Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဗုဒ္ဓသည် ကိုးကွယ်ရာမဟုတ်

ကိုပါႀကီးJuly 14, 20121min61816

ဗုဒ္ဓသည် ကိုးကွယ်ရာမဟုတ်၊ ဘဝရဲ့ဒုက္ခအပေါင်းမှ လွတ်ကင်းအောင် လမ်းပြသူဖြစ်၏

“ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ကို ဘုရားကို ကိုးကွယ်ပါ၏လို့ အလွယ်ဘာသာပြန်ကြတယ်။
ဒီနေရာမှာ သရဏ (ကိုးကွယ်ခြင်း) ဆိုတာ ဗြဟ္မဏဘာသာမှာ
နတ်ဘုရားတွေကို ကိုးကွယ်ရာမှာသုံးတဲ့ အသုံးအနှုံးဖြစ်ပါတယ်။
ဒါကြောင့် အဲဒီ”သရဏ“ဆိုတဲ့အသုံးကို မပြုမပြင်ဘဲသုံးရင်
ဗုဒ္ဓကို နတ်ဘုရားတွေကိုးကွယ်သလို ကိုးကွယ်နေမှာစိုးရပါတယ်။
နောက်ပြီး တခြားဘာသာတွေရဲ့ ကိုးကွယ်မှုပုံစံတွေနဲ့ ရောနှောသွားနိုင်ပါတယ်။
ကိုးကွယ်တယ် (worship)ဆိုတဲ့နေရာမှာ
လူသားတွေရဲ့ ဒုက္ခမှန်သမျှကို အဲဒီအကိုးကွယ်ခံပုဂ္ဂိုလ်က ကယ်တင်ပေးလိမ့်မယ် ဆိုတဲ့ယုံကြည်မှု ပါပါတယ်။

ဗုဒ္ဓကတော့ အဲဒီလိုကယ်တင်ပေးနိုင်လိမ့်မည် မဟုတ်ပါ။
လူသားတွေရဲ့ ဒုက္ခတွေလွတ်ကင်းရာလွတ်ကင်းကြောင်း နည်းလမ်းတွေကိုသာ ညွှန်ပြနိုင်တာပါ။
မိမိကိုကိုးကွယ်လို့ ဒုက္ခတွေက လွတ်မြောက်အောင် ကယ်တင်ပေးနိုင်မယ့် အကိုးကွယ်ခံပုဂ္ဂိုလ်ဆိုတာကိုလည်း
ဗုဒ္ဓဘာသာက လုံးဝအယုံအကြည်မရှိပါဘူး။
ဒါ့ကြောင့် ဗုဒ္ဓရဲ့လမ်းညွှန်မှုကို ယုံကြည်လေးမြတ်စွာခံယူပါ။
နတ်ဘုရားတွေကို ကိုးကွယ်သလိုမျိုးတော့ ဗုဒ္ဓကို မကိုးကွယ်မိဖို့လိုပါတယ်။

16 comments

  • kai

    July 15, 2012 at 4:02 pm

    ဗုဒ္ဓဘာသာဝင်တွေထဲမှာ.. ဆုတောင်းတာနဲ့ကိုးကွယ်တာဖြစ်လာတာဟာ.. နှစ် ၂၅၀ဝ ကျော်အတွင်း.. တခြားကိုးကွယ်ရာဘာသာကြီးတွေကနေ. စိမ့်ဝင်ကူးစက်သွားတယ်ထင်မိတယ်..

    အဲဒီလိုနဲ့.. ဗုဒ္ဓဘာသာရဲ့..တကယ့်အနှစ်သာရ.. လျှော့ကျသွားတယ်ထင်မိပါတယ်..။

  • ချာလီဂဇက်ဒလဝမ်

    July 15, 2012 at 5:48 pm

    ဥပမာ-
    ဘုရားကယ်ပါ ( ကယ်မှမကယ်နိုင်တာနော်)
    အလာ မပါ ( သူလဲ ဘာမှ မလုပ်ပေးနိုင်ရှာဘူး )

    ကြာတော့လည်း သူကြီးပြောသလို အနှစ်သာရတွေ လျော့ကျသွားနိုင်တာပေါ့ –

  • မိုးတိမ်

    July 15, 2012 at 5:59 pm

    ဆုတောင်းနေယုံနဲ့ ဘာမှမရတာ ဗုဒ္ဓဘာသာ တစ်ခုသာရှိပါတယ်။
    ကိုယ်တိုင်လိုက်ပါလုပ်ဆောင်ဖို့အတွက် မှန်ကန်တဲ့နည်းတွေကို ချပေးနှိုင်ခဲ့တာလဲ ဗုဒ္ဓ ဘုရားတစ်ပါးတည်းရှိပါတယ်။ဒါ့ကြောင့် ဆရာတောင်ရှိခိုးရတာ အနှိုင်းမဲ့ကျေးဇူးရှင်
    လမ်းပြဆရာ မဟာဗုဒ္ဓကိုတော့ ကန်တော့သင့်ပါကြောင်း……….

  • ချင့် ယုံလိဖန်

    July 15, 2012 at 6:11 pm

    ဟာ တကယ်ပြောတာလား
    ဘယ်ဘာသာက ဆုတောင်းရင် ပြည့်သလဲ ဟင်
    လမ်းပြပေးပါဦး ကို မိုးတိမ်

  • မိုးတိမ်

    July 15, 2012 at 7:17 pm

    ယုံကြည်မှု့ ( faith )တစ်ခုတည်းမဟုတ်ဘဲ ကိုယ်တိုင်လုပ်မှ ကိုယ်ရတာကိုဆိုလိုတာပါ
    ကို ချင့် ယုံလိဖန် ရေ……
    ဘယ်ဘာသာတွေက မိမိကို မယုံကြည်သူတွေငရဲမှာနေရမယ်လို့ ဟောပြောထားသလဲကို
    ပြန်လည်လေ့လာပြီး ကိုယ်တိုင်သာလေ့လာပါ ခင်ဗျားးးးးး

  • မဟာရာဇာ အံစာတုံး

    July 15, 2012 at 8:23 pm

    ကျနော့် အမြင်ပြောရရင်
    ဗုဒ္ဓဟာ ဆရာတစ်ဆူပဲ ..
    ကျုပ်တို့က ဘာမှ မသိမတတ်တဲ့ ကျောင်းသားလေးတွေ
    ဗုဒ္ဓက ဆရာဖြစ်တော့ ..
    ကျွန်တော်တို့ အနေနဲ့ ဆရာကို ဆည်းကပ်ရမယ်ပေါ့နော် …
    ကိုးကွယ်ခြင်းရဲ့ အနက်ကိုတော့ ကျနော် မသိလို့ ဘာမှ မပြောတတ်တော့ပါဘူး ..

  • maungmoenyo

    July 16, 2012 at 6:46 am

    ဗုဒ္ဓ ဟာ မောင်မိုးညိုတို့လိုသာမာန်လူတစ်ဦးသာဖြစ်ပါတယ်။ သာမာန်လာတွေထက်လိုက်မမှီနိုင်လောက်သော အမြှော်အမြင်အတွေးခေါ် နဲ့ အယူအဆကို ကွက်ကွက်ကွင်းကွင်း အကျိုးနဲ့အကြောင်းဆက်စပ်ပြီးရှင်းလင်းပြနိုင်လို့ သဗ္ဗညု လို့ဆိုတာကိုး…။
    ခရစ်ယန်၊ အစ္စလမ်အပါအဝင် God ဘုရားသခင်ဝါဒကိုလိုက်နာကြသူတွေက၊ မမြင်ရတဲ့ ကောင်းကင်ဘုံက ထာဝရဘုရားသခင် ရဲ့စီအမံတွေနဲ့ လူသတ္တဝါသက်ရှိသက်မဲ့အားလုံးဖြစ်တည်နေကြတယ်ဆိုတဲ့ ဖန်ဆင်းရှင်ဆိုတဲ့ အယူကို လိုက်နာယုံကြည်ကြပါတယ်။ ဘုရားသခင်ရဲ့ existence အမှန်တကယ်တည်ရှိနေမှုကို ငြင်းခုံခဲ့တဲ့ သာဓကများစွာရှိခဲ့ပေမဲ့ သက်သေထူဘို့ အလျင်းမရှိခဲ့ကြပါဘူး။ အဲ့ဒီအစား ထာဝရဘုရားသခင်ရဲ့ တမန်တော်များဖြစ်ကြတဲ့ ယေဇူး နဲ့ မိုဟာမက် တို့ရဲ့ မိန့်ဆိုချက်တွေဟာ ဘုရားသခင်ရဲ့ သတင်း message အဖြစ်လက်ခံကြပါတယ်။ ဘုရားသခင်ကအရာရာကိုဖန်ဆင်းတယ်လို့ ဒါ့ကြောင့်ဆိုကြတာကိုး။
    အရေးကြီးတာက သာဿနာ (အဆုံးအမ) ပါ။ သက်ရှိလူ့ဘောင်လောကသားတို့လိုက်နာကျင်ကြံထိန်းသိမ်းသင့်တဲ့ လောကပါလတရားတွေ ပြည့်နှက်နေတဲ့ ဘာသာပေါင်းစုံတို့ရဲ့ ပညတ်ချက်အဆိုအမိန့်တွေကိုဘယ်လောက်လိုက်နာနိုင်သလဲဆိုတာကပိုအရေးကြီးပါတယ်။
    သတိအထူးပြုသင့်တာကတော့ ငါလည်းဗုဒ္ဓဘာသာဝင်ဘဲဆိုပြီး၊ “ဘုရားသွားဆုတောင်းလိုက်ရအောင်” ဆိုတဲ့ ဗုဒ္ဓက (၄၅)ဝါလုံး ဟောသမျှတရားတွေထဲ ဘယ်သောအခါမှမပါဘူးတဲ့ “မိရိုးဖလာ” ဗုဒ္ဓဘာသာ (အမှန်တော့ ၉၀% လောက်က ဗုဒ္ဓရှင်းပြခဲ့သမျှနဲ့ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်တဲ့ အယူအဆ) ကိုတော့ မြင်အောင်ကြည့်တတ်ကြပြီးအချိန်မလွန်ခင်၊ ခဝါချမိကြဘို့ နှိုးဆော်လိုက်ပါတယ်။
    ကိုပါကြီးရဲ့….ဗုဒ္ဓသည်ကိုးကွယ်ရာမဟုတ်..ဆိုတဲ့စကား…တကယ်တော့ ဗုဒ္ဓကိုယ်တိုင် ဆိုခဲ့၊ တားဖြစ်ခဲ့တာကလား…။
    အပြည့်အဝထောက်ခံတယ်ဗျို့….။

  • မမ အညာသူ

    July 16, 2012 at 10:06 am

    ဆုတောင်းတိုင်းမပြည့်နိုင်ပါဘူး
    မပြည့်ဘူးဆိုတာသိနေပေမဲ့လူတွေဟာ စိတ်ညစ်ရင်လဲ စိတ်ညစ်မှု့တွေကိုလျော့ချတဲ့အနေနှင့်ဆုတောင်းတက်ကြပါတယ်
    ဘုရာဟာ ဆိုးမှု.ကောင်းမှု့တွေကို ဖန်တီးသူမဟုတ်ပါဘူး
    ဒီဟာလုပ်ရင်မကောင်းဘူး ကောင်းတယ်လို့ညွန်ပြတဲ့လမ်ညွန်ပုဂ္ဂိုလ်ကြီးပါ

    • ko win

      July 23, 2012 at 4:48 pm

      ဗုဒ္ဓဘာသာ၌ မိမိအတွက်ဆုတောင်း၍ရပါသည်။ အခြားသူအတွက်ဆုတောင်းပေးလို့ မရပါ။ မေတ္တာပို့ပေးလို့တော့ ရပါသည်။
      မိမိအတွက် တောင်းသောဆုသည်လည်း ဆုတောင်းချည်းသက်သက် မရပါ။ အလုပ်ပါ ပါမှရပါသည်။

  • နွေဦး

    July 16, 2012 at 11:46 am

    “ကိုပါကြီးရဲ့….ဗုဒ္ဓသည်ကိုးကွယ်ရာမဟုတ်..ဆိုတဲ့စကား…တကယ်တော့ ဗုဒ္ဓကိုယ်တိုင် ဆိုခဲ့၊ တားမြစ်ခဲ့တာကလား…။”
    ကျွန်တော်လဲ ထောက်ခံပါတယ်..
    ဒါပေမဲ့
    မြတ်စွာဘုရားလောက်မှ မကြီးကျယ် မမြင့်မြတ်တဲ့ ပုဂ္ဂိုလ် တွေ..
    ကိုယ်ပိုင်ဉာဏ်နဲ့ သိမြင်ပြီး လမ်းညွှန်မှုမပေးနိုင်ဘဲ ဟိုလိုလို ဒီလိုလို ပုဂ္ဂိုလ်တွေ..
    သူတို့ကို ကိုးကွယ် တာ..ဆည်းကပ်နေတာ ထက်စာရင်..
    ဗုဒ္ဓ ကို ကိုးကွယ် တာ ဆည်းကပ်တာက လုပ်ကောင်းတဲ့ကိစ္စပါ..
    ဘိုးတော်တွေ နတ်ကတော်တွေ နတ်တွေ ကို ကိုးကွယ်ဆည်းကပ်နေပြီး
    ဗုဒ္ဓကိုတော့ ကိုးကွယ်ရာ မဟုတ်ဘူးလို့ ဆိုလာခဲ့ရင်တော့
    အဲဒီလူဟာ ဗုဒ္ဓဘာသာ ဗုဒ္ဓကို ယုံကြည်သူလို့ ပြောလို့ရပါ့မလား..။

    • Passing By

      July 16, 2012 at 2:05 pm

      ဗုဒ္ဓကိုယုံကြည်တယ် မယုံကြည်ဘူး … အရေးကြီးတယ်လို့ မထင်မိပါဘူး။
      လိုမှမလိုအပ်ဘဲ .. (လူမှုရေးအရကလွဲရင်ပေါ့)
      တကယ်လိုအပ်တာက .. ဗုဒ္ဓလို ကျင့်ကြံဘို့ ..

  • Gipsy

    July 16, 2012 at 2:00 pm

    Mindfullness is the main teaching of the Buddha.
    without control ur own mind you will not be
    control any things in the world.

  • ကိုပါကြီး

    July 23, 2012 at 3:26 pm

    အခုလို ဆွေးနွေးပေးကြတာ ကျေးဇူးတင်ပါတယ်။

  • maung khinmin

    July 23, 2012 at 4:55 pm

    အကောင်းဆုံးသော…ဆွေးနွေးမှုတွေမို ့…ပြီးပြည့်စုံနေလွန်းတော့…

    ခေါင်းဆယ်ခါညိတ် …. ခင်မင်စိတ်ဖြင့်…

    အလေးအနက်ပြု … သာဓု၃ ကြိမ် …. ဒူဝေဝေ

  • maung khinmin

    July 23, 2012 at 4:55 pm

    အကောင်းဆုံးသော…ဆွေးနွေးမှုတွေမို ့…ပြီးပြည့်စုံနေလွန်းတော့…

    ခေါင်းဆယ်ခါညိတ် …. ခင်မင်စိတ်ဖြင့်…

    အလေးအနက်ပြု … သာဓု၃ ကြိမ် …. ဒူဝေဝေ(ကြေးစည်ထုသသံ)

  • ဆိုးပေ ကြီး

    July 23, 2012 at 7:40 pm

    ဖတ်ကြည့်မှသဘောပေါက်တယ် … ခေါင်းစဉ်ကြည့်ပြီး ဒေါသထွက်မိသွားတာ တောင်ပန်ပါတယ် ကိုပါကြီးရေ … ။

Leave a Reply