Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

KZ’s ထမင်းဆိုင် နောက်တိုး…. အာရပ်ဒန်ပေါက်…

ဦးေက်ာက္ခဲFebruary 23, 20151min117141

ဟိုဘက်က ခင်ဇော်ရဲ့ ပို့စ် “ဒန်ပေါက်တွေ ဝယ်ဒယ် – KZ’s ထမင်းဆိုင်” မှာ မန့်မလို့ စာရှည်သွားလို့ပါ…

 

အာရပ်ဒန်ပေါက်ကို Machboos (သို့) Majboos လို့ ခေါ်ပါတယ် ခင်ဗျ…
အိန္ဒိယ ပါကစ္စတန် ဒန်ပေါက်ချက်နည်းနဲ့ ဘာကွာလည်းဆိုတော့ အဆီ အဆိမ့်နည်းပြီး ချဉ်ဖြုံးလေးပါ ။ ဘာရိန်း (Bahrain) ၊ ဆော်ဒီ (Saudi) နဲ့ ကာတာ (Qatar) နိုင်ငံတွေဘက်မှာ တမြတ်တနိုးထားပြီး စားကြပါတယ် ။ အာရပ်ရိုးရာ စားပုံကတော့ ဒေါင်းလန်းလိုမျိုး ဗန်းအကြီး ကြီးထဲမှာ အသားစုံနဲ့ ချက်ထားတဲ့ Machboos ကို တယောက်တစ်လက် ဝိုင်းသမကြတာပါပဲ … လက်ရည်တပြင်တည်းပေါ့ ခင်ဗျာ… ။

 

လက်ရေတပြင်တည်း....
လက်ရေတပြင်တည်း….

 

Machboos ကို… ငါး (hamour / grouper ပင်လယ်ငါး) ၊ ပုဇွန် ၊ ကြက် ၊ အမဲ ၊ သိုး ၊ ဆိတ် ၊ ကုလားအုတ်သား တွေနဲ့ ချက်ပါတယ် ။ သူတို့ ရိုးရာကတော့ အမဲနဲ့ ကုလားအုတ်သားဆို အတုံးကြီးကြီး ၊ ကြက်ဆို အကောင်လိုက် ၊ ဆိတ်တို့ သိုးတို့ဆိုရင် ပေါင်လိုက် အခြမ်းလိုက် ချက်တာပါ ။ အသားစားကြူးသူတွေအတွက်တော့ ကြည့်ရတာ အားရစရာကြီးပါ …။ ကျောက်စ်ကတော့ မိသားစုစာ ချက်နည်းပဲ ရေးပေးပါ့မယ် ။

 

ဒံပေါက်ဆန် (Basmati Rice) နို့ဆီဗူး ၄-လုံး (1- Kg ခန့်)
ကြက် အရွယ်တော် ၆ဝသားလောက် ၂-ကောင်ကို ခေါင်းတွေ ခြေထောက်တွေဖြတ်ပြီး လေးပိုင်းပိုင်း (သို့)
သိုး / ဆိတ် ဒါမှမဟုတ် အမဲ တစ်ပိသာကို လက်သီးဆုပ်လောက် အတုံးကြီးကြီးတုံး
ကြက်ဥပြုတ် ၆-လုံး
ကြက်သွန်နီ အရွယ်တော် ၂-လုံး ပါးပါးလှီး
ခရမ်းချဉ်သီး အရွယ်တော် ၂-လုံးကို ခြမ်း
သံပုရာသီးခြောက် ၁-လုံး
သံပုရာသီး ၁-ခြမ်း
မုန်လာဥနီ ၁-ဥကို အရွယ်တော်တုံး
ငရုပ်ပွတောင့် ၄-တောင့်ကို လက်မလောက် လှီး
ဂျင်းလက်မဝက် လောက်ကို မီးကင်ပြီး ညက်နေအောင်ထောင်း
ကြက်သွန်ဖြူ ၆-မွှာ ညက်နေအောင်ထောင်း
ဖာလာစေ့ ၄-စေ့
လေးညှင်း ၄-ပွင့်
သစ်ကြပိုးခေါက် ၂-လက်မခန့် ၁-ခု
ဆား အချိုဇွန်း ဇွန်း ၁-ဇွန်း
နနွင်း အချိုဇွန်း ဇွန်းတဝက်
ဒိန်ချဉ် စားပွဲတင်ဇွန်း ၂-ဇွန်း (ဆိတ်/သိုး/အမဲ – ၄-ဇွန်း)
ပူဒီနာရွက် အနေတော် ၂-စည်း

 

အသားတွေကို ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ ။ ကြက်သွန်ဖြူထောင်း ဂျင်းထောင်း ဆား နနွင်း ဒိန်ချဉ် ဟင်းခတ် အမွှေးအကြိုင်တွေကို သံပုရာသီး ၁-ခြမ်း အရည်ညှစ်ချပြီး ၊ ဆီ စားပွဲတင် ၂-ဇွန်းဖြင့် သမအောင် ရောနယ်ထားပါ (အသားမှုန့် စားပွဲတင် ၁-ဇွန်း သို့ အချိုမှုန့် အချိုဇွန်း ၁-ဇွန်း ကြိုက်တတ်ရင်ထည့်ပါ) ။ အနှီ ဟင်းအနှစ် တဝက်ခန့်ကို ရေစစ်ထားသော အသားများဖြင့် နယ်ပြီး အနည်းဆုံး ၁-နာရီခန့် နှပ်ထားပါ (ကြာကြာနှပ်လေ ပိုကောင်းလေ) ။

 

ဟင်းအိုးအရွယ်တော် တစ်လုံးတွင် ဆီ စားပွဲတင် ၄-ဇွန်းထည့်ပြီး ပါးပါးလှီးထားသော ကြက်သွန်နီများကို ရွှေညိုရောင်သန်းသည်အထိ ဆီသတ်ပါ ၊ ပြီးလျှင် လက်ကျန် ဟင်းအနှစ်များထည့်ပြီး ဆီပြန် အနံ့မွှေးလာသည်အထိ ဆီသတ်ပါ ။ ၎င်းနောက် နှပ်ထားသော အသားများ ၊ ခရမ်းချဉ်သီး ၊ မုန်လာဥနီ ၊ ငရုပ်ပွများထည့်၍ မီးမျှင်းမျှင်းဖြင့် ရေခမ်းအောင်လုံးပါ ။ ရေခမ်းလျှင် ရေနို့ဆီဗူး ၆-ဗူး ထည့်ပြီး အသားနူးအောင်တည်ပါ ။ မြန်မာ အမဲ ၊ ဆိတ် ဆိုရင်တော့ ပရက်ရှာကွတ်ကာ နဲ့သာ ပေါင်းလိုက်ပါ ။ အသားနူးသွားလျှင် အသားနှင့် အနှစ်များကို ဇကာဖြင့်စစ်ပြီး ဖယ်ထုတ်ပါ ။ ရေဆေးထားသော ဆန် နို့ဆီဗူး ၄-ဗူးကို ၊ လက်ကျန်ဟင်းရည် (၆-ဗူး ပြည့်အောင် ရေထပ်ဖြည့်ဖို့ လိုပါမယ်) ဖြင့် ထမင်းနပ်အောင် ရေခမ်းတည်ပါ ၊ မမွှေပါနှင့် ။

 

ငါး ပုဇွန်များနဲ့ စားသုံးလိုပါက ငါး ပုဇွန်များကို ရေခမ်းအောင် လုံးပြီးလျှင် ဖယ်ထုတ်ထားပါ ၊ လက်ကျန် အနှစ်များကို ရေနို့ဆီဗူး ၆-ဗူး ထည့်ပြီး ရေဆူအောင်တည်ပါ ။ ရေဆူလျှင် အနှစ်များ စစ်ထုတ်ပြီး ဆန် နို့ဆီဗူး ၄-ဗူးကိုရော၍ ထမင်းရည်ခမ်းတည်ပါ ။ (ငါးမဆလာကြော်ဖြင့်လည်း တွဲဘက်စားသုံးနိုင်ပါသည်)

 

ထမင်း ကျက်သွားလျှင် အဖုံးဖွင့်၍ ၊ ထမင်း တစ်ဝက်ခန့်ကို ဖယ်ပါ ။ အသား ၊ ဟင်းအနှစ် ၊ သံပုရာသီးခြောက် ၊ ပူဒီနာရွက် ၊ ကြက်ဥပြုတ်များ ဖြန့်ခင်းပြီး ဖယ်ထားသော ထမင်းတစ်ဝက်ခန့်ကို ပြန်အုပ်ပြီး ၁၀-မိနစ်ခန့် အဖုံးအုပ်ပြီး နှပ်ထားပါ ၊ အဆီအဆိမ့် အချိုကြိုက်ရင် သီဟိုဠ်ဆံ နဲ့ စပျစ်သီးခြောက်တွေ ဖြူးလိုက်ပါ ။ အလွန် အရသာရှိသော အာရပ် ဒန်ပေါက် Machboos ကို ရပါပြီခင်ဗျာ ။

 

အချဉ်အတွက်ကတော့ အိန္ဒိယ မဆလာ သရက်သီးစိမ်းသနပ်နဲ့ တွဲစားလေ့ရှိပါတယ် ။ ဆိုင်ကြီးတွေမှာ ပေးတဲ့အချဉ်ကတော့ ရှယ်ပါပဲ… မြန်မာနိုင်ငံကလာတဲ့ ဇီးသီး မဆလာပေါင်းနဲ့ပါခင်ဗျား…. ။

 

ဒါမျိုးလေး... ဒါမျိုးလေး
ဒါမျိုးလေး… ဒါမျိုးလေး

 

ကြက်သားနဲ့...
ကြက်သားနဲ့…

 

ပုံတွေကို အင်တာနက်ကယူပါတယ်ခင်ဗျား…
ရှိက်ခ်အဗ္ဗဒူလာကျောက်စ်

41 comments

  • ခင်ဇော်

    February 23, 2015 at 2:42 pm

    ဟမ်မငီးးး
    ရှလွတ်။
    စားချင်လာပြီ။
    :sar:

    • ခင်ဇော်

      February 23, 2015 at 2:55 pm

      အရင်က ဒံပေါက်ဆို ….
      အစိမ်းဖောက် ကို ကြက်သားရယ်၊ သရက်သီးကလတည်ရယ်၊ ဘာလချောင်ကြော်ရယ်၊ ချဉ်ပေါင်ရည်တည်ရယ်ပဲ စားတတ်တာ။
      ဒီရောက်ပြီးတော့မှ ဆိတ်သားချက်ဟင်းရယ်၊ ရိုက်သာရယ်၊ ပါပရာကြော်ရယ် စားတတ်သွားတယ်။။

      :k:

    • ဦးကျောက်ခဲ

      February 23, 2015 at 3:34 pm

      Middle-East မှာ ၃-နှစ်နေလာတာ အာရပ်ဒန်ပေါက် အတော်ကြိတ်ခဲ့တယ်…
      လုံးဝမအီ … ချဉ်ဖြုံးလေး ၊ ဆိတ်သား အမဲသားနဲ့ဆို ရှယ်ပဲ…
      ကုလားအုတ်သားလည်းမဆိုး … အမျှင်ရှည်ပေမည့် သိပ်မမာဘူး…
      သွေးလုံးဝမတက်တာတော့ အာမခံတယ်…
      :k:

  • တောင်ပေါ်သား

    February 23, 2015 at 2:47 pm

    ကွယ် ကြိုက်ပါဘူးဆိုမှ စားချင်အောင်လာလာပြရသလားကျောက်စ်ရယ် 🙂

    • ဦးကျောက်ခဲ

      February 23, 2015 at 3:36 pm

      ကြိုက်ဘူးပြောထားရဲ့နဲ့ ဖိတ်ကျွေးမိရင် ကျောက်စ်အလွန် ဖြစ်မယ်… ခွိ
      :k:

  • Crystalline

    February 23, 2015 at 2:59 pm

    ကျောက်ရန်လုံလေး ကင်ပွန်းတပ်မှာ အာ့မျိုးချက်ကျွေးပြီး ဒါနပြုပါလား… :loll:
    သူ့ဒံပေါက်က အမြင်နဲ့တင် ဝစေတယ် :)) ..

    • ဦးကျောက်ခဲ

      February 23, 2015 at 3:40 pm

      အဟိ… ချက်ကျွေးပြီး လက်စွမ်းပြချင်သား…
      ဒါပေသည့် မယ်ခွစ် ဝိတ်တက်ရင် အမှုတွဲထဲ ပါနေဦးမယ်… အဟိ
      :k:

  • အလင်းဆက်

    February 23, 2015 at 3:17 pm

    သို့
    ချစ်သော ဖွေးဖွေး
    မင်းလေးသာ ချက်ကျွေးမယ်ဆိုရင်
    အာရပ်ဒံပေါက်မကလို့
    အဆိပ်ဒံပေါက်ပဲဖြစ်ဖြစ် စားချင်လို့ပါဖွေးရယ်
    (မှတ်ချက်= ချက်ဆိုသည်မှာ ချက်ပြုတ်ခြင်းဟူလို)

    .အောင်ရဲလင်းထက်တောင် အောင်ရဲလင်းနဲ့ ပိုတူသော
    .ဖွေးဖွေးနဲ့ ံဒံပေါက်ကိုထပ်တူထပ်မျှချစ်ကြိုက်ပါသော
    သူရ

    :k:

    • ဦးကျောက်ခဲ

      February 23, 2015 at 3:43 pm

      သုံးထပ်သားဒန်ပေါက်ကို ဒညင်းဝက်နဲ့ ချက်ကျွေးမယ်…
      နောင်ဘွရောက်ရင် ခင်ဖွေး (ခင်ဝင့်ဝါ+ဖွေးဖွေး) နဲ့ ဆုံရအောင်လို့…
      စားမားးးး … ကျောင်မဲပျင်း… အဟိ အဟိ
      :k:

      • အလင်းဆက်

        February 23, 2015 at 5:08 pm

        ငမ့် ..ကျောင်မဲပျင်းတဲ..
        ဒညင်းဝက်တဲ့…
        ေ.နောက်ဘွ..တဲ့..
        ခင်ဖွေးတဲ့…
        .တေဗျဇီ… (ဖွေးဖွေးကို ဖက်ပြီး)

        :k:

  • Mr. MarGa

    February 23, 2015 at 3:23 pm

    ဒီနေ့
    ဒံပေါက်နဲ့ နှိပ်စက်နေကြတယ်
    ဗြဲ

    • ဦးကျောက်ခဲ

      February 23, 2015 at 3:45 pm

      နောက်တခါ ရွာပြန်ရောက်ရင် ချက်ကျွေးမယ် … ရန်ကုန်ဆင်းခဲ့
      :k:

  • kai

    February 23, 2015 at 3:32 pm

    ဆန်ဖရန်ကနေ… မိုးကြီးမုန်တိုင်းညထဲ..ကားကိုသထိထားမောင်းလာတာ… ညနက်မှ အယ်လ်အေပြန်ရောက်တယ်..။
    ပင်ပန်းဗိုက်ဆာလာတာ.. ဒန်ပေါက်နဲ့တန်းတိုးတာပဲ..။

    ဂွီဂွမ်နဲ့ပဲ.. အိပ်တော့မယ်..။ :i:

    • ခင်ဇော်

      February 23, 2015 at 3:36 pm

      ဟာ တဂျီးးး
      မခဲ လို့ တွေ့ကြရတယ် မှတ်ပါတယ်။
      ဟီးးး

      :k:

    • ဦးကျောက်ခဲ

      February 23, 2015 at 3:49 pm

      အဟိ … ဗိုက်ဆာဆာနဲ့ အိမ်မက်မက်ပြီး ဘေးကသူကိုကိုက်မိရင် တာဝန်မယူ…
      :k:

  • Mike

    February 23, 2015 at 3:37 pm

    .အဲ့..အာရပ်ဒါန်ပေါက် အိုးဧရာမကြီးနဲ့ချက်တဲ့ပုံ၊ စားတဲ့ပုံ၊ မကုန်တာသွန်ပစ်ထားတဲ့ပုံတွေ
    .ဟိုးအရင်ဖေးဝပ်မေးခေတ်စားတုန်းက တွေ့ဖူးသဗျ…

    • ဦးကျောက်ခဲ

      February 23, 2015 at 3:52 pm

      ဆြာမိုက်ရေ အာရပ်တွေ အစားသောင်းကျန်းချက်က ပြောမနေနဲ့…
      အခုလိုရာသီဆို ကန္တာရထဲ ရွက်ဖျဉ်တဲထိုးပြီး သိုး ၊ ဆိတ် ၊ ကုလားအုတ်တွေကို…
      အိုးဧရာမတွေနဲ့ ဒန်ပေါက်ချက်စား ၊ ကင်စား … စုံနေတာပဲ…
      :k:

  • pooch

    February 23, 2015 at 4:14 pm

    အမလေးဗျာ ဒီက ဒေါင်းလန်းတွေ ပွဲတော်စာတွေ ဇကောထမင်းတွေ နေခဲ့တော့ပဲ
    သူတို့ လက်ရည်တပြင်တည်းကလည်း ကြောက်ကြောက်စရာ

    ဦးကျောက် ဒီပြန်လာရင် စားသောက်ဆိုင်ဖွင့်ပါ့လား ဆွိနဲ့ပေါင်းပြီး :mrgreenn:

    • ဦးကျောက်ခဲ

      February 23, 2015 at 4:49 pm

      အဟိ … ဘွအတွေ့ အကြုံရ အာရပ်ဘူဖေးပါတီဆိုရင် လက်ရှောင်တယ်…
      ဘူဖေးကို ပန်းကန်ထဲ လိုသလောက်ယူထည့်စားရမည့်အစား…
      ဘူဖေးဗန်းရှေ့မှာရပ်ပြီး စိမ်ပြေနပြေ လက်နဲ့နှိုက်စားတာ မယ်ပုချ်ရဲ့…
      သူတို့အိမ်တွေမှာလည်း အခုအထိ လက်ရည်တပြင်တည်းစားတုန်း…
      နောက်ပြီး … စားလိုက် အပြင်ထလိုက် ရှီးရှာသောက်လိုက် ပြန်လာစားလိုက်… အဟိ
      :k:

  • Kaung Kin Pyar

    February 23, 2015 at 5:01 pm

    ဒီနေ့တော့ ဒန်ပေါက်ပိုစ့် ၂ပုဒ်တောင် ဖတ်ရတယ်….။ ဒီမယ်တော့ ကြက်ဥပါ ထည့်ရတယ်လား…၊ သံပုရာသီးလဲ တွေ့တယ်….။
    ဟို မချွိပိုစ့်ထဲက ဒန်ပေါက်တွေရယ်…အူးကျောက်စ်ပိုစ့်ထဲက ဒန်ပေါက်ရယ်ကို…အားလုံး ယှဉ်စားကြည့်ပြီး အရသာခံချင်သား…ဘယ်နည်းက ပိုကောင်းမယ် မသိ…!
    :k:
    ရှလွတ်…
    :sar:
    :sar:

    • ဦးကျောက်ခဲ

      February 24, 2015 at 12:48 pm

      ဟိုဘက်ပို့စ်မှာ ပါကစ္စတန်ဒန်ပေါက် တင်ထားတယ်…
      ချို ဆိမ့် အီ မွှေး … မြန်မာကြိုက်…
      ဒါက အာရပ်ဒန်ပေါက် … အသားများတယ် … ကြက်ဥနဲ့တွဲစားတယ်…
      ချဉ်ဖြုံးလေးမို့ … သွေးမတက်ဘူး… အရသာ အပြောင်းအလဲလေးပေါ့…
      ကြိုက်ရာကိုသာ ရွေးစား … အဟိ အွန်လိုင်းက ကျွေးနေတာ…
      :k:

  • hmee

    February 23, 2015 at 7:37 pm

    ဦး​ကြောင်​ ​ပြောတဲ့ ကီးလားဆိုက်​ ဆိုတာ ဟုတ်​​နေပါြပြီ။ 🙂 ဒန်​​ပေါက်​ သိပ်​ကြိုက်​ စားြပြီး ​ခေါင်​းမထူနိုင်​တာ တခုပဲ။

    • ဦးကျောက်ခဲ

      February 24, 2015 at 12:53 pm

      အဟတ်စ်… မာမွတ်ခိုမ်ရဲ့ ကီလားဆိုက်ပါဆို…
      အာရပ်ဒန်ပေါက်ကတော့ အချဉ်ဘက်ကဲလို့ သွေးမတက်ဘူး မမှီ…
      သွေးသာတက်လို့ကတော့ ရာသီဥတုပူတာနဲ့ အာရပ်တွေ မျိုးတုံးတာကြာဘီ…
      :k:

  • ခင်ခ

    February 24, 2015 at 8:51 am

    ဒီလူကြီးအတော်နှိပ်စက်တယ်။ သူ့ပိုစ့်ကို မနေ့က ဝင်ဖတ်ပြီး အလုပ်အပြန် မန်း-ကရဝိတ်က ဒန်ပေါက်ဝင်စားရပါသကောဗျာ။
    ဒါတောင် ဒီနေ့ထပ်စားချင်ချင် သွေးတက်မှာစိုးလို့သာ။

    • ဦးကျောက်ခဲ

      February 24, 2015 at 12:55 pm

      ဆြာခရယ် … ဆြာတို့လို ဝယ်စားစရာ ဆိုင်မရှိတဲ့ ဘဝပါ …
      ကိုယ်ထူကိုယ်ထမို့ ချက်နည်းတွေ မမေ့အောင်လို့ ပို့စ်တင်နေတာပါ ခမျ… အဟိ
      :k:

  • Ma Ei

    February 24, 2015 at 8:58 am

    အာရပ်ဒန်ပေါက်ပါဆိုမှ…
    ဟိုး..အရင် မြို့ထဲသွား ပပဝင်းမှာ ရုပ်ရှင်ကြည့် နီလာဒန်ပေါက်စား၊
    ပန်းရိုးမက ဖာလူဒါလေးသောက် အဟုတ်ဘဲ လွမ်းတာ…

    • ဦးကျောက်ခဲ

      February 24, 2015 at 12:57 pm

      အဟမ်း… တစ်ယောက်ထဲတော့ ဟုတ်ဟန်မတူ…
      ကျောက်စ်တော့ ပပဝင်းရုံအောက်က လက်ရွေးစင်ကော်ဖီကို ပိုလွမ်းတယ်…
      :k:

  • အောင် မိုးသူ

    February 24, 2015 at 10:58 am

    စဉ်းစားမိတာ ဒန်ပေါက်မစားရတာတောင် အတော်ကြာပြီ။။။ ခုတောင် စားချင်လာပြီ။

    • ဦးကျောက်ခဲ

      February 24, 2015 at 12:59 pm

      စားချင်ရင် ဝယ်စားဖို့ အသင့်ရှိတာမင့်…
      ကွေးသောလက် မဆန့်မီ ၊ ဆန့်သောလက် မကွေးမီ… ခွိ
      :k:

  • black chaw

    February 24, 2015 at 11:56 am

    တစ် ရက် တည်း
    ဒံပေါက်ပို ့စ် ၂ ပုဒ် ဆိုတော့ ခက်စ်။
    ဟိုဘက် ပို ့စ် ထဲ က ကွန်းမန် ့ အတိုင်းပါ ကိုကို။

    • ဦးကျောက်ခဲ

      February 24, 2015 at 1:03 pm

      အဲဒါဆိုလည်း ကြက်သား ၂-တုံးနဲ့သာ ဆွဲပေတော့ ဆြာဘလက်…
      ထပ်သရီး ဒန်ပေါက်ကို ဒဘယ်ဘလက်နဲ့ဆွဲရင် ထောက်ကနဲ နေမယ်… အဟိ
      :k:

  • Novy

    February 24, 2015 at 12:28 pm

    အာရပ်ဒန်ပေါက် ချက်စားအုံးမယ်
    ကျေးကျေးပါ ကိုကိုကျောက်

    • ဦးကျောက်ခဲ

      February 24, 2015 at 1:04 pm

      ချက်စားဖြစ်ရင် ဓာတ်ပုံတင်ပြီး အရသာကို ဝေဘန်ပေးပါဦး… မနို
      :k:

  • Wow

    February 24, 2015 at 1:55 pm

    OMG အေရာမဒန်ပေါက်ပွဲကျိပီးစားချင်လာဘီ… :sar:
    ဒါနဲ့ ဒါန်ပေါက်ကို အရောင်ရိုက်လား ကျောက်စ်

    • ဦးကျောက်ခဲ

      February 24, 2015 at 2:03 pm

      အာရပ်ဒန်ပေါက်က လုံးဝအရောင်မရိုက်ပါဘူး…
      နနွင်းနဲ့ အသားအနှစ်တွေက ထွက်တဲ့ သဘာဝအရောင်မို့ ဝါညစ်ညစ်ပဲ…
      ထမင်းမှာ အသားအရသာတွေဝင်နေလို့ စားကောင်းတယ်…
      :k:

  • Ma Ma

    February 24, 2015 at 2:37 pm

    မြန်မာအကြိုက်ချိုဆိမ့်အီမွှေးတဲ့ ပါကစ္စတန်ကိုလည်း ကြိုက်၊
    သွေးမတက်တဲ့ အာရပ်ကိုလည်း ကြိုက်။
    အဲဒီတော့ ပြန်လာရင် ချက်ကျွေးမယ်ဆိုတာကိုပဲ ပရင့်စခရင်လုပ်ပြီး သက်သေယူထားရမယ်။ :a:

    • ဦးကျောက်ခဲ

      February 24, 2015 at 3:04 pm

      ဂလိုဆိုလည်းဖြစ်ပါဒယ်…
      အန်တီမမက လိုတာတွေဝယ်ပေး … ကျောက်စ်ချက်ကျွေးမယ်… အဟိ အဟိ
      :k:

  • weiwei

    February 24, 2015 at 7:31 pm

    အနံ့​တွေရလာတယ်​။ အဲဒီအနံ့​တွေနဲ့ ၄ နှစ်​​လောက်​ မီးဖို​ချောင်​တစ်​ခုထဲ သုံးလာခဲ့တာ။ စတီး​ဒေါင်​းလန်​းထဲထည်​့ြပြီး အတူစားကြလို့ တစ်​ခါမှ မစားခဲ့ဖူးဘူး။

    • ဦးကျောက်ခဲ

      February 25, 2015 at 1:44 pm

      သူ့လူမျိုးနဲ့ သူ့ဓလေ့ပဲ မဝေရေ့…
      ကျောက်စ်လည်း ၃-နှစ်နေလာတာ တခါမှ ထမင်းအတူတူ မစားဖူးဘူး…
      :k:

  • မြစပဲရိုး

    February 27, 2015 at 4:48 am

    ကျောက်စ်
    အဲဒီ ပုံထဲ က လူပေါင်း မနည်းဘူး စားရမှာ။
    အလယ်က အပိုင်း တွေ ကို ဘယ်လို နည်းနဲ့ များ နှိုက်ယူ စားမယ်မသိ။
    သူရို့ ဝတ်ရုံဖားဖားကြီး တွေ နဲ့ ကုန်းပြီး နှိုက်ရရင်တော့ မချောင်လေဘူး။ lol:-)))

    ကျောက်စ် ချက်နည်း ကလဲ လွယ်သား။
    တစ်ခြားဟင်းသာ မဖြစ်ရင် နေမယ်။
    ဒန်ပေါက် တော့ အမှုန့်ဝယ်ပြီး ၃ခါ ၄ခါ လောက် ချက်ဘူး တယ်။
    ပြောရင်း ၅ခါ မြောက် ချက်ဖြစ်တော့မယ် ထင်ရဲ့။

    • ဦးကျောက်ခဲ

      February 27, 2015 at 8:58 am

      ကျောက်စ်တွေ့ဖူးတာက အဲသည့်လို ထမင်းပုံကြီးကို…
      တဖွဲ့ပြီးတဖွဲ့ … လူလဲနဲ့ ဆွဲကြတာခင်ဗျ…
      အလယ်ကအပိုင်းကို လှော်တက်လို ယောက်မကြီးနဲ့ ဘေးကိုဆွဲထုတ်တယ်…
      အာရပ်ဒန်ပေါက်ချက်နည်းကလွယ်တာမို့ ချက်စားကြည့်ပါ အရီး…
      :k:

Leave a Reply