Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မင်းမှန်ပါတယ် မိန်းကလေးရယ်

TheWinner GetprizeOctober 20, 20131min77321

ကျွန်မနဲ့ ဇာခြည်တို့ဟာ ငယ်ပေါင်းကြီးဖော် မဟုတ်ပေမယ့်လည်း တစ်ဦးနဲ့ တစ်ဦးဟာ မိသားစုအခြေအနေ တွေတူကြတာရယ်၊ language တူတာကြောင့်ရယ်နဲ့ပဲ မကြာခဏဆုံဖြစ်ကြရင်းနဲ့ (၅) နှစ်လောက်အကြာမှာတော့ အင်မတန်မှ ရင်းနှီးတဲ့ ရင်ဖွင့်ဖော်၊ တိုးတိုးဖော်လေးတွေ ဖြစ်လာခဲ့ကြပါတယ်။

“ညနေတော့ ဆုံကြရအောင်ဟယ်” ဆိုတဲ့ ဇာခြည့်ကြောင့် ကျွန်မတို့ ဆုံနေကြ အကင်ဆိုင်လေးမှာ ရုံးအဆင်း ဆုံမိကြတယ် ဆိုရင်ပဲ –
“မြိုင်ရေ၊ ငါတော့ နင်မကြိုက်တဲ့ အမှောင်ထဲကနေ ရုံးထွက်လိုက်နိုင်ပြီ” — ဆိုတဲ့ ဇာခြည့်ရဲ့ ရင်ဖွင့်သံလေးတွေဟာ ကျွန်မအတွက် ပိတိဖြစ်ခဲ့ရပါတယ်။

ဇာခြည့်ကို လိုက်ပို့ပေးပြီး အပြန်လမ်းမှာတော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က အမှောင်ထု တခုထဲကို ဝင်ရောက်ခဲ့တဲ့ မိန်းကလေး (ဇာခြည်) ရဲ့ အကြောင်းတွေ ကျွန်မအတွေးထဲ ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်…..

******

ဇာခြည်ရော ကျွန်မပါ မိသားစုတွေကို ဦးဆောင်ရတာ တူညီကြပါသည်။ ကျွန်မတို့မှာ အမြဲမရိုးနိုင်သော၊ မပြီးဆုံးနိုင်သော မိသားစု အခက်အခဲများ၊ ပြသနာများ မျိုးစုံအောင်ရှိကြပါသည်။ ရှိလာတိုင်းလည်း တစ်ဦးနဲ့ တစ်ဦး အားပေးကြ၊ ရင်ဖွင့်ကြနဲ့ပေါ့။

အလုပ်မှာရောတဲ့ – ဇာခြည်ဟာ သူမရဲ့ အလုပ်မှာလည်း အင်မတန်ကြိုးစားတဲ့အတွက် သူတို့ကုမ္ပဏီအတွက်လည်း အရေးပါတဲ့သူ၊ ကုမ္ပဏီက အားကိုးရတဲ့ သူတစ်ဦးပါ။ မကြာခဏဆိုသလိုလည်း ခရီးသွားရတတ်ပြီး ခရီးက ပြန်လာတိုင်းလည်း သူမရဲ့ အလုပ်ခွင် အတွေ့အကြုံလေးတွေကို ကျွန်မကို ရင်ဖွင့်နေကြပါ။

အဲဒီလို ဇာခြည်က အခုတော့ – တစ်ယောက်ယောက်ရှိနေပြီ ဆိုတာကို ကျွန်မသတိထားမိလာအောင် ဆုံမိတိုင်း အဲဒီလူအကြောင်းက မကြာခဏ ပါပါလာပါပြီ။

ဒါပေမယ့် သူ့အကြောင်းကို ဇာခြည်ကလည်း သေချာပြောချင်ပုံမရတော့ ကျွန်မလည်း မမေးဖြစ်ခဲ့ပါ။ ကျွန်မနဲ့ ဇာခြည့်ကြားမှာ ဖွင့်ပြောလို့ သေချာမရတဲ့ အကြောင်းလေးတွေ ရှိနေပြီဆိုတာကိုတော့ စကားထိမ်းပြောလာတဲ့ ဇာခြည့်ကို ကြည့်ရင်း ကျွန်မနားလည်လာပါတယ်။ တနေ့မှာတော့ သူမ ပြောလာမှာ သေချာတဲ့ အတွက် ကျွန်မလည်း မမေးဖြစ်ခဲ့ပါ။

ထင်တဲ့အတိုင်းပါပဲ တနေ့မှာတော့ ကျွန်မအပေါ်ပွင့်လင်းတဲ့ ဇာခြည် ဘာလို့မပြောလည်းကို ကျွန်မသိလိုက်ရပါသည်။
ကျွန်မမဖြစ်ပါစေနဲ့ ဆုတောင်းနေတဲ့ကြားထဲကပါပဲ–

အခုခေတ်မှာ မဆန်းတော့ပါလို့ ပြောရင်လည်း ရပေမယ့် ကျွန်မတို့ မြန်မာလူမျိုး အမျိုးကောင်းသား၊ အမျိုးကောင်းသမီးများအတွက်တော့ ဆန်းပါတယ်လို့ ပြောရမှာပါပဲ-

ဘာလို့လဲဆိုတော့ ဇာခြည်ရဲ့ တယောက်ဟာ Family ရှိနေလို့ပါပဲ။ ကျွန်မဘာလုပ်ရမလဲ? တားဖို့ကြိုးစားကြည့်ရမှာပေါ့။

ကျွန်မသေချာအတတ်ပြောနိုင်တာကတော့ လောဘမရှိတဲ့ ဇာခြည်အဖို့ အများ ပြောနေကြတဲ့ Sponsor မဟုတ်တာကတော့ အသေအချာပါပဲ။

ဇာခြည်နဲ့ စကားပြောကြည့်တဲ့အခါမှာတော့ သူမခေါ်တဲ့ အစ်ကိုအပေါ်မှာ တွယ်ညှိမှုနဲ့၊ သံယောဇဉ်ဟာ အတော်လေးကို ကြီးမားတာကို ကျွန်မတွေ့လိုက်ရပါတယ်။ တကယ်တော့ သူတို့ တစ်ခါပဲ ဆုံဖူးကြတာပါ။ ဒါပေမယ့် တနေ့ကို ၃၊၄ ခါထက်မနည်း ဖုန်းပြောဖြစ်ကြပါတယ်။ အဲဒါကလည်း သူမရဲ့ အစ်ကို အားတဲ့ အချိန်တွေမှာပါပဲ။ ဇာခြည့်ရဲ့ အစ်ကိုဟာ မိသားစုအပေါ်မှာ အတော့်ကို တာဝန်ကျေပွန်လှတဲ့ ခင်ပွန်းကောင်းတစ်ဦး၊ ဖခင်ကောင်းတစ်ဦးပါပဲ။ ပြီးတော့ လူကောင်းတစ်ဦးပါ။ သူကပြသာနာ မတက်အောင်လည်း ကြိုတင်စဉ်းစားထားတတ်သူပါ။ သူလုံးဝ အားတဲ့ အချိန် (ဥပမာ – သူတနေရာကနေ တနေရာကို နေ့စဉ် ကားမောင်းသွားရတဲ့ အချိန်) တွေမှာသာ ဇာခြည်နဲ့ ဖုန်းပြောများကြပါတယ်။

ဇာခြည်ဟာ ပထမတော့ family ရှိတဲ့ အစ်ကိုရဲ့ပက်သက်လာမှုကို တတ်နိုင်သလောက် ရှောင်ခဲ့ပေမယ့် ညီမလေး အရင်းလိုခင်တာပါဆိုတဲ့ အစ်ကို့ရဲ့ခင်မင်မှုတွေကို ကြာကြာမရှောင်နိုင်ခဲ့ပါဘူး။ အဲဒီကနေ လတွေကြာလာတော့လည်း အရင်းနှီးဆုံး ရင်ဖွင့်ဖော်တွေ အဖြစ်ပြောင်းလဲခဲ့ပါတယ်။

ဇာခြည့်ရဲ့အစ်ကိုဟာ ဇာခြည်မကြိုက်တဲ့ လက်ရှိမိသားစု မကောင်းကြောင်းကို မပြောခဲ့သလို၊ သူ့စကားကို အမြဲနားထောင်ပြီး၊ သူ့အကြံညာဏ်ကို အမြဲလေးစားတဲ့ ဇာခြည့်ကိုသာ လောကကြီးမှာ အချစ်ဆုံးလို့ ဆိုတာကိုလည်း မဖြစ်နိုင်မှန်းသိပေမယ့် ဇာခြည်ယုံကြည်လာခဲ့မိပါတယ်။
နောင်ဘဝဆိုတာသာရှိခဲ့ရင် ဇာခြည်နဲ့သာ ဆုံတွေ့ပါရစေလို့ ဆုတောင်းလေ့ရှိတဲ့ အစ်ကို့ကို သံယောဇဉ်နဲ့ တွယ်ညိမှုတွေ ပိုခဲ့ရသလို၊ ဇာခြည့်ရဲ့ Every Single Detail ကို လိုက်ပါ ခံစားနားလည်ပေးတတ်လို့လည်း နောက်ပိုင်းမှာတော့ အချစ်ပိုခဲ့ရပါတော့တယ်။

အဲလို ကိစ္စတွေကို ရှုံ့ချချင်တဲ့ ကျွန်မအဖို့ ဇာခြည့်ကို အလွန်ဒေါသထွက်ပေမယ့်လည်း သူမရဲ့ အစ်ကိုက –
“သူ့ Family ကိုတော့ ထိခိုက်မခံပါဘူး” လို့ တရားဝင် ကြွေးကျော်ထားလို့ – “သူကများ” ဆိုပြီး အင်မတန်ဒေါသထွက်ပေမယ့်လည်း တစ်ဖက်ကတော့ စိတ်နည်းနည်းအေးရပါတယ်။

ကျွန်မရဲ့ သူငယ်ချင်းဟာလည်း သူများ Family ကို ထိခိုက်အောင် မိုက်မဲမယ့်သူ မဟုတ်တာကိုတော့ ကျွန်မအသေအချာသိနေပါတယ်။ ပြီးတော့ သူတို့နှစ်ဦး တစ်မြို့စီဖြစ်နေတာကိုကလည်း ဇာခြည့်အတွက်တော့ ကံတရားတစ်ခုပါပဲ။
ဒါပေမယ့် ကျွန်မဇာခြည့်ကို အဲလိုဘဝမှာ နေနေတာကိုတော့ ဘယ်လိုမှလက်ခံပေးလို့ မရပါဘူး။

ကျွန်မ တဲ့တိုးရော၊ သွယ်ဝှက်ပြီးပါ အမျိုးမျိုး စကားလုံးတွေနဲ့ ဖြောင်းဖြခဲ့၊ တားခဲ့ပေမယ့် –
“ဟုတ်ကဲ့ပါ။” “ဇာခြည်လုပ်နေတာတွေ မကောင်းမှန်းသိပါတယ်”
“ဇာခြည်အခု ရှောင်ဖို့ ကြိုးစားနေပါတယ်”
“ဇာခြည်လုပ်နေတာတွေကိုလည်း နောင်ဘဝမှာ ပြန်ပေးဆပ်မှာပါ”

ဆိုတာတွေနဲ့သာ ကျွန်မသာစိတ်ဆိုး စိတ်တိုပြီး အမြဲကျန်ခဲ့ရပါတယ်။

ရှောင်ဖို့ကြိုးစားနေတယ်ဆိုတဲ့ ဇာခြည်ဟာ သူမအစ်ကိုနဲ့များ တစ်ရက်လောက် ဖုန်း အဆက်အသွယ် ပြတ်သွားရင် လောကကြီးနဲ့ အဝေးဆုံးကို ရောက်သွားသလိုပါပဲ။
ခပ်ဝေးဝေးနေဖို့ကြိုးစားနေတဲ့ ဇာခြည်တစ်ယောက် အလုပ်ကိစ္စနဲ့ oversea သွားရတဲ့အခါမှာတော့ တနေ့တခါမပျက်ဖုန်းဆက်ပြီး သူမအတွက် ပူပေးနေတဲ့ အစ်ကို့ကို ဘယ်လိုမှ မဖြတ်နိုင်ပြန်ပါဘူး။

ကျွန်မ သေချာလာတာကတော့ ဇာခြည့်ဘက်ကတော့ ဘယ်တော့မှ စပြီးပျက်နိုင်မှာ မဟုတ်တာပါပဲ။ အဲဒီတော့ သူမရဲ့ အစ်ကိုဘက်က ပြောင်းလဲမှုကိုပဲ ကျွန်မ မျှော်လင့်နေရတော့မှာပါပဲ။ ကျွန်မလက်ပိုက်ကြည့်ရတော့မှာပေါ့…

ဒီလိုနဲ့ တစ်နှစ်လောက်ကြာလာတဲ့ အချိန်မှာတော့ –
ကျွန်မမျှော်လင့် ထားသလိုပါပဲ သူတို့ရဲ့ communication ကတော့ နည်းနည်း အေးစက်လာစပြုပါပြီ။ ဒီကြားထဲမှာတော့ ဇာခြည်ရင်ဖွင့်ဖို့ ပြသာနာတွေ ကြုံလာတဲ့ အချိန်တွေမှာ သူမရဲ့ အစ်ကိုက မအားတာတွေ များလာပါပြီ။
မိသားစုအပေါ်မှာ အင်မတန် တာဝန်ကျေပွန်လှတဲ့ သူမရဲ့ အစ်ကိုကိုတော့ ဇာခြည်ကတော့ U Tight Schedule လို့ အမည်တပ်ထားပြီး ရွဲ့ခေါ်နေမိပေမယ့် ချစ်နေဆဲပါပဲ။

တနေ့မှာတော့ သူမအစ်ကို့ရဲ့ Lady ဟာ သားအိမ်ရောဂါတခုနဲ့ Operation လုပ်ဖို့ အကြောင်းပေါ်လာပါတယ်။ ဇာခြည့်ကိုလည်း ဒီရက်တွေမှာ ဘယ်လိုမှ မအားလို့ အဆက်အသွယ် မလုပ်နိုင်သေးတဲ့ အကြောင်း၊ သူဘယ်လိုတွေ ဖြစ်နေတယ်၊ ဘယ်ဆရာဝန်တွေနဲ့ ဘယ်လို လိုက်လုပ်နေရတယ် ဆိုတဲ့အကြောင်းနဲ့ ဖုန်းဆက်လာပါတယ်။

Lady အကြောင်းပြောပြတိုင်း သူမရဲ့ အစ်ကိုဟာ တကယ့်တကယ်ကျတော့ အလွန် ပြာယာခက်လောက်အောင်ကို ပူလောင်နေတာကို ဇာခြည်တွေ့လိုက်ရပါတယ်။ ပထမတော့ ကင်ဆာထင်ပြီး သူမရဲ့ အစ်ကိုဟာ ဆောက်တည်ရာမရ ဖြစ်နေခဲ့ပါတယ်။ ကံကောင်းစွာနဲ့ ကင်ဆာတော့ မဟုတ်ခဲ့ပါဘူး။ ဆေးရုံမှာ တစ်ရက်မပျက်အနားမှာ စောင့်ပြီး ပူနေတဲ့ သူမအစ်ကိုရဲ့ သံယောဇဉ်ကို ဇာခြည်ကောင်းကောင်း နားလည်လာမိပါတယ်။

သူမရဲ့ အစ်ကို့ကို သိပ်မစိုးရိမ်ဖို့၊ စိတ်အေးအေးထားဖို့ ဇာခြည်ကြိုးစားနားချနေပေမယ့် တချိန်တည်းမှာပဲ အစ်ကို့ရဲ့ lady ပေါ်မှာ ချစ်တဲ့ အချစ်ကို နက်နက်ရှိုင်းရှိုင်း ခံစားသိရှိလိုက်ပါတယ်။ မနာလိုတာလည်း မဟုတ်တဲ့ ပြောပြရခက်ခဲတဲ့ ခံစားမှုတခုနဲ့အတူ ဝမ်းနည်း၊ ဝမ်းသာ ခံစားချက်တခုပါပဲ။

ဇာခြည်နားလည်မိလိုက်ပါပြီ——-

– ဇာခြည့်မေ့ထားမိတဲ့ လက်ရှိ အနေအထား၊
– ဇာခြည့်ရဲ့ ဖြစ်သွားခဲ့တဲ့ အခြေအနေနဲ့ ရောက်မှန်းမသိ ဝင်ရောက်မိသွားတဲ့ အမှောင်ထုတခုရယ်၊
– ပြီးတော့ တကယ့် လက်တွေ့ဘဝစစ်စစ်တခုရယ်ကိုပါ။

အဲဒီအချိန်မှာပဲ တိုက်ဆိုင်မှုကတော့ ဇာခြည်ဟာလည်း လည်ပင်းက အကြိပ်ကြောင့် ဆေးရုံတက်ပြီး Operation လုပ်နေရတာကိုတော့ Lady ကြောင့် စိတ်ပူနေတဲ့ အစ်ကို့ကို မပြောပြဖြစ်လိုက်တော့ပါဘူး။ အစ်ကို မရှိရင် မရပ်တည်နိုင်ဘူးလို့ ထင်ခဲ့တဲ့ ဇာခြည်လည်း ကိုယ်တိုင်ရအောင် ပြန်လည် ရပ်တည်ဖို့ အတော်ကြိုးစားလိုက်ရပါတယ်။ ဆေးရုံပေါ်မှာ အစ်ကို့ရဲ့ ဖုန်းကို မျှော်လင့်ရင်း ဝမ်းနည်းကြေကွဲနေပေမယ့် – သူမအစ်ကိုရဲ့ Lady အတွက်တော့ ဇာခြည် ပီတိဖြစ်ခဲ့ရပါတယ်….

ဟုတ်ပါတယ် – ဘာလို့လည်းဆိုတော့

ဇာခြည်အမှန်တရားတခုရဲ့ အလင်းရောင် တခုကို ကောင်းကောင်းလှမ်းတွေ့လိုက်မိလို့ပါ။

ဇာခြည်တစ်ယောက်အမှောင်ထု တခုထဲကနေ အလင်းတန်းတခုကို မြင်မိပါပြီ။

ကျွန်မချစ်တဲ့ မိန်းကလေးတစ်ယောက် သူမရဲ့ ကိုယ်ပိုင် အသိနဲ့ပဲ သူမကိုယ်တိုင် အမှောင်ထု တစ်ခုတည်းကနေ ပြန်လည်ရုံးထွက်လိုက်နိုင်ခဲ့ပါပြီ။။။။

မင်းမှန်ပါတယ် မိန်းကလေးရယ်…..

21 comments

  • TheWinner Getprize

    October 20, 2013 at 2:07 pm

    လေးခင်ခနဲ့ ဦးဆာမိ အားပေးလို့ ပြန်တင်မိပါတယ်ရှင်…

  • TNA

    October 20, 2013 at 2:31 pm

    ဖတ်ရတာတကယ့်ကိုကောင်းပါတယ်။ အရေးအသားကလဲ အဆုံးကိုဆွဲခေါ်သွားနိုင်ပါတယ်။ နောက်ကိုလဲ စောင့်မျှော်နေပါတယ်။

  • Ma Ma

    October 20, 2013 at 2:43 pm

    လောကကြီးဟာဆန်းကြယ်သလို ကံအကျိ ုးပေးတွေကလည်း ထူးဆန်းလှပါတယ်။
    ဘယ်သူ့ကိုမှ အပြစ်ပြောလို့မရပေမယ့် အမှန်တရားကိုသိပြီး အကောင်းဆုံးကို ဆုံးဖြတ်နိုင်တာမို့…..
    အဆိုးထဲက အကောင်းလို့ ပြောရမယ်။ 🙂

  • padonmar

    October 20, 2013 at 2:49 pm

    ကိုခင်ခနဲ့ ကဆာမိသာမက တရွာလုံးအားပေးပါတယ်။
    တိတ်တိတ်လေး ဖတ်တဲ့လူလည်းရှိပါတယ်။
    အားမငယ်ပါနဲ့။
    The winner က ဇကာတင်ထဲတောင်ပါပါနေတဲ့ လက်ဟာကို။

    • ခင် ခ

      October 20, 2013 at 5:50 pm

      အမပဒုမ္မာရေ
      မန်ဘာအယောက်တစ်ထောင် တိတ်တိတ်လေးဖတ်ပြီး အားပေးခဲ့ပြီး မန်ဘာတစ်ဦးကတော့ သူသဘောထားကို ကွန်မန့်လေးရေးသားကာ အားပေးခဲ့ရင် ပိုစ့်ပိုင်ရှင်ကတော့ သိသူတစ်ယောက်သာဟု ပြောလို့ရမယ်ထင်မိတယ်လေ။

  • padonmar

    October 20, 2013 at 6:34 pm

    မှန်ပါတယ်ကိုခင်ခရေ။
    ဒါကြောင့် အွန်လိုင်းအမြဲရှိနိုင်တဲ့ မန်ဘာတွေက ပို့စ်ပိုင်ရှင်အားရှိအောင် မန့်ပေးကြဖို့ တောင်းပန်ချင်ပါတယ်။

  • surmi

    October 21, 2013 at 8:07 am

    အခုလိုပြန်​တင်​​ပေးတာ​ကျေးဇူးပါဗျို့… (​ပြောချင်​တာ​တွေ​ပြောမလို့ 🙂 )

    ဖြစ်​​လေ့ဖြစ်​ထရှိတဲ့ ပုံစံ​လေး​ပေမယ်​့ ဇာခြည်​လိုအသိတရားမြန်​မြန်​ရပြီး ထိန်​းသိမ်​းနိုင်​ဖို့ခက်​ပါတယ်​…
    သူ့ အစ်​ကိုဆိုတဲ့သူလို… အခွင်​့အ​ရေးမယူတဲ့သူလည်​း ခတ်​ရှားရှားလို့ထင်​မိတယ်​ ….
    ဖြစ်​ပျက်​ခဲ့ပုံကိုပြန်​ကြည်​့ရင်​ သာယာမုှုကို အမြင်​လွဲပြီး အချစ်​လို့များထင်​မှတ်​သွား​လေသလား​ပေါ့…
    တကယ်​​တော့. မိသားစု​အ​ပေါ် အဲဒီ​လောက်​တာဝန်​​ကျေတဲ့သူဟာ ဘယ်​​သောအခါမှ (အငယ်​) မထားပါဘူး ။ အိမ်​​ထောင်​ရှင်​မများ စိတ်​ချလက်​ချ​နေနိုင်​ပါတယ်​။
    တခု​တော့ရှိတယ်​.. နဲနဲ​တော့ ဝါးတားတားလုပ်​မှာ​ပေါ့​လေ 🙂
    တကယ်​​တော့လည်​း ..အနှစ်​နှစ်​အလလက လက်​တွဲလာတဲ့သံ​ယောဇဉ်​ကို ဘယ်​သူဖြတ်​နိုင်​တာမှတ်​လို့..
    အချိန်​တန်​ရင်​ အိမ်​ပြန်​ခဲ့ကြတာပါဘဲ….
    အင်​းးး ….​ပြောရင်​းနဲ့ အ​တော်​မျယးကုန်​ဘီ။ ကိုယ်​​တွေ့လို့ထင်​​နေမှဟုတ်​​ပေ့ဖြစ်​​နေမှာ….

    ကိုယ်​​တွေ့မဟုတ်​ပါဘူး…..ဗျို့ ….. 🙂

  • ဦးကျောက်ခဲ

    October 21, 2013 at 8:09 am

    အဲသည့်လို ပျော့ပျော့လေးနဲ့လိမ်တဲ့ ယောက်ျားအီကြာကွေးတွေအကြောင်း…
    http://myanmargazette.net/166003 မှာ ရေးဖူးပါ့ The winner ရေ…
    မိန်းမမာယာဆိုတာ စားနေကြ ကြောင်ပါးတွေက ပျင်းတောင်ပျင်းသေးတယ်တဲ့…
    အမျိုးကောင်းသမီးများ ကျားမာယာက လွတ်ပါစေ…
    🙂

  • surmi

    October 21, 2013 at 8:36 am

    ​ပြောဖို့ကျန်​ခဲ့လို့ဗျ
    အဲဒီလိုဖြစ်​လာရင်​ အများစုက ဝဋ်​​ကြွေးတို့ ဘာတို့ကိုလွှဲချတတ်​သဗျ..
    အဲဒီလိုအ​ပြော​တွေဆို ကျုပ်​ကအမြင်​သိပ်​ကပ်​တာ.။
    ​ရှောင်​တိမ်​းဖို့အခွင်​့အ​ရေးရပါလျက်​နဲ့ မဆီမဆိုင်​ ဝဋ်​​ကြွေးကိုခုတုံးလုပ်​ကြပုံများ…

    • KZ

      October 21, 2013 at 9:21 am

      ဒါဟာ အချစ်တဲ့လားးးးး
      အဲဒါ အချစ်တဲ့လားးးးးး
      ဒါများ အချစ်တဲ့လားကွယ် ဆာဆာ ပြောဦးးးးးးးး

      😀

  • အရင်ပို့စ်ကတည်းက စိတ်ဝင်စားနေတာ ။ အခုလိုပြန်တင်ပေးတာ ကျေးကျေးပါနော် ။ အသိလေးတစ်ခု ရလိုက်ပါတယ်။

  • KZ

    October 21, 2013 at 9:53 am

    မ !!
    မမ ရေးလက်ကို ကြိုက်တဲ့ ပလိတ်သတ် အနော် တစ်ယောက်လုံး ရွာထဲမှာ ရှိပါတယ်ဗျ။
    ရေးလက်မက လူကိုလည်း ကြိုက်တယ်။ လှလွန်းလို့။
    :chit:
    ရဲရဲကြီးသာ လာခဲ့ပါ။ :mrgreenn:

    မနက်က ဖတ်ပြီး ပြောချင်တာတွေ အများကြီးရှိလို့။
    ဦးဆာပြောသလိုပဲ မိသားစုကို ဒီလောက် ဂရုစိုက်တတ်ရင် အပြင်မှာ ခပ်ပါးပါး ကိစ္စမျိုးပဲလာမှာ။ (ဟိုဘက် ဇနီး အမျိုးသမီးက ထိန်းရင် ထိန်းနိုင်သလိုပေါ့။)
    ဒီဘက်ကကျတော့ မိန်းကလေးဆိုတော့ အနည်းဆုံး ရင်ဖွင့်ဖော်တို့၊ အရင်းနှီးဆုံးတို့ခေါင်းစဉ်တပ်ကောင်းရင် အင်မတန် အားကိုးမိကြတာကလား။(အမျိုးသားဘက်က ဆိုက်ကို ပိုင်ရင် ပိုင်သလောက် ရတာပေါ့)

    ဒီတော့ ခေတ် အဆက်ဆက် မိန်းမတွေကိုသာ မာယာများတယ် ပြောကြပြီး ဂလို ကျားမာယာတွေမှာ မရှောင်နိုင်တဲ့ အမျိုးသမီးတွေ အများကြီးရှိကြောင်းးးးး အသိပေးဖို့ရယ်၊
    အမျိုးသမီးထု ဉာဏ်ရည်မြင့်မားပြီး ဂလို အန်ဒရယ်တွေ ရှောင်ရှားနိုင်အောင် ပညာပေးဖို့လည်း အမျိုးသမီး တစ်ဦးချင်းစီမှာ တာဝန်ရှိပါကြောင်းးးးးးးးး

    ကျားတို့ ရဲ့ မာယာကို သိရှိနိုင်အောင် ကျောက် ဦးဆောင်သော ရွာ့ လဗျိုသိုးကြီးများမှ ရွာသူ လေးများကို ပညာပေးသင့်ကြောင်းးးးး
    အဟွတ်!

    😀

    • ဦးကျောက်ခဲ

      October 21, 2013 at 10:01 am

      ကျောက်စ်ကို ဒါးထိုးခံရအောင်လို့ မြှောက်ပေးနေပြန်ပြီ…
      ဟီ ဟိ ဒါမျိုးက ရှော့ရှိတယ်၊ သိပ်ပြောလို့မဖြစ်…
      မတော်… မြှားဦး ကိုယ့်ဘက်လှည့်လာမှ… ဖယား ဖယား…
      😀

      • KZ

        October 21, 2013 at 10:26 am

        အဲလာ ဆို ဒီ အမိုက်မ က အမိုက်ခံပြီး ပညာ ပေးချင်စိတ်ပေါက်လာတယ်။
        ဟိ။
        တခါသား ပညာ အပေးကောင်းလို့ သူငယ်ချင်း ၂ ယောက် ဆုံးရှုံးပါရောလားးးးးး
        ခက်တယ်။
        ဒမာက ကိုယ့်တွေ့တွေ။
        သူများထောင်းရင် နာမစိုးလို့ ကွကို ထောင်းမို့ဟာကို။

        😀

      • sorrow weaver

        October 26, 2013 at 12:14 pm

        မှန်တီ….သစ္စာဖေါက်မယ်..ချနင်းမယ်..မစဉ်းစားနဲ့…. ပုံ ..ဆောရိုး…
        ( မဟာပုရိသ စည်းလုံးညီညွတ်ရေးပါတီ )

  • TNA

    October 21, 2013 at 9:56 am

    သတင်းကျွတ်မီးထွန်းပွဲလားမှတ်ရတယ်။ ကိုခင်ခရေ ဆုပေးရေးအစီအစဉ်ပြန်လုပ်ပါအုံး။ အားပေးနေကြပြန်ပြီ။

    • ခင် ခ

      October 21, 2013 at 11:56 am

      မြန်မာပြည် အင်္ဂလိပ်၊ ဂျပန် စတဲ့ သူ့ကျွန်ဘဝရောက်ခဲ့စဉ်ကာလ တော်လှန်ရေးမှာ ကျဆုံးခဲ့တဲ့သွေးသောက် တွေက မသေခင်မှာတမ်းချွေတတ်တယ် လွတ်လပ်မှ အမျှဝေပါလို့။
      အဲဒီလိုဘဲ စစ်အာဏာရှင်ခေတ်ရောက်ခဲ့စဉ် ၈၈ အရေးတော်ပုံမှာ ကျဆုံးခဲ့တဲ့ကျောင်းသားတွေက မသေခင်မှာတမ်းချွေကြတယ် ဒီမိုကရေစီရမှ အမျှဝေပါတဲ့။
      အဲဒီတော့ အဲဒါကိုအတုခိုးပြီး ခင်ခလည်း အရူးထကာ ရွာသူားတွေကိုပြောကြည့်မယ် အနီတွေလျှော့နည်းသွားမှ ခင်ခကို အမျှဝေပါလို့ အဲ ဟုတ်ပါဘူး ခင်ခ ကို လှမ်းကာအော်ခေါ်လိုက်ပါလို့။

  • Mr. MarGa

    October 21, 2013 at 12:59 pm

    တွေးစရာ တစ်ခုပါလားဗျာ
    ဖတ်ရင်းနဲ့ အတွေးလေးတွေပါ ဆက်ပွားမိသဗျ

  • Ma Ei

    October 21, 2013 at 1:15 pm

    ဒီစာလေးနဲ့ အလိုက်ဖက်ဆုံး ခေါင်းစဉ်လေးပါဘဲ…
    …မင်းမှန်ပါတယ် မိန်းကလေးရယ်….

  • alinsett

    October 21, 2013 at 9:05 pm

    ကျွန်တော်တို ့လည်း.. အားပေး နေပါတယ်နော်..။
    တခါတလေ…လိုင်းမကောင်းလွန်းတဲ့အခါ..ကွန်မန့်ပေးဖို ့မဖြစ်နိုင်တော့ပဲ..
    ဖတ်ပြီး.တိတ်တိတ်ကလေး ပြန်သွားခဲ့ရတာတွေရှိတာပါ…။

  • kyeemite

    October 22, 2013 at 3:18 pm

    ခေါင်းစဉ်မြင်တော့ မမှတ်မိဘူးဗျ
    ဖတ်ကြည့်မှ…မှတ်မိလာတယ်…
    ဒါမျိုးက ဖြစ်ခဲပေမဲ့ ဖြစ်တတ်ပါတယ်
    နှစ်ယောက်မှာ…တစ်ယောက်ကဘရိပ်အုပ်လိုက်နိုင်ရင်..
    ကံကောင်းတယ်ပြောရမှာပေါ့လေ..
    🙂

Leave a Reply