Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒီမိုကရေစီနှင့် မထိုက်တန်သော ဘာသာရေးလုပ်ရပ်

ko speakerJuly 13, 20121min48817

ကိုပါကြီးရဲ့“ကလော၊ အောင်ပန်းမှ ဘာသာရေးဖိနှိပ်မှု” ဆောင်းပါးကို ဖတ်မိ၍  ဒီ Post ကို ရေးလိုက်ရပါသည်။

 

ထေရဝါဒဗုဒ္ဓဘာသာနှင့် ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ မိုးပြာသည်

ဗုဒ္ဓဟောကြားသည့်တရားအပေါ် ဘုရားဟော ဟုတ်၊ မဟုတ် သတ်မှတ်ချက်မတူမှုနှင့်

ဘုရားဟောအပေါ်ဖွင့်ဆိုမှု မတူကြသော မဟာယာန၊ လာမား၊ ဇင်ဗုဒ္ဓဘာသာတို့ကဲ့သို့

သီးခြား ဗုဒ္ဓဘာသာအယူဝါဒကွဲများဖြစ်ကြောင်း တွေ့ရပါသည်။

 

ထေရဝါဒသည် သေပြီးနောက်ကိစ္စများကို အဓိကထားလမ်းညွှန်ပြပြီး

ပစ္စုပ္ပန်ကမ္မဝါဒသည် လူရှင်သန်နေစဉ်အတွင်း အမှုကံတွေကောင်းအောင်နေတတ်ဖို့ကို

အဓိကထားလမ်းညွှန်ကြောင်း တွေ့ရပါသည်။

ထေရဝါဒသည် သေပြီးနောက်ကိစ္စများကို ဘုရားဟောသည်ဟု ယုံကြည်ကြပြီး

ပစ္စုပ္ပန်ကမ္မဝါဒသည် အဗျာကထာနတရားတော်များအရ သေပြီးနောက်ကိစ္စများကို

ဘုရားမဟောပါဟု ယုံကြည်ကြကြောင်းတွေ့ရပါသည်။

 

ထေရဝါဒသည် ဘုရားဟောပါဠိတော်တို့ကို ပရမတ္တသစ္စာဖြစ်သော ရုပ်၊ နာမ်ရှုမှုများဖြင့် ဖွင့်ဆိုနားလည်ပြီး

ပစ္စုပ္ပန်ကမ္မဝါဒသည် ဘုရားဟောပါဠိတော်တို့ကို အရိယသစ္စာဖြစ်သော လူ့အမှု ကံ သင်္ခါရ အကြောင်းအကျိုး အသိအမြင်ဖြင့် ဖွင့်ဆိုနားလည်ကြကြောင်းတွေ့ရပါသည်။

ထို့ကြောင့် ထေရဝါဒဗုဒ္ဓဘာသာနှင့် ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာတို့သည် မဟာယာန၊ လာမား၊ ဇင်ဗုဒ္ဓဘာသာတို့ကဲ့သို့ ဘုရားပါဠိတော်သတ်မှတ်ချက်များမတူကြသလို

ဘုရားဟောအပေါ်ဖွင့်ဆိုနားလည်မှုများလည်း မတူကြကြောင်းတွေ့ရပါသည်။

 

သို့အတွက်ကြောင့် ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ မိုးပြာသည် ထေရဝါဒလက်အောက်ခံ ဂိုဏ်းကွဲတစ်ခုမဟုတ်ပဲ ထေရဝါဒနှင့် အယူဝါဒ မတူသော မဟာယာန၊ လာမား၊ ဇင်ဗုဒ္ဓဘာသာတို့ကဲ့သို့ သီးခြား ဗုဒ္ဓဘာသာဝါဒကွဲတစ်ခုသာလျှင်ဖြစ်ကြောင်းတွေ့ရပါသည်။

http://www.ariyathitsa.org/  ပစ္စုပ္ပန္န ကမ္မဒဿန အရိယသစ္စာ ဝက်ဆိုက်တွင် လေ့လာလို့သိရပါသည်။

အဆိုပါ သီးခြားဗုဒ္ဓဘာသာဝါဒကွဲတစ်ခုဖြစ်သော ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာနှင့်ပတ်သက်၍

ကလောနှင့် အောင်ပန်းမြို့ရှိ လူပုဂ္ဂိုလ်တစ်ချို့ကို ထေရဝါဒ အဖွဲ့အစည်းတစ်ခုမှ

ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ မိုးပြာအယူကိုးကွယ်သူများဟု စွပ်စွဲကာ အယူဝါဒစွန့်လွှတ်ဖို့

အတင်းအဓမ္မလက်မှတ်ထိုး စေခိုင်းသော လုပ်ရပ်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ

နိုင်ငံသားတိုင်း လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို အလေးမထားသလိုု အပြုအမူများဖြစ်နေပါသည်။

နိုင်ငံတော်သမ္မကြီး ဦးဆောင်သော အစိုးရအဖွဲ့ကြီးမှ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီ ဒီမိုကရေစီနိုင်ငံတော်ဆီသို့အကောင်အထည်ဖော်ဆောင်ရွက်နေချိန်မှာ
ဘာသာရေးမှ ထေရဝါဒီအဖွဲ့အစည်းတချို့၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖောက်ဖျက်သော အဆိုပါ လုပ်ရပ်များသည် ဒီမိုကရေစီလမ်းကြောင်းအတွက် အနှောက်အယှက်များဖြစ်နေကြောင်းတွေ့ရပေသည်။

သို့အတွက်ကြောင့် ဒီမိုကရေစီလိုလားသူ နိုင်ငံသားတစ်ဦးအနေနဲ့
ကလော၊ အောင်ပန်းမှ ဘာသာရေးဖိနှိပ်နေမှုများအား ရှုံ့ချလိုက်ရပါသည်။

17 comments

  • kai

    July 13, 2012 at 5:51 am

    ကြည့်ရတာ..
    ကမ္ဘာ့မှာ ဘာသာရေးအဖိနှိပ်ဆုံးနိုင်ငံ.. အဆင့်၄-၅ကနေ.. ၁ ကိုတက်ချင်လို့နေမှာပေါ့..
    အင်း..
    နှစ်၁၀၀ဝ ကျိန်စာ… 😕

  • maungmoenyo

    July 13, 2012 at 7:13 am

    (၁) ပထမအချက်ဖြစ်တဲ့ ဂေါတမဗုဒ္ဓက ဟော လို့ပရမတ်ဖြစ်တယ်ဆိုတဲ့အချက်ကို ရှင်းချင်ပါတယ်။ ဂေါတမကဟောလို့ ပရမတ်အဖြစ်တည်တာမဟုတ်ပါဘူး။ လောကရဲ့ ဖြစ်ပျက်ပြုပြင်မှု ရဲ့ပရမတ်ဖြစ်တည်မှုကိုအနုလုံပဋိလုံကြောင်းကျိုးဆင်ချင်ရှင်းပြ တာကဗုဒ္ဓပါ။ ဟောလို့ပရမတ်ဖြစ်ရတာမဟုတ်ပါ။ ပရမတ်သဘောကိုဖွင့်လှစ်ရှင်းပြတာပါ။ ပရမတ်ကိုသက်သေထူနိုင်နိုင်တဲ့ ညဏ်ပညာကြီးမားလို့ သဗ္ဗညု ဆိုတဲ့အထွတ်အထိပ်ညဏ်ရည် ကိုရတာပါ။
    (၂) မှန်ပါတယ်။ သာဿနာဆိုပြီး မိမိယုံကြည်ကိုးကွယ်ရာကို တခြားသူကလာနှောင့်ယှက်ဖျက်စီးတာဟာ၊ ရှိခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေတိုင်းကခွင့်မပြုသလို၊ နိုင်ငံတကာစံနှုန်းနဲ့လည်းဖြောင့်ဖြောင့်ကြိးဆန့်ကျင်ပါတယ်။ တခါ- သာဿနာရေးဝန်ကြီးဌာန ဆိုပြီး ဗုဒ္ဓဘာသာတခုတည်းကိုဇောက်ချပြီးအားပေးတာ၊ သာ၊ထွန်း၊ပြန့်ဆိုပြီး ကျန်ဘာသာယုံကြည်ကိုးကွယ်သူတွေလှုပ်မရအောင် ချုတ်တည်းတာကလည်းဖွဲ့စည်းပုံအခြေခံဥပဒေကို ဗြောင်ဆန့်ကျင်တာနဲ့အတူတူပါဘဲ။ ဘာသာရေးကို လက်ဝါးကြီးအုပ်ပြီး အစိုးရက ရှိသမျှ မောင်ပိုင်သိမ်းတာလည်း ညစ်ပါတ်ခြင်းတမျိုးပါဘဲ။

  • me dain

    July 13, 2012 at 7:24 am

    မတူတိုင်းသာ အဲဒီလိုမျိုးလိုက်ပြီး အတင်းအကြပ် လက်မှတ်ထိုးခိုင်းမယ်ဆိုရင် သူတို့နဲ့ မတူတဲ့ ဘာသာခြားတွေရှိ သလို၊ ဘာသာဝင် အချင်းချင်းတောင်မှဘဲ ဂိုဏ်းတွေ အမျိုးမျိုးရှိနေတာဘဲ..

    လွတ်လပ်စွာ ယုံကြည်ခွင့်ပေးထား ပါလျှက် ဒီလွတ်လပ်ခွင့်ဆိုတဲ့ ဥပဒေ ရဲ့အထက်မှာ ဘယ်သူတွေရှိနေလဲ?

    ဒီလူတွေကို ဘာမှ မပြောရဲလောက်အောင် အခြေခံဥပဒေရေးဆွဲတုံးက သူတို့ပါခဲ့လို့လား?

    အခုလက်ရှိ ညီလာခံမှာ လည်း သူတို့တတွေ တစ်ယောက်မှ မပါပါဘူး?..

    အဲဒီလူတွေကလည်း ငါတို့ဟုတ်လှပြီ လို့မထင်နဲ့ တကယ် လိုအပ်လာရင် အဝတ်မရွှေးဘူး နိုင်ငံတော်က

    လုပ်စရာရှိတာကို လုပ်မှာဘဲဆိုတာ ၂၀၀ရ ရွှေဝါရောင်မှာ သတိထားသင့်တယ်…သင်ခန်းစာယူသင့်တယ်..

    ကျွန်တော်ထင်တာ ဒီအဏာလွန်စွဲပွဲ နှစ်ခုကြားမှာ အမှန်တရားဖက်ကို ရပ်တည်ပေးတဲ့ ဘုရားသားတပည့်

    အစစ်အမှန်တော့ လိုနေပြီ လိုမြင်မိပါကြောင်း?…..

  • ko speaker

    July 13, 2012 at 9:11 am

    ဒီကိစ္စတွေမှာ ဘယ်သူတွေမှာ အဓိကတာဝန်ရှိသလဲဆိုတော့ တိုင်းသူပြည်သားတွေရဲ့ ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားတွေကို သမာသမတ်ကျကျ ဘက်မလိုက်ပဲ ထိန်းသိမ်းပေးရမယ့် သာသာနာရေးဝန်ကြီးဌာနမှာ တာဝန်ရှိပါတယ်။

    ဒါပေမယ့် မြန်မာပြည်က သာသနာရေးဝန်ကြီးဌာနသည် နိုင်ငံရှိ ဘာသာသာသနာအားလုံးရဲ့ ဝန်ကြီးဌာနဖြစ်ရဲ့လား။
    ဒါမှမဟုတ် ထေရဝါဒဗုဒ္ဓဘာသာတစ်ခုတည်းရဲ့ ဝန်ကြီးဌာနပဲဖြစ်နေလား။

    သာသနာရေးဌာနမှာ တာဝန်ရှိသူတွေကြည့်လိုက်ရင် ဘုန်းကြီးလူထွက်တွေကိုပဲ အပြင်မှာ အလုပ်မရှိလို့ ခေါ်ခန့်ထားရသလိုဖြစ်နေတာတွေ့လို့ပါ။

    ဒီထေရဝါဒဘုန်းကြီးလူထွက်တွေက ဘာသာ သာသာနာအားလုံးအပေါ်မှာ မျှတစွာဆက်ဆံတတ်ပါ့မလား။

    ကြားနေရတာတွေက တခြားဘာသာတွေက သူတို့ဘာသာရေးစာအုပ်တွေ ထုတ်မယ်ဆိုရင်တောင်
    ဒီထေရဝါဒဘုန်းကြီးလူထွက်တွေ စိစစ်ပြီးမှ ထုတ်ဝေခွင့်ရတယ်လို့ သိရလို့ပါ။

    တကယ်သာ မျှတတယ်ဆိုရင် ကမ္ဘာ့ကုလသမဂ္ဂလို သူ့ဘာသာအလိုက် တာဝန်ခံတွေနဲ့ပဲ ဖွဲ့စည်းပြီး ထေရဝါဒဘာသာတာဝန်ခံကို ထေရဝါဒထဲမှသာခန့်ထားပြီး
    မဟာယာနဘာသာတာဝန်ခံကို မဟာယာနဘာသာဝင်ထဲမှာ ခန့်ထားသင့်ပါတယ်။
    ကျန်တဲ့ ဘာသာတွေရဲ့ ဘာသာရေးတာဝန်ခံတွေကို သာသာနာရေးဌာနမှာ သူ့ဘာသာဝင်ထဲက တာဝန်ခံတွေကိုပ ဲခန့်ထားပေးမှ သာသနာရေးဝန်ကြီးဌာနသည် မျှတသော သာသနာပြုဌာနဖြစ်မှာပါ။

    အခုကတော့ ကြားသိနေရတာတွေက ဘာသာတရားအားလုံးအပေါ်မှာ ထေရဝါဒဘုန်ကြီးလူထွက်တွေနဲ့ပဲ ဖွဲ့စည်းထားတဲ့ သာသာနာရေးဝန်ကြီးဌာနက ခြယ်လှယ်နေတာသည် ဒီမိုကရေစီစနစ်နဲ့ လုံးဝဆန့်ကျင်နေပါတယ်။
    ဒါ့ကြောင့် ဒီမိုကရေစီနဲ့ ထိုက်တန်သော သာသနာရေးဌာနဖြစ်ဖို့ လိုအပ်ပါသည်ဟု ကွန်မန့်ဖြင့်ထပ်မံရေးလိုက်ရပါသည်။

    • maungmoenyo

      July 13, 2012 at 9:32 am

      ပွင့်ပွင့်လင်းလင်းပြောရရင် သာဿနာရေးဝန်ကြီးဌာန ဆိုတာ မရှိသင့်တဲ့ဌာနကြီးတခုထဲမှာ အပါအဝင်ပါဘဲ။ တကယ်ဘဲ rule of law နဲ့ လွတ်လပ်၍တရားမျှတသော ဗြဟ္မာစိုရ် တရားဆိုတဲ့ ဝေါဟာရရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက် ကိုနားလည်ကြမယ်ဆိုရင်….

      • ကိုပါကြီး

        July 13, 2012 at 10:43 am

        ထောက်ခံပါတယ် maungmoenyo ခင်ဗျာ . .

        တကယ်ကတော့ ဘာသာရေးကိစ္စများတွင် သူ့သက်ဆိုင်ရာ သာသာရေးခေါင်းဆောင်များရှိနေကြပါတယ်။
        သက်ဆိုင်ရာ ဘာသာသာသနာအလိုက် ကိုယ့်ခေါင်ဆောင်နဲ့ကိုယ် အုပ်ချုပ်နေကြရင် လုံလောက်နေပါပြီ။
        အဲဒါကို သာသနာရေးဝန်ကြီးဌာနဆိုပြီး ဌာနပိုကြီးတစ်ခု ဖွဲ့လိုက်တော့ ဘာသာ သာသနာတွေအရေးတွေမှာ မလိုလားအပ်တဲ့ ဘက်လိုက်မှုတွေ၊ အဂတိလိုက်စားမှုတွေနဲ့ လွပ်လပ်စွာယုံကြည်ကိုးကွယ်ခွင့် လူ့အခွင့်အရေးတွေ ဆုံးရှုံးနေကြရတာဟာ ဌာနပို သာသာနာရေးဝန်ကြီးဌာနဖွဲ့ထားခြင်းကြောင့်ဟု ယူဆပါသည်။

  • ကိုပါကြီး

    July 13, 2012 at 10:14 am

    သူကြီး kai ခင်ဗျာ . . . ။

    ကျနော်တင်ခဲ့သော “ကလော၊ အောင်ပန်းမှ ဘာသာရေးဖိနှိပ်မှု”
    http://myanmargazette.net/137454/uncategorized-other/copypaste ပိုစ့်အောက်တွင် ကွန်မန့်ဘောက် မပေါ်ပါသဖြင့်
    ကွန်မန့်ဘောက် ပေါ်အောင်ဖွင့်ပေးစေလိုပါတယ် ခင်ဗျာ။

    ဂေးဇတ်ရွာထဲရှိ မိတ်ဆွေတို့ရဲ့ မှတ်ချက်သံလေးများ ကြားလိုလို့ပါ။

  • minnannawar

    July 13, 2012 at 10:28 am

    ဒီမိုကရေစီနည်း အရ သော်လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သော်လည်းကောင်း၊ အမှန်တကယ် စဉ်စားကြမည်ဆိုလျှင် သာ-ထွန်း-ပြန့် ဌာန သည် ဗုဒ္ဓဘာသာတစ်ခုထဲအတွက်သာလုပ်နေ၍ မတရားပါ။ တရားမျှတစွာစဉ်းစားလျှင် အခြားဘာသာများအတွက်ပါ သီးခြားဌာနခွဲများဖွင့်ပေး၍ သာသနာပြန့်ပွားရေးလုပ်ဆောင်ခွင့်ပေးရမည်ဖြစ်ပါသည်။ ကဲ ဘယ်လိုစဉ်းစားကြမလဲ?

    • mggwa

      July 13, 2012 at 5:47 pm

      ဂျပန်ဖက်စစ်၏ လက်ကိုင်ဒုတ်က . . . . ကင်ပေတိုင် . . .
      စစ်အာဏာရှင် နဝတ၏ လက်ကိုင်တုတ်က ကြံဖွတ်အသင်း . .
      ဘာသာရေးအာဏာရှင် မဟနအဖွဲ့၏ လက်ကိုင်တုတ်က သာ-ထွန်း-ပြန့် ဌာန
      ဒီမိုကရေစီခေတ်မှာ ဘာလက်ကိုင်တုတ်မှမလို . . .
      ကိုယ့်တရားကိုယ် ယုံကြည်ဖို့သာလို . . . ။

  • မိုးချမ်းမြေ့

    July 13, 2012 at 1:46 pm

    တကယ်တော့ အောင်ပန်း၊ ကလောကိစ္စတွင် ဖြစ်ပွားလျှက်ရှိတဲ့ ထေရဝါဒအုပ်စုရဲ့ ပစ္စုပ္ပန်ကမ္မဝါဒ အုပ်စုအပေါ် ဖိနှိပ်ချုပ်ခြယ်အနိုင်ကျင့်မှုတွေဟာ ဘာသာရေးလောကအတွက် ငြိမ်းချမ်းသုခ ရနိုင်ပြီး ပြေငြိမ်းနိုင်ဖို့ အကြောင်းမရှိပါဘူး။ ပိုပြီးတော့သာ မပြေလည်၊ ဆိုရွားမှုတွေဖြစ်ပြီး အနိုင်ကျင့်နေတဲ့သူတွေရဲ့အမှုတွေကို အသိပညာရှိတဲ့သူတွေရဲ့အသိဉာဏ်ထဲမှာ ကြာလာလို့ အမှန်ကိုသိလာရင် အထင်သေး၊ စက်ဆုပ်ရွံရှာဖွယ်တွေ ဖြစ်လာမှာပါ။
    တကယ်တော့…ဒီလိုကိစ္စမျိုးတွေဟာ…စားပွဲဝိုင်းမှာထိုင်ပြီး ဘာသာခေါင်းဆောင်အချင်းချင်း သဘောထားကြီးစွာ ညှိနှိုင်း၊ တိုင်ပင်၊ ဆွေးနွေးတဲ့ အဆင့်ကိုရောက်မှ ပြေလည်လာမယ်လို့ ထင်မိပါတယ်။
    အထက်က ကိုစပီကာပြောသလို ဒီမိုကရေစီစနစ်ကို လှမ်းလင့်ချီနေချိန်မှာ ဘာသာရေးဆိုတာကလည်း လွတ်လပ်စွာ ကိုးကွယ် ယုံကြည်ခွင့်တော့ ရှိရမှာပေါ့။ ရှိသင့်တာပေါ့။
    သူဟာသူ ဘာကိုယုံကြည်လို့၊ ဘာကိုပဲ ကိုးကွယ်နေပါစေ…အရေးကြီးတာက ပတ်ဝန်းကျင်နဲ့ထိတွေ့ ဆက်ဆံနဲ့အခြေအနေမှာ ပြဿနာမဖြစ်ပဲ ငြိမ်းချမ်းနေမယ်ဆိုရင် ဘယ်ဘာသာကို ကိုးကွယ်ကိုးကွယ်… အစိုးရအနေနဲ့၊ အုပ်ချုပ်သူတွေအနေနဲ့…ခွင့်ပြုဖို့လိုအပ်ပါကြောင်း ဆွေးနွေးတင်ပြလိုက်ပါတယ်။

  • SkyHeart WinKo

    July 13, 2012 at 2:29 pm

    ဘာသာတရားဆိုတာ ယုံကြည်မူနှင့်ဆိုင်သည့်အတွက် မျက်လုံးမှိတ်ပြီးမကိုးကွယ်ပါနှင့် လေ့လါပါ၊
    ဘာသာပြောင်းတိုင်း လူမျိုးမပြောင်းပါ။

  • realman

    July 13, 2012 at 6:43 pm

    ဘုရားသာသနာ မဟုတ်ပဲ သိကြား (အုပ်ချုပ်သူအစိုးရ) သာသနာ ဖြစ်နေလို့ ဒီလိုဖြစ်နေရတာပါ။
    http://myanmargazette.net/71745/uncategorized-other/copypaste
    ” သိကြားသာသနာမှ ဘုရားသာသနာသို့ “တွင် အကျယ်ရေးထားပါတယ်။

  • ကိုငြိမ်းအေး

    July 14, 2012 at 11:27 pm

    ဘာသာရေးဟာ ဆေးနဲ့တူတယ်။
    ဆေးဟာ အတိုင်းအဆမှန်ရင် ရောဂါပျောက်ကင်းသလို
    ဘာသာရေးကိုလည်း အတိုင်းအဆမှန် ကျင့်သုံးဆည်းကပ်ရင် လူကိုငြိမ်းအေးစေပါလိမ့်မယ်။

    ဆေးကို အတိုင်းအဆလွန် သောက်သုံးမိရင် လူကို ဘေးဖြစ်စေသလို
    ဘာသာရေးကိုလည်း အတိုင်းအဆလွန် အစွန်းရောက်ကိုးကွယ်မိရင်
    လူကို မငြိမ်းချမ်းမှုတွေ ဖြစ်စေမှာပါပဲ။

  • pazflor

    July 14, 2012 at 11:53 pm

    ဒီမိုကရေစီဟု ဗန်းပြကာ အယူဝါဒမှားများ သွတ်သွင်းလိုသူ၏ ရေးချက်!

    • mggwa

      July 15, 2012 at 3:56 pm

      ဒီမိုကရေစီ ဒီမိုကရေစီဟု ပြောကြကာ
      ဘာသာရေးကျတော့ အာဏာရှင်ဆန်ချင်ကြတဲ့
      ထေရဝါဒီတွေရဲ့ လုပ်ရပ် 😀 😉

  • မိုးတိမ်

    July 15, 2012 at 9:21 pm

    ကို speaker ကကောဘယ်ဘာသာယုံကြည်ကိုးကွယ်ပါသလဲခင်ဗျာ………

Leave a Reply