မပြီးဆုံးနိုင်သော ပုံပြင် တစ်ပုဒ် ကန်စပ်နဘေးက ဒီဆိုင်လေးကို ကျွန်မ မရောက်ဖြစ်ခဲ့တာ နှစ်နှစ်နီးပါးကြာခဲ့ပါပြီ။ ယခင်ကတော့ ဒီဆိုင်ကလေးက Tourist တွေလည်း အစားများပြီး၊ အစားအသောက် ကောင်းလွန်းတာကြောင့် ကျွန်မတို့မိသားစု အပတ်စဉ်လိုလို၊ တခါတရံ တစ်ပတ် နှစ်ရက်လောက်လိုလို ရောက်ဖြစ်ကြပါသည်။ ဒါပေမယ့် နောက်ပိုင်း စင်တင်တေးဂီတနဲ့ တွဲလိုက်တော့ ပိုမိုစည်ကားလာပြီး လူလည်း ပိုများလာတာကြောင့်ရယ်၊ မျက်စေ့နည်းနည်း ရှုပ်လာတာရယ်၊ တချို့တချို့သော မိန်းကလေးတွေနဲ့ အမျိုးသားတွေရဲ့ နေပုံထိုင်ပုံတွေရယ်ဟာ ကျွန်မရဲ့သားအတွက် စပ်စုစရာလေးတွေ ဖြစ်လာတာတွေ ရယ်ကြောင့် ကျွန်မ မရောက်ဖြစ်တော့ပါ။ ဒီနေ့တော့ သူငယ်ချင်းက သူ့ရဲ့ မင်္ဂလာဧည့်ခံပွဲအပြီး အရင်းနှီးဆုံး သူငယ်ချင်းတွေကို ပွဲလေး တစ်ပွဲလုပ်ပေးတော့ ကျွန်မ ဒီဆိုင်လေး ကို ပြန်ရောက်လာမိပါတယ်။ ကျွန်မကိုတွေ့တယ်ဆိုရင်ပဲ ဆိုင်မှ စားပွဲထိုးကောင်လေးတွေက […]