Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

surmi ငပိထောင်းနေသည်

ေမာင္ရိုးJuly 13, 20121min81054

မနက်ကပဲ ကမန်းကတန်းရွာထဲဝင်လိုက်တော. ဆရာမဝင်.ပြုံးမြင့်ရဲ ့ဆောင်းပါးလေးကိုဖတ်လိုက်ရတယ်  …။

ဖတ်ပြီးချက်ချင်းဘဲ အများသူငါလိုအသဲကွဲရတော.တာပါပဲ …။ဆာမိတို.ကငပိကြိုက်တာကိုး ….။မခွဲချင်ဘဲ

ခွဲရတော.မဲ.ငပိဘူးလေးကိုကြည်.ပြီး ငယ်ဘဝလေးကိုပြန်မြင်ယောင်မိပါတယ် ……။

ငယ်ငယ်ကဆို ငပိရည်လေးဆမ်း ….ငရုပ်သီးမှုန်.လေးဖြူးလို. လမ်းထိတ်ကအကြော်လေးနဲ.  မနက်စာ

စားခဲ.ကြတာလေ…။ဘာဟင်းဘဲချက်ချက်ငပိရည်တစ်ခွက်ကအမြဲပါတာမု့ိထမင်းစားလို.မကောင်းတဲ.နေ.ဆို

တာ မရှိသလောက်ပါပဲ …….မှတ်မှတ်မိမိ နွေကျောင်းပိတ်ရက်တစ်ရာသီမှာ ငပိရည်နဲ.ချည်း နေ.တိုင်းနယ်စား

လို. ဝ လာတဲ.ဆာမိကိုသူငယ်ချင်းတွေက “ ငပိဖေါ  ဖေါနေတာလား”တဲ. ။ အဲသလောက်ထိငပိကိုကြိုက်တာ ။

ကြိုက်မယ်ဆိုလည်းကြိုက်လောက်တယ်လေ …..ငပိဆိုတာ ဆာမိတို.ငယ်စဉ်ကတည်းကအိမ်မှာ ကိုယ်.ဖာသာ

ကိုယ်လုပ်လာခဲ.ကြတာ ။ တစ်မိသားစုလုံးကလည်းကြိုက်တယ် …အပြင်ကလည်းဝယ်မစားချင် …လုပ်တဲ.နည်း

ကိုလည်းသိတော. ကိုယ.်ဟာကိုယ်လုပ်ရတာ အပန်းမကြီးလှပါဘူး ……။မှတ်မိနေတာကတော. သီတင်းကျွတ်

ကျောင်းပိတ်ရက်တွေမှာ ငပိလှန်းခဲ.ကြတာပါပဲ ………………။

သီတင်းကျွတ်လမှာဆိုရင် အင်း လေလံဆွဲထားတဲ.သူတွေက သူတို.အင်းကိုဖေါ်လေ.ရှိကြပါတယ် ။

အင်း ဖေါ်(ငါးဖမ်းခြင်း) တဲ.အချိန်ဆို ငါးတွေလည်းမျိုးစုံရတယ် ၊ ဈေးလည်း ပေါတာပေါ. ။ပြီးတော.

မိုးလည်းကုန်စပြုပြီဆိုတော.  …နေလည်းသာ မြေကလည်းခြောက်ပြီလေ ……။ဒီတော. …ငပိလှန်းဖို့

စင်တွေထိုး …..အင်းသူကြီးတွေကိုငါးမှာ …..ငပိလှန်းတဲ.ဇတ်လမ်းစရပြန်သပေါ.ဗျာ ………….။

မနက်စောစောငါးတွေရောက်တယ်ဆိုရင်ပဲ ရေဆေး ၊ ဗိုက်ခွဲပြီးအူတွေထုတ် ….ဆားနဲ.နယ်ပြီး

နေအမှီ အပြေးအလွှားလှမ်းရတာပေါ. …။ဒီလိုလှန်းတဲ.အခါမျိုးမှာ ငါးကြီးအုပ်စု ၊ ငါးသေး အုပ်စုဆိုပြီး

ခွဲရပြန်ပါသေးတယ် ……။ငပိမှာလည်း နှစ်မျိုးရှိတယ်လေ …..ငါးကြီးငပိက ကြော်စားရတာပိုပြီးအဆင်ပြေသလို

ငါးလေးငပိကျပြန်တော.လည်းအရည်ကျိုစားရတာ ပေါ. ။ ငါးကြီးအုပ်စုတွေကတော. ငါးရံ ့ ၊ ငါးခူ ၊ ငါးဘတ် ၊

ငါးကျည်း ၊ ငါးပနော် ၊အစရှိတဲ.ငါးတွေပါပဲ …..။ငါးလေးအုပ်စုတွေကတော. ငါးနုသန်း ၊ ငါးဇင်ရိုင်း ၊ ငါးဘဲဖြူ ၊

ငါးပျက် အစရှိတဲ. ငါမျိုးစုံပဲလေ ……..။

ငါးတွေကိုဗိုက်ခွဲပြီး အူတွေ ချေး(ချီး) တွေမထုတ်ရင် ငပိမှာခါးတတ်တယ် …။ပိုပြီးလဲ အနံ ့ နံတတ်ပါတယ် ။

ဒါကြောင်. အူထုတ် ရေဆေး ဆားနယ်ပြီးမှ လှန်းကြရတာပေါ. …..။ပထမဆုံး စလှန်းတဲ.ရက်မှာ ငါးတွေ

ခတ်ထပ်ထပ်လေးဖြစ်သွားအောင် နေပြင်းပြင်း ပူဖို.လိုပါတယ် …..ဒါမှအနံ.ဆိုးတွေ ပုတ်ဟောင်ဟောင်အနံ.

တွေမထွက်ပဲ ခတ်သင်းသင်းလေးမွှေးနေမှာ …………..။ဒီအထိတော. ဆာမိတို.မပါသေးပါဘူး ……..

အဲ ……ငါးတွေလှန်းစင်ပေါ်ရောက်ပြီဆိုတာနဲ. လုံခြုံရေးယူရပါတော.တယ် ……အသင်.ချောင်းနေတဲ.

ကျီးကန်းနဲ.ခွေး တွေကဆာမိတို.ရန်သူပဲလေ ။ဒီတော. ….လေးဂွတစ်လက်ခါးမှာထိုး ၊ တုတ်တစ်ချောင်းကိုင်ပြီး

ဆာမိတစ်ယောက်ကင်းလှည်.ရပါတော.တယ် ……..။ အဲဒီအချိန်မှာဆာမိရဲ. ရာထူးကတော. ငပိစင်လုံခြုံရေးရဲ ့

အထူးတတ်ဖွဲ.မှုးကြီးပါ  ။ မနက် ကိုးနာရီကျော်လောက်ကနေ ညနေ လေးနာရီလောက်အထိ တော.

ကျီးခြောက်လိုက် ခွေးမောင်းလိုက်နဲ.မအားရဘူးဗျို.  …………………..။

ဒီလိုနဲ. ညနေရောက်တော. အစိုဓတ်အတော်အသင်.လျော.ပြီးခတ်ထပ်ထပ်လေးဖြစ်သွားတဲ.အခါမှာ ငါးတွေကို

သိမ်းလို.တစ်နေ.တာပြီးသွားပြန်တာပေါ.လေ ……..။ဒီလိုမျိုး သုံးရက်လောက်လှန်းပြီးတဲ.အခါမှာတော.

ငပိထောင်းခြင်းဇတ်လမ်းစရပြန်ပါတယ် ….။အစိုဓတ်မကုန်.တကုန်နဲ. အပေါ်ကြောလေးတင်းစပြုပြီဖြစ်တဲ.

ငါးတွေကို သစ်သား ဆုံ ကြီးထဲ ထဲ.ထောင်းရတာပေါ. ။ဖြစ်နိုင်ရင် တစ်ညတည်း အပြီးထောင်းလို.အိုးထဲမှာ

သိပ်ထည်.ရပါတယ် ။ အိုးထဲထည်.တဲ.အခါဖိသိပ်ပြီးထည်.ရင်း ဆားတွေလည်းဖြူးရတာပေါ.ဗျာ …။

အဲ …..ပြီးပြီဆိုရင်အိုးကိုလုံအောင်ပိတ်ပြီး အနဲဆုံး နှစ်လလောက်နေမှ စားလို.ရပါတယ် ။ ဒီနေရာမှာ

ငါးလေးငပိက နှစ်လကျော်လောက်နဲ. နပ်ပြီး ငါးကြီးငပိကတော. သုံးလကျော်လောက်မှ အရိုးကျပြီး

နပ်ပါတော.တယ် …….။

ဆာမိတို. ငပိလုပ်တာက အိမ်စားဆိုပေမဲ. ဆွေမျိုးတွေပေး ၊ မိတ်ဆွေတွေကိုပို. ဆိုတော. တစ်နှစ်စာကို

အနည်းဆုံး ပိဿာချိန် ၁၀ဝ လောက်လုပ်ရတာပါ ။ ငပိထောင်းတဲ.သစ်သားဆုံကြီးကလည်း လူတစ်ဖက်

စာလောက်ရှိပါတယ် ။ အိမ်ရှိ လူအားလုံးတစ်ယောက်တစ်လှည်.စ ီငပိ ထောင်းခဲ.ကြရတာပေါ. …….။

ဒီလို ဒီလို နဲ.နှစ်စဉ်လုပ်ခဲ.ကြပေမဲ.  ….ခုတော.ဦးဆောင်လုပ်တဲ. အမေကအသက်လည်းကြီးပြီ ….၊

ဆာမိတို.လည်းဝမ်းရေးအတွက်ရေကြည်ရာ မြက်နုရာကိုလှည်.လည်ကြရပြီဆိုတော. ငပိထောင်းခဲ.ကြတဲ.

သီတင်းကျွတ်ညချမ်းလေးတွေဟာ လွမ်းစရာအဖြစ်နဲ. အတိတ်မှာပဲကျန်ရစ်ခဲ.တော.တာပေါ.……………………။

 

ကဲပါလေ …..ငပိလွမ်းတဲ.ဇတ်လမ်းကိုဒီမှာဘဲ ခဏရပ်ပြီး အသည်းကွဲခဲ.ကြတဲ. ဆရာမဝင်.ပြုံးမြင်.နဲ.တကွ

ရွာသူရွာသားများ ၊ အမိမြေကိုလွမ်းနေကြတဲ.နိုင်ငံရပ်ခြားမြန်မာများအတွက် တနိုင်တပိုင် ငပိလုပ်နည်းလေး

ရေးပြချင်ပါသေးတယ် ……အသုံးဝင်လို ဝင်ငြားပေါ.  ………။

ကျွန်တော်အခုပြောမဲ.နည်းကတော. ကိုယ်.အိမ်မှာကိုယ် လွယ်လွယ် လုပ်နိုင်ပါတယ် …. ပထမဆုံး ငပိတစ်ပိဿာအတွက် ငါး တစ်ပိဿာ နှစ်ဆယ်.ငါးကျပ်သားလောက်ဝယ်ရပါမယ် ။မည်သည်.ရေချိုငါးမဆို

ရပါတယ် ။ ရေငံငါးလည်းရမှာပါ ။ ဈေးမှာ လွယ်လွယ်ဝယ်လို.ရတဲ. ငါးရံ. ၊ ငါးခူ ၊ ငါးကျည်း ၊ ငါးမွေထိုး

တို.နဲ.လုပ်ကြည်.ကြပါစို. ……။ပထမဆုံး အထက်မှာပြောခဲ.သလို  ငါးတွေကို ဗိုက်ခွဲ  အူထုတ်ပြီး ရေပြောင်

အောင်ဆေးရပါမယ ်။ငါးအကောင်ကြီးရင်ထက်ခြမ်းခွဲသင်.ပါတယ်…..ဒါမှပထမနေ.မှာပဲအတော်အသင်.

အစိုဓတ်နဲသွားမှာပါ ။ ငါးတစ်ကောင်ချင်းစီကို တစ်ထွာလောက်ထက် ပိုမကြီးသင်.ပါဘူး ။ ဆားနယ်တဲ.အခါမှာ

ဟင်းချက်တာထက်ပိုပြီးနယ်ရမှာပါ ။ဆားများရင် ငံလွန်းနေပြီး ဆားနည်းရင်တော. ငါးတွေပုတ်တတ်ပါတယ် ။

သဘာဝနည်းဖြစ်လို.အချိုမှုန်.နဲ. ယမ်းစိမ်း ထည်.စရာမလိုပါ ။ ယင်ကောင်မနားစေရန်အတွက် သင်.တော်မည်.

နည်းလမ်းကိုသုံးပြီး ယင်မောင်းရပါမယ် …..။ယင်ကောင်နားပြီး ဥ ချခဲ.လျင် နောင်အခါမှာ ငပိထဲမှာ

လောက်ကောင်များ တွေ.ရတတ်ပါတယ် ။

ငါးခြောက်ဖြစ်တဲ.အထိမလှန်းပဲ အစိုဓတ်ထက်ဝက်လောက်လျော.ကျသွားချိန်မှာ သင်.တော်မဲ. ဆုံ ထဲ. ထည်.

ပြီး ထောင်းပါ ။ အထူးညက်စရာမလိုပါ ….ငါးပုံပျက်ပြီး အနဲငယ်ပဲ.ရွဲ ့ ၍ ဖိသိပ်ထဲ.လို.ရတဲ.အနေအထားထိ

ပျော.ပျောင်းသွားရင်တော. ပလပ်စတစ်ဗူး ဖန်ဘူးများထဲ သိပ်ထည်.ထားပါ ။ပြီးလျင် အပေါ်မှ ဆားများကိုဖြူး၍

(အနဲဆုံး လက်တစ်ဆုပ်ခန်. )အဖုံးကိုလုံအောင်ပိတ်ထားလိုက်ပါ ။ ငါးလေးဆိုလျွှင် နှစ်လခွဲခန်.ကြာမှာဖြစ်ပြီး

ငါးကြီးဆိုလျှင် သုံးလခွဲခန်. ကြာနိုင်ပါတယ် ။ငါးကြီးငါးလေး ရောမထဲ.မိပါစေနဲ. …..။ ငပိနပ်လို. အိုးစဖွင်.

တယ်ဆိုရင်ဘဲ ငပိအိုးတက်ရည်များကိုတွေ.ရပါလိမ်.မယ် ။ အဲဒ အိုးတက်ရည်တွေဟာ သဘာဝ ငပိမှထွက်တဲ.

ငံပြာရည်များဖြစ်လို. ဘေးအန္တရယ်ကင်းစွာ အသုံးပြုနိုင်ပါတယ် ။ ဒီအတိုင်းသုံးရင် အနံ. မကောင်းတဲ.အတွက်

အိုးထဲမှငံပြာရည် (အိုးတက်ရည် ) များကိုခတ်ယူပြီး ပွက်ပွက်ဆူစေရန်ကျိုချက်ထားရပါမယ် ….။ ပြီးရင် ပုလင်း

အလွတ်တစ်ခုထဲမှာသိမ်းပြီး သဘာဝ ငါးငံပြာရည်အဖြစ်နဲ. လိုသလို သုံးဆောင်နိုင်ပါပြီ ……….။

အားလုံးပဲ  အသည်းကွဲဝေဒနာမှ သက်သာနိုင်ကြပါစေ …….။ ကိုယ်တိုင် ငပိထောင်းပြီး မပို.ပေးနိုင်ခဲ.တာကို

လည်း ခွင်.လွှတ်ပေးပါ  ……………..။

 

ဘဝတစ်ကွေ.အပြောင်းမှာ ငပိထောင်းခဲ.ဖူးတဲ.

ဆာမိ

 

54 comments

  • padonmar

    July 13, 2012 at 2:19 am

    ကောင်းလိုက်တဲ့ ငါးပိပါလား ကိုဆာမိရေ။
    တစ်ပိဿာလောက်ကတော့ ဈေးမှာ သွားဝယ်ပြီး ကိုယ်တိုင်လုပ်ကြည့်သင့်တာပေါ့။
    ၂လ ၃ လလောက်စောင့် ရင် ငယ်ချစ်လေးနဲ့ မဝေးတော့ဘူး။
    ဒါထက် ငါးတစ်ပိဿာကိုဆားနယ်ရင် ထည့်သင့်တဲ့ ဆားပမာဏလေး မှန်းပေးပါလား။
    များရင် သွေးတိုးမှာလည်းစိုး၊နည်းသွားရင်လည်း ပုပ်မယ်လေ။

    • surmi

      July 13, 2012 at 8:37 am

      အစ်မပဒုမ္မာရေ
      နေမလှန်းခင်ဆားနယ်တဲ ့အချိန်မှာ ပုံမှန်ဟင်းချက်ရင်ထည် ့တာရဲ ့နှစ်ဆလောက်ထည် ့ပါ
      ပိုထည် ့မိလည်း မစိုးရိမိပါနဲ ့ အိုးထဲသိပ်တဲ ့အခါကျရင်နဲနဲလျော ့ပေါ ့ငပိတစ်ပိဿာအတွက်ဆိုရင်
      မြင်းခေါင်းစတီးဇွန်းနှစ်ဇွန်းလောက်ဆို ဖြစ်ပါတယ် ။

      • စိန်ဗိုက်ဗိုက်

        July 13, 2012 at 5:48 pm

        အဟမ်း..အဟမ်း..
        ငံပိတို ့..ငပိတို ့ ပြောနေတာ ဆာလုံးပေါင်းမှားပါတယ် ကိုဆာမိခင်ဗျား..
        ငါးပိ ဖြစ်ပါတယ်နော်..
        နောက်ခါ စာလုံးပေါင်း ဆင်ခြင်ရေးပါ..

        ကျုပ်က ဘာပေါရမှန်းမသိရင် ဆာလုံးပေါင်းပဲ လိုက်စစ်နေတတ်ကလား..
        🙂

        • Inz@ghi

          July 13, 2012 at 5:51 pm

          ဟုတ်ကဲ့ပါ ဘဘဘိုက်ပေါက်စိန်
          😛

        • surmi

          July 13, 2012 at 6:44 pm

          ဟုတ်ကဲ.ခင်ဗျ
          ကျွန်တော်သတိထားပါ.မယ်ခင်ဗျ
          လိုအပ်ရင်လဲ (စုံးမ) ပါခင်ဗျ

  • ဦးဦးပါလေရာ

    July 13, 2012 at 6:47 am

    ကိုဆာမိရဲ့ ငါးပိထောင်းနေသည်ပိုစ့်လေးဖတ်ပြီး
    ကျုပ်ငယ်စဉ်က ကျုပ်တို့မိသားစု ကိုယ်တိုင်ငါးပိလုပ်ခဲ့ကြတာကို ကွက်ကွက်ကွင်းကွင်း ပြန်သတိရမိသေးတော့တယ်…။
    အဲဒီတုန်းကတော့ သဘာဝမြစ်ချောင်းအင်းအိုင်တွေမှာ ရေချိုငါးတွေကလဲများ…
    စားသုံးတဲ့လူဦးရေကလဲ နည်းတာမို့ ငါး ဆိုတာ အလျှံအပယ်ပါ…။
    ဒါကြောင့် ငါးပိကိုယ်တိုင်လုပ်ရင် ငါးကြီးငါးပိကို ငါးသန့်သန့်မှာဝယ်ပြီးလုပ်လေ့ရှိပါတယ်..။
    လုပ်ပုံလုပ်နည်းကတော့ ညောင်လေးပင်၊ ပုဇွန်မြောင်းတဝိုက်ကနည်းဖြစ်တဲ့ ကိုဆာမိပြောတဲ့နည်းနဲ့ ထပ်တူပါပဲ..။
    ငါးကြီးတွေကို လက်နှစ်လုံးလောက်ရအောင် ခုတ်ထစ်ပြီး လှန်းရတာပဲ ကွာပါတယ်..။
    အဲဒီအလုပ်မှာတော့ ကျုပ်ရဲ့အထူးတာဝန်ကလဲ ငါးပိခင်း လုံခြုံရေးမှုးပါပဲ… 😀

    • padonmar

      June 4, 2015 at 9:59 pm

      ငါးပိစင်လုံခြုံရေးမှူး ၂ယောက် အဲဒီတုံးက တယောက်ကို တယောက် သိသွားကြပြီလားလို့ မေးလည်းမေးချင်တယ်၊မေးလည်း မေးရဲဘူး။

  • the best

    July 13, 2012 at 7:16 am

    အခုလိုပြောပြတာကျေးဇူးပါ မြှားနတ်မောင် ခင်ဗျား။

    • surmi

      July 13, 2012 at 9:04 am

      ကိုသဘက်စ်ရေ
      ဖတ်ရှုအားပေး ကွန်မန် ့ရေးတာ ကျေးဇူးပါ
      လူသတ်သမားတွေများတဲ ့ဒီခေတ်ကြီးမှာ သိုင်းကွက်နင်းပြီးသွားနေရတာ
      စိတ်ပျက်စရာပါ။

  • aye.kk

    July 13, 2012 at 7:40 am

    ကျမတို ့အဖိုးအဖွားအပြင်မိဘလက်ထက်အထိပေါ့နော်…
    ငပိလုပ်ပြီးရောင်းစားခဲ့တာတမြို ့လုံးအသိပါဘဲ။
    ငပိစေ့ဆိုတဲ့ရပ်ကွက်နာမည်ပါတွင်ကျန်ရစ်နေခဲ့ပါတယ်။
    ငါးဇင်ရိုင်းငါးနဲ ့လုပ်တဲ့ငပိကသုံးနှစ်သုံးမိုးထားပြီးမှဖော်စားတာ..ရောင်းလည်းရောင်းပါတယ်။
    ကျိုက်ထိုမှာပါ..
    တချိန်တုံးကအင်မတန်မှလည်းနာမည်ကြီးပြီး၊သတင်းလည်းမွေးခဲ့တာပါ။
    အခုလိုနှစ်လအတွင်းနဲ ့နပ်တဲ့ငပိမကြားဘူးခဲ့တာ…
    ကျမအတွက်တော့အထူးအဆန်းပါဘဲ…။

  • surmi

    July 13, 2012 at 8:26 am

    အစ်မအေးkkရေ
    ငပိသဘောကတော ့ကြာကြာထားလေ ပိုကောင်းလေပါဘဲ
    နှစ်လခွဲဆိုတာ ငါးလေးငပိအတွက် အစောဆုံးဖေါ်စားနိုင်တဲ ့ အချိန်ပါ
    သုံးလကျော်ထားနိုင်ရင်အကောင်းဆုံးပါ ။ငပိကိုတစ်နှစ်ကျော်ထားဖူးပါတယ်
    တော်တော်ဆွေးသွားပါပြီ သုံးနှစ်ဆိုရင် အရည်ပျော်သွားမယ်ထင်တယ်
    တချိန်က ပဲခူးသနပ်ပင်ဆိုတာ ငပိကိုအကြီးအကျယ်ထုတ်လုပ်င်္ပြီး အောက်ပြည်တလွှား
    နေရာတော်တော်ယူထားပါတယ်။သဘာဝနည်းနဲ ့သူတို ့လုပ်စဉ်ကလည်း သုံးလဝန်းကျင်မှာဖေါ်တာပါ
    သုံးနှစ်မှဖေါ်ရင် ငပိကိုအကောင်လိုက်မြင်ရတော ့မည်မထင်ပါ ။သုံးလနဲ ့သုံးနှစ်မှားများနေမလားလို ့
    ပြန်စဉ်းစားကြည် ့ပါဦးအစ်မအေးရေ

  • ဦးဦးပါလေရာ

    July 13, 2012 at 8:32 am

    အင်း… ကိုဆာမိရေ-
    မအေးပြောတဲ့ သုံးနှစ်မှ ဖေါ်တဲ့ ငါးပိလုပ်နည်းဆိုတာ တကယ်ရှိပါတယ်။
    ဒီခေတ်တော့ လုပ်ကြတော့မယ်မထင်ဘူး..။
    အဲဒီနည်းဟာ ငါးပိ ဆိုတဲ့ နာမည်ပဲတူတာပါ..။
    အခုစားနေကြတဲ့ ရေချိုငါးပိနဲ့ သဘောသဘာဝ မတူပါဘူး..။
    ငါးအသားကျစ်ကျစ်ကို (ငါးစဉ်ရိုင်း၊ ငါးရံ့၊ ငါးကျည်း)
    Ferment လုပ်တာပါ…။
    တနေ့တော့ ပိုစ့်လေးတခုမှာ ထည့်ရေးဦးမယ်….။

  • MaMa

    July 13, 2012 at 8:43 am

    ကွဲနေတဲ့ အသည်းတွေကို ပြန်ဆက်နိုင်တဲ့ နည်းလမ်းလေးပါလား။
    ငါးပိဖြစ်ဖို့ အဆင့်ဆင့်လုပ်ရတာ မလွယ်ပါလား။
    ကိုယ်တိုင် ငပိထောင်းပြီး မပို.ပေးနိုင်လို့ ခွေးလွှတ်လိုက်ပါတယ်။
    အကိုက်မခံချင်ရင် ရွာထဲကို ကိုယ်တိုင်ထောင်းငါးပိလေးနဲ့ ဝင်လာမှ ရမယ်။ [:D]

    • surmi

      July 13, 2012 at 8:58 am

      အန်တီမမ ကတော ့ဒီနည်းတွေသိပြီးသားဖြစ်မှာပါ
      တစ်နေ ့တော ့ရွာထဲကအိမ်တွေကို ရောက်အောင်လာမှာပါ
      ငပိဘူးလေးနဲ ့ပေါ ့
      မသိသလိုတော ့မနေကြပါနဲ့ဗျို ့

  • surmi

    July 13, 2012 at 8:51 am

    ကျေးဇူးပဲဦးဦးပါလေယာရေ
    ကျွန်တော်မသိတာအမှန်ပါ ။ အန်တီအေးရေ ဆောရီးနော်
    ဖြစ်နိုင်ရင် အဲဒီတိမ်မြုတ်နေတဲ ့နည်းလေး ပြောပြပါလား။
    ဦးပါကြီးလည်း ငပိပရိတ်သပ်ထင်တယ် အတော်လေးသိတာပဲ

    • aye.kk

      July 13, 2012 at 9:15 am

      ဆာမိရေ..
      ငါးဇင်ရိုင်း(ရေချိုငပိ)ဆိုပြီးတင်ထားပါတယ်။
      ကိုယ်တိုင်ရေးတာပါ။
      ဝင်ဖတ်ကြည့်ပြီးထင်မြင်ချက်လေးများပေးနိုင်ပါတယ်။

      • etone

        July 13, 2012 at 11:36 am

        အန်တီအေးရေးတုန်းကလည်း ဖတ်ဖူးပါတယ် .. စဉ် ့အိုးတွေကို မြှုပ်ပြီး သိပ်ထားရတာကိုလည်း မှတ်မိပါတယ် .. နှစ်နဲ့ ချီကြာအောင် သိပ်ထားရတယ်ဆိုတာလည်း ဖတ်ခဲ့ဖူးတယ် … ။
        အဲ့တုန်းကတော့ ..ငါးပိလုပ်ရတာ … ဒီလောက်ခက်ပြီး အပင်ပန်းခံရပါလားဆိုတဲ့ အသိရသလို .. ဒါကြောင့်လည်း …. မြေဩစာတွေရောပြီး … အချိန်တိုတိုနဲ့ ငါးပိရအောင်လုပ်ကြတာဖြစ်မယ်လို့ .. .ဆက်စပ်တွေးဖြစ်သွားသေးတယ် …. ။

  • မောင်ပေ

    July 13, 2012 at 9:07 am

    သည်ပိုစ့်ဟာ ရိုးရိုးသာမန် ဖတ်ရမယ့်ပိုစ့်မျိုး မဟုတ်။
    ဟင်းစားကော ကွန်ချက်ပါ ပြပေးတဲ့ ကိုဆာမိရဲ့ စေတနာတွေနဲ့ လွှမ်းခြုံနေတာကို ခံစားရတယ်ဗျာ။
    အိမ်သုံးဖို့ပဲဖြစ်ဖြစ်
    စီးပွားဖြစ် လုပ်ရောင်းဖို့ပဲဖြစ်ဖြစ်
    တစ်ကယ် နိပ်မှာပါ
    ကိုဆာမိရေ
    အကို့ စာဖတ်အပြီး
    စီးပွားဖြစ်ငပိထုတ်ရောင်းချင်လာတယ်ဗျို့
    ဆရာစားမချန် ပြောပြပေးလို့ ကျေးဇူးပါဗျား

    • shwe kyi

      July 13, 2012 at 1:52 pm

      အူးပေကိုထောက်ခံပါတယ် ကိုဆာမိရေ အူးပေပြောတဲ့အတိုင်းပါပဲ။

  • aye.kk

    July 13, 2012 at 9:23 am

    ကိုဆာမိ..
    အောက်ကလင့်လေးမှာဝင်ကြည့်လိုက်ပါနော်။
    myanmargazette.net/94503/creative-writing/my-dear-diary
    ကျေးဇူးတင်လျှက်။
    အေးကေကေ။

  • mamanoyar

    July 13, 2012 at 9:39 am

    ကျေးဇူးပဲ ဦးဦးဆာမိရေ
    ကိုင်တိုင်ငပိလုပ်နိုင်ရင်တော့ ကောင်းတာပေါ့
    အခုလိုပြည့်ပြည့်စုံစုံ ပြောပြပေးတာ တကယ့်ကိုကျေးဇူးတင်ပါတယ်

  • Shwe Tike Soe

    July 13, 2012 at 9:47 am

    အော်ကိုဆာမီ ငပိထောင်းတာ မိသားစုတွေ ပျော်စရာကြီးနေမှာနော်…
    ငါးပိတော့ကြိုက်တယ်… ငါးပိထောင်း၊ငါးပိရည်၊ငါးပိချက် …… ဒါပေမယ့် ငါးတော့မကြိုက်ဘူး ညှီလဲညှီတယ်.အရိုးကလဲ စူးသေး………. မူးရင်တော့ ငါးကင်စားတယ်….ဟိဟိဟိ…

    အဲဒီတော့ ကိုယ်ဟာကိုယ် မလုပ်တော့ဘူး နောက်ကိုဆာမီ လမ်းကြုံရင် ကိုဆာမီ အမေ နည်းနဲ.ထောင်းထားတဲ့ ငပိထောင်းလေး တစ်ဗူးလောက် ပါဆယ်ဆွဲခဲ့ပါနော်…..အဟီးးးးးးးးးးးးးးး

  • ကိုရင်မောင်

    July 13, 2012 at 9:47 am

    ကိုဆာမိရေ … ကျေးဇူး ၁၀ဝ မက တင်ပါတယ်ဗျာ…
    ကျနော့မှာ လူကြုံရှိမှ ငပိစားနေရတဲ့ဘဝပါ..
    လူကြုံကလဲတနှစ်မှတခါလောက်ဘဲလာတတ်ကြလို့..
    ပါလာယင်လဲ လေး ငါး ဆယ်နပ်စာလောက်ပါဘဲ..
    ငပိလုပ်ချင်နေတာ နည်းကမသိတော့ မလုပ်တတ်
    စားကလဲစားချင်..သူတို့ဟင်းတွေနေ့တိုင်းစားနေရတော့လဲ
    အားသာကမပြေ …
    ခု ကိုဆာမိကျေးဇူးကြောင့် ငပိလုပ်နည်းသိသွားရပြီး
    ကိုဆာမိရေ မနက်ဖန် စလုပ်ပြီဗျို့….
    အထူး..အထူး..ကျေးဇူးတင်ပါတယ်……

    • surmi

      July 13, 2012 at 12:58 pm

      ဗျို ့ဦးပေရေ ့
      ဘာတွေညာတွေစဉ်းစားမနေနဲ ့ လာ ငပိသွားရောင်းမယ် ဟဲ ဟဲ

      အန်တီအေး ဖတ်ပြီးပြီ
      ကျွန်တော်ဗဟုသုတနဲတာပါ ကျေးဇူးးးးး

      ကိုရွှေတိုက်
      ဆယ်အိမ်ခေါင်းဆိုတော ့ ဘူကြီးကြီးနဲ ့ ပို ့ပေးမယ် ဝက်ခြံထွက်ရင်တော ့ မသိဘူးနော်

      ကိုရင်မောင်ရေ
      နေပြင်းပြင်းပူဖို ့တော ့လိုတယ်နော် ပထမတစ်ခါမအောင်မြင်ရင်
      နောက်တစ်ခါအဆင်ပြေမှာပါ

      မနိုရာ
      အားပေးဖတ်ရှု တာကျေးဇူးပါ

  • ကြည်ဆောင်း

    July 13, 2012 at 9:53 am

    ကိုယ်တိုင်တော့မလုပ်စားနိုင်ပေမဲ့ သူများကို Share လုပ်ပေးလိုက်ပါမယ် ၊ ပြီးမှအသာကပ်စားရမယ်
    ငါးပိစင်လုံခြုံရေးရဲ့ အထူးတပ်ဖွဲ့မှုးကြီး(အငြိမ်းစား) ကိုကျေးဇူးတင်လျှက် … 😀

  • nozomi

    July 13, 2012 at 10:17 am

    အပြင်မှာ လုပ်ရောင်းနေတာတွေ စိတ်မချလို့
    စိတ်ချရတယ်လို့ နာမည်ရှိတဲ့ နေရာက တကူးတက မှာစားရတယ်
    ဒါလဲ ကြာလာတော့ သိပ်စိတ်မချရတော့ပါဘူး
    ကိုဆာမိနည်းလေး ဒီနှစ်စမ်းကြည့်လိုက်ဦးမယ်
    ကျေးဇူးပါခင်ဗျာ

  • htoosan

    July 13, 2012 at 10:57 am

    ဦးဆာမိလက်ချက်နဲ့ သူကြီး ကတော် မဒမ်ခိုင်လည်း သူကြီး အမိန့် နဲ့ ဆူပါမားကက်မှာ ငါး ဝယ်ထွက်နေရလောက်ပြီ…
    ကိုဘုန်းကျော် ကတော်လည်း ဒီတစ်ခါ မြို့တက်ရင် ဝယ်ရမဲ့ စာရင်းထဲ တို့နေလောက်ပြီ .. 😀 😀

    • surmi

      July 13, 2012 at 1:17 pm

      ကြည်ဆောင်းရေ
      ငပိလေးရရင်လဲ ရွာထဲပို ့လိုက်ဦးနော (အငြိမ်းစားတပ်မှုး)

      ကိုနိုဇိုရေ
      ငပိကတော ့မပြတ်နိုင်တဲ ့ငယ်ချစ်ဟောင်းပါ
      အခုတောင်ပြောရင်းနဲ ့ပြန်လုပ်ချင်စိတ်ပေါက်လာပြီ

      ဗျို ့ကိုထူးဆန်းရေ
      သဂျီးတော ့သူ ့ရွာထဲ ငပိသည်ရောက်နေတာကြိုက်ပါ ့မလားမသိ
      ကိုကြောင်ကြီးပြောသလို ပေါင်မုန် ့ထဲငပိကြော်ညှပ်ပြီး ကြွေးလိုက်ချင်သေးဗျာ

  • etone

    July 13, 2012 at 11:34 am

    ကိုဆာမိက ဘက်စုံတော်တာပါပဲ … ။
    ငါးပိလုပ်ခဲ့တဲ့ ငယ်ဘဝကို ဖတ်ရတာ .. ရုပ်ရှင်ကြည့်သလို မြင်ကွင်းထဲ ပေါ်စေပါတယ် … ဒါ့ပြင် ၊ ငပိလုပ်နည်းလေးကိုလည်း ရိုးရှင်းစွာနဲ့ .. လူတိုင်း နားလည်ပြီးလိုက်လုပ်နိုင်အောင် ရေးထားတဲ့ အတွက် ကိုယ်တိုင်ငါးပိလုပ်စားချင်စိတ်တောင် ပေါက်လာပါပြီ … ။

    ငါးပိရည် မစားဖြစ်တာ အတော်ကြာပြီ ကိုဆာမိရေ … ၊ ဆိုင်တွေမှာထမင်းစားလျှင်လည်း … ယင်နားထားမှာစိုးလို့ မစားရဲဘူး .. အိမ်မှာလည် လူကြီးတွေက သွေးတိုးရှိလို့ .. ငါးပိမကြို ၊ ဒါ့ပြင် ငါးပိကြိုတဲ့အခါမြေအိုးမှကောင်းသတဲ့ … မြေအိုးနဲ့မဟုတ်လျှင် ဒံအိုးဆို ခဏလေး အိုးပေါက်တယ် ၊ စတီးအိုးလည်း ဂျီး ၊ ဂျိုးတတ်သတဲ့ …. ။ အဲ့ဒါတွေကြောင့် ငါးပိငတ်နေတာ ကြာပါပြီ …. ။

    ငါးပိရည် အိုးထဲ ဆံနွင်းလေးခပ်ပြီး မီးပြင်းပြင်းနဲ့ မွှေနေရတဲ့ ဖီလင်လေး ငယ်ငယ်တုန်းကတော့ ရဖူးတယ် … ။ ငရုပ်သီးစိမ်းကို ရေနွေးဖျောတာပဲဖြစ်ဖြစ် ၊ မီးနွေးနွေးနဲ့ လှော်တာပဲဖြစ်ဖြစ် … လုပ်ပြီး ထောင်းထည့်လျှင် မွှေးတယ် … ၊ ပြီးလျှင် ကြက်သွန်ဖြူလေးကိုပါ မညက်တညက်ထောင်း .. ငါးရှိလျှင် အသားနည်းနည်း နွှင်ထည့် …. ၊ ငါးမရှိလျှင် ပုစွန်ခြောက်လေး မကြေတကြေထောင်းထည့် … ၊ နောက်ဆုံးမှာ မှိုမပါတဲ့ ငရုပ်သီးမှုန့်လေး အပေါ်က ဖြူးလိုက်လျှင်တော့ …. ထမင်းစားကောင်းမယ့် ငပိတစ်ခွက် ရမှာပါ … ပြောရင်းတောင် စားချင်လာပြီ ရှလွှတ် .. ရှလွှတ် …. ဟီး 😉

    • surmi

      July 13, 2012 at 1:30 pm

      မအိတုန်ရေ
      တစ်ခါတစ်ခါအကြောင်းတိုက်ဆိုင်ရင်ငယ်ဘဝကို ပြန်စဉ်းစားမိတယ်
      မနေ ့ကတော ့တကယ်ဘဲ ငယ်ဘဝကိုသတိယမိတာပါ ဒါကြောင် ့ ငပိအကြောင်းလျောက်ရေးမိတော ့တာပဲ
      ခုလိုမိုးတွင်း မိုးအေးတဲ ့အခါ မအိတုန်ပြောသလို ငရုပ်သီးစိမ်းနဲ ့ဖျော်တဲ ့ငပိရည်လေးရယ် တို ့စရာအစုံဆိုရင်
      ဟင်းတောင်မလိုဘူးဗျို ့ ။

  • same kyaw

    July 13, 2012 at 12:52 pm

    ငပိလုပ်နည်း ပြောပြပေးတဲ့သူအားလုံးကျေးဇူး ကုဋေပါဘဲ

  • lynn lynn

    July 13, 2012 at 1:33 pm

    ကိုဆာမိရေ ငပိထောင်းနေသည် အပေါ်ပိုင်းဖတ်တဲ့အခါ တစ်ချိန်လုံး တံထွေးမျိုကျနေရတယ်။ ငပိလုပ်နည်းလေး ကူးထားလိုက်ပါတယ်။ အခုတော့ မလုပ်ဖြစ်ပေမယ့် နောင်လုပ်ရင် မမှတ်မိတော့မှာစိုုးလို့ သိမ်းထားလိုက်ပါတယ်။

    • surmi

      July 13, 2012 at 1:45 pm

      ဒီလိုမှန်းသိရင် ငပိကို နည်းအမျိုးမျိုးလုပ်စားတဲ ့အကြောင်ပါရေးလိုက်ပါတယ်
      ဒါမှ ထမင်းဆိုင်ကိုတန်းပြေးရမှာ ဟဲ ဟဲ

  • surmi

    July 13, 2012 at 1:36 pm

    ကိုဘိုမင်း နဲ ့ ကိုsame kyaw
    ငပိအကြောင်းစိတ်ဝင်စားစွာဖတ်ရှုပေးတာကျေးဇူးပါ

  • cum min

    July 13, 2012 at 2:43 pm

    10ယူပြီး.အသာလေး..ထွက်သွာ..ပြီးနော်….

  • snow white

    July 13, 2012 at 5:36 pm

    အစ်ကိုငပိဖော အယ်မဟုတ်ပါဘူး ကိုဆာမိ အရမ်းဖတ်လို့ကောင်းပါတယ် တကယ့်ကို ငံပိရည်လေးနဲ့ အကြော်စားချင်စိတ် ကိုတဖွားဖွားဖြစ်မိတယ် စနိုးအစ်ကို ကငံပိလည်းထောင်းဖူးတာဘဲ စားလို့တော့ကောင်းတယ် အဲ့လောက်ထိတော့နားမလည်ဘူး ပို့စ်လေးဖတ်မှ ငံပိအကြောင်းသိရတော့တယ်။။။

  • surmi

    July 13, 2012 at 6:51 pm

    ကိုသန်းထွဋ်ဦးရေ
    မျှင်ငပိအကြောင်းလေး ရေးပါဗျာ ကျွန်တော်တို.ကဒါမျိုးတွေနဲ.ဝေးပါတယ်

    cum min ရေ သဂျီးကသဌေး ကြိုက်သလောက်ယူတဲ.

    ဒေါ်စနိုး ကလည်းငပိကြိုက်သားပဲနော် …ကိုယ်ရေးပြီး ကိုယ်ပြန်စားချင်နေလို. ခက်နေတာ
    အဲသလောက်ထိကြိုက်တာ

  • နေဝန်းနီ

    July 13, 2012 at 8:32 pm

    ငယ်ငယ်ကဆို ငပိရည်လေးဆမ်း ….ငရုပ်သီးမှုန်.လေးဖြူးလို. ………. ဆိုမှ အဲဒိ ငရုတ်သီးမှုန့် အကြောင်း ရေးမလို့ဟာ ခုမှ ပြန်သတိရတယ် ကျေးဇူးပဲ ကိုဆာမိရေ့……..

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 13, 2012 at 8:48 pm

    ဟဲ့ သေနာ ဆာမိ 😀
    ရှင် ဒီလိုဘဲ ဘလိုင်းကြီးစိတ်ကောင်းတာ
    ကျုပ်တို့ဘဝတွေ ဘာဖြစ်ကုန်မလဲ မတွေးမိဘူးလား 👿
    ပုံ
    ငပိသည်
    ( အရဂါးနောက်တာ ဘယ်သူနဲ့မှမတူအောင် ဝင်ပြောကြည့်တာ )

  • pooch

    July 13, 2012 at 9:45 pm

    ကိုဆာမိရေ ကျမလည်း အသဲကွဲနေတာ ။အိမ်က အမေကိုတောင် ပြောပြီး စားစရာမရှိတော့ဘူးဆိုပြီး။
    ခုတော့ တနိုင်စာလေး လုပ်စားနိုင်တယ်ဆိုတော့ ဘာပဲ ဖြစ်ဖြစ် အပန်းမကြီးလောက်ဖူးထင်လို့ ကိုယ်တိုင် စမ်းသိပ်ကြည့်ပါ့မယ်။ နည်းလေး ပေးတဲ့ အတွက်ကျေးဇူးပါတင်ပါတယ်။

    ဒီလိုမျှဝေတတ်တဲ့ စိတ်စေတနာကြောင့်လည်း တူသောအကျိုးပေးပါစေရှင်။

  • ကြောင်လေး

    July 14, 2012 at 8:32 am

    ဒီတပတ်ထဲမန်းဂေဇက်ကိုဝင်လိုက်ရင် ငါးပိ၊ငံပြာရေနံ့လေးကိုသင်းနေတာပဲ၊ကိုဆာမိပြောသလို ငါးပိရည်နဲ့ ဂျင်းပဲကြာ်မွမွလေးကိုမနက်သွားရေစာအဖြစ်တပတ်ကို နှစ်ကြိမ်လောက်ခုထိစားနေတုန်းပါပဲကွယ်၊ ပြောရင်းတောင် သွားရေကျပြီးဗိုက်ထဲကအော်လာပြီ
    ဂွီ ..ဂွီ…ဂွီ

    • surmi

      July 14, 2012 at 8:51 am

      ဦးကြောင်လေးရေ
      ငပိနံ ့တွေထောင်းထောင်းထနေလို ့ သဂျီးမောင်းထုတ်ချင်နေပြီလားမသိဘူးဗျ

  • surmi

    July 14, 2012 at 8:45 am

    အဘနီရေ
    ပျောက်နေတာကြာပေါ ့ ငရုပ်သီးမှုန် ့လေးမျှော်နေမယ်နော

    ကိုအလင်းဆက်
    ငပိလေးလဲပေးချင်တယ် ကိုရင် ့အတွေးလေးတွေလဲကြိုက်တယ်ဗျာ

    ကိုအောင်ပုကြီင်္းရေ
    အဲဒီလိုတွေးကြည် ့လိုက်တော ့မှ ငပိထောင်းတဲ ့ကျည်ပွေ ့ကို
    တမ်းမြင်တာဘဲဗျို ့ တွေးတတ်ပါ ့ဗျာ

    ဒေါ်ပုချ်ရေ
    စမ်းလုပ်ကြည် ့တဲ ့အခါအဆင်ပြေပါစေဗျာ
    ပေးတဲ ့ဆုတွေနဲ ့လည်းပြည် ့ရပါလို၏ဗျာ

  • ကြောင်ကြီး

    July 14, 2012 at 9:42 am

    ငါးအကြီးကြီးတွေကို လုပ်နည်းသက်သက်ပြောပါအုံး..။ ကျနော့်အင်းထဲမှာ ဝေလငါးတဂေါင်၊ ငါးမန်းငါးဂေါင်၊ မိချောင်းဆယ်ဂေါင် ဖော်စားဖို့ရှိလို့….။

    • water-melon

      July 14, 2012 at 11:47 am

      အူးကြောင် ပြောတဲ့နည်းတော့မရှိဘူး
      ကြောင်ငပိလုပ်နည်းရှိတယ်

      ကိုဆာမိရဲ့ ငပိလေးကို သံပရာသီးလေးဆမ်း
      ထမင်းလေးနဲ့စား ဂလု
      ပြီးတော့ သရက်သီးအစိမ်းလေးနဲ့ တို့စားလိုက်ရရင်
      ဆွေမျိုးငွေမျိုးအကုန်မေ့လိုက်တယ်
      ရှဲရှဲ

  • Yin Nyine Nway

    July 14, 2012 at 12:34 pm

    အူးအူးကြောင်ရေ…
    ဆလားဗီးယား ငါးကင်ကတော့
    ငရုတ်သီးရယ် ၊ ကြက်သွန်ဖြူရယ်ကို ထောင်း
    ပြီးရင် ရှမ်နံနံပင်နဲ့ ရောနယ်
    ငါးဗိုက်ထဲထည့်၊
    ဆီကို ပါးကောလို့ခေးတဲ တရုတ် မာဆလာနဲ့ ရောပြီးဆီသတ်ပြီးရင်
    ငါးပင်တဲ့အခါမှာတိုင်း တို့တို့ပြီးကင်
    ကျက်ရင် စားလို့ရဘီချင့် ….

  • surmi

    July 14, 2012 at 12:37 pm

    ဦးကြောင်ရဲ ့ငါးတွေအတွက် အိုးကြီးကြီးလိုသဗျ အိုးသာရှာထား

    ဖရဲရေ
    ထွက်မပြေးကြေးနော မအားရင်ခွင် ့တိုင်
    မောင်ရင်တို ့ရှိမှပွဲစည်တာဟ

  • may flowers

    July 14, 2012 at 4:41 pm

    အသဲကွဲတော့ မယ့်က္ဈန်မအတွက် သတင်းကောင်းလေးကြားရသလို

    ပါပဲ ငါးပိလုပ်နည်းလေးပေးလို့လေ ကျေးဇူးပါ ငါးပ်ကိုအိမ်မှာ လုပ်စား

    ဖို့ ကြိုးစားလိုက်ဦးမယ်ဗျို့။

  • ဝင့်ပြုံးမြင့်

    June 4, 2015 at 2:08 pm

    .အယ် အခုမှ ဒီပို့စ်တွေ့တယ်။ အခု မိုးဦး ငါးလေးတွေပေါစပြု ပြီ။ ငါးပိထောင်းကြည့်ရင် ကောင်းမယ်။ ငပိမစားတာကြာပြီ။ ငယ်ချစ်ကို လွမ်းတယ်။ ဦးဆာကိုလည်း ကျေးဇူး။

Leave a Reply