“ဗျို့ ဟစ်လိုက်မယ်”

ဦးေက်ာက္ခဲFebruary 4, 20131min27386

 

 

 

 

 

 

 

 

 

 

 

တမြန်နေ့ညက ဦးကျောက်ဘော်ဘော် စလုံးကျွန်းက မုဆိုးဖိုလေး မောင်ဘအေး မူးစစနဲ့ ဖုန်းဆက်လာတယ်ခင်ဗျ။ သူနဲ့ဦးကျောက် ကျောင်းတော်ကြီးမှာတုန်းက သိပ်မတွဲဖြစ်ကြပေမယ့် စလုံးကျွန်းမှာတော့ တစ်အိမ်ထဲနေ၊ တစ်အိုးထဲစား၊ တစ်စားပွဲထဲမှာ အတူထိုင်သောက်ခဲ့ကြတဲ့ ငြင်းဖော်ငြင်းဖက် အချစ်ဆုံးသူငယ်ချင်းဆိုရင် မမှားပါဘူး။ ဘအေးက အဖေ ဗမာ၊ အမေ ရှမ်းဆိုတော့ ရှမ်းငချိပ်ရုပ် ခင်ဗျ။ သူ့ရုပ်ရည်ကို မျက်စိထဲမြင်အောင်ပြောရရင် ဆရာကာတွန်းမောင်ဝဏ္ဏရဲ့ သမိန်ပေါသွပ်ကို အိုးမဲသုတ်၊မျက်မှန်တပ်ေ ပးလိုက်ရင် ချွတ်စွပ်တူပါလိမ့်မယ်ခင်ဗျာ။ အဲ… သူသာ မည်းတာ။ သူ့ဇနီးကလည်း ရှမ်းပျိုဖြူဆိုတော့ သူ့သမီးလေးတွေက ဖြူဖြူချောချောလေးတွေပါ ခင်ဗျာ။

 

အနှီ ဘအေးနဲ့ ဦးကျောက် တစ်အိမ်ထဲ နေကြပေမယ့် စရိုက်ချင်းက တူတာလည်းရှိ၊ မတူတာ လည်းရှိမို့ မတည့်အတူနေ ဝေးမှ သတိရဆိုရင် ပိုမှန်ပါလိမ့်မယ်။ တူတာကတော့ စာဖတ်ဝါသနာ ပါတာရယ်၊ နှစ်ယောက်စလုံး အသောက်အစား မကင်းကြပေမယ့် မိန်းမကိစ္စ ကင်းကြတာရယ်ပါ။ အဲ… မတူတာကတော့ အရည်ဝင်ရင် ဘအေးက အမြဲ ငြင်းစရာ အစထုတ်ပြီး အသားကုန်ငြင်းတတ် လို့ ဦးကျောက်နဲ့ခဏခဏငြိတာပါ။ ဦးကျောက်တို့နှစ်ယောက် ငြိကြရင် ထိုးမယ်၊ကြိတ်မယ် ကြိမ်းကြပေမယ့် ကိုယ့်အခြေအနေ ကိုယ်သာသိ၊ မူးနေပါတယ်ဆိုတော့ ဘယ်သူမှ လက်သီးတောင် မဆုပ်နိုင်လို့ နောက်နေ့ကို ပွဲချိန်းပြီး ဒရီးဒယိုင်နဲ့ အိပ်ရာဝင်ကြရတာပေါ့ဗျာ။

 

အဟဲ….ဘအေးအကျင့်က နောက်နေ့မနက်လင်းရင် ညက ရန်ဖြစ်ထားတာမေ့၊ စပ်ဖြီးဖြီးနဲ့သူမဟုတ်သလို မျက်နှာပေးကိုဆောင်ပြီး ကော်ဖီတောင် ဖျော်ထားပေးသေးတာဆိုတော့ စိတ်ဆိုးရအခက်။ ” ဟေ့ကောင်…. ညက ဇာတ်လမ်း ပြန်ဆက်မယ် ” လို့ ဆိုလိုက်ရင် “မင်းကလည်းကွာ ညက ငါ များသွားတာ အခု ဘာမှမမှတ်မိဘူး။ ဆောရီးကွာ… ဟီး ဟီး” ဆိုပြီးရှောင်ပြေးပါတယ်။ အဲ…ညဘက် မူးလာရင် ပြန်အစဖော်ရော…အတော်ဆိုးတဲ့ကောင်။ ပြောမယ့်သာပြောရတာပါဗျာ… ဘအေးက စာဖတ်နာတော့ စကားဝဲပေမယ့် ဗဟုသုတလည်းကြွယ်၊ စကားလည်းကြွယ်တယ်ခင်ဗျ။

 

နောက်တစ်ခုရှိသေးတာက ရှေးခေတ်က စာဆိုတော် ဦးယာရဲ့ မင်းနန်ပျို့ကို ဘအေး အလွန်ကြိုက်တာပါ။ ဘာတဲ့ “ဒေါင်းဥခန့်မျှ အိမွမွကို ခွက်ဝပန်းရည် ဆုပ်နယ်သည်သို့ ..” ဆိုလားပဲ။ ” ဇမ္ဗူဒီပါတောင်ကျွန်း ဩဘာနိမိတ်ထွန်းသတဲ့ ” ဆိုတာ အမှန်လားမသိဘူး ခင်ဗျ။ ပညတ်သွားရာ ဓာတ်သက်ပါ ဆိုသလို ပြီးခဲ့တဲ့ သုံးနှစ်ကျော်က သူ့ဇနီး သူ့ကို သမီးနှစ်ယောက်နဲ့ လူ့လောကထဲ ထားခဲ့ပြီး ရင်သားကင်ဆာနဲ့ ကွယ်လွန်ပါတယ်။ ရင်သားတစ်ဖက် ဖြတ်ပြီးပေမယ့် ကင်ဆာဆဲလ်တွေက ဦးနှောက်ထဲအထိ ပြန့်ကုန်လို့ ဦးခေါင်းခွဲစိတ်ရင်း အသက်ပြန်ပါမလာတော့တာပါ။ ပိုက်ဆံကူပါ့မယ်၊ ဘန်ကောက်မှာ ခွဲပါလို့ အတန်တန်ပြောတဲ့ကြားက အခုလိုဖြစ်တော့ သူ့ဇနီးအသုဘမှာ ဦးကျောက်စကားကို နားမထောင်မိတာ မှားလေခြင်းလို့ နာမည်ကိုတပြီး သမီးနှစ်ယောက်ကိုဖက်လို့ငိုရှာပါတယ်။ ရှိပါစေတော့ဗျာ။

 

အခုလည်း မူးစစနဲ့ဖုန်းဆက်လေတော့ မငြင်းချင်လို့ ဟိုအကြောင်းသည်အကြောင်း၊ အခြားသူငယ်ချင်းများအကြောင်းပြောပြီး စကားလမ်းလွှဲရတာပေါ့ဗျာ။
“ဟေ့ကောင် ဘအေး၊ တစ်ပင်လဲမူ တစ်ပင်ထူ၊ မင်းလည်း အရွယ်မလွန်ခင် နောက်အိမ်ထောင်ပြုမယ်ဆိုရင်၊ မင်းရဲ့ သမီးနှစ်ယောက်လည်း အဆင်ပြေအောင် မင့်ခယ်မလေးနဲ့ ဆက်မြန်းလိုက်ပါလား”
“မလုပ်ပါနဲ့ကွာ… ယောက္ခမကြီးက ငါ့ကို သိပ်ကြည်တာမဟုတ်ဘူး။ အကြီးမတော့ မင်းနှိပ်စက်လို့ သေပြီ။ အခု အငယ်မဘက် လှည့်ပြန်ပြီလားလို့ ကလော်မှာကွ”

 

“ဟီး..ဟီး ဒါဆိုလည်း ငါတို့ကျောင်းနေဖက် အပျိုကြီး မိကြည်ကို ကြံပါလား”
“မလုပ်နဲ့မောင်ရင်… အပျိုကြီးက သူသာ မိတ်ကပ်လိမ်း၊ နှုတ်ခမ်းနီ ဆိုးပြီးကျားကန်နေရတာငါတို့ကို မစဉ်းစားဘူး မောင်ကျောက်။ ငါတို့နဲ့ တစ်စားပွဲထဲထိုင်ပြီးစားရမှာ လူအထင်လွဲမှာစိုးပါတယ်ဆိုပြီး ငြင်းတတ်ပေမယ့် ကောင်လေးတွေက မမ ခေါ်ရင် အရည်ပျော်၊ ဟိုမောင်တွေကချူစား၊ အဲဒါကို သာယာနေတာကွ”

 

“ဟား…ဟား ဒါဆိုလည်း တစ်ပင်လှဲပြီး တစ်ပင်ထူနေတဲ့ ငတိုးလို၊ ငယ်တာလေးတွေကြံပေါ့ကွာ”
“မောင်ကျောက်… မင်းဟာလေ အခုလို အထူအပါး နားမလည်လို့ မိန်းမ မရတာ။ သင်းတို့က ငါတို့လို မုဆိုးဖိုတို့၊ လူပြိုကြီးတို့ကို ဖုတ်လေတဲ့ ဒညင်းသီး အီးစော်နံတယ်လို့ သဘောထားတာကွ။ ငယ်ငယ်ချောချော ရွယ်တူချင်းကို မှန်းရင်း သဘာရင့်ဝါရင့် ငတိုးတို့လိုကောင်တွေနဲ့ငြိကုန်ကြတာ။ ဟိုကောင်တွေက အစ်ကိုကြီးက အိမ်ထောင်သည်ပါ၊ ညီမလေးနဲ့ မောင်နှစ်မတော်ကြတာပေါ့ဆိုပြီး နောင်တော့ ဂျောက်ဂျက်ရဲ့သီချင်း ဆိုသွားကြတာလေ… မင်းတွေ့တယ်မဟုတ်လား။ ခု ငတိုး ယူထားတာ ငါးယောက်မြောက်ခင်ဗျ”

 

“ဟေ… ဒီကောင်ကြမ်းလှချည်လား”
“အဲဒါ တရားဝင် ခင်ဗျ။ မင်းမသိသေးလို့… ကြားထဲမှာ အများကြီးရှိသေးတယ်”
“ဟမ်… ငါ မိန်းမယူမယ်ဆိုရင် ငတိုးကိုသိလားလို့ အရင်မေးရမလိုဖြစ်နေပြီ။ ဒီကောင်တွေများ ရုပ်ခံရှိတော့ စွံချက်”
“အားမကျနဲ့ မောင်ကျောက်၊ ပျော့ပျော့လေးနဲ့လိမ်တဲ့ ယောက်ျားအီကြာကွေးဆိုတာ အဲသည့်လို ကောင်တွေကွ။ ကောင်မလေးတွေကို ညီမလေးအရင်းလို သဘောထားလို့ပြောတာပါဆိုပြီး ကိုယ့်မယား မကောင်းကြောင်း၊ အိမ်ထောင်ရေး အဆင်မပြေကြောင်း အာထု၊ သနားအောင်လုပ်၊ မျက်ရည်ချူပြီး ဆွဲစားတဲ့ကောင်တွေပါကွာ။ ထွီ… ငါတော့ရွံပါ့”

 

“ထားပါတော့လေ သူများအကြောင်း၊ မင်းရဲ့သမီးလေးတွေ အပျိုဖြစ်လာရင်သာ သတိပေး။ အဟဲ… ဘအေး အားရှိစရာပြောကွာ”
“မောင်ကျောက် မင်းဟာလေ အတော်စိတ်ကူးယဉ်တဲ့ကောင်။ ငါ့လို မုဆိုးဖိုကြတော့ ကလေးတွေနဲ့ မို့လို့၊ မင်းလို လူပြိုကြီးကြတော့ သောက်ပေါကြီး၊ နှာဘူးကြီးလို့အပျိုထုက တွက်ကြတာကွ ဟီး..ဟီး”
“တေနာ… မင်းဟာလေ မုဆိုးဖိုပီပီ လောကကို အကောင်းမမြင်ဘူး”
“မြင်ပါတယ်ကွ…. မင်းလို လူပြိုဆိုရင် အတောင်ကျိုးတဲ့ ဆက်ရက်မလေးတွေ၊ မုဆိုးမတွေက အသင့်ဗျာ။ ဟီး ဟီး…ဆရာသန်းလို ဖြစ်ချင်လို့လား”
“အေပေး…ကျက်သရေ တုံးတယ်၊ တော်ပြီ…ဒါပဲ”

 

ဟင်း…သင်းပြောမှ ဆရာသန်းအကြောင်း စဉ်းစားမိလေရဲ့။ ဆရာသန်းဆိုတာ မောင်ကျောက်ဘဝဘူမိကဆရာပါ ခင်ဗျာ။ ဂွတီးဂွကျ၊ အလွန်ဘုကျတဲ့ ကျောင်းဆရာခင်ဗျ။မြန်မာပြည်ကြီး ခေတ်ပျက်တော့ သူလည်း ကျောင်းဆရာဘဝကိုစွန့်လို့ မောင်ကျောက်တို့နဲ့အတူ စင်ကာပူပြည်ကြီးတိုးတက်ဖို့ တစ်တပ်တစ်အား လာရောက်အားပေးသူကြီးပါ။ မိဘလည်းမရှိ၊ အိမ်ထောင်လည်းမရှိသူ လူပြိုကြီးမို့ သူ့အစ်မ ကျောင်းအုပ်ဆရာမကြီးက ဆရာသန်းကို ရိုးရိုးအေးအေး သူ့ကျောင်းက ဆရာမလေးနဲ့ နေရာချပေးတာပေါ့ခင်ဗျာ။ လွန်ခဲ့တဲ့ တစ်ဆယ့်ငါးနှစ်ကျော်အချိန် အဲသည်အစ်မက လေးဆယ်ကျော်ဆရာသန်းထက် တစ်ဆယ့်ငါးနှစ်လောက် ငယ်ပါတယ်ခင်ဗျာ။

 

ကံဇာတာဂြိုဟ်စီးပုံများ ပြော..မပြောချင်ဗျာ..မင်္ဂလာဆောင်တဲ့နေ့ ဆရာသန်း သတို့သမီးပျောက်လို့ ရှာပုံတော် ဖွင့်လိုက်တာ သုံးရက်နေမှ မယ်သီလရှင်ကျောင်းမှာ ဆရာလေးအဖြစ်နဲ့သက်ရှိထင်ရှား ပြန်တွေ့ရပါသတဲ့။ မယ်သီလ တစ်ဖြစ်လဲ အနှီ ကျောင်းဆရာမလေးမိန့်ခွန်းတော်ချွေတာက စင်ကာပူရကလာတဲ့ သတို့သား ဆရာသန်းရဲ့ မျက်လုံးရွဲကြီးတွေနဲ့ မကြာမကြာ ကြည့်တတ်တဲ့ အကြင်နာအကြည့်တွေကို သူမရဲ့စိတ်ထဲမှာ ခေါ်တောတစ်သိန်းအားရယ်လို့ ခံစားရတာမို့ ကြောက်အားတော်ပို ရွှေစိတ်တော် ညိုပါသတဲ့ခင်ဗျာ။ ဆရာသန်းခမျာမှာတော့ ဖွတ်မရ၊ ဓားမ အပေါင်ဆိုင်ရောက်လို့ စင်ကာပူရကို အောင်ဖျာလိပ်ခဲ့ရတာ နောင်ရှစ်နှစ်ကြာမှ သူ့ခမျာ သူမနဲ့ပေါင်းဖက်ရပါတယ်….ဪ… လောကဓံ။

 

ပြန်ဆက်ရရင် ဦးကျောက်လည်း ဘအေးရဲ့ ခါးသက်တဲ့အမှန်တွေကို မျိုမချချင်ပေမယ့် ဘဝပေး အတွေ့အကြုံအရ မငြင်းရက်ပါဘူး။ ဟုတ်ပါတယ်ဗျာ…ဦးကျောက်တို့လို လူပြိုကြီးဘဝက လူမလေး၊ ခွေးမခန့်ပါ။ လူ့စွမ်းအားအရင်းအမြစ်ကို တိုးပွားစေလိုပေမယ့် နဖူးစာမှင်ရည် မရှိရှာလို့ မပျော်ပိုက်သော်လည်း တစ်ကိုယ်ရည်တစ်ကာယ နေရတဲ့ဘဝကို ပွဲလမ်းသဘင်များရှိရင် လူထူထူမှာ အဖြစ်မရှိသူရယ်လို့ ခဏခဏ အရှက်ခွဲ ခံရတာမို့…..သူကြီးကစလို့ အိုဘယ့် ဂဇက်ရွာလူကြီးများ..ဟောသည့် မောင်ကျောက်ကို ပစ်မထားကြပါနဲ့ခင်ဗျား။

 

 

86 comments

  • P chogyi

    February 4, 2013 at 8:58 am

    မနေ့က သီလရှင်ကျောင်းမှာ ကောင်မလေးတွေ သီလရှင်ဝတ်ဖို့
    ကြိတ်ကြိတ်တိုးနေတာ
    ကိုကျောက်ရေးတဲ့ ပိုစ့်ကြောင့်ကိုး
    ဪ ဦးကျောက်ရယ် စိတ်လျှော့လိုက်ပါတော့။

    • ဦး ကျောက်ခဲ

      February 4, 2013 at 9:10 am

      မလျှော့နိုင်ဘူး အကိုချို

      အ ဟီး… မောင်ကျောက် ဒီဘဝမှာ အိမ်ထောင်မကျရင်ဖြင့်…
      ရွာထဲကလူကြီးတွေမှာလည်း တာဝန်ရှိပါသည်လို့…
      :kwi:

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    February 4, 2013 at 9:16 am

    ပွဲလမ်းသဘင်များရှိရင် လူထူထူမှာ အဖြစ်မရှိသူရယ်လို့ ခဏခဏ အရှက်ခွဲ ခံရတာမို့…..သူကြီးကစလို့ အိုဘယ့် ဂဇက်ရွာလူကြီးများ..ဟောသည့် မောင်ကျောက်ကို ပစ်မထားကြပါနဲ့ခင်ဗျား။

    ရွာ့လူကြီးတွေလဲ ဂဇက်လွှတ်တော်အမြန်ခေါ်မတဲ့…
    ရွာ့အပျိုကြီးများအုပ်စုကလဲ ကြားဖြတ်ရွေးကောက်ပွဲ အမြန်ကျင်းပမတဲ့…
    ရွာ့လူပျိုကြီးများကလဲ ဂဇက်စစ်တပ်ဖွဲ့ပြီး အပျိုတော်များကို ကာကွယ်မတဲ့…
    ရွာ့အရက်သမားများဖြစ်တဲ့ ကျွန်တော်တို့ကတော့ ဘာလာလာဒေါင်းပြီး ဘယ်သူတိုက်တိုက် မင်္ဂလာအရက်သောက်ဖို့ အသင့်ဖြစ်ကြောင်းပါခင်ဗျား…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • ဦး ကျောက်ခဲ

      February 4, 2013 at 9:29 am

      ကိုကြောင်ဝတုတ်ရေ

      ကျုပ် အိမ်ထောင်ကျရင်ဖြင့် ခင်ဗျားတို့ အရက်သမားသမဂ္ဂကို…
      အမူးအမှောက် ဒူးထောက်ရလောက်အောင် တိုက်ပါ့မယ်…
      အခုတော့ ခင်ဗျားတို့ တာဝန်မကျေတဲ့အတွက်…
      ကျုပ်ကို ပြန်ပြီး အရက်တိုက်ရလိမ့်မယ်…
      :harr:

  • surmi

    February 4, 2013 at 9:29 am

    လာပြီ ..လာပြီ
    စိတ်ချပြီးနေ ….ကျနော်အခု ဂျလေဘီရောင်းမကောင်းလို ့
    ပဲလှော်ရောင်းမလားစိတ်ကူးနေတယ်ဗျို ့
    သိတယ်မဟုတ်လား
    ကျနော်ပဲလှော် ဘယ်လောက်ကျွမ်းလဲဆိုတာ ဟဲ ဟဲ

    ရွာလူကြီးများဗျို ့ ……..
    ဒီမှာ တရားဝင်ပြောကြားနေပါပြီဗျ ။
    မသိချင်ယောင်ဆောင်မနေကြပါနဲ ့ … 🙂
    :harr:

    • ဦး ကျောက်ခဲ

      February 4, 2013 at 9:37 am

      ကိုရင်ဆာမိ

      ပဲလှော် ကျွမ်းကျင်မှန်းသိပါတယ်ဗျ…
      ဟီ ဟိ ကံမကောင်းရင်…
      ပဲလှော် ဆရာပါ အောင်းရမယ့်ကိန်း ဆိုက်နေဦးမယ်…
      သိတယ်ဟုတ်…
      :harr:

  • ဘဲဥ

    February 4, 2013 at 9:29 am

    geologist-myanmar.com/geos-sond.htm အူးကျောက်အတွက် ကျောင်းတော်ဂျီး အလွမ်းပြေ
    နားထောင်ရအောင်လို့

    • ဦး ကျောက်ခဲ

      February 4, 2013 at 9:42 am

      ကဘဲဥ

      အကိုဂျစ်ရဲ့ ဆိုဒ်ကို တွေ့သွားပြီဆိုတော့…
      ဦးကျောက်ရဲ့ ဇတ်ကောင်တစ်ချို့ကို အဲသည့်မှာ မြင်ရမှာပါ…
      :kwi:

  • kyeemite

    February 4, 2013 at 9:30 am

    ကိုကျောက်က ရွာသူားတွေကိုအားကိုးရှာတယ်ပေါ့လေ…
    ပြီးခဲ့တဲ့ ဂဇက်တွေ့ဆုံပွဲမှာလည်း ကိုယ်ထင်ပြပီး
    ကိုယ်တိုင်ကြော်ငြာဝင်ခဲ့ပြီးပီဆိုတော့…
    ကျွန်တော့စိတ်ထင် ..၂၀၁၃အတွင်းမှာတင်အဆင်ပြေသွားမည်ဟုထင်ပါဂျောင်းးး
    :kwi:

    • ဦး ကျောက်ခဲ

      February 4, 2013 at 9:48 am

      ဦးကျော်ဟိန်းနဲ့ ရုပ်ချင်း စတိုင်ချင်း အလွန်တူတဲ့ အကိုမိုက်

      ဒီအရွယ်ကျမှ ကြော်ငြာဝင်ဖို့လည်း မရှက်တော့ပါဘူး ခင်ဗျာ…
      အကိုထင်တဲ့ ဖြစ်ပါစေ ဖြစ်ပါစေ ဖြစ်ပါစေလို့…
      ဘုရားမရှိခိုးပဲ ဆုတောင်းနေပါကြောင်း….
      :harr:

  • မိုချို

    February 4, 2013 at 9:43 am

    ဦးကျောက် ကတော့ ဒီမှာ ဗျို့ ဟစ်နေပြီ…..ဗျို့ ။ ရွာသူများ ….. သတိ။

    စကား စပ်လို့ ပြောရင် …..ကောင် မလေးတွေကို ကိုယ့် မိန်း မ မကောင်း ကြောင်း ဂရု မစိုက် ကြောင်း ပြောပြီး စည်း ရုံး တတ်တဲ့ ယောက်ျားတွေရှိ သလို ကိုယ့် ယောက်ျား မကောင်း ကြောင်း ၊ အသုံး မကျ ကြောင်း ၊ အား မကိုး ရကြောင်း တခြား ယောက်ျားတွေကို သနား အောင် ပြောတတ် တဲ့အိမ်ထောင်သည် မိန်း မ တွေလည်း တွေ့ ဖူးတယ်။ တော်တော် စိတ်ပျက်စရာကောင်း တယ်။

    • ဦး ကျောက်ခဲ

      February 4, 2013 at 9:54 am

      မမိုချိုရေ့

      ဒီထက်ပိုရေးချင်ပေမယ့် ရေးရမှာ အားနာနေလို့….
      ကိုယ့်ခင်ပွန်း ဘယ်လိုတော်ကြောင်းအကြွားလွန်သွားလို့…
      သူ့သူငယ်ချင်းက သူ့ခင်ပွန်းကို မ သွားတဲ့ အမတစ်ယောက်ကိုလည်း သတိရမိတယ်…
      :kwi:

      • နွေဦး

        February 4, 2013 at 5:02 pm

        အဲလိုဇာတ်လမ်းမျိုးလဲ ရေးပါဗျာ…
        ကိုယ်မစွံလဲ တပင်ကနှစ်ပင်ကူးသူများကို အားပေးလိုက်ပါဗျာ…

        • ဦး ကျောက်ခဲ

          February 4, 2013 at 5:50 pm

          အကိုနွေဦးရေ

          နောင်အလျင်းသင့်ရင် ရေးပါ့မယ် ခင်ဗျာ…
          ကိုယ်မစွံလို့ မနာလိုတာမဟုတ်ရပါဘူး…
          လူ့ကျင့်ဝတ်ကိုဖောက်ဖျက် သူတပါး အသိုက်အမြုံဖျက်တာ မုန်းလွန်းလို့ပါ…

  • Mon Kit

    February 4, 2013 at 9:54 am

    ဦးကျောက် ရေ…
    စိတ်မလျော့လိုက်ပါနဲ့..
    ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်သေးတာဘဲနော်..
    ဖိုက်တင်း!! :hee:

    • ဦး ကျောက်ခဲ

      February 4, 2013 at 10:04 am

      Mon Kit ရေ

      ဖူးစာဆိုတာ ကျင်းထဲရောက်မှ ကုန်တာမို့ အားမလျှော့ပေါင်…
      အဲ… ကြိုးစားရင် ဘုရားတောင် ဖြစ်တယ်လို့ ဆိုပေမယ့် မယားမဖြစ်တာတော့ အမှန်…
      မတော် ရဲစခန်းရောက်နေမှ….ဟီး ဟီး
      :harr:

  • အဟမ်းးး ဟမ်းး
    ဂုလို .. ကျုပ် ဥရေးးကျောက် တစ်ယောက်
    ဗျို့ … ဟစ်နေဒေါ့ ..
    တူတော်မောင် ငအံစာ ခဗျာ ..
    ကိုယ့် ဥရေးးအတွက် ရှာပုံတော် ထွက်လိုက်ရတာပ …

    ခုဒေါ့ …. တွေ့ပီ .. တွေ့ပီ …
    ဥရေးးရေ …. ပူနဲ့ဒေါ့ …….
    ဟောဒီမှာ ချိသဗျ ….

    https://myanmargazette.net/103288/creative-writing

    • ဦး ကျောက်ခဲ

      February 4, 2013 at 10:23 am

      ဒီ လေးတိုင်စင်သားတော့လေ

      ဖွ..ဟဲ့ လွဲပါစေ ဖယ်ပါစေ မဦးမချွတ်…
      သူ့ဂျီးတော်ကြီးနဲ့ အတင်းကိုပေးစားနေတော့တာပဲ…
      အဲသာ ဘပုတို့ ဦးကြောင်တို့ကိုသာ ပေးလိုက်ပါဗျာ…
      :harr:

  • Wow

    February 4, 2013 at 10:48 am

    ပုကတော့ ကျောက်ပို တရားဝင် ကမ်းလှမ်းထားဒယ်ဆိုလား :harr:

    • ဦး ကျောက်ခဲ

      February 4, 2013 at 10:56 am

      ဟမ်မလေး ဝေါင်းရဲ့

      မိန်းမ မရင်လည်းနေပါစေတော့…
      ကိုပု နဲ့ဆိုရင်တော့ ကိုယ့်လည်ပင်း ကိုယ်ညှစ်ပြီး…
      တေပစ်လိုက်တော့မယ်… ဂိ
      :kwi:

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    February 4, 2013 at 11:04 am

    ဦးကျောက်ရေ…
    မောင်ဂီတော့ ရထားစီးပြီးကတည်းက ဘဝပျက်သွားတာပဲ…
    ဦးကျော်ကလဲ ပိုစ့်တင်ပြီးတော့ သတိထားနေနော်…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • ဦး ကျောက်ခဲ

      February 4, 2013 at 12:02 pm

      ဟီး ဟီး မောင်ဂီကတော့ မနိုင်ဘူးရယ်

      ကျုပ်လည်း အသီးကွဲမှာစိုးလို့ ငြိမ်နေရသဗျ…
      :harr:

  • Shwe Ei

    February 4, 2013 at 11:14 am

    အန်ကယ်ကျောက်ကလဲ မိန်းမရဖို့အရေး တတပ်တအား
    ပါဝင်ကူညီကြမဲ့လူတွေအများသားကို
    ဂလောက်လဲ အားမငယ်ပါနဲ့။ လူကြီးတွေတင်မဟုတ်ဝူး
    သများတို့လူငယ်တွေလဲ ကူနိုင်သလောက်ကူမှာပါဗျ။ :kwi:

    • ဦး ကျောက်ခဲ

      February 4, 2013 at 12:05 pm

      ချွေအိရယ်

      အားရစရာ လုပ်သာလုပ် ထောင်ဝင်စာ လာတွေ့ပါ့မယ် ဆိုတဲ့ သူတွေချည်းပဲ…
      ဟီ ဟိ ဦးလေးပေါတာ တစ်ရွာလုံး အသိ…
      :kwi:

  • kai

    February 4, 2013 at 11:54 am

    မြန်မာပြည်က..သီလရှင်ဆိုတာ.. ဂေါတမဗုဒ္ဓအသိအမှတ်ပြုတဲ့.. ဘိက္ခူနီမ(ရဟန်းမ)တွေမဟုတ်ဖူးဆိုသဗျ..။
    သာမန်လူတွေအတိုင်းပဲ..။
    ဦးကြီးကျောက်တုံး.. ချစ်ချစ်သာ.. မယ်သီလရှင်ဝတ်သွား(ခဲ့)ရင်.. ဝင်သာဆွဲ..
    ငရဲမ,ကြီးဘူး..
    ငရဲထီးသေးမှာ..။ :kwi:

    • ဦး ကျောက်ခဲ

      February 4, 2013 at 12:12 pm

      တဂျီးကလည်း

      တူမလေးတွေ စွန့်ကျဲမယ်တော့ မရှိဘူး….
      မောင်ကျောက်ကို သာသနာဖျက်လို့ အများမြင်အောင်…
      ကေသာဆံလှ ကတုံးမကို သွားဆွဲခိုင်းနေတယ်….
      မရဘူး ဦးကြောင်ကြီးနဲ့ အင်အားပေါင်းလိုက်ရမလား….
      :harr:

      • မောင့်ကျက်သရေ ဂီ့

        February 4, 2013 at 12:23 pm

        ကျုပ်တို့ဘွက မျက်နှာငယ်ပါတယ်ဗျာ … အယ်ချုပ်နှယ့် နှိမ်ထှာ ….
        ကျုပ်ကိုဆို ခနခန မီးမှောင်မှောင် စမ်းဖွင့်ပြိး ဝင်ရတယ်ဆိုပြီး
        လှောင်နေဂျ….
        လူဂျီးရယ်လို့ … သင့်တော်ရာ ရွာသူလေးတယောက်ယောက်နဲ့
        မိတ်ဆက်ပေးမယ် မရှိဝူး ….

        မင်ဂလာဆောင်တွေများ ရှိရင် မျက်နှာငယ်ရချက်…..
        မချိသွားဖြဲ ချော်လဲရောထိုင် ရချက်….

        ပြောရင်း စိတ်ထိခိယက်လာပါဘီလေ
        :byae:

        • ဦး ကျောက်ခဲ

          February 4, 2013 at 3:44 pm

          ဟုတ်ပါ့ မောင်ဂီရယ်

          ဦးကျောက်လည်းပဲ ငိုပါရစေ…
          ဘယ့်နှဲ့ဗျာ သင့်တော်ရာလေးနဲ့ စပ်ဟပ်ပေးမယ်တော့မရှိ….
          ကျုပ်ကို နံ နှိမ် ပြီး ခေါ်ထားတာ တွေ့တယ်မဟုတ်လား….
          ဦးကြီးကျောက်တုံး တဲ့….
          :byae:

  • ခိုင်ဇာ

    February 4, 2013 at 12:24 pm

    ခက်တယ်။ ဒီလူပျိုကြီးနဲ့တော့။
    တစ်ဆင့် ပြီး တစ်ဆင့် ကြေငြာလာလိုက်တာ ခု ပို့(စ) တင်ပြီး ဗျို့ဟစ်တဲ့ ဘဝ ရောက်ပါရောလား။
    အားမငယ်ပါနဲ့ ဦးကျောက်ရယ်။
    တစ်နေ့နေ့မှာ တစ်နည်းနည်းနဲ့တော့ အစဉ်ပြေမှာပါ။

    ဟိဟိ။
    အစဉ်ပြေအောင်တော့ မကူညီနိုင်ဘူးရယ်။
    အသီးကွဲလို့ သောက်မယ်ဆိုရင် လိုက်ခဲ့ပေးမယ်လို့ ။

    :harr: :harr: :harr:

    • ဦး ကျောက်ခဲ

      February 4, 2013 at 1:29 pm

      ဟုတ်ပါ့ ဇာဂျီးရယ်

      နာ့ ဒီလောက် ကြေငြာလာတာတောင် အလုပ်မဖြစ်သေးဘူး…
      မဆလခေတ် သမဝါယမဆိုင်တွေလို ဆပ်ပြာတို့ သကြားတို့နဲ့ တွဲရောင်းရမလိုဖြစ်နေပြီ…
      :harr:

  • ဗုံဗုံ

    February 4, 2013 at 1:04 pm

    ချိတ်ပူနဲ့ ဦးကျောက် ဓာတ်ပုံတွေ လမ်းမီးတိုင်တွေမှာ လို်က်ကပ်ထားလိုက်ပြီ…အဲ အခုဘဲ ကောင်မလေးတွေ အားလုံး ရထားသံလမ်းပေါ်မှာ တန်းစီနေကြပြီ :harr:

    • Wow

      February 4, 2013 at 1:22 pm

      တွေ့တဲ့နေရာ အသေပဲတဲ့.. ရထားစီးသူဒွေဂို :kwi:

    • ဦး ကျောက်ခဲ

      February 4, 2013 at 1:35 pm

      မိဗုံကလည်း

      အားရစရာတွေ လာပြောနေပြန်ပြီ….
      သူရို့လေးဒွေကိုပြောလိုက်ပါ ဦးကျောက် သံလမ်းအတိုင်းမလာပါဘူးလို့…
      :harr:

      မိရွှေဝေါင်း

      ဦးကျောက် ရထားမစီးဘူးနော်….
      :harr:

  • ခင်ခ

    February 4, 2013 at 2:23 pm

    ကိုကျောက်ကလည်း ဗျို့ဟစ်ကာ ကြော်ငြာလို့ သိပ်မကြာခင် စွန့်ပြီးဆိုရင်တော့………………..
    သိပ်ကြာတဲ့ အထိ ဒီအတိုင်းဘဲဆိုရင် ဒီ ဗျို့ဟစ်ကြော်ငြာ သတိရလိုက်နော်။
    အခုခေတ်က ကြော်ငြာရုံဘဲဆို စိတ်ဝင်စားမှု့နည်းတယ်ဗျ။
    စိတ်ဝင်စားအောင် ကြော်ငြာနဲ့အတူ ……………… မှ မပါတာတဲ့။
    ဥပမာ- ခယ်မ အစွံထုတ်ရန်ရှိသည် ပိုမိုရှင်းအနေနဲ့ ယောက္ခမထဲ့ပေးမည်။ ( ဗွီဒီယ်ု ဇတ်ကားတစ်ခုပါ။)

    • ဦး ကျောက်ခဲ

      February 4, 2013 at 3:36 pm

      ဆရာခရေ

      တွဲထုတ်စရာက ဦးကျောက်နဲ့ ကိုကျောက်ပဲရှိတယ် ခင်ဗျ….
      ဒါနဲ့မှမရသေးဘူးဆိုရင်တော့…
      “ဦးကျောက်…. အချက်အပြုတ်တော်၊ ငွေရှာကောင်း၍ အိမ်ထောင်မှုနိုင်နင်း၊ ဇက်ကြောလည်းဆွဲပေးသည်” လို့…
      ဟီး ဟီး အဲလောက်ဆိုရပြီလား မသိ….
      :harr:

  • နွေဦး

    February 4, 2013 at 5:18 pm

    အော် .. ဦးကျောက် ဦးကျောက်..
    ခေတ်မကောင်းမှ ရှာနေဖွေနေတယ်..
    ဒီမှာကျွေးစရိတ် မွေးစရိတ်တွေ ခေါင်ခိုက်နေတဲ့အချိန်..
    ပြီးတော့ သူတို့ကြေညာတာ တကယ်ဟုတ်မဟုတ်လဲ မသိရသေးဘဲနဲ့ ..
    ဆေးရုံမျာ မွေးလူနာတွေကို အခမဲ့ မွေးပေးတော့မယ်ဆိုတာနဲ့ ယူတော့မယ် မွေးတော့မယ်လို့ သူမို့ မကြောက်မရွံ့ ကြံစီရဲတယ်..
    အံ့ပါ့နော်…

    • ဦး ကျောက်ခဲ

      February 4, 2013 at 5:59 pm

      ဟီး…အကိုကြီးကလည်းဗျာ

      မောင်ကျောက်လည်း အကိုကြီးတို့လို ဘုရားသွားကျောင်းတက် အိမ်ထောင်ဖက်နဲ့…
      ချစ်စရာ တီတီတာတာ သားငယ် သမီးငယ်များနဲ့ မိသားစုဘဝဆိုတာကို လိုချင်တာပေါ့လို့…
      နော်လို့… နော်လို့…
      :kwi:

  • အရီးခင်လတ်

    February 4, 2013 at 5:18 pm

    ပြစ်မထားပါဘူး ကိုကျောက်ရယ်။
    ရဟန်းအစ်မ အဖြစ်တာဝန် ယူပါ့မယ်။
    အဲဂလို
    ရဟန်းဖြစ်ပြီးရင် လူထူထူ လမ်းလည်ခေါင်မှာ တရားပွဲ တွေသာ ကျင်းပလိုက်။
    တစ်ကိုယ်ရည် အဖြစ်မရှိသူ လို့ ဘယ်သူပြောမလဲ။
    ကဲ ။ မဟုတ်လား။
    😆

    • ဦး ကျောက်ခဲ

      February 4, 2013 at 6:07 pm

      အာ…အရီးကလည်း လုပ်ချလိုက်ပြန်ပြီ

      သများက ကြင်ဖော်လိုချင်ပါတယ်ဆိုမှ စပ်ဟပ်တော့မပေးဘူး…
      ရဟန်းလာဝတ်ခိုင်းနေဒယ်…
      မတော် မောင်ကျောက် ပါရာဇိကကျရင် ရဟန်းအမကြီး တစ်ဝက်ခံဇေ…
      ဟီ ဟိ…. အရဂါးစတာ….
      :harr:

    • P chogyi

      February 5, 2013 at 1:54 pm

      လမ်းလည်ခေါင်မှာ တရားပွဲတွေကျင်းပမယ်ဆိုရင်တော့
      အစ်မပဒုမာနဲ့ရှင်းရမှာနော်

    • ဦး ကျောက်ခဲ

      February 4, 2013 at 8:17 pm

      ငါ့ကောင်ကြီး

      မင်းဟာလေ စာပို့တာလည်းမပြန် အတည်ပေါက်နဲ့မုန်လာဥ လာလုပ်ချင်သေးတယ်…
      ဘာမှတ်လည်း နွားတို့ ETတို့ ဝက်ပုတို့ ခေါ်ပြီးလာလည်ပလိုက်မယ်…
      :kwi:

    • garuda

      February 5, 2013 at 2:59 pm

      ခက်တော့…ခက်ကုန်ပြီကွယ်။

      • garuda

        February 5, 2013 at 3:05 pm

        အော်..ဦးကျောက် သယ်ရင်းတွေက တိရိစာ္ဆန်တွေပါလား။ကျွန်တော်နဲ့ သိတဲ့အထဲမှာ တိရိစာ္ဆန်တွေ ပါဘူးဗျ။ အဲ ကို ET ဆိုတာကိုတော့သိတယ်ဂျ။ အဲဒါကြောင့် ဦးကျောက်ကိုသိတာပေါ့ဂျာ ဟဲဟဲ။

        • ဦး ကျောက်ခဲ

          February 5, 2013 at 3:25 pm

          အမ် AU က A K Thu မဟုတ်ဘူးလား?

          ခင်ဗျား ကျုပ်ကို ET နဲ့တွဲပြီး ဓနသိဒိ္ဓ တည်းကသိတယ်ဆိုတော့ နှစ် နှစ်ဆယ်မကတော့ဘူး…
          ဘာပဲဖြစ်ဖြစ် မိတ်ဟောင်းတွေပေါ့ဗျာ၊ ကျုပ် အီးမေးလေး ပြန်လိုက်ပါဦး…
          :kwi:

  • padonmar

    February 4, 2013 at 8:06 pm

    ဦးကျောက်ကို အပေါ်ကတစ်ယောက်ကတော့ ခေါင်းငြိမ့်တယ်ထင်ပါရဲ့။ အင်း…..တဲ့။

    • ဦး ကျောက်ခဲ

      February 4, 2013 at 8:26 pm

      အန်တီပဒုမ္မာရေ

      အပေါ်တစ်ယောက်က အတွင်းသိချင်း ကျွန်တော့လိုပဲမို့လို့ အင်း လို့ပြောတာ နေမှာ…
      ဟီး… အန်တီတို့လည်း ဝိုင်းရှာပေးကြပါခင်ညာ…
      :kwi:

  • မောင်ပေ

    February 4, 2013 at 8:28 pm

    ဥလေးကျောက်
    ဘာမှ ပူနဲ ့
    အာရကေ သာ ခိုင်သထက် ခိုင်အောင် ရှာ
    ဟောတစ်ဗွေ ဟောတစ်ဗွေ ဗဲ
    မော်တာဂဲလ်တွေ ထည်လဲ တွဲလို ့ရတယ်
    စနဲ အဖွဲ ့ကတောင်
    သီချင်းလုပ်ဆိုထားသေးတယ် ၊ ဒိန်းဂျား ဆိုတဲ့ သီချင်းထဲမှာ
    ဟီဟိ

    • ဦး ကျောက်ခဲ

      February 5, 2013 at 7:56 am

      မလုပ်ပါနဲ့ ကိုပေရယ်

      အေးရာအေးကြောင်း အတည်အခန့်…
      ဘဝအဖော်မွန် လိုချင်တာဘာ….
      အား ဟိ….ဘာမှမဟုတ် လူရှိန်အောင်လို့…
      :kwi:

      ဘိုအံ

      ခင်ဗျားဗျာ…. ရက်ရက်စက်စက် အဲ့ကောင်ကြီးကိုမှ နမူနာယူရမယ်လို့…
      :buu:

  • Mr. MarGa

    February 4, 2013 at 9:15 pm

    ဦးကျောက်ရေ
    အားမငယ်ပါနဲ့
    လူပျိုကြီးများအသင်းက ကြိုဆိုပါသတဲ့
    ဦးမာဃ နတ်သမီးလေးတွေကို စွန့်ကျဲချင်ပေမယ့်
    ဦးကျောက်ကို ကြောက်လို့တဲ့ လွှတ်လို့ကို မရဘူးဗျ :mrgreen:

    • ဦး ကျောက်ခဲ

      February 5, 2013 at 8:18 am

      ဦးမာဃရယ်

      နတ်သမီးလေးတွေကို ပြောလိုက်ပါ…
      ဦးကျောက်က ကိုက်မစားပါဘူးလို့!!!!!!!!
      အ ဟိ မြိုချမှာ…
      :harr:

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 5, 2013 at 12:47 am

    ကြည့်ရတာ ဒီလူဗျိုဂျီး တရားရသွားသလားဘဲ
    တစ်ယောက်ထဲနဲ့တင်းတိမ်ပုံထောက် ဘယ်တရားများနာကြားမိဘာလိမ့် :mrgreen:
    ကျုပ်ကတော့ သဂျားမင်းဖြစ်မှဂိုးးးးးးးးးးးးးဖြစ်မှာ
    တစ်ဖက်ငါးရာ ပျော်စရာကြီး
    တစ်သက်နဲ့တစ်ကို နေခြင်သလိုနေလာတဲ့ လူဗျိုဂျီး မိန်းမလိုခြင်နေဘီဆိုဒေါ့
    ဘော်ဘော်ဂန်ဒ သဒိလေးဒေါ့ပေးလိုက်မဗျို့
    ကိုယ်က ဒီနေ့ထိနေခြင်သလိုနေလာခဲ့တာဆိုတော့
    မိန်းမယူတော့မယ်ဆို လိင်မာ မှ
    လိင်မမာလို့မဖြစ်ဘူး ဟိုတုန်းက တစ်ယောက်ထဲ နေခြင်သလိုနေလာတာ
    လိင်မာ ရဲ့လား ?????
    မိန်းမယူတော့မယ်ဆို လျှာကြွေးနိုင်မှ
    ဟိုတုန်းက ကိုယ့်ဖါသာ မရှိရှိသလိုစားလို့ရတယ် သူကလေးနဲ့ဆိုတော့
    လျှာကြွေးနိုင်မှဖြစ်မှာလေ
    ဟဲဟဲဟဲ
    အတော်ကလေး ခံစားနေရပုံထောက်တော့ အချက်ပြနေသလားဘဲ

    • ဦး ကျောက်ခဲ

      February 5, 2013 at 8:08 am

      ဟေ့လူကြီး ကိုအောင်ပု

      ရှင်းရှင်းပြောပါဗျ… ခင်ဗျားဟောတဲ့…
      လင့်ဝတ်တရားငါးပါးကို အာတွေ့တော့ သိတာပေါ့…
      တော်ပါပြီဗျာ… နတ်သမီး တဖက်ငါးရာနဲ့ဆို ကျုပ်အသက်တိုမယ်…
      တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက်ပဲ ကောင်းပါဒယ်…
      :harr:

  • pooch

    February 5, 2013 at 1:07 am

    ပီအိတ်ချ်ဒီ နောက်ဆုံးနှစ် ကျောင်းအုပ်ဆရာမ အသစ်စက်စက်ဖြစ်ခါစ အဒေါ်အပိုကြီး တယောက်ရှိတယ်
    လောလောဆယ်တော့ တောသူဌေး တယောက်က လာကမ်းလှမ်းထားလေရဲ့ အသက်က ၃၈ လောက်တော့ ရှိပြီ
    မော်ဒယ်ကိုယ်လုံးပါ အသားရေဝင်းဝါနေတာပဲ သူ့ရည်းစားနဲ့ ပြတ်တာ နည်းနည်းတော့ ကြာပြီ
    နို်င်ငံခြား သွားဖြစ်ရင်တော့ ဒီတသက် သူသည်လည်း တယောက်ထဲ နေဖို့ အကြောင်းဖန်မယ်ထင်ရဲ့

    အရင်က ဦးကြောင်ကို ပြောဖူးတယ် စိတ်ဝင်စားဟန်မပြလို့ :mrgreen:

    ဆိုတော့ ဦးကျောက်ရယ် မပြောမရှိနဲ့နော်
    ရှိတာလေး ထုတ်ပြောရတာ ပစ်ထားတယ် ဖြစ်မဆိုးလို့

    အဒေါ်သိလို့ကတော့ ဇာက်ပြုတ်ပြီ 😆

    • ဦး ကျောက်ခဲ

      February 5, 2013 at 8:15 am

      မယ် pooch ရေ

      အင်း… ခေတ်ပညာတတ် ကျောင်းအုပ်ဆရာမကြီး ဆိုတော့ စိတ်ဝင်စားစရာ…
      ဒါပေမယ့် သူစိတ်ဆိုးအောင်လုပ်မိရင်တော့ ဦးကျောက် အဆော်ခံထိလိမ့်မယ် ထင်ပါ့…
      အရေးကြီးတာက တူမလို ခပ်ထက်ထက်ပဲလားဟင်…. အား ဟိ စတာပါကွယ်
      :harr:

  • panpan

    February 5, 2013 at 9:07 am

    အူးကျောက်က တွေ့ဆုံပွဲတုန်းက ရွာသူတွေစုထိုင်တဲ့ဝိုုင်းကို မျက်စောင်းထိုးနေတာ အဲ့လာကြောင့်ကိုးးး..
    သူ့မြင်အောင် ခဏခဏမတ်တပ်ထထရပ်ရတာလည်း အမော
    ပြုံးဖြီးနေတာလည်း ပွဲစပွဲဆုံး (ဘယ်ဂလောက်ပျော်နေရှာလဲမသိ)
    ထိုင်ခုံအတည့်တောင် ကောင်းကောင်းမထိုင်နိုင်ရှာဘူး
    ကိုယ်ကြီးလိမ်လို့ စောင်းလို့ ဖင်ကြွကြွနဲ့
    အပျိုတွေကတော့ ငါ့များလာချိန်နေလားလို့ ရင်တမမနဲ့
    အဟီး….. စတာနော် အူးကျောက် :harr:

    • ဦး ကျောက်ခဲ

      February 5, 2013 at 9:22 am

      ပြောကြပါအေ

      အပျိုလေးဒွေက ကျုပ်ကိုကြောက်လို့ လှည့်တောင်မကြည့်…
      ဟိုအပြိုဂျီးကတော့ “ကျွန်မက အိမ်ထောင်သည်ပါ” လို့…
      လူကိုကြည့်ပြီး ကလိသွားဒယ်….
      စိတ်နာဒယ်အေ…. အဲသာကြောင့်…အဲသာကြောင့်…
      :harr:

    • P chogyi

      February 5, 2013 at 1:57 pm

      ခဏခဏ မိုက်ထဆွဲတာထဲ့ပြောဦးလေ

  • amatmin

    February 5, 2013 at 9:28 am

    အော်..အော်..
    အူးလေးက ဂလို ကိုး ဗျ..
    ဒါနဲ့ စကားမစပ်.ဒီတခေါက်ပြန်လာရင်လည်း..
    ဘယ်လောက်ညဉ့်နက်နက် လာကြိုပေးပါရစေ ..ဗျာ 🙂

    • ဦး ကျောက်ခဲ

      February 5, 2013 at 9:40 am

      ကိုအမတ်

      အဲသည့်ညတော့ အမှတ်ရ လွမ်းမိပါရဲ့ဗျာ…
      ဒီတစ်ခါတော့ ကျုပ်ရောက်အောင်အထိ စောင့်ပါဦးဗျာ…
      လူဇိုးဒွေ… သူရို့က အတော်ဟုတ်နှင့် နေပြီ…
      :kwi:

      • panpan

        February 5, 2013 at 4:32 pm

        သူရို့က အရင်ဟုတ်နှင့်တာမှ လွန်ရော
        ဘာတဲ့… ကရဲစီရဲ့ ပြည်ကြီးမျှော့နှုတ်ခမ်းထဲကို ပုစွန်သုပ်ထည့်စားလိုက်တော့
        အူးမတ်ကြီးရဲ့လျှာက ပုစွန်စားချင်လို့တွန့်သွားသတဲ့
        အဲဒါ… အဲဒါ :kwi:

  • ဦးကြောင်ကြီး

    February 5, 2013 at 10:24 am

    ဦးကျောက်က အဲလိုပေါတော့ အသက်နှစ်ဆယ်ကျော်လို့ ငါးနှစ်စွန်းနေတဲ့ ကျနော် အသက်အတော်ကြီးနေပါပေါ့လား တွေးအားငယ်မိဒယ်ဗျာ..။ ကြောင်ကြီးအခြစ်နဲ့ တန်တဲ့ ဘုန်းရှင်ကံရှင်ရွာသူ ရှိမရှိ ကြည့်ရအုံးတော့မှာပဲ။ သဂျီးကတော့ ကိုရင်ကြောင်ကြီး အားမငယ်နဲ့ ငါရှိတယ်တဲ့၊ ဘာသဘောလဲ သိဝူး.. သူ့တော့ လိုဂျင်ဗာပူး…။

    • ဦး ကျောက်ခဲ

      February 5, 2013 at 1:37 pm

      ငါးဆယ်ကျော်လို့ နှစ်နှစ်စွန်းနေတဲ့ ဦးကြီးကြောင်

      အားမငယ်ပါနဲ့ဗျာ… ခင်ဗျားဆိုရင် ရွာသူတွေက အွန်လိုင်းတက်လာရင်တောင် ပြေးကြဒါဆိုတော့…
      ခင်ဗျားရဲ့ အခြစ်နဲ့ ထိုက်တန်တဲ့ သဂျီးတို့ ကိုအောင်ပုတို့ ကိုသာ ခေါင်းငြိမ့်ပြလိုက်ပါဗျာ…အား ဟိ
      :harr:

  • kokothandar

    February 5, 2013 at 12:43 pm

    အသက်ကြီးရမယ် ။ ရုပ်ဆိုးရမယ် ။ရူးသွတ်ရမယ် ။ကိုယ်ခန္ဓာချို့ယွင်းရမယ် ။ သွတ်ချာပါဒလိုက်နေရမယ်
    ကောင်းခြင်းငါးဖြာတဲ့ ၁က၄ အထိက အချစ်ငတ်နေတော့ ကိုယ့်အပေါ်အလိုလိုက်မယ် ၅ ကတော့ တစ်ချိန်လုံး လှုပ်နေတော့ ကိုယ်သက်သာတယ် အဲဒီအိမ်ထောင်ဖက်ကိုရအောင်ရှာတော့နော်
    အပျိုဂျီးတွေအတွက် အိမ်ထောင်ဖက်ကတော့ လစာမှန်ှအပ်မဲ့သူ။ မကြာခင်သေနိူင်တဲ့ ရောဂါရှိပြီး ငွေကြေး
    ကျန်နိူင်တဲ့သူ။ သတ်သတ်လွတ်စားတဲ့သူ။ အားအားရှိဘုရား ရှိခိုးနေတတ်သူ။ အမွေလုဘက်မရှိသူဟာ
    ကောင်းခြင်းငါးဖြာပါဘဲ

    • ဦး ကျောက်ခဲ

      February 5, 2013 at 1:45 pm

      ရက်စက်ပါပေ့ kokothandar ရယ်

      ဘယ်ဘဝထဲက ဦးကျောက်ကို သည်လောက်ထိမုန်းနေဒါလည်း ခင်ဗျာ…
      ခင်ဗျားရဲ့ ကောင်းခြင်းငါးဖြာကြီးက ကျုပ်စိတ်ညစ်ပြီး မြန်မြန်သေမယ့် ကိန်းဗျ…
      :byae:

  • Char Too Lan

    February 5, 2013 at 1:14 pm

    “အဲဒါ တရားဝင် ခင်ဗျ။ မင်းမသိသေးလို့… ကြားထဲမှာ အများကြီးရှိသေးတယ်”
    “ဟမ်… ငါ မိန်းမယူမယ်ဆိုရင် ငတိုးကိုသိလားလို့ အရင်မေးရမလိုဖြစ်နေပြီ။
    ဒီကောင်တွေများ ရုပ်ခံရှိတော့ စွံချက်”
    “အားမကျနဲ့ မောင်ကျောက်၊ ပျော့ပျော့လေးနဲ့လိမ်တဲ့ ယောက်ျားအီကြာကွေးဆိုတာ အဲသည့်လို ကောင်တွေကွ။ ကောင်မလေးတွေကို ညီမလေးအရင်းလို သဘောထားလို့ပြောတာပါဆိုပြီး ကိုယ့်မယား မကောင်းကြောင်း၊ အိမ်ထောင်ရေး အဆင်မပြေကြောင်း အာထု၊ သနားအောင်လုပ်၊ မျက်ရည်ချူပြီး ဆွဲစားတဲ့ကောင်တွေပါကွာ။ ထွီ… ငါတော့ရွံပါ့”
    =======================
    ဒါလေးမိန်းခလေးတွေကိုသိစေချင်တယ် … ယောက်ျားလေးသူငယ်ချင်းတစ်ယောက်ကပြောပြဖူးတယ် ခုခေတ်မိန်းမတွေကို သူတော့နားမလည်နိုင်တော့ဘူးတဲ့ အွန်လိုင်းမှာကြူတဲ့ယောက်ျားတွေက
    နောက်ပိုင်းမိန်းမရှိပါတယ်လို့ပြောတာတောင် ခွင့်လွှတ်နိုင်ပါတယ် သူ့ကိုချစ်နေပေးရင်ပဲရပါပီလို့ ပြောသတဲ့လေ……

    • ဦး ကျောက်ခဲ

      February 5, 2013 at 2:30 pm

      တူမလေး အဖြေ မှန်ပါတယ်ကွယ်…. ၁ မှတ်

      ဦးလေး အဓိကပြောချင်တာ အဲဒါလည်းပါ ပါတယ်…
      ယောက်ျားမာယာ နဲ့ စံရွေးလွန်တဲ့ မ တွေအကြောင်းပါ…
      ထုံးစံအတိုင်း ဦးလေးကလည်း ပေါ့ပေါ့ပါးပါး ရယ်ရအောင်လေးပါ စွက်လိုက်တာပါ…
      :kwi:

  • nozomi

    February 5, 2013 at 2:00 pm

    ဦးကျောက် က လိုချင်တယ်ပဲ ပြောနေတယ်
    စံသတ်မှတ်ချက်လေး တွေလဲ ပြောပါဦး

    ရုပ်ရည်၊အရပ်၊ စိတ်နေစိတ်ထား …………………
    ဒါမှ မဟုတ် အဓိက အဓိကပဲ ဘာလာလာ ဒေါင်းမှာပဲလား

    အဲဒါတွေ သိရရင် ရှာပေးရတာ ပို အဆင်ပြေတာပေါ့

    • ဦး ကျောက်ခဲ

      February 5, 2013 at 3:18 pm

      ကိုရင်နိုရယ်

      ရွာသားတွေထဲမှာ ကိုရင့်လောက် ဘယ်သူမှ အားမကိုးရဘူး…
      ရှာပေးမယ်ဆိုလို့ ဝမ်းသာပါ၏…
      တိုးတိုးတိတ်တိတ် PM ပို့ပြီး ပြောမယ်ဗျာ… ဟီ ဟိ
      :kwi:

  • Mobile

    February 5, 2013 at 6:40 pm

    ဦးကျောက်ရေ အခုမှသေချာဖတ်ရလို့ဗျ။
    ဦးကျောက်ရဲ့ ဖြစ်ပုံလေးက လွယ်ပါတယ်ဗျာ။
    ကျုပ်တတ်သလောက် ပြောရမယ်ဆိုရင် အဓီကမစွံ့တဲ့အချက်က နာမည်ဗျ။
    ဦးကျောက်ခဲ ဆိုတော့ သေချာစဉ်းစားကြည့်ရင် ဘယ်တော့မှ ရေပေါ်မပေါ်မယ့်
    အဓိပ္ပာယ်ဖြစ်နေတယ်။ ဒီတော့ဗျာ ဘယ်တော့မှမစွံ့ဘူးပေါ့။
    ယတြာ။ ။ ရေပေါ်ပေါမည့် နံမည်တစ်ခုကို ပြောင်းလိုက်မည်စိုက အားလုံး OK!
    မှတ်ချက်။ ။ ဝါးလုံးရှည်ရှည်တစ်ချောင်းဆောင်ထားပါ။(ဝိုင်းလာလို့ မျက်စီနောက်လာရင်
    ရမ်းဖို့အတွက်)

    • garuda

      February 5, 2013 at 9:22 pm

      တွေးကြည့် ရင်တော့….အသားမဲတဲ့သူ ပတ္တမြားခဲနဲ့တူတဲ့…….ဒီတော့….ပတ္တမြားမှန်ရင်နွံမနစ်ဘူးတဲ့။ ဒါကြောင့် ရေတွင်မပေါ်သော ကျောက်ခဲအစား….နွံမနစ်သော ကမာ္ဘကျော် နိုင်ငံကျော်သော…ပတ္တမြားငမောက်ကဲ့သို့….ရွာကျော်အောင်နာမည်ကျော်ကြားသော မောင်မင်းနာမည်အား “ငမောက်” ဟုတွင်စေကာ..လူပျိူ အပျိုများမှ ကိုုကိုမောက်ဟူ၍၎င်း ဦးဦးမောက်ဟူ၍၎င်း၊ လူကြီးများမှ မောင်မောက်/တူကြီးမောက် ဟူ၍၎င်း ငါကိုယ်တော်မျက်မှ နန်းမတော် မယ်မောက် ဟူ၍၎င်း ခေါ်တွင်စေသတည်း။

      ပုံ/မင်းတုံး မင်းကြီးဒေါ် :harr: :harr: :harr: :harr: :kwi:

      နောက်တာနော် ချိတ်ချိုးနဲ့ :kwi: :kwi:

    • ဦး ကျောက်ခဲ

      February 6, 2013 at 8:06 am

      ကိုရင် Mobile ရယ်

      ကျွန်တော်မောင်ကျောက်က ချစ်သံသရာဝဲဩဃမှာ….
      ပလုံကနဲ မြုတ်ချင်သူမို့ ဒီနာမည်လေး ပေးထားတာပါခင်ဗျာ…
      အ ဟီး အနားကိုကပ်လာမယ့် မဒီလေးတွေကို ဝါးလုံးကိုင်ပြီး မရမ်းရက်တာမို့…
      :harr:

      ကိုရင် garuda

      ခင်ညားကလည်း အကောင်းမှတ်လို့ အချွန်နဲ့မတယ်…
      ပင့်ပြီး ရိုက်ချတာ ဒါမျိုးပေါ့…. လူဇိုး..
      :harr:

  • ဦးဦးပါလေရာ

    February 5, 2013 at 7:32 pm

    အော်..
    ဒါလေးများ… ကိုကျောက်နှယ်
    ခွန်နှစ်အိမ်ကြားရှစ်အိမ်ကြား.. လျှောက်ပြောနေရတယ်လို့..။

    ဒီမှာ..
    ကျုပ် တိုးတိုးတိတ်တိတ် လက်တို့လိုက်မယ်…
    ရွာလူကြီးတွေထဲမှာ တူမအပျို ဒါဇင်ဝက်တိတိရှိတဲ့သူတယောက်ပါနေသဗျ…..
    ကျန်တာကတော့ မောင်ရင့်အပိုင်း…

    :harr:

    • ဦး ကျောက်ခဲ

      February 6, 2013 at 8:14 am

      ဦးပါ ရယ်

      ပြောပြောက စောရောပေါ့…
      ဂဇက်ပွဲတည်းက သတင်းပေးလိုက်ရင် ခုလို လော်နဲ့ မအော်ရတော့ဘူးပေါ့ခင်ဗျာ….
      အဲသည် တူမချောဒါဇင်ဝက်ရှိတဲ့ ရွာလူကြီးဆိုတာ ပေးသိပါလားဟင်…
      လက်ဆောင်ဝယ်ပြီး အိမ်တိုင်ရာရောက် သွားပို့ချင်လို့ပါ… ဟီး ဟီး
      :kwi:

      • panpan

        February 6, 2013 at 9:02 am

        အူးကျောက်ရေ
        အူးပါလိုပဲ ကူညီချင်လို့၊ သတင်းပေးချင်လို့ :mrgreen:
        အနော်တို့ရုံးမှာလည်း မိန်းကလေးတွေအယောက်၂ဝလောက်ရှိတယ်
        ပြီးတော့ ငယ်ငယ်လေးတွေ
        အနော်တောင်ရုံးကမိ်န်းခေးတွေထဲ အသက်အကြီးဆုံး 🙁
        အဲ့ကောင်မလေးတွေထဲမှာ ရီးဇားချိတဲ့လူတောင် သုံးလေးငါးယောက်လောက်ရယ်
        အူးကျောက် အားမငယ်နဲ့
        သူတို့ဖုန်းနံပါတ်လည်းပေးမယ် ရုံးလိပ်စာလည်းပေးမယ်
        ကျန်တာကတော့ အူးကျောက်အပိုင်း….. :kwi:

        အဲ့….တစ်ခုကျန်ခဲ့လို့
        ဘာမုန့်ကျွေးမှာလဲအရင်ပြောမှ….. :harr:

  • အဟမ်း..အူးလေးကျောက်ရယ်.. 76 ကွန်မန့်ကို ဖတ်လိုက်ရဒါ မောတွားဒယ်…
    ဒီမယ် တမီးပျောမယ်… မိန်းမဆိုဒါဂလေ မကောင်းဝူးတိလား.. ဂဂျီနဲ့ဂဂျောင်နဲ့.. ပူညံပူညံလည်း နိုင်ဒေး… ပီးရင် တူဒို့ဂိုလည်း ချာကျွေးရအုံးမယ်..
    ချိုဒေါ့.. ဒီအတိုင်း လူပိုဂျီးလုပ်ပီး..အနော်ဒို့လို တူမချောချောလေးဒွေဂို .. ပန်လာဒိုင်း မုန့်လိုက်ကျွေးပီး နေရဒဲ့ဘွဂ ပျော်ဇယာ ပိုကောင်းဘာဒယ်လို့… အိုက်ဒါလေး.. အိုက်ဒါလေ.. :harr:

    • ဦးကျောက်ခဲ

      October 21, 2013 at 3:22 pm

      အပေါ်က ခလေးမ… အခု ပြန်ပြင်ပြောချင်ပြီလား… ဟီ ဟိ
      😀

  • Ma Ma

    October 21, 2013 at 2:54 pm

    အဟမ်း အဟမ်းးးးး
    ဦးကျောက်ရဲ့ ဗျိ ု့ဟစ်ထားတဲ့ ပိုစ့်လေးပဲ။
    အဟဲ….
    ဟစ်ရကျိ ုးနပ်ပါတယ်လေ။
    အဟုတ် …….
    ၂၀၁၃ မှာ အပီစွံသွားပါပကောလားးးးးးးးးးးးး 🙂

    • ဦးကျောက်ခဲ

      October 21, 2013 at 3:16 pm

      အဟွတ်… ဝေဒနာကို ကြေငြာလိုက်တာ အလုပ်ဖြစ်သွားပါကြောင်း…
      ဂလိုပဲ ကျောက်စ်မြှုံးမှာ နှင်းမိအောင် ထောင်ရတာပေါ့ အန်တီမာမားရဲ့…
      😀

    • Crystalline

      October 21, 2013 at 3:18 pm

      အခုတော့ ဦးကျောက်စ်ကလေသံတစ်မျိုးဖြစ်သွားပြီးအန်တီမမရဲ့ :)) အောင်နိုင်သူကြီးလေသံနဲ့ :mrgreenn:

      • ဦးကျောက်ခဲ

        October 21, 2013 at 3:25 pm

        အောင်နိုင်သူ မဟုတ်ပါဘူး Crystalline ရယ်…
        ဦးကျောက်စ်ခဲ ပါကွဲ့… ဟီ ဟိ အရသာရှိလိုက်တာ…
        😀

  • sorrow weaver

    October 21, 2013 at 3:52 pm

    တယ်အပြောင်းအလဲမြန်သကိုး …ဘုန်းရှင်ကံရှင်တွေများ …ဗျို့ဟစ်ရင် အဲ့လိုရတတ်တဲ့အမျိုးလား..ဦးကျောက်စ် အဟီး …ကျော်လဲ ဟစ်အုံးမယ်….အဟိဟိ

    • ဦးကျောက်ခဲ

      October 21, 2013 at 4:06 pm

      ဒါက တားဂတ်ကို သွယ်ဝိုက်စစ်ဆင်တယ်လို့ခေါ်တယ် မောင်ဆောရိုးရဲ့…
      မောင်ရင်တို့လို ရုပ်အခံမရှိတော့၊ ဂလိုပဲ ကြံရတာပေါ့ကွယ်…
      ဒါလည်း ကျ်ားမာယာ တစ်မျိုးပေါ့… ဟုတ်ဘူးလား… ဟီ ဟိ
      😀

  • TNA

    October 21, 2013 at 5:48 pm

    ကျောက်စ် ငတိုးကိုသိလားလို့မေးပြီးပြီလားဟင် :mrgreen: စဒါနော်အာဟိ

    • ဦးကျောက်ခဲ

      October 22, 2013 at 10:49 am

      မေးပြီးပြီ… တိဝူးတဲ့… ဟီ ဟိ 😀

Leave a Reply