Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


ဦးေက်ာက္ခဲSeptember 30, 20171min177713
ထိုင်းမှာ နေခဲ့တုန်းကပေါ့ … ထိုင်းတွေက မြန်မာတွေကို မုန်းတယ် ၊ နှိမ်တယ် ဘယ်လိုပဲဆိုဆို … အေးရှန်း အိမ်နီးချင်းထဲမှာတော့ ဖမာ့ (မြန်မာ) တွေကို အတော်ခင်သား ။ အထူးသဖြင့် တတိယနိုင်ငံတစ်ခုမှာ ဆုံကြည့် ၊ သူတို့မှာ ဖမာ့တွေကိုတွေ့ရင် ဆွေရင်း မျိုးရင်းတွေ့ရသလို အတော်ပျော်ကြတာ ။ ပေါင်းလို့သင်းလို့လည်းကောင်း အတော် အနွံတာခံကြရှာပါတယ် ။ သူတို့အမြင်မှာ ဖမာတွေက သတ္တိကောင်းတယ် ၊ ပြောရဲဆိုရဲရှိတယ် … နိုင်ငံခြားသားကို မကြောက်တတ်ဘူးတဲ့ …   သူတို့ အစိုးရက ဘယ်လိုပဲ ဘရိန်းဝက်ရှ် လုပ်ထား လုပ်ထား ၊ သူတို့ အတွင်းစိတ်မှာ ဖမာ့တွေကို အတော် ကြည်ညိုကြတာဗျ … တကယ် […]


ဦးေက်ာက္ခဲSeptember 24, 20171min232829
မောင်ကျောက်ခဲ ခလေးအရွယ်ကနေခဲ့တဲ့ အိမ်နားမှာ ရပ်ကွက်ဘောလုံးကွင်း တစ်ကွင်းရှိတယ်ခင်ဗျ ။ ကာလရွေ့လျောလို့ အဘတို့ခေတ်ကို ရောက်တော့မှ ၊ အဲသည့် ဘောလုံးကွင်းလည်း ဘဝပြောင်းပြီး ရေလုပ်ငန်း အအေးခန်းကုန်လှောင်ရုံ ဖြစ်သွားပါတယ် … အိုဘယ့် အနတ္တ အစိုးမရ ၊ ထားပါတော့လေ … ။ အဲသည့် ဘောလုံးကွင်းရဲ့ နံဘေးမှာ ရပ်ကွက်ကောင်စီရုံး ရှိတယ်ဆိုတော့ ၊ အခါကြီးရက်ကြီး … လွတ်လပ်ရေးနေ့တို့ ပြည်ထောင်စုနေ့တို့ဆိုရင် မြို့နယ်က ကြီးမှူးပြီး နိုင်ငံတော် အခမ်းအနားပွဲတွေ ကျင်းပတဲ့ နေရာပါခင်ဗျာ ။ ထုံးစံအတိုင်း မဆလခေတ် ပေါ်လစီ အာဝါဒါး ဝိဝါဒါးတွေ ဖတ်ပြပြီး “xxx ရေး … ဒို့အရေး” “အရေးတော်ပုံ အောင်ရမည်” ဆိုတဲ့ ကြွေးကြော်သံတွေ […]


ဦးေက်ာက္ခဲSeptember 19, 20171min182520
  အောင်ရင်တို့ ထူးအိမ်သင်တို့ရဲ့ နာမည်ကျော် သီချင်းလေး … 🎶 အို မေ့မရပြီ စိတ်မှာစွဲ … ဟဲ ဟဲ 🎶 … လို့ လွမ်းချင်းကလေးများချမိရင် အရင်ဆုံးသတိရတာက ၈၈၈၈ အရေးတော်ပုံကြီးပါပဲ ။ မြေပေါ် မြေအောက် ကွန်မြူနစ်တွေကပဲ လှော်လှော် ၊ ဆမူဆာ ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးကပဲ ဖွဖွ ၊ တို့ကျောင်းသားများကပဲ တော်လှန်တော်လှန် … စားဝတ်နေရေး ကြပ်တည်းလွန်းလို့ ကားဂိတ်နေသင်္ဘောအောင်း ဆိုက်ကားဂိတ်ပါမကျန် မဆလ ဘိုနေဝင်းကို အပြုတ်တိုက်ခဲ့ကြတာ ၂၉-နှစ်ပြည့်ခဲ့ပါပြီ ။ “ဆန်တစ်ပြည် ၁၆-ကျပ် စိန်လွင်ခေါင်းကိုဖြတ်” “ရရင်ရ မရရင် ချ ၊ ရရ မရရ ချ” ဆိုပြီး ဇမ်းတင်လိုက်တာ ပိုဆိုးတဲ့ […]


ဦးေက်ာက္ခဲAugust 27, 20171min497135
ဘင်္ဂလီကိစ္စမှာ အစိုးရတိုင်း တာဝန်မကင်းပါ… . ဟိုးအရင် သမိုင်းကို ပြန်လေ့လာ… – ရခိုင်ဘုရင်တွေခေတ်ထဲက နိုင်ငံခြားသား ကြေးစားစစ်သား အကြံပေးတွေ ခေါ်သွင်းတယ်… – အင်္ဂလိပ်ခေတ်မှာ ရခိုင်တွေချမ်းသာတယ် ၊ ပညာတတ်ပေါတယ် … ။ အိမ်အလုပ်ကူဖို့ လယ်အလုပ်လုပ်ဖို့ လုပ်သားရှားတော့ ဘင်္ဂလီတွေကို ခေါ်ခိုင်းတယ် … – အင်္ဂလိပ်ကလည်း သူပိုင် ကိုလိုနီတွေက အလုပ်လက်မဲ့ ဘင်္ဂလီလယ်လုပ်သားတွေကို သွင်းချလာတယ်… – ရခိုင်တွေကလည်း ဘင်္ဂလီတွေကို လူရာမသွင်း ၊ ငယ်နိုင်လို့ သဘောထားပြီ အတော်အနိုင်ကျင့်တယ် … – ဒုတိယကမ႓ာစစ် ဂျပန်တွေကို မေယုဒေသမှာ ပြန်ခံချဖို့ ဘင်္ဂလီတွေကိုသုံးတယ် … – ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီးက စစ်အပြီးမှာ ဘင်္ဂလီတွေကို ကျေးဇူးတင်စကားဆိုတယ် … […]


ဦးကျောက်ခဲတို့ ကျောင်းသားဘဝက ကွင်းဆင်းရတာ့မယ်ဆို ပျော်လည်းပျော်တယ် စိတ်လည်းပိန်တယ်ခင်ဗျ ။ ပျော်တယ်ဆိုတာက ကျောင်းနေဘက် ဘော်ဒါတွေတလှေကြီးနဲ့ လွတ်လွတ်လပ်လပ်ခရီးထွက်ရတာရယ် ၊ မရောက်ဖူးတဲ့ တောကြိုအုံကြား သွားရတာရယ်ကြောင့်ပါ ။ ညဘက်ဆို ဆရာတွေမသိအောင် ခြင်ထောင်တွေ ပိတ်ကာပြီး အံစာခေါက် ဖဲခိုးရိုက်လို့ရတာလည်း ပါတာပေါ့လေ ။ စိတ်ပိန်တယ်ဆိုတာကတော့ အထွေအထူးပြောစရာမလို အနေအစား ဆင်းရဲလို့ခင်ဗျ ။ ယောက်ျားလေးမို့ ဖြစ်သလိုနေ ဖြစ်သလိုအိပ်ရတာ ထူးထူးထွေထွေ ကိစ္စမရှိလှပေမယ့် ဝါးတီးမကောင်းတာတော့ အတော် ဆယ့်တစ်ကျပ်ကျဖို့ကောင်းတဲ့ အမှုဗျို့ ။ လူတွေက တနေကုန် ပင်ပင်ပန်းပန်း ကွင်းဆင်း ကျောက်နမူနာရှာ သယ်ရပိုးရတဲ့အထဲ ခါနာမဂွဒ်ရင် ရူပါက မလန်းဘူးလေ ။   ကွင်းဆင်းရိက္ခာ ဆိုတာကလည်း ရန်ကုန်က ဝယ်ပြီးသယ်လာတဲ့ ဘဲဥသေတ္တာလိုက်နဲ့ ညောင်ပင်လေးဈေးက ငါးကွမ်းရှပ်ခြောက် […]


ဦးေက်ာက္ခဲFebruary 23, 20171min107814
ဖွဘုတ်မှာ ရေကျော်မောင်အေးကဖီးက စမူဆာအကြောင်းပြောရင်းနဲ့ “မိကျော်” ကို သွားသတိရမိတယ်…   ဒီလိုခင်ည … မောင်ကျောက် တက္ကသိုလ်ကျောင်းသားဘဝကို ပြန်စဉ်းစားမိရင် အတော် တုန်လှုပ်မိပါတယ် ။ ဖြတ်သန်းခဲ့ရတာ တကယ့် “ခရောင်းလမ်း” မို့ပါ ။ မိဘအိမ်ပေါ်က ကန်ချခံထားရချိန်မို့ ကိုယ့်ဝမ်းကိုယ်ကျောင်း ၊ အဆောင်လခ ၊ ကျောင်းလခ ကိုယ့်ဟာကိုယ်ရှာပြီး ဘူမိဘွဲ့ကို ရအောင်ယူခဲ့ရတာပါ ။ အဲသည့်ခေတ် အစိုးရ အဆောင်လခ ၄၄၀-ကျပ် ၊ ကျောင်းလခ ၇၅-ကျပ် … အဲသည့်တော့ လဘက်ရည်ဖိုးနဲ့ဘာနဲ့ စားရိတ်ရအောင် ကျောင်းဆင်းချိန်မှာ အလုပ် လုပ်ရပါတယ် ။ မီးကြိုးရိုက် ၊ အောက်ဆိုက်ကားမောင်း ၊ ခရီးဝေး ဘုရားဖူးကားမောင်း ၊ ကားရေဆေး ပေါ်လစ်တိုက် […]


ဦးေက်ာက္ခဲAugust 15, 20161min233636
  ဒီရက်ပိုင်း ဟောင်ကောင်ရာသီဥတုကလည်း မိုးကလေးတစိုစိုဆိုတော့ အားကစားသမားများအကြိုက်ပေါ့ခင်ဗျာ ။ ဦးကျောက်ခဲလည်း ဇိမ်ကလေးနဲ့ ကော်ဖီသောက်ရင်း ငယ်ဘဝကို လွမ်းမိပါရဲ့ ။ အပင်ပန်းဆုံးနဲ့ အပျော်ဆုံးအချိန်ကို ပြောပါဆိုရင်တော့ ဘူမိကျောင်းတော်သားဘဝပါပဲ ။ ကျောင်းပြီးလို့ ကိုယ့်ဘဝနဲ့ကိုယ် နိမ့်တုံ မြင့်တုံ အခြေအနေစုံကို ဖြတ်သန်းနေကြပေမယ့် ကျောင်းနေဘက်ချင်း အဆက်အသွယ်မပြတ်သလို မေတ္တာလည်း မပျက်ကြပါဘူး ။ ငယ်နုစဉ်က လက်သီးထိုးဖော် ရန်ဘက်တွေလည်း အခုအသက်အရွယ်ရောက်တော့ လည်ပင်းဖက်လို့ ကာရာအိုကေရောက်ကုန်တဲ့ မောင်တွေချည်းပဲ ။ သမီး သား ဇနီးမယားနဲ့ လင့်ဝတ္တရားကျေပွန်ကြသူတွေဆိုတော့ အုံးစားလို့ ခေါင်းမွေးပြောင်တဲ့ကောင်ကပြောင် ၊ ဆံဖြူသွားကျိုးဖြစ်တဲ့ကောင်ကဖြစ် နဂိုရည်ပျက်ယွင်းလို့ ငယ်ရုပ်လေး မပေါ်တပေါ်တွေ ဖြစ်ကုန်ကြပါပြီ ။ ထို့အတူ ဦးကျောက်ခဲတို့ရဲ့ ငယ်ဆရာတွေလည်း အနတ္တ အစိုးမရလို့ ဇရာရဲ့အလိုတော်အတိုင်း […]


ယခုတလောမယ် ကမ႓ာ့စီးပွါးရေးသတင်း နိုင်ငံရေးသတင်းတွေပဲ ဦးကျောက်ခဲလည်း လိုက်ဖတ်နေမိတယ် ။ သိတဲ့အတိုင်း ရေနံဈေးတွေကကျ ၊ EU ကနေ ဗြိတိန် ခွဲထွက်တဲ့ Brexit ကလည်း တစခန်း ၊ စတော့ခ်ဈေးကွက်ကလည်း နာလန်မထူနိုင် ၊ အစွန်းရောက်အကြမ်းဖက်တွေကတမှောင့်ဆိုတော့ ကမ႓ာ့စီးပွါးပျက်ကပ်ကို ဦးတည်နေပြီလားထင်ရပါတယ် ။ အာရှနိုင်ငံတွေက ဗေထိဆို စကွဲတာမို့ “အာရှကျား” ဟောင်ကောင်တို့ စင်္ကာပူတို့လည်း ၁၉၉၈ ကလို နောက်ထပ်မခံရလေအောင် သူတို့နိုင်ငံက စီးပွါးရေးပညာရှင်တွေက ရေတိုရေရှည် စီးပွါးရေးစီမံကိန်းတွေချကြပါတယ် ။ အဓိက ကတော့ နိုင်ငံတကာဇာတ်ခုံပေါ် ဝင်မကပဲ ကိုယ့်နိုင်ငံစီးပွါးရေး တည်ငြိမ်ရေးကိုပဲ အာရုံစိုက်လာတာပါ ။ စီးပွါးရေးဂယက်က ဘယ်လောက်သက်ရောက်လဲဆိုရင် မြန်တျန့်မှာတောင် ထင်မထားတဲ့သူတွေက အလိမ်ဇယားနဲ့ ကျော်ခွပြေးလို့ ကျန်ရစ်ခဲ့သူတွေမှာ စီးပွါးတွေပျက် ၊ […]


ဦးေက်ာက္ခဲNovember 25, 20151min110631
“ကိုစိန်ရေ…. ဗျို့… ကိုစိန်… တံခါးဖွင့်ပါဦးဗျ” မော်တော်ကား ဆီဖြည့်ပြီး ပြန်လာတဲ့ အဖေနဲ့ မောင်ကျောက်ခဲ အိမ်တံခါးပိတ်ပြီးယုံရှိသေး ၊ အိမ်ရှေ့ကနေ အော်ခေါ်နေတဲ့ အိမ်နီးချင်း အဖေ့သူငယ်ချင်း ဦးအောင်သိန်းရဲ့ အသံကြောင့် အဖေလည်း အိမ်တံခါးပြန်ဖွင့်ရင်း… “ရေးကြီးသုတ်ပြာ ဘယ်လိုဖြစ်ရပြန်တာတုန်း ကိုအောင်သိန်းရဲ့” လို့ အမေးရှိလိုက်တော့… “ကိုစိန်… မေးချင်ရင်နောင်မှမေး… အခု ကျုပ်မျောနေတယ်… ခင်ဗျားပိုက်ဆံနဲ့ရိုက်မှဖြစ်တော့မယ် ၊ ကျုပ်ကို ပိုက်ဆံနှစ်သောင်းခဏလှည့်ဗျာ ။ ဟေ့လူ … ခင်ဗျားကိုယ်ပိုင်ပိုက်ဆံနော်” “ဟား ဟား ဟား … ကိုအောင်သိန်းရယ် ဒီအိမ်မှာ ကျနော်က အိမ်ထောင်ဦးစီး ၊ စီးပွါးလည်း ကျနော်ပဲရှာတာမို့ အားလုံး ကျုပ်ပိုက်ဆံပါဗျာ ။ ကဲ ကဲ… ခဏလေး” အဖေလည်း ရယ်ရယ်မောမော […]


ဦးေက်ာက္ခဲNovember 19, 20151min80618
မပြုံး ကျောက်စ်ရဲ့ဝေဒနာဟောင်းကို တူးလေပြီ… …………. ပြန်သတိမရချင်တဲ့ ဘဝတကွေ့မှာ ကျောက်စ် အိပ်စရာအိမ်ယာမဲ့ဖူးတယ်ခင်ဗျ ။ ဟိုသည်ကြုံရာအိပ်ရင်း နောက်ဆုံးတော့ အဲသည့်ခေတ်က နာမည်ကြီး ဗွီဒီယိုတိပ်ခွေအငှါးဆိုင်တစ်ဆိုင်ရဲ့ အခွေကူးခန်းမှာ ညဘက်ဆိုအခွေပွါးရင်း မှိန်းရတာပေါ့ဗျာ ။ ကြုံလို့ပြောရရင် အဲသည့်အချိန်တုန်းက အခွေဖြန့်သူတွေထဲမှာ အခု အနဂ္ဂတို့အဖေ အဆိုတော်ကြီး (ဦး)မင်းမင်းလတ် ဆီကအခွေတွေက ကွာလတီလည်းအလွန်ကောင်းပြီး အောက်မှာ အင်္ဂလိပ်စာတန်းထိုးလည်းပါပါတယ် ။ နောက်ပြီး ဇာတ်လမ်းကောင်းတာတွေလည်းများတာမို့ အင်္ဂလိပ်စာဝေါဟာရနဲ့ လေယူလေသိမ်းအတုခိုးရအောင် သူ့ဆီက ဗွီဒီယိုတွေဆို ခွေကူးနေရင် မအိပ်ပဲထိုင်ကြည့်တာပါပဲ… ။ . . တနေ့သား … ညဘက်… နှင်းဆီကုန်းဘိုးဘွားရိပ်သာမျက်စောင်းထိုးက သူတို့အိမ်မှာအခွေသွားယူတော့ ၊ အခွေတွေလည်းထုတ်ပေးရင်း ထိုးမုန့်လည်းကျွေးရင်းက “ကောင်လေးရေ Sally Field (Forrest Gump မှာလည်း […]


ဦးေက်ာက္ခဲAugust 6, 20151min163531
သိသလောက် တတ်သလောက်လေး ခါတော်မီ ပွါးပါရစေဗျာ… ဒီလိုပါခင်ဗျ… ဆည်ဆောက်တယ်ဆိုတာ ရည်ရွယ်ချက် အမျိုးမျိုးရှိပါတယ်… . လျှပ်စစ်ဓာတ်အားထုတ်ဖို့ . စိုက်ပျိုးရေးမှာ အသုံးချဖို့ ၊ သောက်သုံးရေ ဖြန့်ဝေဖို့ . ရုတ်တရက် ရေမကြီးအောင်တားဆီးဖို့ . နုံးနဲ့ ရေညာက အမှိုက်တွေကို ဆယ်ထုတ်ဖို့ . …. အစုံပေါ့ဗျာ…   အဲသည့်ရည်ရွယ်ချက်တွေအပေါ်မူတည်ပြီး Hydro-power Dam, Irrigation Dam, Embankment Dams, Flood Protection Dam, Cofferdam, etc. ပေါ့ခင်ဗျာ ။ ဆည်ဆောက်တာ အပြစ်မဟုတ်ပေမည့် ဆည်ကို ဘယ်နေရာမှာဆောက်မယ် ၊ (Crest Height) အမြင့် ဘယ်လောက်ထားမယ် ၊ ဘယ်လိုဒီဇိုင်းဆောက်မယ်ဆိုတာက အရေးပါပါတယ် ။ […]


ဟိုရောက်သည်ရောက် ရောက်တတ်ရာရာ ပြောရဦးမယ်… ဒီလိုပါခင်ဗျ … ကျနော် ဦးကျောက်ခဲမှာ ဥမမယ် စာမမြောက် ၊ အရွယ်မရောက်သေးတဲ့ တူမလေး ၃-ယောက်ရှိပါတယ် ။ အစ်မလတ်ကမွေးတာ ၂-ယောက် ၊ ညီမငယ်ကမွေးတာ ၁-ယောက်ခင်ဗျ ။ ညီမကမွေးတဲ့တူမလေးကတော့ ကိုယ်တိုင်ကိုယ်ကြ မီးနေစောင့် ၊ ညရေးညတာ နို့ထတိုက် ၊ ကိုယ့်လက်ပေါ်မှာပဲမွေးခဲ့တယ် ဆိုပေမည့် ဦးကျောက်ခဲ တူမအားလုံးကို သာတူညီမျှချစ်ပါတယ် ။ တူမအကြီးကြတော့လည်း ဗဟုသုတပြည့်စုံပြီး စာတော်တာကလွဲရင် ထူထူအအမို့ သနားချစ်နဲ့ချစ်ရ ၊ တူမအလတ်ကြတော့လည်း ဖြတ်ထိုးဉာဏ်ကောင်းပြီး တွတ်တီးတွတ်တာ နှုတ်သွက်လို့ချစ်ရ ၊ တူမအငယ်ကြတော့လည်း အပြုံးချိုချိုနဲ့ အလွန်ဆော့လို့ချစ်ရ မရိုးရပါဘူးဗျာ ။   စာရေးရင်းလမ်းကြုံလို့ တူမအလတ်အကြောင်း ပြောရဦးမယ် ။ ဒီလိုခင်ဗျ… […]


ဦးေက်ာက္ခဲFebruary 23, 20151min110041
ဟိုဘက်က ခင်ဇော်ရဲ့ ပို့စ် “ဒန်ပေါက်တွေ ဝယ်ဒယ် – KZ’s ထမင်းဆိုင်” မှာ မန့်မလို့ စာရှည်သွားလို့ပါ…   အာရပ်ဒန်ပေါက်ကို Machboos (သို့) Majboos လို့ ခေါ်ပါတယ် ခင်ဗျ… အိန္ဒိယ ပါကစ္စတန် ဒန်ပေါက်ချက်နည်းနဲ့ ဘာကွာလည်းဆိုတော့ အဆီ အဆိမ့်နည်းပြီး ချဉ်ဖြုံးလေးပါ ။ ဘာရိန်း (Bahrain) ၊ ဆော်ဒီ (Saudi) နဲ့ ကာတာ (Qatar) နိုင်ငံတွေဘက်မှာ တမြတ်တနိုးထားပြီး စားကြပါတယ် ။ အာရပ်ရိုးရာ စားပုံကတော့ ဒေါင်းလန်းလိုမျိုး ဗန်းအကြီး ကြီးထဲမှာ အသားစုံနဲ့ ချက်ထားတဲ့ Machboos ကို တယောက်တစ်လက် ဝိုင်းသမကြတာပါပဲ … လက်ရည်တပြင်တည်းပေါ့ ခင်ဗျာ… ။   […]