ထူးထူးခြားခြား လူခြောက်လေး သုံးကြိမ်မွေးခဲ့သူ (ဇာတ်သိမ်း)

may flowersJuly 13, 20121min30814

အဲဒီနေ့က ကျောင်းကိုသုံးနာရီထိုးခါနီး (ကျောင်းဆင်းခါနီး) အချိန်လောက်မှ မေဖလား
ဝါးတို့ သူငယ်ချင်းနှစ်ယောက်ပြန်ရောက်ကြပါတယ်။ နယ်ကျောင်းတွေရဲ့ထုံးစံ အတိုင်း
အပြင်ဘက် လမ်းမတန်းဘက်ကိုသာ လူမြင်ကောင်းအောင်အုတ်တံတိုင်းကာ ခြံစည်းရိုး
ခတ်ထားပေမဲ့ ဘေးနှစ်ဘက်နဲ့ ကျောင်းအနောက်ဘက်က အကာအရံမရှိတာကြောင့်
မေဖလားဝါးတို့ သူငယ်ချင်းနှစ်ယောက် ကျောင်းထဲကိုဘယ်သူမှမမြင်အောင် ကျောင်း
အနောက်ဘက်က ပါတ်ပြီးတိုးတိုးတိတ်တိတ်ဝင်လာနိုင်ကြပါတယ်။ အဲဒီနေ့က နောက်
ဆုံးအချိန်က ကာယအချိန်ဖြစ်ပြီး ကာယဆရာမကလည်းခွင့်ယူထားမှန်း မေဖလားဝါး
တို့ နှစ်ယောက်သိတာကြောင့် ဒီအချိန်ကိုမှန်းပြီးပြန်ဝင်လာကြတာပါ။ ကျောင်းမှာ လွယ်
အိတ်နဲ့အခြားထမင်းဘူးတို့ ထီးတို့ ကျန်ခဲ့တာကြောင့် ပြန်လာယူကြတာပါ။ ဒါနဲ့ အေး
ဆေးပဲ ကိုယ့်ပစ္စည်းလေးတွေကိုယ်ယူပြီး ကျောင်းလွှတ်တော့အခြားကျောင်းသားတွေ
လိုပဲ ရောနှောပြန်ကြတာပါ။ ဒါပေမဲ့ အတန်းထဲမှာမေဖလားဝါးတို့ နှစ်ယောက်နေ့လည်
ကျောင်းပြန်မတက်တာကို အတန်းပိုင်ကိုဘယ်သူကချွန်လိုက်တယ်မသိပါပဲ အတန်းပိုင်
ဆရာမ မှတဆင့် နောက်နေ့နံနက်မှာ မေဖလားဝါးတို့နှစ်ယောက် ကျောင်းအုပ်ဆရာ
ကြီးရုံး ခန်းကိုခေါ်ပြီး ဆူခံထိကြပါတယ်။ ဆရာကြီးက နောက်ဒီလိုပဲ ကျောင်းပျက်မယ်
ဆိုရင် မိဘခေါ်မဲ့အကြောင်း၊ ကျောင်းထုတ်မဲ့အကြောင်း ခေါ်ဆူတာကို ခံလိုက်ကြရပါ
တယ်။ လူခြောက်လေးကို ကြည့်ချင်တဲ့ မေဖလားဝါးတို့သူငယ်ချင်းနှစ်ယောက်ရဲ့ မှတ်
မှတ်ရရ အကြောင်းလေးတွေပါပဲ။
အဲဒီ လူခြောက်လေးတွေရွာမှာ မေဖလားဝါးတို့အမျိုးတွေ တော်တော်လေးရှိကြတာက
တစ်ကြောင်း၊ ထိုအမျိုးတွေကလည်း မေဖလားဝါးတို့အိမ်နဲ့ အဆက်အသွယ်ကမပြတ်ပဲ
အမြဲရှိနေကြတာကတစ်ကြောင်း၊ မေဖလားဝါးကိုယ်တိုင်ကလည်း ထိုလူခြောက်လေး
ကိစ္စကိုစိတ်ဝင်စားတာက တစ်ကြောင်းတို့ကြောင့် အိမ်ကို ထိုရွာကဘယ်သူလာလာ
ကျွန်မ ထိုလူခြောက်လေးအကြောင်းကိုအရင်ဆုံးအမြဲမေးတတ်တာကြောင့် လူခြောက်
လေးရဲ့ အကြောင်းကိုတော်တော်လေးသိခွင့်ရပါတယ်။ ကျွန်မထင်တာက အဆိုပါလူ
ခြောက်တွေဟာ မိဘတွေကို ဥစ္စာပစ္စည်းတွေကို ခိုးဝှက်ပေးတတ်တယ်လို့ကြားထားပေ
မဲ့ ဒီလူခြောက်လေးကတော့အဲလိုခိုးတာမဟုတ်ပါဘူးတဲ့ (အခြားလူခြောက်တွေတော့မ
သိပါ) ။ ဒီလူခြောက်လေးဟာ ဖခင်ဖြစ်သူကိုသာအိမ်မက်ပေးဆက်သွယ်စကားပြောပေ
မဲ့ မိခင်ဖြစ်သူကိုတော့ တစ်ခါမှစကားမပြော၊ မဆက်သွယ်ပါဘူးတဲ့။ ဒီလူခြောက်လေး
အကျိုးပြုပုံက…အိမ်မက်ထဲမှာ
“အဖေ…အဖေ..မနက်ကြရင် ဟိုဘက်ရွာက ကိုထွန်းရွှေ(နံမည်မှန်မဟုတ်) တို့အိမ်ကို
သွားလိုက်…အဖေအကျိုးရှိ လိမ့်မယ်”
လို့ အိမ်မက်ပေးပြီး…ဆက်ဆက်သွားဖြစ်အောင် သွားပါလို့အထပ်ထပ်မှာတတ်ပါတယ်။
သူ့အဖေ ကျောင်းဆရာလည်း မယုံတစ်ဝက် ယုံတစ်ဝက်နဲ့ (နောက်နေ့ကျောင်းပိတ်တာ
ကြောင့်) ထိုရွာက လူခြောက်လေးပြောသောအိမ်ကို အလည်ယောင်ယောင်နဲ့ သွား
ကြည့်မိတော့ ထိုအိမ်အဝပဲရောက်သေးတယ်..အိမ်ထဲမှ လူတွေစုပြီးစကားပြောနေရာ
ထို ကျောင်းဆရာကို မြင်တော့အပြေးထွက်ချလာပြီး
“ဟာ ဆရာရယ်အတော်ပဲ…ဆရာမလာရင်တောင်..ကျွန်တော်တို့ကလာတော့မလို့….
ကျွန်တော့..အိမ်ကရှစ်တန်းတက်နေတဲ့…အကောင်နဲ့သူ့သူငယ်ချင်းတွေကို ..ဖြစ်နိုင်
ရင် စနေ၊တနင်္ဂနွေ တွေမှာ စာလေးဘာလေးသင်ပေးပါလားဆရာရယ်”
ဆိုပြီး ကျူရှင်သင်ဖို့စကားစ ကမ်းလှမ်းတာခံရပါတယ်။ အမှန်တော့ ထိုအချိန်လောက်
က ကျွန်မတို့နယ်တွေဘက်မှာ ကိုယ့်အားကိုယ်ကိုးပြီးသာစာကျက်ကြပြီး ကျူရှင်တက်
တဲ့ ကလေးတွေကမရှိသလောက်နဲပါးကြပါတယ်။ နယ်တွေဘက်မှာကမိဘတွေ
ကိုယ်တိုင်ကနွမ်းပါးကြတာတစ်ကြောင်း၊ ကျူရှင်တက်တယ်ဆိုတဲ့အစဉ် အလာလည်းမ
ရှိတာ ကြောင့်ကျူရှင်ဆိုတာ အဲဒီအချိန်လောက်က တော်တော်နဲပါသေးတယ်။
ဒါနဲ့ ထိုကျောင်းဆရာလည်း အဲဒီရွာမှာ စနေ၊တနင်္ဂနွေကျူရှင်ပြဖြစ်လိုက်ပါတယ်။
ထိုကျူရှင်ပြပြီးနောက် လူခြောက်လေးတို့မိသားစုလည်းတော်တော်အဆင်ပြေလာပါ
တယ်။ ထိုရွာက သစ်ကုန်သည်သားသမီးတွေ၊ သဌေးသားသမီးတွေသာစုပြီး ကျူရှင်ပြ
ရတာမို့ ကျူရှင်ခကလည်းတော်တော်လေး မျိုးမျိုးမျက်မျက်ရတာပါ။ထူးဆန်းတာက ထို
ကျောင်းသားတွေကလည်း ဆရာထိုရွာကိုလာရတာပင်ပန်းလိုက်တာဆိုပြီး သူတို့မိဘ
တွေကို ပူစာကာမောင်ဗမာစက်ဘီးအသစ်လေးကို စုဝယ်ပေးကြပါတယ်။ နောက်သီ
တင်းကျွတ် မှာဆရာအတွက်ဆိုပြီး ကျောင်းသားတစ်ယောက်က ရွှေဆွဲကြိုးတစ်ကျပ်
သား တစ်ကုံးကန်တော့တယ်ဆိုတာကိုသိလိုက်ပါသေးတယ်။ (နယ်မှာ ထိုခေတ်က
ဆရာကိုဘယ်သူမှ ဒီလောက်ထိ အကုန်အကျခံပြီး
မကန်တော့ကြပါဘူး) ရွာက လူတွေကတော့ လူခြောက်လေးညှို့ထားတာလို့မြင်ကြပါ
တယ်။ နောင်ဆရာ ဝတ်ဖို့ပုဆိုးဆိုပြီး အစည်းလိုက်လက်ဆောင်ပေးကြတာ ဝတ်လို့
တောင်မကုန်တာကြောင့် သူ့မိန်းမကအပြင်မှာပြန်ရောင်းရတဲ့အထိ ကန်တော့တဲ့သူတွေ
များပြားခဲ့တာပါ။ ဒီလိုနဲ့ ခြောက်လလောက်အကြာမှာ ထိုရွာကိုဖြတ်ပြီး တရားခံသွားဖမ်း
တဲ့နယ်ထိန်းရဲတပ်ဖွဲ့ကထိုရွာလေးကိုဖြတ်အဝင် ဒီရွာလေးမှာလူခြောက်လေးမွေးထား
ကြောင်း သတင်းကြီးနေတာကြောင့် လူခြောက်လေးကို မြင်ဖူးရန်ထိုအိမ်ကို
ဝင်လာပါတယ်။ နယ်မှာဆိုတော့ ဗဟုသုတနဲကြ
ရှာတာကြောင့်(လူခြောက်မွေးရင် သူခိုးလေးတွေမို့ အစိုးရက သိမ်းတယ်
ဆိုတဲ့ကောလဟာလကြောင့် ) မရှိဘူးလို့ မမွေးပါဘူးလို့ပြောလွှတ်ပေမဲ့ ထိုနယ်ထိန်း
ခေါင်းဆောင်က သူအသေအခြာကြားထားကြောင့် ကြည့်ချင်လို့ပြပါရန်ပြောပါတယ်။
ဒါနဲ့ လူခြောက်လေးမိခင်လဲအိမ်မှာတကယ်မရှိကြောင်း ဝင်ရှာကြည့်လို့ရကြောင်းပြော
ပါတယ်။ နယ်ထိန်းအဖွဲ့က တရားခံဖမ်းဖို့ကလည်းအရေးကြီးနေတာကြောင့် ဘာမှဆက်
မပြောတော့ပဲ သူတို့လိုတဲ့ခရီးကိုဆက်ထွက်သွားပါတယ်။ ဒါနဲ့
လူခြောက်လေးမိခင်လည်း ထိုရဲတွေ
ပြန်လာရင် လူခြောက်လေးကိုအပြန်ဝင်ရှာနေရင် အခက်ဆိုပြီး ကြောက်ကြောက်ရွံ့ရွံ့နဲ့
လူခြောက်လေးကို ရေဇယောက်(နယ်တွေမှာ မိုးရွာရင်မိုးရေ ရရန်တံစပ်မိတ်တွေမှာ
ခံထားတဲ့ အရာ) ထဲမှာ ခဏဆိုပြီးဝှက်ထားလိုက်ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာ ထိုလူ
ခြောက်လေးကို ဝှက်ထားပြီးပြန်မယူမိပဲမေ့သွားမိပါတယ်။ ပိုပြီးကံဆိုးတာက ထိုညမှာ
မိုးက အကြီးအကျယ်ရွာချလာခြင်းပါပဲတဲ့။ ဒါနဲ့ ညဘက်ရောက်တော့လူခြောက်လေးက
ဖအေကို ထုံးစံအတိုင်းအိမ်မက်ပေးပါတယ်။ အိမ်မက်ထဲမှာ မိုးရေတွေစိုရွှဲနေတဲ့ ကောင်
လေးတစ်ယောက်က သူရေမွန်းလို့သေဆုံးသွားပြီဖြစ်ကြောင်း သူ့ကိုအိမ်အောက်ကစဉ့်
အိုးထဲတွင် ရှာပါလို့ပြောပြီး…နောက်လည်းသူပြန်လာဦးမှာဖြစ်ကြောင်းပြောပါတယ်။
ဒါနဲ့ နောက်နေ့မှာတော့အိမ်အောက်က မိုးရေခံထားတဲ့စဉ့်အိုးထဲမှာ လူခြောက်လေးကို
ပြန်ယူပြီး ရှင်လိုရှင်ငြား ချက်ခြင်းမြေမြုပ်မပစ်သေးပဲ နှစ်ရက်လောက်စောင့်ကြည့်နေပေ
မဲ့ ထူးခြားစွာ ထိုလူခြောက်လေးဟာ အပုတ်နံ့တွေထွက်လာတာကြောင့် သေပြီဆိုတာ
သေချာသွားမှ မြေမြုပ်ခဲ့ကြပါတယ်။ ထိုလူခြောက်လေးဟာ ပြန်လာမယ်လိုပြောခဲ့ပေမဲ့
လူခြောက်လေးရဲ့ မိခင်ဟာအသက် ငါးဆယ်နားနီးနီး မိန်းမတို့သဘာဝ ကလေးမွေး
နိုင် ကိုယ်ဝန်ဆောင်နိုင်တဲ့ အသက်အရွယ်ကိုလွန်မြောက်သွားခဲ့တာကြောင့် နောက်
ထပ်ပြန်မလာခဲ့နိုင်ရှာခဲ့ပါဘူးတဲ့။ ထိုလူခြောက်လေး သေဆုံးသွားပြီးနောက်မှာ လူ
ခြောက်လေး ဖခင်ဟာအကြောင်းပြချက်မရှိပဲ
အရင်ကျူရှင်သင်နေတဲ့ ကလေးတွေဟာ တစ်ယောက်ပြီးတစ်ယောက်ကျူရှင်
ကထွက်ကုန်တာကြောင့် ကျူရှင်မသင်ရတော့ပဲပြုတ်သွားခဲ့ပါတယ် ။ လူခြောက်လေးရှိ
စဉ်က ရရှိလာခဲ့တဲ့စီးပွားပစ္စည်းတွေဟာလည်း လူခြောက်လေးသေဆုံးပြီးနောက်လုံးဝ
ကို ဆုံးရှုံးသွားခဲ့ရပါတယ်။ အရင်က တစ်ရုံးရုံးလာနေ ၊ရနေတဲ့ ကျောင်းသားတွေ ၊လက်
ဆောင် ပစ္စည်းတွေကလည်း လုံးဝကိုမလာ ၊မရောက်တော့ပါဘူးတဲ့။
ဒါပေမဲ့ ကျွန်မအတွက်ပဟေဓိဖြစ်စရာအကြောင်းလေးတစ်ခုကလည်း ဖြစ်လာပါသေး
တယ်။ အဲဒါက ထိုကျောင်းဆရာရဲ့ကျူရှင်သင်တဲ့ တပည့်တွေထဲမှာ ကျွန်မတို့အခန်းထဲ
ကကောင်လေးတစ်ယောက်လည်းပါပါတယ်။ တစ်နေ့ မုန့်စားကျောင်းလွှတ်တော့ မုန့်
ဆိုင်မှာ သူက စနောက်ပြီး
“ငါ့ကိုလည်း ဝယ်ကျွေးဦးလေဟာ..နင်တစ်ယောက်ထဲ ..စားနေတာပဲ”
လို့ နောက်ပြောင်ပြီးမုန့်ဝယ်ကျွေးခိုင်းတော့ ကျွန်မက
“အမယ်…သဌေးတွေကလည်း…လာလုပ်နေတယ်…ငါတို့တောင်..ဆရာကို ပိုက်ဆံငါး
ကျပ်တောင် မကန်တော့နိုင်ဘူး…နင်တို့ကမှ….ရွှေဆွဲကြိုးတွေဘာတွေကန်တော့..နိုင်သေး
တယ် …ကျွေးခြင်းကျွေး…နင်ကငါ့ကို..ဝယ်ကျွေးရမှာပေါ့”
လို့ နောက်ပြောင်ပြန်ဖြေတော့ သူကကြောင်တောင်တောင်နဲ့..ပြန်ကြည့်ပြီး
“ရူးနေလို့..ဆရာကို..ရွှေဆွဲကြိုးကန်တော့ရမှာလား….တကယ်ရှိရင်..ငါပဲဝတ်မှာပေါ့ဟ”
တဲ့။ သူကပဲမပြောချင်လို့ ငြင်းလိုက်တာလား၊ ထိုကျောင်းဆရာမိသားစုကပဲညာပြော
တာလား၊ ဒါမှမဟုတ်လူခြောက်လေးကပဲ လှည့်စားလိုက်တာလား……….

ထို လားးးးးးးးးးးး ပေါင်းများစွာဟာ ကျွန်မရင်မှာ ခုထက်ထိတော့ပဟေဓိ ပမာအဖြေရှာ
လို့မရခဲ့သေးပါဘူးရှင်။ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ကျွန်မပြောနိုင်ပါတယ်…အဲ
ဒါကတော့..ထိုလူခြောက်လေးရှိနေစဉ်အချိန်အတွင်းကတော့ ကျောင်းဆရာမိသားစု
ဟာ အံ့ဩဖွယ်ကောင်းလောက်အောင် စည်းပွားရေးအဆင်ပြေပြီးတောက်ပြောင်လာ
တာတော့ အသေအချာပါပဲရှင်။
အားလုံးကို ကျေးဇူးအထူးတင်ပါတယ်နော်………..

မေဖလားဝါး။

14 comments

  • may flowers

    July 13, 2012 at 1:52 pm

    မနေ့က ရေးတင်ပေးမယ်ဂတိပေးခဲ့ပေမဲ့ ကျွန်မလုပ်စရာကိစ္စလေးပေါ်လာလို့ မအားတာကြောင့်ဒီနေ့

    မှ မြန်မြန်ရေးတင်ပေးလိုက်ပါတယ်။ မြန်မြန်ပြီးချင်ဇောနဲ့ရေးလိုက်တာမို့ ဒီပိုစ့်ကိုကျွန်မသေသေချာချာမ

    စစ်ဆေးလိုက်မိတာမို့ စာလုံးပေါင်းအမှားပါရင် သီးခံပြီးဖတ်ပေးကြစေလိုပါတယ်။

    လေးစားစွာဖြင့်..

  • ster

    July 13, 2012 at 2:22 pm

    အရေးအသားကြောင်. ဖတ်လို.ပိုကာင်းသွားပါတယ်၊
    အားပေးသွားပါတယ် ma may flowers ရေ၊
    နောက်ထပ် ထူးထူးဆန်းဆန်း ဇာတ်လမ်းလေးတွေ လုပ်ပါအုံး။

  • Shwe Phyu

    July 13, 2012 at 4:45 pm

    Do you have any picture of that fetus??

  • may flowers

    July 13, 2012 at 6:02 pm

    ster ရေ ကျေးဇူးပါနော် ခုလိုအားပေးတဲ့အတွက်။

    Shwe Phyu ရေ…ပုံကတော့ ကင်မလာမရှိလို့ ရိုက်မလာခဲ့ ရပါဘူးလို့။

  • မောင်ပေ

    July 13, 2012 at 8:10 pm

    ဇါတ်လမ်းအဆုံးက တော်တော်လေးကို ထူးဆန်းပါတယ်
    နောက်ပြီး ဇါတ်လမ်းထဲမြောသွားတော့ လူခြောက်ကလေးကို သနားမိပြန်ရော
    မေဖလားဝါးရေ ဖြစ်ရပ်မှန် ဖြစ်စေ ၊ စိတ်ကူးတာဘဲ ဖြစ်စေ ဂွတ်စတိုရီ တစ်ပုဒ်ပါဘဲဗျို ့။

  • may flowers

    July 13, 2012 at 9:33 pm

    ကိုပေရေ ခုလိုအားပေး ဖတ်ရှုတဲ့အတွက် ကျေးဇူးပါနော်။ စိတ်ကူးယဉ်ဇာတ်လမ်းလို့ ထင်ရင်လည်းထင်နိုင်

    မှတ်နိုင်ပါတယ် ရသဇာတ်လမ်းတစ်ပုဒ်အဖြစ်လည်းခံစားနိုင်ပါတယ်လို့..။

    အလင်းဆက်ရေ…ခုလိုဖတ်ရှုတဲ့အတွက်ကျေးဇူးပါ။

  • ကြောင်လေး

    July 14, 2012 at 8:05 am

    လူခြောက်ဇာတ်လမ်းလေးတွေဟာ စိတ်ဝင်စားစရာကောင်းတာတော့အမှန်ပါပဲ၊ ကျနော်တို့ငယ်ငယ်ကတော့ ကလေးတွေ အတော်များများတရဲတစ္ဆေပုံပြင်တွေနဲ့အတူအပြိုင်ပြောခဲ့ကြတဲ့အကြောင်းတွေပေါ့၊ အခုခေတ်ကလေးတွေ သရဲတစ္ဆေပုံပြင်တွေသိပ်ပြောတာမတွေ့ကြတော့ဘူး။

  • may flowers

    July 14, 2012 at 1:55 pm

    ဟုတ်ပါ့ ကိုကြောင်လေးရေ..ကျွန်မငယ်ငယ်က ကျွန်မထက်ကြီးတဲ့ အကိုတွေအမတွေ

    အဒေါ်တွေရဲ့ တစ္ဆေပုံပြင်တွေကို နားထောင်ပြီး တစ်ခါတစ်ခါများကြောက်လွန်းလို့ အိမ်ထဲမှာ

    မိသားစုဝင်တွေ ရှိနေရင်းနဲ့တောင် လူကြားထဲအတင်းဝင်တိုးပြီးနေမိတာကို မှတ်မိပါရဲ့။

  • ကြောင်ကြီး

    July 15, 2012 at 9:54 am

    သဂျီးလည်း ဖြိုးဆိုတဲ့ လူခြောက်ကလေးနဲ့ ညှို့စားထားလိုက်တာ ရွာကာလသားတွေခင်မျာ နေ့စဉ်ဂေဇက်မဝင်ရ မနေနိုင်ဖြစ်ကုန်ပါရောလား။ သဂျီးကတော်ဆို ရွှေဆွဲကြိုးလက်သန်းလုံးလောက်ကြီးနဲ့ မော်ကြွားနေလိုက်တာများ။ 🙄

    • မောင်ပေ

      July 15, 2012 at 10:52 am

      အခုလဲ
      အယ်ကိုင်ဒါ
      ဘင်္ဂ ါလီတွေ အရေးမှာ
      သဂျီး က ပွိုင့်ဝင်ရိုက်မလို ့ဆိုလားဘဲ…
      ရွှေဆွဲကြိုး လက်ကောက်ဝတ်လောက်ကြီး ဖြစ်လာအောင်လို ့တဲ့
      ဟီဟိ

  • Crystalline

    July 15, 2012 at 11:03 am

    မမေဖလားဝါရေ..စိတ်ဝင်စားစရာဇာတ်လမ်းလေးပါ.. ညီမယောက်မတယောက်လည်း မွေးဘူးတယ်..သူတို့ကတော့ အဲဒီအယူတွေကို မယုံကြည်သူတွေဆိုတော့မြှပ်လိုက်တယ်..စီးပွားတက်တယ် ကျတယ်တော့မကြားမိဘူး..

  • may flowers

    July 15, 2012 at 8:35 pm

    Crystalline ရေ စိတ်ဝင်းစားစရာပြောလို့ ကျေးဇူးပါ။ ကျွန်မတွေ့ခဲ့ လူခြောက်လေးတွေထဲလည်း

    ပထမမြုပ်ပစ်လိုက်တဲ့ လူခြောက်လေးတွေတော့ စီးပွားမတက်ကြပါဘူး..နောက်ခြောက်လလောက်ခံ

    တဲ့ လူခြောက်လေးမှသာစီးပွားတက်လာတာပါ..ဒါပေမဲ့ သူလည်းသေကော..အကုန်ပြန်ပြုတ်ပါပဲတဲ့.။

    ကို ကြောင်ကြီးရေ ခုလိုကော်မန့် ဝင်ရေးပေးလို့ ကျေးဇူးနော့။

  • Guest

    July 17, 2012 at 1:50 pm

    လူ..၆..၄.. ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ၊ စိတ်ဝင်စားစရာ ကောင်းပါ၏။

Leave a Reply