေါင်းဆောင်လောင်း၊ အတတ်ပညာရှင်လောင်း လူငယ်တွေ
ရှေ့ရေး ရင်လေးစရာပါ။
Shwe Ei
July 13, 2012 at 11:24 am
လူကြီးလာမယ်လို့ ကြားတိုင်းစိတ်ညစ်ရတာတော့ ကျမတို့ကျောင်းသားဘဝနဲ့တူတူပါဘဲ။ ကျောင်းသားတွေကို မနက် ၅နာရီထခိုင်း လူကြီးကြိုဖို့ နှုတ်ဆက်ဖို့ အင်အားပြခိုင်း ကြံ့ဖွတ် အသင်းဝင်ခိုင်း ဘာတွေမှန်းကို မသိဝူး။ Media Room တွေမှာ စာသင်ချင်ယောင်ဆောင်တဲ့အထဲ ငုတ်တုတ်ထိုင်ရတာကတော့ တက္ကသိုလ်တက်တဲ့အထိဘဲ။ စိတ်လေတယ် 🙁 လူဂျီးဆိုတဲ့ ကျက်သရေတုံးတွေကလဲ သူတို့ကိုလူကြည့်ခံရတာ အတော်ကြိုက်နေလားမသိဘူး။ ဝါသနာကြီးနေရင်လဲ မင်းသားဘဲတက်လုပ်ကြပါတော့ 😡
nozomi
July 13, 2012 at 11:34 am
ကျောင်းမှ မဟုတ် နေရာတိုင်းမှာ မလိမ်ကျတော့တဲ့ နေ့ရောက်လာရင်
မြန်မာပြည်ကြီး သိပ်မကြာခင် တိုးတက်တော့မယ် ဟေ့ လို့ ပြောလို့ ရပါပြီ
ပထမဆုံး ပို့စ် မှာ တင် အကြောင်းအရာရော အရေးအသားပါ သဘောကျမိပါတယ်
နောက်ပို့စ် တွေကိုလဲ စောင့်ဖတ်နေပါမယ်
Shwe Tike Soe
July 13, 2012 at 11:43 am
အော် အဲဒါ ကျွန်တော်တို. အထက်တန်းကျောင်းသားဘဝ ကတည်းက ဖြစ်နေကြလေးပါ…
အမြဲတမ်း မရှိတာကို အရှိဟန်ဆောင်ရတယ်…ကွန်ပျူတာ အခန်းဆို လူကြီးလာရင် ကွန်ပျူတာတွေ သွားငှားပြီး ပြရတယ်…လူကြီးတွေလာတော့မယ်ဆိုရင် လက်တွေ.ခန်းတွေ မြေပုံအသစ်တွေဝယ်ချိတ်ရ
ရှိစုမယ့်စု လက်တွေ.ပစ္စည်းတွေ စားပွဲပေါ်တင်ရ…တကယ်သုံးရသလားဆိုတော့ အနားတောင်မကပ်ရဘူး…
ဟန်ဆောင်ပန်ဆောင်တွေ လုပ်ပြီး ကျောင်းတက်ခဲ့ရတယ်လေ…
အင်း ကျွန်တော့်ရဲ. မျိုးဆက်သစ်တွေအတွက် ဘယ်ကျောင်းကိုထားပြီး ဘာပညာတွေသင်ပေးရမလဲ………သင့်ခ် သင့်ခ် သင့်ခ် သင်ခ့် သင်ခ့်
ငပွကြီး
July 13, 2012 at 12:32 pm
ဒါကလည်း ကျူပ်တို့နှိင်ငံမှာ ခေါက်ရိုးကျိုးနေတဲ့ သောက်ကျင့်တစ်ခုဘဲ
အပေါ်က လူကြီးဆိုတဲ့ သူတွေကလည်း အဲဒီလိုလေး ညာနေတာ လိမ်နေတာတွေကို မသိမဟုတ် သိသိကြီးနဲ့ကို အရသာခံပြီး မသိချင်ယောင်ဆောင်နေတာတွေ….
တစ်ယောက်က လိမ်တယ် တစ်ယောက်က သိသိကြီးနဲ့ ခပ်တည်တည် ခေါင်းတငြိမ့်ငြိမ့် ပြုံးစိပြုံးစိလုပ်နေမယ်…သတင်းစာတွေထဲမှာပါသလိုပေါ့ဗျာ….
သေချာသာ ပြန်စဉ်းစားကြည့် အကုန်လုံး သောက်ပေါတွေကြီးဘဲ…
နောက်ဆုံး ဘယ်သူတွေနစ်နာပြီး ဘယ်သူတွေဘာဖြစ်မလဲ…
ခံစားရတယ်……
manawphyulay
July 13, 2012 at 12:44 pm
အင်း ဒါတောင် ၄ တန်းပဲရှိသေးတယ်နော်။ ကလေးတွေရဲ့စိတ်ထဲကို ဘယ်လိအရာတွေက ရိုက်သွင်းခဲ့သလဲဆိုတာ မသိပေမယ့် ဒီအရွယ် နုနယ်တုန်းမှာ ဒီလိုမလုပ်သင့်ဘူး။ ကျောင်းမှာ စာသင်တော့ သင်ရတဲ့တပည့်မလေးတစ်ယောက်က ကချင်လူမျိုးပါ။ သူက ဆရာမလို့ မခေါ်ပဲ အစ်မလို့ခေါ်ပါတယ်။ သူဘယ်လိုပဲခေါ်ခေါ် သင်ပေးတာ တန်းတူသင်ပေးတာဖြစ်တဲ့အတွက် ဘာမှစိတ်ထဲမဖြစ်မိပါဘူး။ တစ်ရက်တော့ ဆရာတွေက ညာတယ်ဆိုတဲ့အသုံးအနှုန်းကို လူတွေအများရှေ့မှပြောလာပါတယ်။ ဆရာမလည်း ညာမှာပဲတဲံလေ။ ဘယ်လို နေရာက ဘယ်လိုစာတွေသင်ပေးသလဲဆိုတာတော့မသိပါ။ မနောစိတ်ထဲတော့ ခဏတာ ထောင်းခနဲဖြစ်သွားမိပါတယ်။ ဒီတော့ ကလေးမလေးကို ဒီလို ပြန်ပြောမိပါတယ်။ သမီး…. ဆရာတွေက ညာတယ်ဆိုရင် သမီး ညာတဲ့လိမ်တဲ့ ဆရာတွေဆီက ပညာမယူသင့်ဘူးလို့ ဒီလိုသာဆို သူတို့လိမ်တာ ညာတာတွေပဲ ကိုယ့်ဆီမှာရသွားမှာပေါ့လို့ ပြောလိုက်မိပါတယ်။ ကလေးမလေးက သမီးအဲလိုသဘောနဲ့ပြောတာမဟုတ်ပါဘူးလို့ ပြောပြီး ငြိမ်သွားပါတယ်။ ကဲ ဘယ်နှယ်ပြောရမလဲ သူဘယ်လိုဝန်းကျင်ကလာတယ်ဆိုတာ နားလည်လိုက်မိပါတယ်။
kyeemite
July 13, 2012 at 2:12 pm
ပညာရေးနဲ့ပါတ်သက်ပြီး တစ်ယောက်က ပို့စ်တစ်ခုတင်ရင်
ရွာသူားတွေက ကိုယ့် အမြင် ကိုယ့်ရှု့ဒေါင့်လေးတွေကနေ
ဝိုင်းဝန်းဆွေးနွေးကြတော့ ပိုပြီးပြည့်စုံသွားတတ်ပါတယ်…
အခုလည်း ဒီပို့စ်ထဲမှာပြောထားတဲ့ လိမ်ညာ ဟန်ဆောင်မှု့
ဆိုတဲ့ ကိစ္စဟာ ကျောင်းတွေမှာတစ်ကယ်ရှိနေတယ်ဆိုတာ
ဝိုင်းမန့်ကြတဲ့ကွန်မန့်တွေအရ အတည်ပြုလို့ရပါတယ်..
ဒီလိုကိစ္စ တွေကို မီဒီယာတွေကနေ တရစပ်ဖွပေးရမယ်
အလိမ်ခံရတာ အရသာတွေ့နေကြတဲ့ အဲဒီလူဂျီး ဆိုတာတွေ
သိလာအောင် ရှက်လာအောင် ပြုပြင်လာကြအောင်ပေါ့…
ပထမဆုံးပို့စ် ပေမဲ့ အင်မတန်အကျိုးပြုမဲ့ ပို့စ်လေးဖြစ်ပါဂျောင်း..
TheWinner
July 13, 2012 at 2:59 pm
ဦးဦး ပါလေရာ၊ ဦးအညတရ၊ မမပဒုမ္မာ၊ ဦးကြောင်လေး၊ မွန်မွန်၊ လင်းလင်း၊ ဦး P-Chogyi၊ Shwe Ei, nozomi, ဦးရွှေတိုက်စိုး၊ ဦး ငပွကြီး၊ မနော်ဖြူလေး၊ ဦးကြီးမိုက် နှင့် အစ်ကို၊ အမတို့ရေ၊
* ပါဝင်ဆွေးနွေးပေးခဲ့တာရော၊ ပထမဆုံးတင်တဲ့ post လေးကို ဝင်ရောက်ဖတ်ရှုပေးတဲ့ အတွက်ရော အထူးပဲ ကျေးဇူးတင်ပါတယ်နော်။
* ဒီ Post လေးနဲ့အတူ ပါဝင်ဆွေးနွေးပေးခဲ့တဲ့ Theme လေးတွေကနေ ပညာရေး အခြေခံအုတ်မြစ်ဖြစ်တဲ့ မူလတန်းပညာရေးမှာ ဟန်ဆောင်မှုတွေ ကင်းဝေအောင် ဝိုင်းဝန်းတိုက်လှုံ့ဆော်ကြပါစို့နော်။
အားလုံးကို အထူးချစ်ခင်လေးစားလျက်၊
Thewinner
kyeemite
July 13, 2012 at 2:15 pm
မေ့သွားလို့ဒေါ်ဝင်းနားရေ..
ခြောက်ချောင်းမြောက်လက်မထောင်သွားတယ်ဗျို့..
နွေဦး
July 13, 2012 at 3:39 pm
သူငယ်တန်းကျောင်းတွေကအစ
နောက်ဆုံး လွတ်တော်ထဲထိအောင်…
ဟန်ဆောင် လိမ်ညာနေကြတာ…
ဒါကြောင့် နေရာတကာ transparency ပွင့်ပွင့်လင်းလင်းရှိဘို့
ခလေးတွေကို အခြေခံပေးရမှာ..
ခုတော့..
Nyein Nyein
July 13, 2012 at 7:00 pm
ငြိမ်းတို့လည်း အထက်တန်းတုန်းက အဲလိုမျိုး ဟန်ဆောင်ဇာတ်လမ်းထဲမှာ ဝင်ရောက်ကပြခဲ့ရဖူးပါတယ်။ အဲဒီ့တုန်းကတော ကလေးစိတ်နဲ့ဆိုတော့ (အခုလည်း ကလေးစိတ် မပျောက်သေးပါ။) ဆရာမလူရွေးတဲ့ထဲမှာ မပါမှာစိုးရတာနဲ့၊ ဆရာမပြောတဲ့ အတိုင်း မလုပ်နိုင်မှာစိုးရတာနဲ့ပေါ့။ အခု အစ်မ winner ပြောလိုက်မှပဲ သေချာပြန်စဉ်းစားမိပါတယ်။ အဲ့ဒီ့တုန်းက ဟန်ဆောင်ရမှာကို တက်ကြွနေတာဟာ ဘာလို့များပါလိမ့်လို့ပေါ့။ ငြိမ်းစဉ်းစားမိတဲ့အဖြေကတော့ အဲဒီ့အချိန်တုန်းက ဆရာမတွေက လူရွေးရင် စာတော်တဲ့သူတွေ၊ ရုပ်ရည်ပြေပြစ်တဲ့သူတွေကိုပဲ အများဆုံးရွေးကြပါတယ်။ ကိုယ်အရွေးခံရရင် ကိုယ့်ကိုယ်ဆရာ/ မတွေက အသိအမှတ်ပြုပေးတာပဲဆိုတဲ့စိတ်က ဝင်နေလို့ပါ။ ( ကလေးတွေ စာတော်အောင် ကြိုးစားတာဟာ အဲလိုမျိုး ဟန်ဆောင်တဲ့နေရာမှာ အသုံးချခံဖို့ဆိုတဲ့ စိတ်ဓာတ်မျိုးရိုက်သွင်းပေးသလိုဖြစ်နေပါတယ်။ ) အဲဒီ့စိတ်မျိုးတွေ မဝင်အောင်သေချာလေ့ကျင့်ပေးဖို့တော့ လိုနေပါပြီ။ အသိအမှတ်အပြုခံချင်တာကိုတော့ အပြစ်လို့ ပြောလို့မရပေမယ့် ဘယ်လိုခေါင်းစဉ်တပ်ပြီး အသိအမှတ်ပြုခံချင်တာလဲဆိုတာတော့ အရေးကြီးမယ်လို့ထင်တယ်။
MaMa
July 13, 2012 at 7:35 pm
ဖြူစင်တဲ့ကလေးတွေကို အရောင်ဆိုးပေးလိုက်တာ
ဒီကလေးတွေ ကြီးလာတဲ့အခါ ဖြောင့်မှန်ရမယ်ဆိုတာကို ဘယ်လိုလုပ်ပြီး သိနိုင်ပါ့မလဲ။
သဂျီးပြောတဲ့ ကျိန်စာဆိုတာက အဲဒီက စတာပဲ [:-((]
(ပထမဆုံးပိုစ့်လေးမို့ ညှာညှာတာတာလေးတော့ ဝေဖန်ပေးပါနော်)
ဆိုတော့ကာ…………. ဒီရွာသားတွေ လက်သံပြောင်ပုံရတယ်။
(ကိုယ်မပါ) [:D]
pooch
July 13, 2012 at 10:04 pm
ပထမဆုုံး ပိုစ့်ဆိုပေမဲ့ အတွေးကောင်း အရေးကောင်းလို့ ထင်မိပါတယ်။ ကျောင်းတွေမှ မဟုတ်ပါ ဘူး အမရယ် နေရာအားလုံး လိမ်နေခဲ့ ကြတာပါ။ ဆိုတော့ အမရေ လာမယ် .. ကြာမယ်ဆိုတာမျိုးတော့ မစောင့်ချင်တော့ပါဘူး။ အားလုံးဝိုင်းပြီး ပြင်ကြရအောင်ပါနော်။