ဗမာပြည် မှာ ဒီမိုကရေစီမရ သေးဘူးတဲ့….
တစ်ရက်က နေဝန်းနီ ထိုင်နေကျ လ္ဘက်ရည် ဆိုင်ထဲ ရောက်သွားတော့ ငယ်သူငယ်ချင်းနှစ်ယောက်နဲ့ သွားတိုးတယ်….။ နေဝန်းနီ သာ ရောက်တဲ့ နေရာ ပြဿနာနဲ့ အလုပ်တွေက ထွက်လိုက်ရပေမဲ့…. သူတို့တွေက လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ ဝန်ထမ်းတွေ ဖြစ်တာကြောင့် အေးအေး ဆေးဆေး စကားမပြောဖြစ်ကြဘူး….။ ဘာလို့လဲ ဆို နေဝန်းနီကသာ အချိန်ပြည့် အားနေတာ …. သူတို့က မအားကြရှာဘူး…။ တစ်ခါတစ်လေ တွေ့ဖြစ်တာတောင် နေကောင်းလား ဘယ်သွားမလို့လဲ ဘယ်ကလာလဲ လောက်ပဲ နှုတ်ဆက်ဖြစ်တာ….။ အဲဒိနေ့ကတော့ သူတို့ ရုံးအားရက်နဲ့ တိုးလို့ အေးအေးဆေးဆေး ထိုင်ပြီး စကားပြောဖြစ်တယ်…။
သူငယ်ချင်းနှစ်ယောက်ဆိုပေမဲ့ သူတို့ က နေရာတစ်ခုစီမှာ လုပ်ကြတဲ့သူတွေပါ…။ ရုံးချင်းမတူပါဘူး…။ ဒါကြောင့် သူတို့ ဖြတ်သန်းရာနေရာတွေက တူမလိုနဲ့ကွဲပြားနေပါတယ်…။ လက်ရှိလုပ်နေသူတွေဆိုတော့ နာမယ်တွေ ဘာတွေ ပြေတော့ပါဘူး…။ တိုက်ဆိုင်လွန်းရင်တော့ သိချင်သိပေစေတေ့…။ အဲဒိတော့ သူငယ်ချင်း A သူငယ်ချင်း B လို့ပဲ ထားလိုက်ပါတော့.….နော့။
သူငယ်ချင်း A – ခုတစ်လော တော့ကွာ ဝန်ထမ်းအသစ် ခန့်ခွင့်တွေ အောက်ခြေရုံးတွေကိုမပေးဘူးကွ…
သူငယ်ချင်း B – မင်းတို့ဆီတင်လာကွ….။ ငါတို့ရုံးက 2010 လောက်က တစ်ခါပဲ ရုံးကနေလျှောက်လွှာခေါ်ပြီး ခန့်ပေးဖူးတယ်…။ ဒါတောင် ကိုယ့်မြို့က ရတာ သုံးလေးယောက် ပါကွာ…။ ရုံးချုပ်နဲ့ နီးစပ်တဲ့ သူတွေပဲ ရတာပဲ…။ နောက်ခန့်တာတွေက ဗိုလ်ကတော်တွေ များတယ်မောင်….။ ရုံးချုပ်က ဒါရိုက်ခန့်လွှတ်တာတွေ….။
သူငယ်ချင်း A – ငါတို့ ဆီလည်း မနည်းဘူးမောင်….။ ဗိုလ်ကတော် တင်မဟုတ်ဘူး …။ ဆာဂျင် ကတော်တောင်ပါသေး… ဟေးးဟေးး
ဒါနဲ့ နေဝန်းနီက မနေ တတ်တော့ ပဲ သိချင်တာ ဝင်ပြီး လျှာ ရှည်ကြည့်လိုက်ပါတယ်….။
“ အဲဒိတော့ ဆာဂျင်ကတော်နဲ့ ဗိုလ်ကတော် ထိပ်တိုက် မတွေ့ကြဘူးလား …. ငါသာ ဆိုရင် ထိပ်တိုက်တွေ့အောင် ဆိုင်ပေးလိုက်မှာ အာဟိ”
“ င နေဝန်းနီ နင့် စောက် ကျင့်က ခုထိ မပျောက်သေးဘူးလား ဒါကြောင့် နင် ရောက်လေရာ အရပ်မှာ ပြဿနာ ရှာတတ်လို့ ဘယ်ရုံးမှာမှ မမြဲ တာ သိလား…..။ ငါတို့ လုပ်ပေး စရာတောင်မလိုဘူး ….။ သူ့ဟာ သူ မတော် တစ်ဆ ဖြစ်သွားတာ တော့ ရှိဟ …။ ဒါပေမဲ့ အထက် က ပြဿနာ မတက်အောင် ရှောင်ပေးလိုက်တယ်….။”
သူငယ်ချင်း A က သူ့ အတွေ့ အကြုံကို ဖောက်သည်ချပါတယ်…။ သူငယ်ချင်း B က ဝင်ပြီး ဘယ်လိုလဲဟ လုပ်စမ်းပါဦး အဲဒါမျိုး လေးဆို စိတ်ဝင်စားတယ်…။
သူငယ်ချင်း A က – “ ဒီလိုကွ….။ ငါတို့ရုံးက သီရိ ငါးမြို့ နယ်ထဲက ရုံးခွဲတစ်ခု အထက်မှာ ခရိုင်ရုံးရှိတယ်…။ ငါတို့ ရုံးမှာက ဗိုလ်မှူး ကတော် စာရေးမ …။ ခရိုင်ရုံးမှာက ဆာဂျင် ကတော် စာရေးမ ….။ တစ်နေ့ကျတော့ ခရိုင်ရုံးက ဖုံးဆက်ပြီး စာရင်းဇယားတွေ လှမ်းတောင်းပါလေရော….။ လှမ်းတောင်းတာက ဆာဂျင်ကတော်….။ လှမ်းအတောင်းခံရတဲ့ ဌာနခွဲက ဗိုလ်မှူး ကတော် (စာရေးမ) ရဲ့ ဌာနခွဲ…။ ဒီတော့ ဟိုက ခရိုင်ရုံးက ဆိုတော့ လေသံက နဲနဲ မာတယ်နဲ့ တူပါရဲ့ကွာ….။ ငါတို့ရုံးက ဗိုလ်မှူး ကတော်(စာရေးမ) က ဘာပြောလိုက်သလဲ ဆိုတော့ နင်က ဆာဂျင် ကတော် ငါက ဗိုလ်မှူးကတော်ပေါ့ စာရင်းလိုချင်ရင် ငါ့ ဆီလာယူ လို့ ပြော ရော……….. ဟိုကလည်း ခရိုင်ဦးစီးမှူက ခိုင်းလို့ တေင်းရတာပါပေါ့…။ ကိုယ်တိုင် ဝန်ထမ်းလုပ်နေတဲ့ နောက် ယောက်ျားရဲ့ အရှိန်အဝါနဲ့ စာရေးမချင်းအတူတူ အထက်အောက် ဆက်ဆံ စရာမလိုပါဘူးပေါ့…။ တပ်ရင်းတစ်ခု ထဲမှာဆို မမ ဆီကိုလာတွေ့မှာပါပေါ့…။ ခုဟာက တပ်ရင်းမှာ မဟုတ်ပဲ အရပ်ဘက်ရုံးမှာ ကိုယ်တိုင် ဝန်ထမ်း ဖြစ်နေရာမှာ ဒီလိုပဲ သက်ဆိုင်ရာ အရာရှိတွေရဲ့ အမိန့် အတိုင်း လိုက်နာပြီး ဖုန်းနဲ့ တောင်းဆိုရင် တောင်းရမှာပဲ ပေါ့….။ ဒီလိုပြောကွ…။ ဒါပေမဲ့ နောက်တစ်ပတ်လောက်ကျတော့ ဆာဂျင်ကတော်က (စာရေးမ) က ခရိုင်ရုံးကနေ တခြား သီရိ မြို့နယ်က ပြောင်းရပါရော….။ သူ့နေရာကတော့ ငါတို့ မြို့က စာရေးမလက်ဟောင်းကြီး ရောက်သွားပါလရော……….”
ဒီနေရာမှာပဲ နေဝန်းနီက ကြားဖြတ်လိုက်ပြီးတော့ …..
“ အဲဒိလက်ဟောင်း စာရးမကြီး ရောက်သွားရှာလေတော့ ဗိုလ်မှူး ကတော် မမ ဆီ အဲ စာရေးမ ဆီ အခစားဝင်ပြီး ခရိုင်ရုံးက ဘာစာရင်း တောင်းခိုင်လို်ပါတယ်ဆိုပြီး လူကိုယ်တိုင်လာလို့ သန်တော်ဦး တင်ရ ရောပေါ့ ဟုတ်လား…။”
“ Yes … ရိုက် …….. မင်းမှန်တယ် လူကလေး ဘယ်လိုများတွေးလိုက်သလဲ…။ လကဟောင်း စာရေးမကြီးဆိုတာက တို့ မြို့က ပဲလေ…။ တို့ အမကြီးပေါ့ …။ သူ့ခမျာ မှာ နောက်က ဘက်ကရောင်းဆိုတာ ဈေးထဲမှာ ပဲပင်ပေါက်ရောင်းတဲ့ သူ့ အမေ ကြီးပဲရှိကိုး….။ ဟို တစ်ရက်က သူက ငါတို့ ရုံးလာရင်း အပြန် ငါ့ကို လ္ဘက်ရည် တိုက်ရင်း ပြောသွားတယ်…။ အလုပ်က ထွက်ချင်ပြီ တဲ့…။ ဟုတ်တယ်လေကွာ…။ ခရိုင်ရုံးမှာနေတယ်သာပြောရတာ လက်အောက်ခံရုံးတွေကို ကိုယ်တိုင်သွားပြိး စာရင်ဇယားတွေ လိုက်ယူနေရတာ….။ဆိုတော့…………..”
သူငယ်ချင်း A ရဲ့ အပြောကို B က
“ ကိုယ်တိုင် လိုက်ပြီး အခစား ဝင်နေရတယ်ပြောပါ…….။”
သူငယ်ချင်း A က
“ အေးးလို့…။ အဲဒါကြောင် ့ ပြောတာ ဗမာပြည် ဒီမိုကရေစီ မရသေးပါဘူးလို့”
နေဝန်းနီက ကြားဝင်ပြီးးး
“ နင်ပြောတာနော်…။ ငါတို့ ပြောတာမဟုတ်ဘူး….။”
“ ဟား ဟား ဟား ကိုယ့် ရှေ့ ဒါမျိုးတွေ တွေ့ နေရတော့လည်း မနေနိုင် ဘူးဟ ရှေ့ တင်ပြောမရတော့ လည်း ပြောလို့ရတဲ့ နေရာကျ ပြောမိတာပဲ….။”
နေဝန်းနီ
22 comments
ကိုရင်မောင်
July 15, 2012 at 6:54 pm
ကိုနေရေ…
ဒီလို အတွေ့အကြုံတွေကို
ဒီလိုရေးပြမှ ကျနော်တို့လဲသိရတယ်
ချစားနေတဲ့ စနစ်က စပ်ကူးမတ်ကူးအချိန်ဆိုတော့
ရှိနေအုံးမှာပါ ….
ခုလို အတွေ့အကြုံလေး
မျှဝေပေးတဲ့အတွက် ကျေးဇူးပါ ကိုနေဝန်းနီရေ…..
အရီးခင်လတ်
July 15, 2012 at 8:08 pm
အာဏာရှင်တွေ ကြီးစိုးမြဲ လို့သာ တိုက်ရိုက် ပြောလိုက်ပါတော့။
ဒါမျိုးက အဲဒီ တစ်နေရာ ထဲမှာ ကွက် ဖြစ်နေတာ မဟုတ်ဘူး မဟုတ်လား ကိုနေဝန်းနီ ရယ်။
တစ်ပြည်လုံး နိုင်သူစား နေတာချည်းလို ဖြစ်နေမလား။
ကျွန်မ တော့ စိတ်ဓာတ် တွေ တက်ကြွသွား၊ ပြန်ကျ သွား နဲ့။
ဒေါ်အောင်ဆန်းစုကြည် ရှိနေ သ၍ တော့ ကျွန်မ စိတ်တင်း နိုင်ပါသေးတယ်။
ဒါကြောင့် အဲဒီလို အာဏာ မှာ ယစ် နေသူတွေ က သူ့ကို မလို ကြတာ။
ကိုယ့် ယာယီ survive ဖြစ်တာဟာ ကိုယ့်နောင် အနာဂါတ် မျိုးဆက် အတွက် survive မဖြစ်နိုင်တာ သိကြဖို့ကောင်းတယ်။
မောင်ပေ
July 15, 2012 at 8:22 pm
ကတော်..ကတော်…ကတော်…ကတော့..ကတော်
ကြောင်လေး
July 15, 2012 at 8:42 pm
အရီးခင်လတ်ပြောသလိုတနေရာထဲကွက်ဖြစ်နေတာမဟုတ်ပါဘူး၊
အောက်ပိုင်းကဝန်ထမ်းတွေ တွေ့ကြုံခံစားနေရတဲ့ ဒုက္ခနဲ့ ရပ်တည်မှုအခက်အခဲတွေကို သေချာပြောပြချင်ပါတယ်။
ဒါပေမဲ့လက်ရှိဝန်ထမ်းဆိုတော့ပြောဖို့ အတော်ခက်နေပါသေးတယ်။
နောင်ခြောက်လလောက် ဘတ်ဂျက်နှစ်ကုန်ရင် ကျနော်လည်းအလုပ်ပြုတ်တော့မှာပါ။
အဲဒီအခါကြစိတ်ကူးရရင် ကျနော်ဖြတ်သန်းခဲ့ရသော ဝန်ထမ်းဘဝအတွေ့အကြုံများကို ရေးပြပါဦးမည်။
nozomi
July 15, 2012 at 9:29 pm
အဘနီပို့စ် လေးကို ဖတ်ရင်း ရွာထဲရော ဒီမိုကရေစီ ရတာ သေချာရဲ့လား လို့ မဆီမဆိုင်သွားတွေးမိသေးရဲ့
ကိုကြောင်လတ်ရေ
အဲဒီလို ရေးမှာ စိုးလို့ ကိုကြောင်လတ် ကို နောက်ထပ်တနှစ် ထပ်ခန့်ပါမယ်တဲ့
htet way
July 15, 2012 at 8:45 pm
ဟုတ်ပ …နယ်မြို့တွေဆို ပိုဆိုး..
ဟာဟ. လူတွေ လူတွေ…………………
နေဝန်းနီ
July 15, 2012 at 9:49 pm
ဟုတ်ပ …နယ်မြို့တွေဆို ပိုဆိုး..
ဟာဟ. လူတွေ လူတွေ…………………
မြို့နယ်တွေ မဟုတ်ဘူး ဆရာထက်ဝေးရေ…. ခုကျွန်တော်ပြောနေတာ နေပြည်တော် ကေင်စီ နယ်နမိမိတ်ထဲမှာ….။ သီရိ ငါးမြို့နယ်ဆိုတာ…. နေပြည်တော် ပေပဲ…။ မြို့သစ် (သီရိနဲ့ ဆုံးတဲ့ ရွာငါးရွာ…. အဲ ဟုတ်ပါဘူး မြို့ သစ် ငါးခု) နဲ့ မြို့ဟောင်း သုံးခု ပေါင်း ရှစ်မြို့နယ်က နေပြည်တော် ပုရဝဏ်ပေပဲ…။ မြို့ဟောင်းသုံးခုကတော့ မထင်ပေါ်ပေဘူးဗျ… ။ မန္တလေးနားက မြို့ ဟောင်း ဘူတာလိုပ…။
may flowers
July 15, 2012 at 9:37 pm
တောရွာဘက်က လူကြီးတွေတင်မက ကလေးငယ်ငယ်လေးတွေပါ စကားပြောရင် အဆဲလေးတွေနဲ့ပြော
တတ်ပါတယ်။ ဘေးကကြားရတဲ့ သူတွေသာနားမသက်သာပေမဲ့ သူတို့ကတော့ သူ့အရပ်နဲ့သူ့ဇာတ်
အဆင်ကို ပြေနေကြတာပါပဲ။
may flowers
July 15, 2012 at 9:41 pm
ဆောရီးပါ ပို်စ့်မှားပြီး ကော့မန့်ဝင်ရေးလိုက်မိပါတယ်
ကိုပေါက်(မန္တလေး)
July 15, 2012 at 9:44 pm
မေပန်းရေ ပိုစ်မှားမန်းပြီနဲ့တူတယ်။
ကိုနေ မြန်မာပြည်မှာဒီလိုအမူအကျင့်တွေကိုမဖျောက်နို်င်သမျှ
ရလာဒ်တွေက ဒါ ဒါဘဲနေမှာပါ
MaMa
July 15, 2012 at 11:06 pm
ကျောင်းပြီးပြီးချင်းတုန်းက အလုပ်လျှောက်တာ မရလိုက်လို့ စိတ်မကောင်း ဖြစ်သွားရတယ်…….
ခုလို အဖြစ်အပျက်တွေ ကြားသိရတော့လည်း…………
ကိုယ့်ပုံစံနဲ့ အလုပ်မရလိုက်တာကိုပဲ ကံကောင်းတယ်လို့ မှတ်သွားတယ်။ [:(]
ဖိုးထောင်
July 15, 2012 at 11:30 pm
အဒူက ရပီကြောရို့ရဲ
surmi
July 15, 2012 at 11:32 pm
အဘနီ
ကျနော်စိတ်ညစ်တာလည်းဒါဘဲ
ကျနော်မုန်းတာလည်းဒါဘဲ
နေရာတကာပါဝါတွေကျန်နေသေးတာ ၊ သားစဉ်မြေးဆက်ပါဝါတွေ ရရှိနေတာ
ဥပဒေရဲ.အထက်မှာ အဲဒီ +%#*** တွေကြီးစိုးနေတာ
မျက်နှာချင်းဆိုင်သာ ရင်ဖွင်.လိုက်ချင်တော.တာပါဘဲ
captainamerica
July 16, 2012 at 12:03 am
ဟုတ်တယ်လေ ဒီမိုကရေစီ ရနေဘီလို.တကယ်ထင်အောင်အယောင်ဆောင်နေကြတာဗျ။
ခုချိန်ထိ ဘာမှ မသိသေးတဲ့သူတွေကတော့ အဟုတ်ကြီးမှတ်နေရှာကြတာ။(ခြွင်းချက်)
သမ္မတကြီးကိုတော့ မပြောလို သူကတော့တကယ်လုပ်နေတယ်ထင်ရတာပဲ။တကယ်ဖြစ်
ဖို.က အချိန်တွေရယ် တိုင်းပြည်ရဲ့ကံရယ်ကိုစောင့်ကြည့်ရအုန်းမှာ ပြောင်းလဲတယ်လို.ထင်
ရတယ် ဒါပေမဲ့အနည်းငယ် အပေါ်ယံ ဘုရားစူးလောက်ပဲ ပြောင်းလဲသေးတာ အလုံးစုုံ
ဖြစ်ဖို.ကခဲယဥ်းပါသေးသကော 🙄
kai
July 16, 2012 at 2:14 am
ကျုပ်တော့ တမျိုးမြင်ပါတယ်..
အဲဒါ.. ဒီမိုကရေစီနဲ့ဘာဆိုင်လို့လည်းဟင်င်င်င်င်င်.. လို့…
အခုပြဿနာက.. လူတွေနဲ့ဆိုင်တာပါ..
မြန်မာပြည်ပြဿနာတွေက.. ကမ္ဘာ့တခြားနိုင်ငံတွေလိုမဟုတ်…
မြန်မာတွေရဲ့.. အယူအဆ.. အတွေးအခေါ်… ရှေးစွန်းစွဲလွန်းသူတွေများတာနဲ့ဆိုင်တာပါ…
တဦးချင်း.. ကိုယ်တိုင်စီက.. တွေးနေတာလေးတွေကို.. လုပ်ချင်နေတယ်.. လုပ်သင့်နေတယ်ထင်တာလေးတွေကို..
ရှေးစွန်းစွဲအမြင်တွေဖျောက်ပြီး ..တွေးကြည့်..လုပ်ကိုင်ကြည့်လိုက်…
တိုးတက်တဲ့လူဘောင်သစ်ကို မြင်ရလိမ့်မယ်..
ရောက်လာလိမ့်မယ်..။
နေဝန်းနီ
July 17, 2012 at 9:49 pm
သူကြီး ရဲ့ အဖ မြန်မာနိုင်ငံတော်ကြီး အကြီးအကျယ် ပျက်စီးယိုယွင်းနေတာ စနစ် ကြောင့် မဟုတ်ဘူးဆိုတာ သေချာသွားပြီပေါ့……….
maungmoenyo
July 16, 2012 at 6:23 am
ဒီမိုကရေစီနဲ့မဆိုင်တာ၊ ဆိုင်တာထက်၊ ရာစုသုံးပုံနှစ်ပုံနီးပါးအမြစ်တွယ်ခဲ့တဲ့ အထက်ဖား၊ အောက်ဖိ စနစ်က နောက်ထပ်(၁၀)စုနှစ်တခုလောက်ကတော့အသာလေးပါဘဲ။ အထက်ကလူတွေက နမူနာကောင်းများများပြလာကြဘို့လိုပါတယ်။ အောက်လူဆိုတာအထက်ကလူဘာလုပ်လဲဆိုတာကြည့်မှန်းမသိကြည့်နေကြတာပါ။
စနစ်တခုရဲ့လောင်းရိပ်အောက်မှာ မှိုင်းမိခံနေကြသူတွေ အစိုးရဝန်ထမ်းလောကထဲ ကနေ Generation လိုက်ပြောင်းလာတဲ့နေ့တွေ….။
ကြောင်ကြီး
July 16, 2012 at 6:38 am
ဂွင်သိပ်ကောင်းတဲ့ ဌာနတွေမှာ ဘဘဂျီးအမျိုးတွေ ရှိထားတာ မဆန်းတော့ဘူးနော် ပြောသာပြောရတာ၊ ကိုယ်လည်းရရင် လုပ်မိမှာပဲ.. စနစ်က ခွင့်ပေးထားတာကိုး၊ ကိုယ်မလုပ် သူများအုပ်သွားမှာပေါ့.. (ဒီနေရာမှတော့ သဂျီးနဲ့ကွာသဗျ..သူက လျှာမြက်ပေါက်ပစေ မဟုတ်တာမလုပ်ဘူး၊ ဒါနဲ့ပဲ မြက်စားတဲ့သူ့ကို ကိုဘေးနွားနဲ့ အမှတ်မှားပီး ဘာဘီကျူး ကင်စားဖို့လုပ်တော့မှ နိုင်ငံဂျားထွက်ခဲ့တာတဲ့။) စကားပြတ်သွားလို့ ပြန်ဆက်ရရင် လူဂျီးသားသမီးတွေ နေရာယူတာထက် အဆိုးဆုံးက (အဲဒီဌာနဝန်ထမ်းများနေရာကပြောတာပါ) ဌာနအကြီးအကဲ၊ သူထက်မြင့်တဲ့ ဝန်ဂျီးကတော် ယောက်ဖ သားသမီး ဆွေမျိုးရင်းချာတွေ ရောက်လာတဲ့အခါ လုပ်ရကိုင်ရ ခက်ကုန်ရော။ ရာထူးအဆင့် လုပ်ပိုင်ခွင့်အလိုက် ခွဲဝေယူနေကျတဲ့ ရာခိုင်နှုန်းတွက်ချက်ပုံတွေ ကမောက်ကမ ဖြစ်ကုန်တာပေါ့နော်။ အနိစ္စ ဒုက္ခ အနတ္တ…
ahnyartamar
July 16, 2012 at 8:36 pm
သေရာပါ ယူသွားကြမဲ့ သောက်ကျင့်တွေပေါ့။
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 16, 2012 at 9:13 pm
သူတို ့ရုံးကအရာရှိဆိုတဲ့ကောင်တွေ ကျနော့်ကိုပြောဖူးတယ်။
ခေါက်ရိုးကျိုးနေလို ့ပါတဲ့။ပြန်ပြင်နေပါပီဆိုပါလားဗျာ။
နေဝန်းနီ
July 16, 2012 at 9:20 pm
ပြင်လို့ ရပါလိမ့်မယ်အားကြီး ……….. ဘာလို့လဲသိလား အဲဒိလို ခေါက်ရိုးကျိုးအောင် ဖျက်ဆီးနေတဲ့ လူတန်းစားတစ်ရပ် ခိုင်ခိုင်မာမာ ရှိနေတယ်ဆိုတာလည်း မေ့ မထားနဲ့ဦး….။
char too lan
July 18, 2012 at 9:54 am
အခွံတွေနဲ့နေကြတာကိုးးးးးးးးးးးးး
အခွံကြီးတွေမခြုံထားရတာသဘောကျကြတယ်လေ ……. 🙄