မှတ်သားဖွယ်ရာ စကားများ
ပထမဦးစွာ မြတ်စွာဘုရားလက်ထက်က ဝိသာခါကျောင်းအမကြီးက သူ့ရဲ့ ယောက္ခမကြီး မိဂါရသူဌေးကြီးကိုပြောသောစကားဖြစ်ပါတယ်။ မိဂါရသူဌေးကြီးက အိမ်ရှေ့မှာ ထမင်းစားနေတယ် သူ့ရဲ့ချွေးမ ဝိသာခါ က ယပ်တောင်လေးနဲ့ ယပ်ခပ်ပေးနေတယ်။ အဲဒီအချိန် အိမ်ရှေ့မှာ ဘုန်းကြီးတစ်ပါး ဆွမ်းခံ ကြွလာတယ် တိတ္ထိဖြစ်တဲ့ မိဂါရသူဌေးကြီးဟာ မမြင်ချင်ယောင်ဆောင်နေတယ် မလှူဘူးလည်းမပြောဘူး ဝိသာခါကမြင်တော့ ဘုန်းကြီးကို ထွက်လျှောက်တယ် ခွင့်လွှက်ပါ အရှင်ဘုရား တပည့်တော်ရဲ့ ဖခင်ဟာ အဟောင်းကိုသာစားသော အဟောင်းစားများဖြစ်ပါတယ်ဘုရားလို့လျှောက်လိုက်တယ်။ အဲဒါကို သူဌေးကြီးက ကြားသွားပြီး ယုက်မာလိုက်တဲ့ချွေးမ နင်ကများငါ့ကို အဟောင်းစားတဲ့ ငါလိုသူဌေးတစ်ယောက်ကို စော်ကားလိုက်တာပဲ။ အခုချက်ချင်း အိမ်ပေါ်ကဆင်းဆိုပြီး ဆင်းခိုင်းလိုက်တယ်။ ဝိသာခါကလည်း မဆင်းနိုင်ဘူး သူမမှားဘူးဆိုပြီး တော့ပြောတယ်။ ဘယ်သူမှားတယ်ဆိုတာကို ဆုံးဖြတ်ဖို့အတွက် သူရဲ့အဖေ ထည့်ပေးလိုက်တဲ့ ပညာရှိသူကြွယ် ရှစ်ယောက်ကို ခေါ်ပြီးဆုံးဖြတ်ခိုင်းတယ်။ ပညာရှိသူကြွယ်ရှစ်ယောက်လာမှ ဝိသာခါက ကျွန်မပြောတဲ့ အဟောင်းစားဆိုတာ ကျွန်မရဲ့ယောက္ခမဟာ သူဌေးသူကြွယ်ဖြစ်နေပါလျှက် ဘုရားရဟန်းတို့ကို ဆွမ်းတစ်လုတ်တောင်မှ မကြည်ဖြူနိုင်ပါဘူး။ သူဟာ ဘဝဟောင်းက ကောင်းမှုကုသိုလ်တွေကိုပဲ ခံစားပြီး ယခုဘဝမှာ ဘာကောင်းမှုမှ မလုပ်သူမို့ အဟောင်းစားလို့ တင်စားပြောဆိုခြင်းဖြစ်ပါတယ်။ ဝိသာခါရဲ့ စကားဟာ မှန်ကန်ုနေတာကြောင့် သူကြွယ်ပညာရှိရှစ်ယောက်လုံးက ဝိသာခါကို တညီတညွတ်ထဲ ထောက်ခံပြီး အိမ်ပေါ်ကနေမဆင်းဖို့ ဆုံးဖြတ်လိုက်တယ်။ သူဌေးကြီးလည်း သူရဲ့အမှားကိုသိသွားတယ်။ ဝိသာခါကို အိမ်ကနေ မဆင်းခိုင်းတော့ဘူး။ ဝိသာခါကလည်း ဒီအိမ်ပေါ်မှာ ဆက်နေစေချင်ရင် ဗုဒ္ဓရဲ့ တရားတော် အဆုံးအမများ နှင့် နေရမှ ဆက်နေမယ်လို့ သူဌေးကြီးကိုတောင်းဆိုတယ်။ သူဌေးကြီးကလည်း ခွင့်ပြုလိုက်တယ်။ နောက်နေ့မှာတော့ ဝိသာခါကျောင်းအမကြီးဟာ ဘုရားရှင် နှင့် သံဃာတော်များအား ဆွမ်းများဆက်ကပ်ရန် ပင့်ဖိတ်လိုက်တယ်။ ဝိသာခါ ဟာသူရဲ့ ဖခင်ကိုတရားတော်နာရန် ခေါ်လိုက်တယ်။ သူဌေးကြီးဟာ ဘုရားရှင်ရဲ့ မျက်နှာတော်ကို မကြည့်ရဲဘူးဖြစ်နေတယ်။ ဒါကြောင့် ကန့်လန့်ကာနောက်ကနေပဲ တရားနာနေတယ်။ ဘုရားရှင်က ဆွမ်းစားပြီး တရားဟောကြားနေချိန်မှာ ကန့်လန့်ကာနောက်ကနေ သစ္စာလေးပါးတရားတော်များကို နာကြားရင်း တရားအဆုံးမှာသောတာပန်တည်သွားပါတယ်။
ဒုတိယကတော့ အင်းဝနေပြည်တော်မှ ဆရာတော်ဦးဗုဓ် ရဲ့စကားဖြစ်ပါတယ်။ ဆရာတော်ဦးဗုဓ် ဟာ မင်းနှင့်မိဘုရား ကြည်ညိုတာကြောင့် ရွာကျောင်းမှ အင်းဝနေပြည်တော်သို့ ပင့်ဆောင်ခံခဲ့ရပါတယ်။ ဆရာတော်ဟာ သက်တော် ( ၅၅ ) နှစ်မှာပျံလွန်တော်မူခဲ့ပါတယ်။ ဆရာတော်ဟာကျမ်းပေါင်း ( ၆၅ ) ကျမ်းကိုလည်းပြုစုရေးသားခဲ့ပါတယ်။ ဆရာတော်ဦးဗုဓ်ဟာ မြန်မာနိုင်ငံ ပရိယတ္တိသမိုင်းမှာ စာအတက်ဆုံးပုဂ္ဂိုလ်အဖြစ် ပညာရှင်အသီးသီးက တညီတညွက်ထဲ အသိအမှတ်ပြုခြင်းခံခဲ့ရတဲ့ ဆရာတော်တစ်ပါးပါ။ အသိအမှတ်ပြုတဲ့ထဲမှာ လယ်တီဆရာတော်ဘုရားကြီးတောင်ပါပါတယ်။ နန်းမတော်မယ်နု ဆောက်လုပ်လှူဒါန်းခဲတဲ့ အုတ်ကျောင်းတော်မှာ သီတင်းသုံးတာကြောင့် မယ်နုအုတ်ကျောင်းဆရာတော်လို့လည်းနာမည်တွင်ပါတယ်။ မယ်နုအုတ်ကျောင်းဟာ တံတားဦးအင်းဝမှာ ယနေ့ထိတိုင် ရှိနေပါတယ်။ အုတ်ကျောင်းမှာရှိတဲ့ တိုင်ကြီးများဟာဖြင့် လူကြီးတစ်ဖတ်စာတောင်မကပါဘူး။ ကျောင်းရေစက်ချတော့ ရဟန်ပရိသတ်နဲ့ လူပရိသတ်အများအပြားလာရောက်ကြပါတယ်။ ရေစက်ချပွဲတွင် ဘုရင်နဲ့မိဘုရားက ဩဝါဒပေးဖို့တောင်းပန်ပါတယ်။ ဆရာတော်က ဘယ်လိုဩဝါဒပေးလည်းဆိုတော့ “ မင်းနဲ့တူအောင်ကျင့်က ငါတို့ ဆုံးမဩဝါဒပေးရန်မလို၊ မင်းနဲ့တူအောင် မကျင့်ပါက ငါတို့နှင့် မဆိုင် အဝီစိနှင့်သာဆိုင်သည် ” တဲ့ ဘယ်လောက်တိုပြီး ဘယ်လောက်ထိရောက်လိုက်သလဲ။ တစ်နေ့ နန်းမတော်မယ်နုဟာ မင်းပြစ်မင်းဒဏ်သင့်လို့ လည်ပင်းကို သဲအိတ်ဆွဲ ဧရာဝတီမြစ်ထဲမှာဆင်းပြီး သေစေလို့အမိန့်တော်ချမှတ်ခံရပါတယ်။ နန်းမတော်မယ်နုကို ဧရာဝတီမြစ်ထဲဆင်းဖို့အသွားမှာ မင်းချင်းများကို တောင်းပန်ပြီး ဆရာတော်ဦးဗုဓ်ကို ဖူးမြော်ကန်တော့လိုကြောင်းပြောပြတယ်။ မင်းချင်းတွေကလည်း သွားခွင့်ပြုလို်က်တယ်။ သူလှူခဲ့တဲ့ အုတ်ကျောင်းလေးမှာ ဆရာတော်က သီတင်းသုံးပြီး ကျမ်းစာများကို ပြုစုနေတာကို သူအရမ်းဝမ်းသာပါတယ်တဲ့။ ကျောင်းကိုရောက်တော့ ဆရာတော်က စာဖတ်နေပါတယ်။ နန်းမတော်မယ်နုက ငိုပြီးတော့ အရှင်ဘုရား တပည့်တော် သေရပါတော့မယ်ဘုရားတဲ့ တပည့်တော်ကို မကယ်နိုင်တော့ဘူးလားဘုရား ဆိုပြီး ငိုပြီးတော့လျှောက်တင်ပါတယ် ။ ဆရာတော်က ဖတ်နေတဲ့စာအုပ်ကိုခဏ ပိတ်ထားပြီး နန်းမတော်မယ်နုကို ပြောလိုက်တယ်။ “ မိနု ဝဋ်းကြွေးရှိရင် ဆပ်ရမှာပဲတဲ့” လို့မိန့်ပြီးဖတ်လက်စ စာအုပ်ကို ပြန်ဖတ်နေတယ်။ နန်းမတော်မယ်နုလည်း မျက်ရည်များကိုသုတ်ပြီး မင်းချင်းတွေဘက်လှည့်ပြီးပြောတယ်။ ငါသေပျော်ပြီတဲ့ စတွေ့ကတည်းက ငါ့ကိုစကားတစ်ခွန်းမှ မပြောတဲ့ ငါ့ဆရာတော်က အခု ငါ့နာမည်ကိုခေါ်ပြီး တရားတစ်ပုဒ်ချီးမြင့်တယ်တဲ့ ဒီတစ်ခါသေပြီးရင် မိနု ဝဋ်ကြွေး တစ်ခုကျေပြီပေါ့ ဆိုပြီး ဧရာဝတီမြစ်ထဲ ဆင်းသွားပါတယ်။
တတိယကတော့ အီတာလျံဘုန်းတော်ကြီး ဦးလောကနာထ ရဲ့ စကားပဲဖြစ်ပါတယ်။ ဆရာတော်ဟာ အီတလီနိုင်ငံမှာနေပြီး ဓာတုဗေဒဆိုင်ရာလုပ်ငန်းများ လုပ်ကိုင်ပါတယ်။ ခရစ်စမက်နေ့မှာ လုပ်ဖော်ကိုင်ဖတ် သူငယ်ချင်းတစ်ယောက်က ဓမ္မပဒ အင်္ဂလိပ်ဘာသာပြန်စာအုပ်ကို ဖတ်ပြီး လုပ်ငန်းတွေ မိသားစုတွေကို ထားခဲ့ပြီး မြန်မာနိုင်ငံမှာ ဝိပသာနာတရား အားထုက်နေပါတယ်။ ဝိပသာနာတရားများအားထုက်ရင်း အိနိ္ဒယ ၊ ထိုင်း ၊ ပါကစ္စတန် ၊ အာဖကန်နစ္စတန် နိုင်ငံများနှင့် တခြားနိုင်ငံများကို သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါတယ်။ ဦးလောကနာထဟာ ဝိပသာနာလုပ်ငန်းများကို အားထုက်ပြီး မိဘနှစ်ပါးကို တရားနှင့်ကျေးဇူးဆပ်ဖို့ အီတလီနိုင်ငံသို့ပြန်ကြွသွားသော်လည်း မိဘနှစ်ပါးစလုံးဟာကွယ်လွန် ခဲ့ပါတယ်။ ဆရာတော်ဟာ အီတလီနိုင်ငံမှာလည်း ဗုဒ္ဓတရားတော်များကို ဟောကြားပြသခဲ့ရာ ဗုဒဘာသာသို့ ကူးပြောင်းသူ အင်မတန်မှ များပြားခဲ့ပါတယ်။ တရားတော်များကို ဟောကြားပြသနေရင်း ဝမ်းဗိုက်ရောဂါတစ်ခုဖြစ်လာခဲ့ပါတယ်။ အီတလီမှာရှိတဲ့ဦးလေးအိမ်မှာ တည်းခိုရင်း ဆေးကုသနေရပါတယ်။ ရောဂါပျောက်သွားသောအခါ ဆရာတော်ဦးလောကနာထသည် ဗုဒ္ဓဘာသာအပေါ်မှာ မည်မျှလောက်တန်ဖိုးထားကြောင်း မှတ်ကျောက်တင်ကြည့်သကဲ့သို့ဖြစ်သောပြသာနာတစ်ခု ပေါ်ပေါက်လာခဲ့ပါတယ်။ သူ့ဦးလေးသည် ဆရာတော်အား ဘာသာကူးပြောင်းရန် နည်းမျိုးစုံဖြင့် ဆွဲဆောင်ခဲ့ပါတယ်။ အနုနည်းဖြင့် မရသောအခါ အကျပ်ကိုင်ပြီး အကြမ်းနည်းများသုံးပါတော့သည်။ မြန်မာပြည်သို့မပြန်ရ ၊ ဗုဒ္ဓတရားတော်များကို ဟောကြားခြင်းမပြုရ ၊ မည်သည့်နေရာမှ မသွားရဟူသောပညတ်ချက်များဖြင့် ခြံဝန်းထဲမှာ အကျယ်ချုပ်ထား၏။ ဆရာတော်ဦးလောကနာထသည် ဗုဒ္ဓဘာသာကို သာမန်ကာလျှံကာတန်ဖိုးထားခြင်းမဟုတ်၊ အသက်ထက်ပိုပြီး တန်ဖိုးထားခြင်းကြောင်း သူလုပ်ရပ်က ထင်ရှားစွာ ပြသနေပါသည်။ မြန်မာပြည်မှာနေပြီး သာသနာပြုခွင့်မရလျှင် အသက်သာ အသေခံမည်ဆိုပြီး အစာရေစာအငတ်ခံပြီး ဆန္ဒပြပြီး တရားထိုင်နေတော့ပါသည်။ သူ့ဦးလေးကလည်း ဒီကောင်မနေနိုင်ပါဘူး အလွန်ရှိလှ တစ်ရက် နှစ်ရက်ပေါ့ဆိုပြီး ပစ်ထားလိုက်တယ်။ လေးရက်ယောက်သောနေ့တွင် ဆရာတော်၏ ဦးလေးသည်စိုးရိမ်လာပါသည် ဆရာတော်၏ သွေးပေါင်များလည်း အလွန်ကျဆင်းနေသည်။ ငါးယောက်မြောက်သောနေ့တွင် အခြေအနေမကောင်းတော့ အသက်အန္တရာယ်ပင် ရှိလာတော့သည်။ နောက်ဆုံးလူသေမှုဖြစ်ပြီး အမှုပတ်မှာကြောက်သဖြင့် သူ့ဦးလေးက လက်မြောက်အရှုံးပေးပြီး မြန်မာပြည်သို့ပြန်ခွင့်ြ့ပုလိုက်သည်။ သို့သော် ဆရာတော်အား ခရီးစရိတ် တစ်ပြားမှ မလှူလိုက်ပါ။ ဗုဒ္ဓသားတော်ဖြစ်သော ဆရာတော်ဦးလောကနာထသည် အီတလီမှ မြန်မာနိုင်ငံသို့ ခြေလျင်ခရီးဖြင့်ကြွလေတော့သည်။ ရောက်လေရာမြို့ နားလေရာ စခန်းများမှာ သာသနာပြုရင်း မြန်မာနိုင်ငံသို့ရောက်အောင်လာခဲ့ပါသည်။ လမ်းခရီးမှာ တွေ့ကြုံခဲ့ရသည့် အန္တရာယ်များကိုလည်း မေတ္တာ တရားဖြင့်သာ အနိုင်ယူခဲ့ပါသည်။ ဆရာတော်သည် သူ၏ ဆန္ဒအတိုင်း ဝိပသာနာတရားများအားထုက်ရင်း ပြင်ဦးလွင်မြို့မှာ ပျံလွန်တော်မူခဲ့ပါသည်။ ဆရာတော်ဟာ ရန်ကုန်မှ ဘာသာရေး အရာရှိ ဦးဟန်ဌေး အား ပြောပြခဲ့သော စကားလေးတစ်ခွန်းကို ဗုဒ္ဓဘာသာဝင်အားလုံးသိစေချင်ပါသည်။ “ မြန်မာပြည်က ဗုဒ္ဓဘာသာတွေဟာ ဘုရင့်သားကနေ ဘုရင်ဖြစ်လာတာတဲ့တူတယ်။ နိုင်ငံခြားဘာသာခြားကနေ ဗုဒ္ဓဘာသာဖြစ်လာသူတွေကတော့ ဆင်းရဲသားကနေ ဘုရင်ဖြစ်လာတာနဲ့တူတယ်။ ဘုရင့်သားတော်ဘဝကနေ ဘုရင်ဖြစ်လာရတဲ့အခါ လွယ်ကူလွန်း အားကြီးတော့ ဘုရင်အဖြစ်ကို တန်းဖိုးသိပ်မထားသလို မြန်မာပြည်သားတွေဟာ ဗုဒ္ဓဘာသာအဖြစ်ကို လွယ်လွယ်ကူကူရကြတော့ ဗုဒ္ဓဘာသာအဖြစ်ကို တန်ဖိုးမထားကြဘူး။ ဒါကြောင့်လည်းဝမ်းရေးလေး တစ်ခုလောက်နဲ့ဘာသာပြောင်းသွားကြတာပေါ့။ ဆင်းရဲသားဘဝကနေ ကျားကုတ်ကျားခဲဖြင့် ဘုရင်ဖြစ်လာတော့ ဘုရင်ဘဝကို အလွန်တန်ဖိုးထားကြတယ်။ ကျုပ်တို့လို ဘာသာခြားဘဝကနေ အခက်အခဲများစွာကို ကျော်လွှားပြီးမှ ဗုဒ္ဓဘာသာဖြစ်လာသူတွေက ဗုဒ္ဓဘာသာကို ဘယ်လောက်တန်ဖိုးထားသလဲဆိုရင် အသက်ထက်ပိုပြီး တန်ဖိုးထားတယ်”။
7 comments
စိန်ဗိုက်ဗိုက်
July 16, 2012 at 7:18 pm
စကားအားလုံးနဲ ့ပတ်သတ်လို ့ ဘယ်သူတွေ ဘယ်လိုဝင်ငြင်းမလဲ နားစွင့်နေပါဦးမယ်ခင်ဗျား..
လောလောဆယ် ကြိုက်လို ့ လေးချောင်းမြောက် လက်မလေးထောင် အားပေးခဲ့ပါကြောင်း..
moemakha
July 16, 2012 at 8:18 pm
အလွန် ကြိုက်မိပါသည် ခင်ဗျား ။ အဟောင်းစား ဆိုတဲ့ စကား တော်တော်ကြိုက်မိပါသည်။
thihayarzar
July 16, 2012 at 9:03 pm
ကျွန်တော်တင်သမျှပို့စ်ထဲမှာ ဒီပို့စ်ဟာ အခက်ဆုံးပါ ကျွန်တော်တင်နေရင်းမှာပဲ စက်ချို့ယွင်းသွားလို့ အစအဆုံး နောက်တစ်ခေါက် ပြန်ရေးရပါတယ်။ အတွေ့အကြုံများနုနယ်သေးတော့ ဝိပသာနာ လို့ပဲ ရေးလိုက်ရတဲ့အတွက် အားလုံးကိုတောင်းပန်ပါတယ်။ သိသူများ ပြောပြပေးကြပါ။ စေတနာများစွာနှင့် ဒီပို့စ်ကို တင်ခြင်းဖြစ်ပါတယ်။ အားလုံးပဲ မှတ်သားဖွယ် စကားများကို သိရှိနားလည် သဘောပေါက်ကြပါစေလို့ လည်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ပို.စ်လေးတင်ပြီးပြီးချင်း တစ်ရက်လောက်ကြာတဲ့အထိ comment off ဖြစ်နေတယ်တဲ့ စိတ်ထဲမကောင်းဘူး။ ဘာများဖြစ်လို့လည်းမသိဘူးဆိုပြီး စိတ်ပူနေတာ ဘာတွေများ အမှားပါသွားလို့ သူကြီးက ခွင့်မပြုဘူးလို့ထင်နေတာ။ အားလုံးကို ချစ်ခင်လေးစားလျက် ……..
Pye Kun Zaw
July 16, 2012 at 9:29 pm
အီတာလျံဘုန်းတော်ကြီး ဦးလောကနာထ ရဲ့အထ္ထုပ္ပတ္တိလေးသိလို့ရှိရင်လည်း ဝေမျှပေးစေချင်ပါတယ်။ ဆင်းရဲသားကဘုရင်ဖြစ်တော့ တန်ဖိုးသိတယ်ဆိုတဲ့ စကားအတိုင်းဘဲ ဘာသာခြားကဗုဒ္ဓဘာသာဖြစ်ရင် အရမ်းကြိုစားအားထုတ်ပေါက်မြောက်ပါတယ်။
P chogyi
July 17, 2012 at 10:43 am
“ မြန်မာပြည်က ဗုဒ္ဓဘာသာတွေဟာ ဘုရင့်သားကနေ ဘုရင်ဖြစ်လာတာတဲ့တူတယ်။ နိုင်ငံခြားဘာသာခြားကနေ ဗုဒ္ဓဘာသာဖြစ်လာသူတွေကတော့ ဆင်းရဲသားကနေ ဘုရင်ဖြစ်လာတာနဲ့တူတယ်။ ဘုရင့်သားတော်ဘဝကနေ ဘုရင်ဖြစ်လာရတဲ့အခါ လွယ်ကူလွန်း အားကြီးတော့ ဘုရင်အဖြစ်ကို တန်းဖိုးသိပ်မထားသလို မြန်မာပြည်သားတွေဟာ ဗုဒ္ဓဘာသာအဖြစ်ကို လွယ်လွယ်ကူကူရကြတော့ ဗုဒ္ဓဘာသာအဖြစ်ကို တန်ဖိုးမထားကြဘူး။”
အထူးမှတ်သားဖွယ် စကားလုံးဖြစ်တယ်လို့ ခံစားမိပါတယ်။
thihayarzar
July 17, 2012 at 7:30 pm
ဆရာတော်ဦးဗုဓ်နဲ့ ဆရာတော်ဦးလောကနာထတို့ရဲ့ ဘဝဇာက်ကြောင်းများကို ဆက်လက်တင်ပြပါဦးမယ် …
thihayarzar
July 17, 2012 at 7:31 pm
ဆရာတော်ဦးဗုဓ်နဲ့ ဆရာတော်ဦးလောကနာထတို့ရဲ့ ဘဝဇာက်ကြောင်းများကို ဆက်လက်တင်ပြပါဦးမယ် … အချက်အလက်များစုဆောင်းနေပါတယ်